RG Support PDF

RG Support PDF

แชร์

အာဏာရှင် စနစ် ကျရှုံးရမည်။

Photos from RG Support PDF's post 08/04/2025

အပစ်ရပ်မယ် ပြောထားတာကို လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ အဘ အခုတော့ ဘယ်လိုနေလဲ

07/04/2025

အင်းတော်မြို့ကို အလုံးစုံသိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ယနေ့ (ဧပြီ ၇ရက်)ည ကိုးနာရီခန့်တွင် အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက် ကြောင်းသိရှိရသည်။

အင်းတော်မြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၆ ရက်မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ဝန်းကျင်တချို့နေရာများတွင် ဖက်ဆစ်ခွေးမိစ္ဆာတပ်စခန်းတချို့ကျန်ရှိနေခဲ့ပြီး ၈ လကြာသည်အထိ မကြာခဏ တိုက်ပွဲဖြစ်ပွားနေရာမှ ဒီကနေ့တွင် အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖက်ဆစ်ခွေးမိစ္ဆာ ကင်းစင်နယ်မြေဖြစ်သွားကြောင်း သိရှိရသည်။

26/05/2024

🔄မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၃၉ ဦးသေဆုံး

မေလ 🔤🔤ရက်

မြန်မာနိုင်ငံတစ်ဝန်း မေလ ၂၆ ရက်နေ့ ရရှိထားသော အချက်အလက် များအရ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၃၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲများ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် အကြမ်းဖက်စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲများ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် အကြမ်းဖက်စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Photos from RG Support PDF's post 11/05/2024

ဖားဆောင်းမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ကရင်နီပြည်ဝံပုလွေစစ်ကြောင်းက ရဲဘော်မန်နေဂျာ ရဲ့ စျာပနအခမ်းအနား...
++++++++++++++++
မေ ၁၁ ၊ ၂၀၂၄

ကရင်နီပြည်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ကရင်နီပြည်ဝံပုလွေစစ်ကြောင်းက ရဲဘော် ရာလ်ဖာအေးလယ် (ခ)မန်နေဂျာရဲ့ စျာပနအခမ်းအနားပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ဒီနေ့ ညနေပိုင်းမှာ ဖော်ပြလာပါတယ်။

ဖားဆောင်းမြို့ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အပြန်အလှန်တိုက်ခိုက်ရင်း မေလ ၉ ရက်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရာလ်ဖားအေးလယ်(ခ)မန်နေဂျာက ကရင်နီပြည်ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်တဲ့နေ့ကစပြီး နောက်ဆုံးအချိန်ထိ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ ကရင်နီပြည်ဝံပုလွေစစ်ကြောင်းက ဆိုပါတယ်။

တိုင်ပြည်နဲ့ လူမျိုးအတွက် အသက်ပေးတိုက်ပွဲဝင်သွားတဲ့ ရဲဘော် ရာလ်ဖာအေးလယ် (ခ)မန်နေဂျာကို ကရင်နီပြည်ဝံပုလွေစစ်ကြောင်းက အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေနီးပြုပြီး ကျဆုံးမှုအတွက် ကျန်ရစ်သူမိသားစုတွေနဲ့ထပ်တူဝမ်းနည်းရကြောင်း ကရင်နီပြည်ဝံပုလွေစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

11/05/2024

ကြာတော့ကြာပြီ သင်တန်းဆင်းပွဲလေ

11/05/2024
Photos from RG Support PDF's post 09/05/2024

တပ်စခန်းများစွာ အသိမ်းခံရပြီးနောက် မြစ်ကြီးနား-ဗန်းမော် လမ်းရှိ ဒဘတ်ချောင်းကူးတံတားကို စစ်ကောင်စီ ဖောက်ခွဲဖျက်ဆီး

မိုးမောက်မြို့ကို KIA တပ်များ ဝင်ရောက် နယ်မြေရှင်းလင်းနေဟု ဗိုလ်မှူးကြီးနော်ဘူပြော

