Global Health Care Services

Global Health Care Services

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Global Health Care Services, Bangkok.

15/08/2026

🇹🇭CRS + HIPEC — ဝမ်းဗိုက်အတွင်း ပြန့်ပွားနေသော ကင်ဆာအတွက် ခေတ်မီကုသမှုနည်းလမ်း

ဝမ်းဗိုက်အတွင်း ကင်ဆာဆဲလ်များ ပြန့်ပွားနေသော Peritoneal Surface Malignancy များအတွက်
Cytoreductive Surgery (CRS) + Heated Intraperitoneal Chemotherapy (HIPEC) ကီမိုဆေးသွင်းခြင်းကို အချို့သော သင့်တော်
သည့်လူနာများတွင် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

🔹 CRS (Cytoreductive Surgery)
ခွဲစိတ်မှုဖြင့် မျက်မြင်တွေ့ရှိနိုင်သော ဝမ်းဗိုက်အတွင်း ကင်ဆာအကျိတ်များကို တတ်နိုင်သမျှ ဖယ်ရှားပေးခြင်း ဖြစ်ပါတယ်။

🔹 HIPEC (Heated Intraperitoneal Chemotherapy)
CRS ပြီးနောက် ဝမ်းဗိုက်အတွင်းသို့ အပူပေးထားသော Chemotherapy ဆေးရည်ကို တိုက်ရိုက် ဖြန့်ပြီး ကျန်ရှိနိုင်သော ကင်ဆာဆဲလ်များကို ထိန်းချုပ်ရန် ရည်ရွယ်သည့် ကုသမှုဖြစ်ပါတယ်။

👨‍⚕️ဘယ်လိုကင်ဆာမျိုးတွေမှာ ဒီကုသမှုကို စဉ်းစားနိုင်မလဲ?

• အူမကြီး ကင်ဆာမှ ဝမ်းဗိုက်အတွင်း ပျံ့နှံ့မှု
• Appendix cancer / Pseudomyxoma peritonei
• အချို့သော အစာအိမ်ကင်ဆာများ
• အချို့သော သားဥအိမ်ကင်ဆာ များ နှင့်
• အူအမြှေးပါး ကင်ဆာ အချို့ တွင် လူနာအခြေအနေပေါ်မူတည်ပြီး စဥ်းစားနိုင်ပါတယ် ရှင် ။

⚠️သို့သော် လူနာတိုင်းအတွက် CRS + HIPEC သင့်တော်ခြင်း မရှိပါ။
ကင်ဆာအမျိုးအစား၊ ပျံ့နှံ့မှု အတိုင်းအတာ၊ လူနာ၏ ကိုယ်ခန္ဓာအခြေအနေ၊ အခြားကိုယ်တွင်းအင်္ဂါများပါဝင်မှု တို့ကို အသေးစိတ်စစ်ဆေးပြီး ကင်ဆာအထူးကု Team မှ ဆုံးဖြတ်ပေးပါမယ်။

🏥 ဘန်ကောက်တွင် Colorectal & Peritoneal Cancer Treatment
CRS with HIPEC ကဲ့သို့သော ခေတ်မီကုသမှုများအတွက် Specialist Consultation နှင့် Treatment Planning ပြုလုပ်နိုင်ပါတယ်။

📩 လူနာ၏ CT Scan / ဆေးမှတ်တမ်းများဖြင့် အသေးစိတ် လာရောက်တိုင်ပင်နိုင်ပါတယ် ။
Hotline ☎️ 09 267 700 720

07/08/2026

ယခုအခါ အဖြစ်များလာသော အူလမ်းကြောင်းကင်ဆာကို စောစီးစွာ သိရှိနိုင်မယ့် အတန်ဆုံး အခွင့်အရေးကြီး လာပါပြီ နော် 💯
🎉အထူးပရိုမိုးရှင်း (SPECIAL DEAL): 1 ခုဝယ်၊ 1 ခုလက်ဆောင် (BUY 1 GET 1 FREE) (2 ဦး) အစာအိမ်နဲ့ အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းကို 35,500 THB ဖြင့် Special Promotion အပြင်🎉 ဆွဲဆောင်မှုရှိတဲ့ ကျောက်ဖယားမြစ်အတွင်း နေဝင်ဆည်းဆာ ညစာစားသုံးရင်း အပန်းဖြေနိုင်မယ့် Luxury စျေးသင်္ဘောစီး လက်မှတ် (FREE VOUCHERS) 2 စောင် ကိုပါ အခမဲ့ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ကန့်သတ်ကာလအတွင်းသာ👉30 August 2026 အထိ သာ။

