Ko Naung
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ko Naung, ความงาม เครื่องสำอาง และการดูแลตนเอง, Sukhumvit 81, Bangkok.
16/05/2024
ကျနော်က လူတစ်ယောက်ကို
ဘယ်တေ့ာမှ လက်လွတ်စပယ်ထားခဲ့လေ့မရှိဘူး။
စောင့်ကြည့်တယ်၊ အခွင့်ရေးပေးတယ်၊
မရတေ့ာဘူးဆိုရင်
ဘာနေနေစိတ်လည်းမဝင်စားတေ့ာဘူး။🌿
ကျနော်ခေါ်တုန်းမှာ လှည့်မလာရင်
အဲ့ဒီရပ်ဝန်းဆီ ကျနော်ဘယ်တေ့ာမှ ခြေထပ်မချဘူး။
ကျနော့်လိုလူကိုလည်း ဘယ်တေ့ာမှနှစ်ခါပြန်မရတော့ဘူး ။🌿
15/05/2024
စိတ်ဓာတ်ကျ လမ်းပျောက်
စိတ်ညစ် အထီးကျန်
အားငယ် ဝမ်းနည်း
ဒါတွေကို ဘဝရဲ့ အချိုးကွေ့တွေမှာ
လူတိုင်းခံစားရတယ်
အပြည့်အဝ ခံစားလိုက်ပါ
အော်ဟစ်လိုက်ပါ ငိုချလိုက်ပါ
တစ်ချိန်ကျရင် ဒါတွေက ဘဝရဲ့
အရေးပါတဲ့ အခိုက်တန့်တွေဖြစ်နေတတ်တယ်
ခံစားပြီးရင်တော့
ကိုယ်ယုံကြည်တဲ့ အရာကို
ဆက်သာလုပ်
ဘယ်သူတွေ ဘာပဲထင်ထင်
ဘာပဲပြောပြော
ဘာမှဂရုစိုက်စရာ မလိုဘူး
14/05/2024
အမေ
သားနေထိုင်ရာပတ်၀န်းကျင်ဟာ
အတုအယောင်တွေသိပ်များတာပဲ
အစစ်အမှန်တွေရှာဖို့ သား
ခရီးထွက်ရအုံးမယ်...
အမေ့ရဲ့သားဟာ အသည်းမာတတ်တဲ့ကောင်ရယ်ပါ
ဒါပေမဲ့နှလုံးသားဟာ ခဏခဏ
ကွဲကြေနေရတယ် ....
လေထုတွေပဲ ညစ်ညမ်းလာသလား
အဆုတ်နဲ့နှလုံးအခံပဲမကောင်းတော့တာလား
သားတခါတခါ အသက်ရှုရခက်နေတယ်အမေ
သားရဲ့သက်တမ်းဟာ တိုတိုရှည်ရှည်
ခံစားချက်လေးတွေသာ
အဓွန့်ရှည်နေစေချင်တယ်...။
☮🕊👑
13/05/2024
ဘယ်လောက်ဘဲကြိုးစားကြိုးစား
ကိုယ်ဖြစ်နေလို့လက်မခံချင်တဲ့ လူမှုရပ်ဝန်းထဲမှာ
ချွတ်ခြုံကြနေတဲ့ လူတစ်ယောက်လို
မနေထိုင်ခဲ့ခြင်းဖြင့် ကိုယ့်ဘဝကိုကယ်တင်ခဲ့ပါတယ်။
အထူးသဖြင့် လူရာဝင်ဖို့ထက်
လူလိုနေရဖို့က ပိုအရေးကြီးတဲ့အချိန်မှာပေါ့။
#ရိုးတံ
🌻🍀
𝐿𝑒𝑚𝑜𝑛
04/05/2024
😆
28/04/2024
1ပွဲနိုင်မှအိပ်မယ်
26/04/2024
ပြုံ2ပဲ😂😂😂😂
29/03/2024
သွားပြီးမနှောင့်ယှက်တော့ ခြင်းကလည်း အချစ်ပါပဲ ။
ဘယ်လောက်ပဲ သဘောကျကျ ၊
ဘယ်လောက်ပဲချစ်ချစ်
ငါတို့ကို မလိုလားတဲ့ပုံစံတွေ ပြလာတဲ့အခါ
နေတတ်အောင်နေပေးလိုက်ရခြင်းတွေကလည်း
မေတ္တာတွေပါပဲ။
♥️🌻💔
27/03/2024
မနက်ဖြန် ပျော်နိုင်ဖို့ကလွဲရင်
ဘာရည်မှန်ချက်မှမရှိတဲ့
ခပ်ညံ့ညံ့ကောင်လေးရယ်ပါ ...
ချစ်ပေးပါလို့မတောင်းဆိုရက်သလို
မချစ်ပေးရင်လဲ အပြစ်မမြင်ရက်ပါဘူး..
ပျော်ရာကိုသွားပါ သာရာကိုင်းကိုနားပါ
လိုချင်တာတွေဆိုမရခဲ့တာများလို့
မင်းကိုလဲ ....
ငေးယုံနဲ့ပဲ ကျေနပ်ပါရစေ....