ဟန်နွေ/Peoples Spring

ကချင်ပြည်နယ် မြစ်ကြီးနား -ဗန်းမော်လမ်းရှိ အရေးပါသည့် ဒဘတ်(တဘတ်)ချောင်းကူးတံတားကို စစ်ကောင်စီက ယမန်နေ့ညတွင် မိုင်းခွဲဖျက်ဆီးခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်
စီ၏ အရေးပါသည့် စစ်စခန်းများအား KIAက ဆက်တိုက် သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၈ ရက်ညပိုင်း၌ ပေ ၁၀၀ ကျော်ရှည်သည့် ဒဘတ်ချောင်းကူး တံတားအားဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဒီဘက်က ဒဘတ်စခန်းက ကဇူးဘက်စခန်းဘက်ကို ပူးပေါင်းသွားတယ်။ ဂီဒွန်တို့ အင်ခရမ်တို့ဘက်ကနေ ဆင်းလာလို့ရှိရင် ဒီဒဘတ်စခန်းဖြတ်ပြီးတာနဲ့ ကဇူးစခန်းပေါ့နော်။ ကဇူးစခန်းလည်း အင်အား အဲဒီလောက်ထိ မရှိတော့ဘူး။အဲဒါပြီးတာနဲ့ ဝိုင်းမော် ၃၂၁ (စစ်ကောင်စီတပ်ရင်း) ဘက်ကိုရောက်သွားမယ်ပေါ့။ အခု ကျနော်တို့ ကြားရတာက အဲဒီ ဒဘတ်ချောင်းရဲ့ ဒီဘက်က စခန်းတွေအားလုံးက ကုန်ပြီ(KIA သိမ်းပိုက်ထားပြီး)လေ။ ကုန်သလောက်ရှိပြီဆိုတော့ နောက်ဆုံးသူတို့စခန်းက ဆုတ်ရင်းနဲ့ ကဇူးစခန်းဘက်ကို ပေါင်းသွားရင်းနဲ့ အဲဒီတံတားဘက်ကို ဖျက်ဆီးလိုက်တာ။ ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒဘတ်ချောင်းကူးတံတားဖျက်ဆီးခံရမှုကို စစ်ရေးသတင်းရင်းမြစ်တို့က လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်အတူ အသိပေးထားသည်။

ဗန်းမော်-မြစ်ကြီးနား ကားလမ်းမကြီး ဝိုင်းမော်မြို့နယ်က မလန်းယန်ရွာနဲ့ ဂါးရာယန်ရွာကြားက ဒဘတ်(တဘတ်ချောင်းကူးတံတားပါ။KIA ကို ကြောက်လို့ တနည်းအားဖြင့် အကြမ်းဖက် သောင်းကျန်းသူ စစ်တပ်မို့လို့ အများပြည်သူ သွားလာနေတဲ့ တံတား ဖျက်ဆီးတာပေါ့ကွာ ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရေးအရ ရှုံးနိမ့်ခဲ့သည့် ဒေသများ၌ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ် ဖျက်ဆီးခြင်းများ မကြာခဏပြုလုပ်လေ့ရှိသည်။

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား-လွယ်ဂျယ်လမ်း၊ လိုင်ဇာအနီးဒေသများ၊ ဖားကန့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIAက ဆက်တိုက် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

အခြားသတင်းတစ်ရပ်မှာ ကချင်ပြည်နယ် မိုးမောက်မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်များ ဝင်ရောက်နယ်မြေရှင်းလင်းနေပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မေလ ၈ရက်ညနေတွင် မိုးမောက်မြို့ကို KIA ထိန်းချုပ်နိုင်ပြီဆိုသည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရာ မေ ၈ ရက် ညနေတွင် စစ်ကောင်စီတပ်သားများ ထွက်သွားပြီဆိုသည့် သတင်းကြားရကြောင်း ၎င်းက ပြောသည်။