အစာအိမ်နဲ့ အူမကြီးရောဂါတွေကို အစောပိုင်းရှာဖွေတွေ့ရှိခြင်း က ကုသမှုအောင်မြင်ဖို့ အလွန်အရေးကြီးပါတယ်။

🩺 အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်း
ကြည့်ခြင်း Screening ကို ဘယ်သူတွေ ပြုလုပ်သင့်လဲ?

✅ အသက် ၄၅ နှစ်နှင့်အထက် (အူမကြီးကင်ဆာ Screening အတွက်)
✅ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ Polyps အသားပိုအလုံး မိသားစုရာဇဝင်ရှိသူများ
✅ အစာအိမ်အောင့်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း ၂–၄ ပတ်ထက်ပို၍ ဖြစ်နေသူများ
✅ ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ်လျော့နည်းခြင်း
✅ သွေးအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ ဝမ်းတွင်သွေးပါခြင်း
✅ ဝမ်းချုပ်၊ ဝမ်းလျှော အလေ့အထ ပြောင်းလဲလာသူများ
✅ သံဓာတ်ချို့တဲ့သွေးအားနည်း (Iron deficiency anemia) ဖြစ်နေသူများ
✅ Helicobacter pylori (H. pylori) ပိုးရှိဖူးသူ သို့မဟုတ် အစာအိမ်အနာရှိဖူးသူများ
✅ အခြားအူမကြီးရောဂါများ
🌿 ရောဂါမပြင်းထန်မှီ ကြိုတင်စစ်ဆေးခြင်းက အကောင်းဆုံးကာကွယ်မှုဖြစ်ပါတယ်။
📞 အသေးစိတ်ဆွေးနွေးလိုပါက
🌎Global Health Care Services
Hotline ☎️09 267 700 720 သို့ အသေးစိတ်
ဆက်သွယ်မေးမြန်းနိုင်ပါတယ် နော်

30/07/2026

🩺 Patient's Story

🦿 Bilateral Robotic Total Hip Replacement 🦿

"ခြေလှမ်းတိုင်း နာကျင်မှုကနေ လွတ်မြောက်ပြီး ဘဝအသစ်ကို ပြန်လည်စတင်နိုင်ခဲ့ပါတယ်"

တင်ပဆုံရိုးနှစ်ဖက်စလုံး သွေးလျှောက်အားနည်းခြင်းကြောင့် လမ်းလျှောက်ရာတွင် နာကျင်ခြင်း၊ လှုပ်ရှားရခက်ခဲခြင်းများကို ကြာရှည်ခံစားနေရ၍ ယခင် GHCS Team ဖြင့် နှလုံးအသားပို ခွဲစိတ်မှုခံယူထားသော လူနာရှင်မိသားစု ၏ မိတ်ဆက်ပေးမှုဖြင့် မင်မင်တို့ဖြင့် ယုံကြည်စွာ ထပ်မံချိတ်ဆက်ခဲ့ပါတယ် ။

🏥 Phyathai 1 Hospital ၏ အရိုးအထူးကု ဆရာဝန်ကြီး Prof. Dr. Thanainite ၏ ကျွမ်းကျင်တိကျသော နည်းပညာမြင့် အကူအညီဖြင့် တင်ပါးဆုံရိုး နှစ်ဘက်စလုံး ခွဲစိတ်ကုသခြင်းကို ခရီးစဥ်အစအဆုံး ၈ရက်အတွင်း အောင်မြင်စွာ
ကုသမှုခံယူခဲ့ပါတယ် ။

