Dar Health and Beauty

Dar Health and Beauty

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Dar Health and Beauty, สุขภาพ/ความงาม, 2327 Prospect Road, Bangkok.

24/08/2025

တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက်
___________________
မိုးကတော်တော်လေး ခပ်စိတ်စိတ် ရွာလာချိန်မှာ အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ တုပ်ကွေးပါ။ တုပ်ကွေးက အသက်အရွယ် မရွေးမှာ ဖြစ်နိုင်တယ် ဆိုပေမယ့် အသက်အရွယ်ရလာတာကြောင့် ကိုယ်ခံအား နည်းလာပြီ ဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေနဲ့ ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အခုတစ်ခေါက်မှာတော့ ချစ်ရတဲ့ ဘိုးဘိုးဘွားဘွားတွေကို တုပ်ကွေးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ဘယ်လိုလေးများ ပြင်ဆင်ကျွေးမွေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီတော့ တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ကို ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက် က ဘာတွေ ဖြစ်မလဲဆိုတာကို အတူလိုက်ပါ ကြည့်ရှုပေးပါဦးနော်။

တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ကို ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက်
တုပ်ကွေးကို အကောင်းဆုံး ကာကွယ်ဖို့က ကိုယ်ခံအား ကောင်းနေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ဆိုရာမှာလည်း အာဟာရ ပြည့်ဝမှုက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီတော့ ကိုယ်ခံအား ပြည့်ဝနေစေဖို့ တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ကို ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက် ကတော့

ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်က ဖျားနာမှုကို သက်သာစေသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အခုလို တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ ကိုယ်ခံအား ပြည့်ဝစေဖို့ဆိုရင် ကြက်စွပ်ပြုတ်က အကောင်းဆုံးပါ။ ဘယ်လို ပြင်ဆင် ချက်ပြုတ်ပေးရမလဲ ဆိုတော့

ပါဝင်စ္စည်းတွေ

အသီးအရွက်စုံ ကြက်သားစွပ်ပြုတ် လုပ်ဖို့ လိုအပ်မှာတွေကတော့

ကြက်ပေါင်ခြမ်း တစ်ခြမ်း
မုန်လာဥနီ အရွယ်တော် ၁ လုံး
မုန်လာဥဖြူ အရွယ်တော် ၁ လုံး
ပြောင်းဖူး (သကြားပြောင်း) အရွယ်တော် ၁ ဖူး
ငုံးဥ ၅ လုံး
မုန်ညှင်းစိမ်း ၂ ဆုံ
ဆား အနည်းငယ်
ကြက်သွန်ဖြူ ၃ မြွှာ
ချင်း လက်တစ်ဆစ်စာ
ငရုတ်ကောင်း လက်ဖက်စားဇွန်း တဝက်စာ
အာလူး ခပ်ရွယ်ရွယ် တစ်လုံးတို့ပါ။
ဘယ်လို လုပ်ရမလဲ

အရင်ဆုံးလုပ်ရမှာက ကြက်ပေါင်ခြမ်းကို အရေခွံ ဖယ်လိုက်ပါ။ ပြီးရင် ကြက်သားကို မွှန်းလိုက်ပါ။ ပြီးရင်တော့ ဆားနည်းနည်းနဲ့ နယ်ပြီး နှပ်ထားလိုက်ပါ။ ပဲငံပြာရည် အကြည်လေး သုံးချင်ရင်လည်း ရပါတယ်။

ကြက်သားကို ဆားလေးနယ်ပြီး နှပ်ထားချိန်မှာ ကြက်သွန်ဖြူနဲ့ချင်းကို အခွံနွှာလို့ ညက်အောင် ထောင်းပါ။ ငရုတ်ကောင်းအစေ့သုံးမယ်ဆိုရင် ငရုတ်ကောင်း အစေ့ကိုပါ တစ်ပါတည်း ထောင်းပေးပါ။ ပြီးရင်တော့ နှပ်ထားတဲ့ ကြက်သားထဲကို ထည့်ပြီး ထပ်နယ်ပေးပါ။ ပြီးရင် နှပ်ထားလိုက်ပါ။

ဒီအချိန်မှာ မုန်လာဥနီ နဲ့ မုန်လာဥဖြူကို အခွံသင်ပါ။ ပြောင်းဖူးကိုတော့ အပေါ်ခွံနွှာထားလိုက်ပါ။ ပြီးရင် ရေစင်အောင်ဆေးလို့ အရွယ်တော်လေးတွေ တုံးပါ။ အားလူးကိုတော့ အခွံကို ရေစင်အောင် ဆေးလို့ တစ်လုံးစာကို ၄ ပိုင်း ပိုင်းပေးပါ။ အခွံမသင်ပါဘူး။

ပြီးသွားပြီဆိုရင် နှပ်ထားတဲ့ ကြက်သားရယ် တုံးပြီးတဲ့ အသီးအရွက်တွေကို စွပ်ပြုတ်ချက်မယ့် အိုးသန့်သန့် တစ်ခုထဲကို ထည့်ပါ။ ဆားနည်းနည်း ထည့်ပါ။ ပြီးရင် ရေကို အသားမြုပ်တဲ့အထိ ထည့်ပြီး မီးဖိုပေါ်မှာ အဖုံးလေး အုပ်လို့ တင်ထားရုံပါ။ နာရီဝက်လောက်ကြာပြီဆိုရင် အဖုံးဖွင့်ကြည့်ပြီး ရေလိုရင် နည်းနည်း ထည့်ပါ။ ဒီလိုနဲ့ ၁ နာရီခွဲလောက် ရေလိုရင် ထည့်ရင်း ချက်ပေးပါ။

စွပ်ပြုတ် ချက်နေတုန်းမှာ မုန်ညှင်းလေးတွေကို အရွယ်တော်လေးတွေ ပြင်ဆင်ထားပါ။ အိုးကဆူပြီ အသားကလည်း ကျက်ပြီ။ အရသာကလည်း အိုကေပြီဆိုရင်တော့ အရွက်လေး ထည့်လို့ အရွက်နူးပြီဆိုရင် သုံးဆောင်လို့ ရပါပြီ။

အသီးအရွက်တွေ စုံလင်တာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ရော အစာခြေစနစ် ကျန်းမာစေဖို့ရော ထောက်ကူပေးမှာ ဖြစ်သလို ကစီဓာတ်ပါဝင်နေတာကြောင့် အင်အားပြည့်ဝစေမှာပါ။ ထမင်းနဲ့ တွဲဖက်စားလို့ ရသလို ထမင်း မစားချင်ဘူးဆိုရင်လည်း ဒီစွပ်ပြုတ်နဲ့ ကြက်သား၊ အသီးအရွက်တွေကို စားပေးနိုင်ပါတယ်။

ကြက်သားက ပရိုတင်းပြည့်ဝစွာ ရရှိတာက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မှာ ဖြစ်သလို ဖေဖေမေမေတို့ အရိုးတွေ သန်မာစေဖို့ရော ကြွက်သားတွေကို သန်မာစေဖို့ပါ အားဖြည့်ပေးနိုင်မှာပါ။

မုန်လာဥဖြူမှာ ဗီတာမင် A ပါဝင်နေတာက အမြင်အာရုံကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို မုန်လာဥဖြူ ကလည်း ကိုယ်ခံအား ကောင်းစေဖို့ရော နွေရာသီမှာ ကိုယ်တွင်းအပူချိန်ကိုပါ ထိန်းညှိပေးနိုင် တာကြောင့် ခန္ဓာကိုယ် အပူချိန် မြင့်တက်တာကို ကာကွယ်နိုင်မှာပါ။

အာဟာရပြည့်ပြည့်ဝဝ ရစေဖို့ ကြက်စွပ်ပြုတ်ကို အရည်ပဲ မသောက်ပါနဲ့။ အသားပါ စားပေးပါ။ အသီးအရွက်တွေပါ ထည့်ထားတယ်ဆိုရင် ဒါတွေပါ စားပေးပါ။ အရည်ချည်းသက်သက်က အာဟာရဖြစ်မှာ မဟုတ်ပါဘူး။

အချိန်လေး ပေးရတယ်ဆိုပေမယ့် အာဟာရပြည့်ဝပြီး ခံတွင်းတွေ့စေမှာ ဖြစ်တာကြောင့် ပြင်ဆင်ပေးနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

24/08/2025

လူကြီးတွေအတွက် - - ကားပညာပေး

24/08/2025

Health knowledge for lovers

24/08/2025

သက်ကြီးရွယ်အို ကျန်းမာရေးအကြောင်း သိကောင်းစရာ
________________________
သက်ကြီးရွယ်အို ကျန်းမာရေးအကြောင်း သိကောင်းစရာ အကြောင်းလေးတွေကို လေ့လာလိုက်ရအောင်နော်။ ဘယ်သူမဆို အသက်အရွယ် ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် တဖြည်ဖြည်း အားနည်းလာပြီး ခန္ဓါကိုယ်ဟာလည်း ယိုယွင်းဆုတ်ယုတ်လာမှာ ဓမ္မတာပါပဲ ဇရာရဲ့ သဘောတရားအရ သက်ကြီးပိုင်း ရောက်လာလေ နာမကျန်းဖြစ်လွယ်လေ၊ ရောဂါရလွယ်လေ ဖြစ်လာကြရပါတယ်။ ဒါကြောင့်လည်း မိမိတို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ ရှေ့လျှောက်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကောင်းစွာသတိပြုမိပြီး ကျန်းမာရေးအသိပညာ အပြည့်အဝရှိအောင် လေ့လာအားထုတ်ခြင်းအားဖြင့် ဘဝရဲ့ တတိယအရွယ်ကို ကျန်းမာပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အို ကျန်းမာရေးအကြောင်း သိကောင်းစရာ
သက်ကြီးရွယ်အို ကျန်းမာရေးအကြောင်း သိကောင်းစရာ တွေကတော့ –

၁။ နှလုံးနှင့်သွေးကြော အဖွဲ့အစည်း

အသက်အရွယ်ကြီးသူတွေမှာ နှလုံးခုန်နှေးခြင်း၊ သွေးကြောများမာလာပြီး နှလုံးကြီးခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ နောက်ဆက်တွဲရလဒ်အဖြစ် ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်စီးဆင်းရာမှာ အခက်အခဲဖြစ်လာပြီး သွေးဖိအားများခြင်း (သွေးတိုးခြင်း) အပါအဝင် နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ အရိုးအဆစ်နှင့် ကြွက်သား အဖွဲ့အစည်း

လူ့သက်တမ်း နှစ် ၅၀၊ ၆၀ အထိ အလုပ်လုပ်လာခဲ့ရတဲ့ အရိုးတွေဟာ သက်ကြီးပိုင်း ရောက်လာတာနဲ့အမျှ အရွယ်အစားနဲ့ သိပ်သည်းဆ တဖြည်းဖြည်း လျော့နည်းလာပြီး ပြင်းထန်တဲ့ ကိုယ်ကာယလှုပ်ရှားမှုဒဏ်ကို ငယ်ရွယ်စဉ်အချိန်တုန်းကလောက် မခံနိုင်တော့ပါဘူး။

တချို့အဘိုးအဘွားတွေဆိုရင် အသက်ကြီးမှ အရပ်ပြန်ပုသွားတာကို တအံ့တသြ မြင်တွေ့ကြရပါတယ်။ ကြွက်သားတွေဟာလည်း အရင်လောက် လှုပ်ရှားရမလွယ်ကူတော့ဘဲ တောင့်တင်းသန်မာမှု အားနည်းလာတဲ့အတွက် ခန္ဓာကိုယ်ဟန်ချက် ထိန်းရာမှာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာ အခက်အခဲ ဖြစ်လာရပါတယ်။

၃။ အစာခြေ အဖွဲ့အစည်း

သက်ကြီးပိုင်း တွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုကတော့ ဝမ်းချုပ်ခြင်းဖြစ်ပါတယ်။ နေ့စဉ်အစားအသောက်ထဲမှာ အမျှင်ဓာတ်နည်းပါးခြင်း၊ ရေလုံလောက်စွာ မသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်ခြင်း၊ သွေးချိုဆီးချိုရောဂါရှိခြင်း၊ Irritable bowel syndrome ခေါ် အူမကြီးရောဂါတစ်မျိုးရှိခြင်း စတဲ့ အကြောင်းရင်းမျိုးစုံကြောင့် ဝမ်းချုပ်ရတာ ဖြစ်ပါတယ်။ ဆီးရွှင်ဆေး၊ သံဓာတ်အားဆေးများ အပါအဝင် အချို့သော ဆေးဝါးတွေကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။

၄။ ဆီးအိမ်နှင့် ဆီးလမ်းကြောင်း

များသောအားဖြင့် သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးအခြေအနေအမျိုးမျိုး၊ အကြောင်းရင်းအမျိုးမျိုးကြောင့် ဆီးအိမ်ကို ထိန်းချုပ်ရခက်တဲ့ (ဆီးမထိန်းနိုင်တဲ့) ပြဿနာကို ရင်ဆိုင်ရတတ်ပါတယ်။ ဥပမာ သွေးချိုဆီးချိုရောဂါ၊ အမျိုးသမီးများတွင် သွေးဆုံးကိုင်ခြင်း၊ အမျိုးသားများတွင် ဆီးကျိတ်ကြီးခြင်း။

၅။ မှတ်ဉာဏ်အဖွဲ့အစည်း

ပုံမှန်အားဖြင့် လူတွေဟာ အသက်ကြီးလာလေ မှတ်ဉာဏ်အားနည်းလာလေဖြစ်ပြီး အကြောင်းအရာအသစ်တွေကို သင်ယူမှတ်သားဖို့ ခက်ခဲလာလေ ဖြစ်ပါတယ်။ အသက်ကြီးသူတွေမှာ မှတ်ဉာဏ်အပြောင်းအလဲ ဖြစ်လာခဲ့မယ်ဆိုရင် ဒါဟာ အယ်လ်ဇိုင်းမားခေါ် ဦးနှောက်ရောဂါတစ်မျိုးရဲ့ လက္ခဏာဖြစ်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ အများသိထားသလို မှတ်ဉာဏ်ဆုံးရှုံးရုံသာမကဘဲ ပုံမှန်အတိုင်း တွေးခေါ်ပြုမူနိုင်စွမ်းကိုပါ ဆုံးရှုံးစေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးအောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲ
၁။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးပါ

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတသည့် အစားအစာများကို စားသုံးပါ။

ပေါင်မုန့်၊ ဆန်၊ အာလူးနှင့် အခြား ကစီဓာတ်အဓိကပါဝင်သော အစားအစာများကို သင့်တင်စွာ စားသုံးပါ။ ဖြစ်နိုင်ရင် သဘာဝအတိုင်းရရှိသည့် အစေ့အဆံများကို စားသုံးပါ။ သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် အစားအစာများကို ရွေးချယ်စားသုံးပါ။
ဟင်းသီးဟင်းရွက် များများစားပါ။ ဟင်းသီးဟင်းရွက်များမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။
သစ်သီးဝလံအမျိုးမျိုး စားသုံးခြင်းဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်းနဲ့ အချို့သောကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။
နို့၊ ကြက်ဥ စသည့် ခြံထွက်အစားအစာများ စားသုံးပါ။
Omega 3 အဆီဓာတ်ပါဝင်တဲ့ ငါးများ စားသုံးပါ။ ၎င်းတို့ဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးနိုင်ခြေကို ၃၅ ရာခိုင်နှုန်း လျော့ချပေးနိုင်ပါတယ်။
ဆား၊ အဆီနဲ့ ဆီ လျော့စားပါ။
၂။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ သင့်ကို ကာယသုခ၊ စိတ္တသုခ နှစ်မျိုးလုံး ပြည့်စုံစေပါတယ်။ ကိုယ်ကာယ ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက လေ့ကျင့်ခန်းအတူတူလုပ်ရင်း အပေါင်းအသင်းရရှိစေခြင်း၊ စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ စိတ်တည်ငြိမ်စေခြင်း စတဲ့ အကျိုးရလဒ်တွေကတဆင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးပါတယ်။

အမှန်တကယ်တော့ အသက်အရွယ်ကြီးလာခြင်းဟာ ကိုယ်စိတ်နှစ်ပါးလုံး သက်သောင့်သက်သာရှိအောင် အပန်းဖြေဖို့၊ ဘဝကို ငြိမ်းချမ်းစွာ ဖြတ်သန်းဖို့ အခွင့်အရေး ပိုမိုရလာခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အမျိုးမျိုးသော ကျန်းမာရေးအခြေအနေတွေကြောင့် အနှောင့်အယှက်မဖြစ်ရလေအောင် အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတိပြုမှတ်သားပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ပြုမူနေထိုင် စားသောက်ခြင်းအားဖြင့် ဘဝရဲ့ ချမ်းမြေ့ပျော်ရွှင်မှု အသီးအပွင့်တွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


2327 Prospect Road
Bangkok
50310