မိုးမောက်မြို့မှာရှိတဲ့ စကစ စစ်သားတွေအကုန်လုံး ထွက်သွားပြီဆိုတဲ့ဟာတော့ ကြားရပါတယ်။ ကျနော်တို့ အဖွဲ့တွေ ၄နာရီအချိန်မှာ အဲဒီ မိုးမောက်မြို့ကို နယ်မြေ ရှင်းလင်းရေးလုပ်နေတယ်ဆိုတဲ့ သတင်းကတော့ ကျနော်တို့ဆီမှာ ကြားပါတယ်ခင်ဗျာ ဟု ဗိုလ်မှူးကြီးနော်ဘူက People's Spring သို့ ပြောသည်။

မိုးမောက်မြို့တွင်းရှိ စစ်ကောင်စီတပ်သားများကို KIAက လိုက်လံချေမှုန်းရာ စကစများကြံခင်းရွာဘက် ဆုတ်ခွာ ထွက်ပြေးသွား၍ မေလ ၈ရက် ညနေ ၆နာရီတွင် မြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။ မြို့အပြင်ရှိ ခမရ-၄၃၇ တပ်စခန်းတစ်ခုသာ ကျန်ရှိတော့ဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

KIAသည် မတ်လ ၇ရကျမှစ၍ ထိုးစစ်အရှိန်မြှင့်တင်ခဲ့သည့် အချိန်မှ စ၍ မိုးမောက်မြို့နယ်ရှိ တပ်ရင်းဌာနချုပ် အများအပြားကို သိမ်းပိုက်ထားပြီးဖြစ်သည်။ မတ် ၇ ရက် နောက်ပိုင်း စစ်ကောင်စီတပ်စခန်းပေါင်း ၉၀ ကျော်ကိုသိမ်းပိုက်ပြီးဖြစ်သည်။

(မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်ရှိဒဘတ်ချောင်းကူးတံတား
ကို စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-CJ)

Photos from RG Support PDF's post 09/05/2024

စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် မိုးမောက်မြို့ကို KIA စတင်ထိန်းချုပ်
======================
မေ ၈
Radio NUG

ကချင်ပြည်နယ် မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မေလ ၇ ရက်နေ့မှာ မိုးမောက် ရဲစခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့ပေါ်ရှိ စစ်ကောင်စီတပ် များကို ဆက်လက် ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားကြပြီး မေလ ၈ ရက်နေ့မှာ မြို့ကို ထိန်းချုပ်နိုင်လိုက်တာ ဖြစ်ပါတယ်။

People Spring သတင်းဌာနရဲ့ ဖော်ပြချက်အရ မိုးမောက်မြို့တွင်းကို လိုက်လံချေမှုန်းရာ စစ်ကောင်စီ တပ်သားများ ကြံခင်းရွာဘက် ဆုတ်ခွာထွက်ပြေးသွားတာကြောင့် မေလ ၈ ရက် ညနေ ၆ နာရီတွင် မြို့ကို KIA က ထိန်းချုပ်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားတာ တွေ့ရပါတယ်။

မိုးမောက်မြို့ အနီးမှာ မြို့အပြင်ဘက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၄၃၇) တပ်စခန်း တစ်ခုသာ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့က ထိုးစစ်အရှိန် မြှင့်ခဲ့ပြီးနောက်ဒေါ့ဖုန်းယန်၊ ကုန်းလော၊ မြို့သစ်၊ နွမ့်လန်း အပါအဝင် မိုးမောက်မြို့နယ် အတွင်းရှိ တပ်ရင်းဌာနချုပ် အများအပြားအပြင် တပ်စခန်းများကိုပါ သိမ်းပိုက်ထားနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။၊

မေလ ၇ ရက်မှာ မိုးမောက်မြို့ကို ဦးတည်တိုက်ခိုက်ခဲ့ပြီး ရဲစခန်း အပါအဝင် စစ်ကောင်စီ တပ်စွဲထားရာ နေရာများကို သိမ်းပိုက်နိုင်ခဲ့ကာ မြို့ကိုပါ ထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်ပြီး ကျန်တပ်စခန်း တချို့ကို သိမ်းပိုက် ပြီးပါက မြို့နယ်တစ်ခုလုံး အလုံးစုံ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