ငါ မပိုင်ဆိုင်နိုင်တဲ့ ငှက်ကလေး
မုန်တိုင်းရန်တွေ ကင်းဝေးပါစေ ။
24/03/2024
ပြောင်းလဲသွားတာ မဟုတ်ဘူး
````````````````````````````````````````
မှတ်မှတ်ရရပါပဲ ဘဝမှာ ဘယ်ဆက်ဆံရေးကိုမဆို
ရင်းနှီး နွေးထွေးပြခဲ့ဖူးပါတယ် ။
လူတွေကို အားနာတဲ့စိတ်နဲ့ ပတ်သက်မိခဲ့ဖူးတယ် ။
ကိုယ့်အပေါ်နည်းနည်းကောင်းပြရင်
ကိုယ်ကအများကြီး ပြန်ကောင်းချင်တယ် ။
တစ်ဖက်မှာ အခက်အခဲဖြစ်လို့ မကူညီနိုင်ခဲ့တောင်
ကိုယ့်ရင်ထဲမှာ နက်နက်နဲနဲ
စိတ်မကောင်း ဖြစ်နေတတ်တဲ့ လူမျိုး ။
ယုံအောင်ပြောရင် ယုံတယ် သနားအောင်ပြောရင် သနားတယ်
ဒီလိုစိတ်တွေကြောင့်လည်း လူရင်းကပေးတဲ့ ဒဏ်ရာတွေ ခါးခါးသီးသီး ခံခဲ့ရတယ် ။
တချို့တွေဆို ကိုယ့်အတွက် အရိပ်လိုလိုနဲ့
နောက်မှ လောင်းရိပ်ဖြစ်နေတာမျိုးပါ ။
အလိုရှိတုန်း ကပ်ပြီး အလိုမရှိတော့ ထွက်သွားကြတယ် ။
တစ်ချိန်က ကိုယ်ဆွဲထူလို့ ထခဲ့ရတဲ့ လက်တွေ
တကယ်တမ်း ကိုယ်လဲကျတဲ့ အချိန်ရောက်တော့
အားလုံး အဝေးရောက်ကုန်ကြရော ။
အဲဒီလိုပဲ တဖွဖွပြောခဲ့တဲ့ ကျေးဇူးစကားတွေ
နားနဲ့မဆန့်အောင် ကြားခဲ့ရပေမယ့်
ကိုယ်တိုင် အခက်အခဲနဲ့ကြုံတွေ့ရတဲ့အခါ
ဒါတွေ စကားသက်သက်ပဲဆိုတာ
ကောင်းကောင်းကြီး နားလည်လာတယ် ။
ကိုယ်အဆင်ပြေတုန်းက အနားမှာတပြုံးပြုံးနဲ့ လူတွေလည်း
ကိုယ်ဒုက္ခရောက်တဲ့အခါ သူ့အလိုလို စိမ်းသွားကြတာဟာ
ဘဝနဲ့ချီပြီး ရလိုက်တဲ့ သင်ခန်းစာပါ ။
ဒါကြောင့်
အရင်လို ဆက်ဆံရေးတိုင်းအပေါ် နွေးထွေးမပြတော့ဘူးဆိုတာ
ဟင့်အင်!
ပြောင်းလဲသွားတာ မဟုတ်ဘူး
ကျွန်တော် အရင်လို မ'အ'တော့တာပါ ။
...
..
22/03/2024
ဝါးလုံးခေါင်းထဲ လလည်း မသာ တတ်သလို
ဦးနှောက်ထဲ ဂုဏ်လည်း မဆာတတ်ဘူး
မမြင်ဖူး မူး,မြစ် ထင်နေကြတဲ့ လူ့ ငနဲ တွေကြား
သဝေထိုး င၀ဆွဲ တွေက ကိုးကွယ်ရာ ဘုရား
ရွှေ မမြင်လျှင် ဆွေ မခင်ဘူး
ထီးမပါတဲ့ ဘုရား
ထိခြင်းငါးပါး ကန်တော့ခြင်းလည်း ရှားတယ်
ဘူးသီးမှ အရီးတော်ချင် တဲ့ ခေတ်မို့
မေတ္တာတရားတွေ မျိုးမစစ်ဘူး
ပေရွက်လိပ်ကြီး နားတောင်းဆင်ဆင်
စိန်နားကပ်ကြီး နားပန် ဆင်ဆင်
နှလုံးသား မစင်ကြယ်လျှင်
အောက်တန်းစား စာရင်း၀င်တယ်
ဒီမှာ ခင်မျာ
ခြောက်ပစ်ကင်း သဲလဲစင်ကြီး တို့ရေ
ဝီရိယ ကောင်းလျှင် ဥစ္စာ ဓန ရနိုင်ပေမယ့်
ဗီဇ မကောင်းလျှင် သိက္ခာသီလ မရနိုင်ဘူး။ ။
💭🦋🤍
#ခွန်ဟိဏ်း(Yesagyo)
21/03/2024
ဒူးမထောက်ချင်တဲ့ ဗီဇ ကလွဲရင်
သန္ဓေ ယုတ်ညံ့ဖို့တော့ ဆန္ဒ မရှိဘူး
၀မ်းတွင်းလည်း မပုပ် တတ်သလို
စိတ်တွင်းလည်း မယုတ် တတ်ဘူး
ခြောက်ပစ်ကင်းသဲလဲစင် ပါလို့လည်း
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်အဖြစ်မခံဘူး
အမှားတရာ လည်း ရှိချင် ရှိမယ်
တရားတာလည်း ရှိချင် ရှိမယ်
အမှားအမှန်မှာ တရားသံတော့ နားစွင့်ခဲ့ပါတယ်
လက်သီးပဲ ဆုပ်ဆုပ်
လက်အုပ်ပဲ ချီချီ
ဉာဏ်များဖို့တော့ စိတ်ထား မသေးသိမ်ဘူး
ဤလောက မြေပေါ်၀ယ်
လက်သီး သန့်သန့် ၊ လက်အုပ် သန့်သန့်
လိုအပ် ပါတယ်။ ။
#ခွန်ဟိဏ်း(Yesagyo)
Sat , Mar 16 , 2024
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Sukhumvit 81
Bangkok