🤖Robotic Technology ကို အသုံးပြုထားသဖြင့် ✅ ပိုမိုတိကျသော ခွဲစိတ်မှု
✅ နာကျင်မှု လျော့နည်းခြင်း
✅ သွေးဆုံးရှုံးမှု နည်းခြင်း
✅ ပြန်လည်လမ်းလျှောက်နိုင်ချိန် မြန်ဆန်ခြင်း
✅ နေ့စဉ်လုပ်ငန်းဆောင်တာများကို အမြန်ပြန်လည်ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိခဲ့ပါတယ် ။

ယနေ့တွင် လူနာသည် နာကျင်မှုကင်းသည့် အပြုံးများနှင့်အတူ ကျန်းမာသော ဘဝသစ်ကို စတင်လျက်ရှိပါတယ် ။
🌍Global Health Care Services အနေဖြင့်
✈️ သင့်တော်သော ဆေးရုံချိတ်ဆက်ပေးခြင်း
🏥 Specialist ဆရာဝန်ချိန်းဆိုပေးခြင်း
📄 စကားပြန်ဝန်ဆောင်မှု
🚗 လေယာဥ်ဆိုက်ရောက်သည်မှ စ၍ ခွဲစိတ်ပြီး လေဆိပ်သို့ Wheel Chair ၊ အကြိုအပို့ Staff ဖြင့် လိုက်လံပို့ဆောင်ပေးခြင်း
💚 ကုသမှုအစမှ အိမ်ပြန်သည်အထိ အနီးကပ် စောင့်ရှောက်ပေးလျက်ရှိပါတယ် ။

"လမ်းလျှောက်တိုင်း ယုံကြည်မှုရှိဖို့၊
နာကျင်မှုမရှိတဲ့ ဘဝသစ်ကို စတင်ဖို့
🌐Global Health Care ဘန်ကောက် ဝန်ဆောင်မှု
ဖြင့် အနွေးထွေးဆုံး တိုင်ပင်ပါ နော် "

12/07/2026

🩺 Your Health, Our Personalized Plan 💕
ကျန်းမာရေးစစ်ဆေးခြင်းသည် လူတိုင်းအတွက် တစ်ပုံစံတည်း မဟုတ်ဘဲ
☘️အသက်
👥ကျား/မ
🌲မိသားစုရောဂါရာဇဝင်
✍လက်ရှိကျန်းမာရေးအခြေအနေ
⛹နေထိုင်မှုပုံစံ (Lifestyle) နှင့်
📄ကျန်းမာရေးလိုအပ်ချက်များ
🪪 ဆေးမှတ်တမ်းများကို
အသေးစိတ် ဆွေးနွေးသုံးသပ်ပြီး တစ်ဦးချင်းစီအတွက် အထူးသင့်လျော်သော
📕Personalized Medical Check-up Program ကို 🌎GHCS Team မှ ရွေးချယ် အကြံပြုပေးပါတယ် ။
ထို့အပြင် 🇹🇭 ဘန်ကောက်ရှိ နိုင်ငံတကာအဆင့်မီ ဆေးရုံများတွင်
➡️ Appointment စီစဉ်ပေးခြင်း
➡️ Specialist Doctor ဖြင့် Tele Consultation စီစဉ်ပေးခြင်း
➡️ ဆေးကုသမှု ခရီးစဥ် အစအဆုံး ကို စနစ်တကျ ဝန်ဆောင်မှုပေးလျက်ရှိပါတယ် ။

🧑‍⚕️ Early Detection. Personalized Care.
Peace of Mind.
သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော Medical Partner အဖြစ်
🌎Global Health Care ဝန်ဆောင်မှု နှင့်အတူ ဘန်ကောက်တွင် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ရယူလိုက်ပါ နော်
📩 Page Messenger (သို့မဟုတ်)
📱09 267 700 720 မှတစ်ဆင့် အခမဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်




#ဆေးစစ်

11/07/2026

🩺 Chemo Port ဆိုတာဘာလဲ?
Chemo Port (Port-a-Cath) ဆိုတာ
ကင်ဆာလူနာတွေမှာ ဓာတုဆေးကုသမှု
(Chemotherapy) ၊ ခုခံအားကုထုံး (Immunotherapy ) တို့ကို အကြိမ်ကြိမ်ပေးရတဲ့အခါ လွယ်ကူဘေးကင်းစွာ ဆေးသွင်းနိုင်ဖို့ အသုံးပြုတဲ့ အရေပြားအောက်မှာ ထည့်သွင်းထားတဲ့ ကိရိယာငယ် ဖြစ်ပါတယ်။
၎င်းကို ပါးလွှာသောပိုက် (catheter) နဲ့ သွေးကြောကြီးတစ်ခုကို ချိတ်ဆက်ထားပါတယ်။
ဒါ့အပြင်👍 သွေးစစ်ရန် သွေးထုတ်ခြင်း ၊
IV အကြောဆေး၊ သွေးသွင်းခြင်းနှင့် အခြား အာဟာရများကိုလည်း ထို Port မှတစ်ဆင့် သွင်းပေးနိုင်ပါတယ် ။

➡️ အားသာချက်များ မှာ

💉 အပ်ထိုးရတဲ့အကြိမ် အရေအတွက် လျော့ခြင်း
လက်သွေးကြောများ ပျက်စီးခြင်းကို လျော့နည်းစေခြင်း
🧑‍⚕️ Chemotherapy ပေးရာတွင် ဆေးများကို ခန္ဓာကိုယ်တစ်ရှူးများနှင့် အရေပြားတို့ထိတွေ့မှုအန္တရာယ်ကိုလည်း လျှော့ချပေး၍ ပိုလုံခြုံပြီး အဆင် ပြေ စေပါတယ် ။
⌛ ထို Chemo Port ကို လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ အသုံးပြုနိုင်ပါတယ် ။
❎ သတိထားရမည့်အချက်များ
ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း သို့မဟုတ် လှုပ်ရှားမှုများ၊ 1 ကီလိုဂရမ်ထက် ပိုလေးသော အရာများကို သယ်ဆောင်ခြင်းသည် နာကျင်မှုနှင့် ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေသောကြောင့် ရှောင်ကြဉ်ရပါမယ် ။
Chemoport ထည့်ထားသော နေရာကို သန့်ရှင်းစွာထားပြီး ပေါ့ပါးသော အဝတ်အစားများကို ဝတ်ဆင်ရပါမယ် ။
🩺 Port ၏ ပိုက်နေရာတွင် သွေးခဲပိတ်ခြင်း မဖြစ်စေရန် အသုံးပြုပြီးတိုင်း ၄-၆ ပတ် တစ်ကြိမ် heparin သွေးကျဲဆေးရည် ဖြင့် ပုံမှန် ပိုက်ဆေးခြင်းများ ပြုလုပ်သင့်ပါတယ် ။

🏥 Chemo Port နေရာတွင် နီခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ အဖျားတက်ခြင်း ဖြစ်လျှင် နီးစပ်ရာ ဆရာဝန်ကို ချက်ချင်းပြသင့်ပါတယ် ။

🇹🇭 ဘန်ကောက်ရှိ ပုဂ္ဂလိက ဆေးရုံများ ၏ ကင်ဆာ ရောဂါ ကုသမှုများကို
Hotline ☎️ 09 267 700 720 သို့ ဆက်သွယ်၍ မိသားစုသဖွယ် အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ် နော် 🩺

04/07/2026

🎁 2026 တစ်နှစ်လုံး အထူးအစီအစဉ် 🎁
🦵 Global Health Care Services ဘန်ကောက် ကျန်းမာရေး ဝန်ဆောင်မှုဖြင့်
ဒူးအစားထိုးခွဲစိတ်ကုသမှု ခံယူရသူများကို
🎁 Waterproof Adult Knee Cast/Bandage Protector ကို ​မေတ္တာလက်ဆောင် ပေးသွားပါမယ်။

💧 Waterproof Protector ၏ အားသာချက်များမှာ

✔️ ခွဲစိတ်ဒဏ်ရာနှင့် အနာစည်းကို ရေမစိုစေရန် ကာကွယ်ပေးခြင်း
✔️ ရေချိုးချိန်နှင့် နေ့စဉ်လှုပ်ရှားမှုများကို ပိုမိုအဆင်ပြေစေခြင်း
✔️ ပြန်လည်အသုံးပြုနိုင်ပြီး
✔️ အသုံးပြုရလွယ်ကူခြင်း တို့ကြောင့်
✔️ ခွဲစိတ်ပြီးနောက် Recovery ကာလအတွင်း ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ် နော်

📅 Promotion Period
2026 ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ
🌍 Global Health Care Services ဖြင့် ဘန်ကောက်တွင် TKR ဒူးအစားထိုး ခွဲစိတ်ကုသမှု ခံယူသူတိုင်း အကျုံးဝင်ပါတယ် ။

🇹🇭 ထိုင်းနိုင်ငံရှိ ဆေးရုံများ၏ ကုသမှု plan များ
👨‍⚕️ အထူးကုဆရာဝန်များနှင့် ချိန်းဆိုပေးခြင်း
🗣️ မြန်မာဘာသာပြန် ဝန်ဆောင်မှုပေးခြင်း
📋 ဆေးကုသမှု အစအဆုံးကို အနီးကပ် ကူညီစီစဥ်ပေးပါတယ် ။
📩 အသေးစိတ်သိရှိလိုလျှင်
🌍Page Messenger
Hotline ☎️ 09 267 700 720 (Viber /Whatsapp) တို့​ဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်



#ဒူး

24/06/2026

🇹🇭 ထိုင်းနိုင်ငံအနက် 4 ခုသာရှိတဲ့
အထူးဓာတ်ရောင်ခြည်စက်
☢️ 4-Dimensional VMAT Radiation Therapy ကို 🏥Chularat 3 International Hospital မှာကုသမှုခံယူလို့ရပါပြီ

4-Dimensional VMAT Radiation Therapy ၏ ထူးခြားမှုမှာ

✅တိကျမှန်ကန်မှုအထူးမြင့်မားခြင်း (ကင်ဆာဖြစ်သည့် နေရာကိုဓါတ်ရောင်ခြည်တိကျစွာရောက်ပြီး၊ မလိုအပ်တဲ့နေရာကို ဓါတ်ရောင်ခြည်မရောက်အောင်ထိန်းပေးခြင်း)

✅ ကင်ဆာဖြစ်တဲ့နေရာကို လိုအပ်တဲ့ဓါတ်ရောင်ခြည်ပမာဏကိုလုံလောက်စွာပေးခြင်း (ကင်ဆာရောဂါထိန်းချုပ်မှုပိုကောင်းခြင်း)

✅ရောင်ခြည်မှ ဘေးထွက်ဆိုးကျိုးနည်းပါးခြင်း

✅ ဦးနှောက်ကင်ဆာ
✅ ခံတွင်းကင်ဆာ
✅အစာမျိုပြွန်ကင်ဆာ
✅ရင်သားကင်ဆာ
✅အဆုတ်ကင်ဆာ
✅ဆီးကျိတ်ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ အတွက်အထူးကောင်းမွန်တဲ့ကုထုံးဖြစ်ပါတယ်။

ကင်ဆာရောဂါ၏ ကုသမှုများကို

Hotline ဖုန်း ☎️ 09 267 700 720
သို့ ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင် 👨‍⚕️👩‍⚕️

15/06/2026

❤️ Atrial Myxoma (နှလုံးအတွင်း အကြိတ်) ??

Atrial Myxoma ဟာ နှလုံးအတွင်းမှာ အဖြစ်အများဆုံးတွေ့ရတဲ့ Benign (Cancer မဟုတ်သော) ရိုးရိုးအကြိတ် တစ်မျိုးဖြစ်ပြီး များသောအားဖြင့် ဘယ်ဘက်နှလုံးသွေးဝင်ခန်း (Left Atrium) တွင် ဖြစ်ပွားလေ့ရှိပါတယ်။
⚠️ ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်သလဲ?
• အသက်ရှူမဝခြင်း
• နှလုံးတုန်ခြင်း
• မူးဝေခြင်း ၊သတိလစ်ခြင်း
• ရင်ဘတ်အောင့်ခြင်း
• အလွယ်တကူ မောပန်းခြင်း
• လေဖြတ်နိုင်ခြင်း
🫀Atrial Myxoma ကို မကုသဘဲ ထားလျှင်
အ​ကြိတ်၏ အပိုင်းအစများသည် ဦးနှောက်၊ အဆုတ် သို့မဟုတ် ကိုယ်ခန္ဓာအခြားအစိတ်အပိုင်းများသို့ ပြုတ်ထွက်ပြီး သွေးကြောပိတ်ဆို့စေနိုင်ပါတယ်။
နှလုံးအတွင်း အကြိတ်ကို
• နှလုံး Echocardiogram
• နှလုံး ကွန်ပျူတာ ဓာတ်မှန်
• နှလုံး သံလိုက်ဓာတ်မှန်
• နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း တို့ဖြင့် စစ်ဆေးရှာဖွေ ကြပါတယ် ။

👨‍⚕️Atrial Myxoma ကို ဆေးဖြင့် ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိလျှင် ခွဲစိတ်ဖယ်ရှားခြင်း (Surgical Excision) သည် အဓိကကုသနည်း ဖြစ်ပါတယ်။

✨ ခွဲစိတ်မှုအောင်မြင်မှုရာခိုင်နှုန်း မြင့်မားပြီး
🌍 GHCS Team ဖြင့် 🇹🇭 BPK 9 ဆေးရုံကြီးတွင် ခွဲစိတ်ကုသပြီး လူနာအန်တီမှာ ပုံမှန် နေ့စဥ်ဘဝသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ် ။

❤️ နှလုံးကျန်းမာရေးကို ဂရုစိုက်ပြီး
ပုံမှန်မဟုတ်သော နှလုံးရောဂါ လက္ခဏာများရှိလျှင် 🇹🇭 ဘန်ကောက် ပုဂ္ဂလိကဆေးရုံကြီးများ၏
နှလုံးအထူးကုဆရာဝန်ဖြင့် ကုသမှု ခံယူရန်

Hotline ☎️ 09 267 700 720 သို့ အခမဲ့
ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။

08/06/2026

🍲 World Food Safety 😋
အစားအစာကို ဂရုစိုက်ခြင်းဖြင့် ရောဂါများစွာကို ကာကွယ်နိုင်ပါတယ် ။
နေ့စဉ်စားသုံးနေသော အစားအစာများတွင်
🦠ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပိုးမွှားများ သို့မဟုတ် အဆိပ်အတောက်များ ပါဝင်နေပါက ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အစားအစာ မသန့်ရှင်းမှုကြောင့်

ဝမ်းလျှောဝမ်းပျက်ရောဂါ
အစာအဆိပ်သင့်ခြင်း (Food Poisoning) တိုက်ဖွိုက်ရောဂါ (Typhoid Fever)
အသည်းရောင်အသားဝါ A (Hepatitis A) ကာလဝမ်းရောဂါ (Cholera)
အူလမ်းကြောင်း ပိုးဝင်ရောဂါများ ဖြစ်နိုင်ပါတယ်။

အစားအစာကို လုံခြုံစွာ စားသုံးနိုင်ရန်
🧴လက်ကို ဆပ်ပြာဖြင့် သေချာဆေးကြောပါ အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ
💦သန့်ရှင်းသော သောက်ရေကိုသာ အသုံးပြုပါ အစိမ်းနှင့် အကျက် အစားအစာများကို သီးခြားထားပါ
သက်တမ်းလွန် အစားအစာများကို မစားသုံးပါနှင့်
"Food Safety is Everyone's Responsibility"
ကျန်းမာသော မိသားစုဘဝအတွက် အစားအစာ ကို ယနေ့မှစတင် ဂရုစိုက်ကြပါစို့။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok

เวลาทำการ

จันทร์ 09:00 - 05:00
อังคาร 09:00 - 05:00
พุธ 09:00 - 05:00
พฤหัสบดี 09:00 - 05:00
ศุกร์ 09:00 - 05:00
เสาร์ 09:00 - 05:00