09/05/2024

ဘယ်ဆီဘယ်ဝယ် ဘယ်စခန်းကို

Photos from RG Support PDF's post 08/05/2024

စစ်ကောင်စီဝင် အုပ်ချုပ်ရေးမှူး၊ အရံမီးသတ်တပ်ဖွဲ့ဝင်၊ ပျူခေါင်းဆောင် ကျော်မြင့် ပစ်ခတ်ရှင်းလင်းခံရ
++++++++++++++
မေ ၈ ၊ ၂၀၂၄

“အခု သေသွားတဲ့ ကျော်မြင့်က ရွာမှာ ပျူစောထီးအဖွဲ့ဖွဲ့ဖို့ ကြိုးစားနေတာကြာပြီ။ အခုထိတော့ ရွာမှာ သူတစ်ယောက်တည်းပဲ လက်နက်ကိုင်ပြီး ပျူစောထီးရော ကျေးရွာအုပ်ချုပ်ရေးမှူးရော လုပ်နေတာပါ။ အရံမီးသတ်ထဲလည်း ဝင်ထားတယ်။ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ကျေးရွာတွေမှာ မတန်တဆ ငွေတောင်းကောက်ခံတာမျိုးတွေ၊ လုပ်ငန်းရှင်တွေဆီက မတရား ငွေကောက်ခံတာတွေ လုပ်နေတဲ့သူပါ”

ဒါကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်းလိုက်တဲ့ အုပ်ချုပ်ရေးမှူးတဖြစ်လဲ ပျူစောထီး ကျော်မြင့်အကြောင်းကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုနဂါးက မောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စုမှာ ပြည်သူတွေကို စစ်မှုထမ်းဥပဒေအသုံးပြု ဖိနှိပ်နေတဲ့ သဘောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပျူစောထီးကျော်မြင့်ကို မေလ ၇ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့ပေမယ့် ပြန်လည်ခုခံတာကြောင့် နေရာမှာတင် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပကဖ ထံက သိရပါတယ်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး ပျူ ကျော်မြင့်ထံကနေ ၉ မမ ပစ္စတို သေနတ် ၁လက်၊ ၉ မမ ကျည် ၂၅တောင်၊ လက်ထိပ် ၁ခု၊ ငွေသား ၃သိန်း၊ ဖုန်း ၁လုံး၊ စစ်ကောင်စီဝင် အုပ်ချုပ်ရေးမှူးကဒ်ပြား၊ မှတ်ပုံတင်၊ မီးသတ်တပ်ဖွဲ့ဝင်ကဒ်များ စတဲ့ သက်သေခံစာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကိုနဂါးကပဲ ဆက်လက်ပြီး “ကျွန်းစုမြို့က နယ်မြေကျယ်ပြန့်တယ်။ ပင်လယ်ရေလမ်းကြောင်းများတယ်။ ကုန်းအတွင်းပိုင်းနဲ့ ပင်လယ်ပိုင်းဆိုပြီး ၂ပိုင်းရှိတယ်။ သဘောင်းတောက ပင်လယ်ပိုင်းပေါ့နော်။ အတွင်းပိုင်းတွေမှာလည်း ရာအိမ်မှူးတွေက ဦးဆောင်ပြီး စစ်မှုထမ်းကြောက်တဲ့သူတွေကို တစ်အိမ်ထောင်ကို ၂သိန်းအထိ ကောက်တာတွေရှိပါတယ်။ ပြည်သူတွေခမျာ အတော်လေး အခက်အခဲတွေ ဖြစ်ကြရပါတယ်။ အခုဆို ပထမအသုတ်ထွက်ပြီးလို့ ဒုတိယအသုတ်စနေတာ တွေ့ရတော့ ကျနော်တို့ အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။” လို့ ပြောပါတယ်။

ကျွန်းစုမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးတွေ၊ ပျူစာထီးတွေအနေနဲ့ စစ်မှုထမ်းစာရင်းကောက်တာတွေ၊ ပြည်သူအပေါ် ငွေညှစ်တာတွေ၊ ခြိမ်းခြောက်အနိုင်ကျင့်တာတွေ လုံးဝရပ်တန့်ကြဖို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ပုံစာ - ပစ်ခတ်ရှင်းလင်းခံရတဲ့ သဘောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပျူကျော်မြင့်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok