M Puu
tttt
05/04/2024
ငါ့ကို ချစ်ရင်
ပြောင်းလဲလာမှာပါဆိုတဲ့
အတွေးနဲ့
လက်လွှတ်လိုက်ဖို့ထက်
ခွင့်လွှတ်ဖို့ကိုပဲ
ရွေးခဲ့မိတာ ။
ကိုယ်ဆိုရင်လေ
တချို့အရာတွေကိုဆို
မင်း ... သတိတောင်မထားမိသေးခင်
အရာရာ ဆင်ခြင်နေမိတာ ။
ဒီလိုဆို
သူ မကြိုက်လောက်ဘူးဆိုတဲ့
အတွေးမျိုး
ဒီအရာဆို
သူ သဘောမကျလောက်ဘူးဆိုတဲ့
စိတ်ကူးတွေနဲ့
ကိုယ်ဟာ ...
ကိုယ်သဘောကျတဲ့အရာတွေကို
မင်းကို ချစ်တဲ့စိတ် တစ်ခုနဲ့
ပြောင်းလဲဖို့ ကြိုးစားနေခဲ့မိတာ ။
အနာဂတ်တွေရောက်လို့
အတူရှိကြရင်
အရာရာ အဆင်ပြေချင်တဲ့
စိတ်ကူးနဲ့ပေါ့ ။
ဒါပေမယ့် ...
လူတစ်ယောက်နဲ့ တစ်ယောက်
ချစ်တတ်ပုံချင်း
မတူကြသလို
လေးနက်ပုံချင်းကလည်း
မတူကြဘူး ။
နောက်တစ်ခု ...
အဆိုးဆုံးက
ပါလာတဲ့ ဗီဇတွေက
ပြင်မရဘူး ။
ကိုယ်နဲ့ အတူရှိလာတာ ကြာလာလို့
ကိုယ့်လို တွေးလာလိမ့်မယ်ထင်တဲ့
အတွေးဟာ
တကယ်တမ်းကျတော့
မမှန်ဘူး ။
အချိန်တန်ရင်
ဇာတိက ပြလာတာပါပဲ ။
ဒါပေမယ့်
ကိုယ်ဟာ ...
မင်းကို ချစ်တဲ့ စိတ်နဲ့
ခွင့်လွှတ်ဖို့ပဲ ရွေးခဲ့ဖူးပါတယ် ။
ခွင့်လွှတ်ပေးပြီးတိုင်းလည်း
နောက်တစ်ကြိမ် မဖြစ်စေရဘူးဆိုတဲ့
ကတိတွေ
ပေးမြဲ ပေးဆဲပါပဲ ။
ခဏတဖြုတ်
ခြေငြိမ်သွားတာက လွဲရင်
အရာရာက
ဖြစ်မြဲ ဖြစ်တိုင်းပါပဲ
မှားခဲ့ဖူးတဲ့အတိုင်း
မှားနေဆဲပါပဲ ။
အချိန်တွေ မတူတော့ရယ်
လူတွေ မတူတော့တာကလွဲရင်
အဖြစ်အပျက်တွေ
ကတိတွေဟာ အရင်အတိုင်းပါပဲ ။
တစ်နေ့ကျရင် ...
ပြင်လာမှာဆိုပြီး
မျှော်လင့်ခဲ့မိတဲ့
ကိုယ်ပဲ မှားနေခဲ့တာပါ
ခွင့်လွှတ်ခြင်းတွေဟာ
ဘယ်တော့မှ
နောင်တရစရာ ဖြစ်မှာမဟုတ်ဘူးဆိုပြီး
ယုံခဲ့မိတဲ့ ကိုယ်ပဲ
ရူးနေခဲ့တာ ။
လူတစ်ယောက်ဟာ ...
သူ့ အမူအကျင့်နဲ့ သူ
သူ့ ရှင်သန်ရာနဲ့ သူ
သူ့ ဗီဇ နဲ့ သူ ပါပဲ ဆိုတဲ့
စကားကို ဆန့်ကျင်ပြီး
ငါ့ကို ချစ်ရင်
ပြင်လာမှာဆိုပြီး
ယုံခဲ့မိတာပါ ။
ဒါပေမယ့်
ဒီတစ်ကြိမ်တော့
မင်းရဲ့ ဗီဇဟာ
ဘယ်တော့မှ ပြင်လို့မရမှန်း
လက်ခံလိုက်ပါပြီ ။
ကျေးကို
#မူရင်းပိုင်ရှင် ကျေးကို
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ที่อยู่
Bangkok