3S Nasi Lemak Yangon
Food
သာယာ လှပတဲ့ မနက်ခင်းလေးမှာ
အားလုံး ကိုယ်စိတ်ကျန်းမာချမ်းသာစွာ
တစ်နေ့တာကို ပျော်ရွှင်စွာ
ဖြတ်သန်းနိုင်ပါစေ နော်🙏🙏🙏🙏🙏
11/01/2026
ကျွန်တော့် အမျိုးသမီးနဲ့
အိမ်ထောင်မကျခင် Ygn stoneဆိုတဲ့အလုပ်တစ်ခု မှာ စတွေ့ပြီး
ချစ်သူ ဘဝ ရောက်တဲ့အခါ မှာ
သူမ က ကျွန်တော့်ကို ပြောတယ် ..
အကယ်လို သူနဲ့ ကျွန်တော် အိမ်ထောင်ကျပြီးတဲ့အခါ ကျရင် ...
သူက မိန်းကလေး ဖြစ်တဲ့အတွက် ကျွန်တော့်ကို အားကိုး
ပြီး ကျွန်တော်နဲ့ လိုက်နေ ရတော့မယ် ..😊....
အခုလို သူမ နဲ့ ကျွန်တော် အိမ်ထောင်ကျပြီး
တဲ့ နောက်မှာ
သူမ မိသားစု အတွက် ထမင်းချက် ဟင်းချက် ရင်
ကျွန်တော် ပန်းကန်ဆေးပေးတယ် ..
သူမ အဝတ်လျော်ထားတာ တွေ့ရင်
ကျွန်တော် အဝတ်လျော်စက်ထဲက
အဝတ်ကို ယူပြီး နေပူလှန်းပေးတယ်
အိမ်ထောင်ကျကတည်းက
အခုထိ ကျွန်တော့် အတွင်းခံ ကို ကျွန်တော် ဖာသာပဲ လျော်တယ် သူမ ကို မလျော်ခိုင်းသလို
အဝတ်လျောစက်ထဲ လဲ ဘယ်တုန်းကမှ ထဲ့မလျော်ပါ..
ကျွန်တော် စားဖို့ Lunch Box သူမ ကပြင်ဆင်ပေးရင်
ကျွန်တော် ကိုယ့်ထမင်းဗူး ကို ကိုယ်တိုင်ဆေးကြောတယ်
ကိုယ်စားပီးသား ပန်းကန် ကိုယ်တိုင်ဆေးကြောတယ်
အကယ်လို့မနက်ခင်း အိပ်ယာထ တဲ့အခါ
သူမ အလုပ်များနေလို့
တခါတလေ ကျွန်တော့်အတွက်
မနက်စာ မပြင်ရသေးရင် ..
ဘယ်တော့မှ ပြသနာ မရှာ ပဲ
ကိုယ့်ဘာသာ မနက်စာကို
ပြင်ဆင် စားတယ်…
သူမ အိမ်ယာ ခင်းရင်
ကျွန်တော်က အမြဲ နောက်ကျ မှ အိပ်ယာထတဲ့အတွက်
ကျွန်တော် စောင် ခေါက်ပြီး
အိမ်ယာ သိမ်းတယ်
ကိုယ်နေထိုင် မကောင်းရင် သူမ က အမြဲ ဆေးလူး
ဆေးတိုက်သလို
သူမ နေ ထိုင် မကောင်းတဲ့အခါ
ကိုယ်က နှိပ်နယ် ပေးတယ်
ဈေးသွားဝယ်ရင်
ပစ္စည်းအလေးအပင် တွေ ကို ကျွန်တော် သယ်ပြီး သူမ ကို ပေါ့တဲ့အရာ ပဲ သယ်ခိုင်းတယ်
လိုအပ်တဲ့ အရင်းအနှီး အားလုံး
အိမ်သုံး စားစရိတ် ကို ကျွန်တော့်ဝင်ငွေ ထဲကပဲ သုံးစေပြီး..
သူမရဲ့ ဝင်ငွေ ကို သူမ ကြိုက်ရာ ကိုပဲ သုံးစေတယ်
ကျွန်တော် သူမ ကို တခါတလေ စိတ်အခန့်မသင့်လို့
ပြောတာ ဆိုတာ မျိုးရှိပေမဲ့ ...
တခါမျှ စိတ်လိုက်မာန်ပါ မရိုက်ဖူးသလို
ဘယ်တုန်းကမှ
လက်နဲ့တောင်မရွယ်ဖူးပါ…
တခါတလေ သူစိတိအခန့်မသင့်လို့
မိန်းကလေး သဘာဝ .. ပွစီပွစီ (အလွယ်နားလည်စေရန်) ပြောပါက
ကျွန်တော် ပြံုးပဲ နားထောင်ပေးတယ်..
များသောအားဖြင့် သူစိတိကျေနပ်သလောက်
ပြောပီးလို့ ဝမှ ..
ကျွန်တော် ပြောစရာ ရှိတာ ပြောတယ်
သူက ကိုယ့်ကို .. ဘေးကနေ.. စကားပြောနေချိန်
အတတ်နိုင်.. ဖုန်း (Devices )မသုံးပဲ
သူပြောသမျ ကို
တလေးတစား ..နဲ့ အတတ်နိုင်ဆုံး နားထောင်ပေးတယ်
တခါတလေ အခန့်မသင့်လို့
စကားကတောက်ကဆ ပြောမိရင်
အများဆုံး ၂ရက် အတွင်း
တယောက်နဲ့တယောက် စကားပြန်ပြောကြတယ်..
တယောက် နဲ့ တယောက်
ယံုကြည်မှု့ တိုးစေရန်
ဖုန်းတွေရဲ့ password တွေ ကို အတူတူထားတယ်..
မိဘ ဆိုတာ က လူတိုင်းအတွက် အရေးကြီး
သလို
မိဘကို စိတ်ကျေနပ်အောင် ထားဖို့ လိုအပ်ပါတယ်
အဲလိုပဲ ဇနီးမယားကိုလဲ
စိတ်ချမ်းသာ ထားဖို့နဲ့ ကြင်နာ တတ်ဖို့
လိုတယ် လို့
ကျွန်တော် မြင်ပါတယ် ...
ခင်ပွန်း နဲ့ ဇနီး ဆိုတာ က
သွေးမတော် သားမစပ်ပေမဲ့...
အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်ဖို့
လိုအပ်ပါတယ်
ဇနီး မကောင်းကြောင်းနဲ့ လင်ယောင်္ကျား
မကောင်းကြောင်း
ပြောတတ်တဲ့ သူ ထက်
ကိုယ်က ကိုယ့်ရဲ့ အိမ်ထောင်ဖက် ကို ဘယ်လိုကြင်နာ ပြီးဖေးမ ကူညီမလဲ
ဆိုတာ ပဲ
တွေးတောပါ...
ကိုယ့်ဖက်က ချည်း အမြဲ လိုချင် / ဖြစ်ချင်တာထက်
သူ့ဖက်ကို
ဘယ်လို ဖြည့်ဆည်းပေးရမလဲ
ဘယ်လို စာနာ ထောက်ထားရမလဲ ဆိုတာ ကိုလဲတွေးပါ..
"မိဘ ကို အမြဲ စိတ်ချမ်းသာ အောင်ထားပါ"
"အိမ်ထောင်ဖက် ကို လဲ တတ်နိုင်တာ အမြဲ ဖြည့်ဆည်းပေးပါ" က
Insha Allah
အမြဲတမ်း မဟုတ်တောင် ...
"သင်" တနေ့နေ့ တချိန်ချိန် မှာ
အောင်မြင်တဲ့ သူ ဖြစ်လာပါလိမ့်မယ် 😊
လေးစားလျက်
Chef Art (စားဖိုမှူး အနုပညာ)
29/12/2025
🍒🍒Today,လုပ်စားဖစ်သော မုန့်လေးပါရှင့်၊😋😋😋
26/12/2025
စတားလေးတော့ပွင့်ခဲ့ပါပီချစ်ဆုံးတို့
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok
11421
แจ้งเตือน
รับทราบข่าวสารและโปรโมชั่นของ 3S Nasi Lemak Yangonผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา