Saing KhamOo
for happy
🥰🥰🥰🥰
18/03/2025
ဘဝ လမ်း
;;;;;;;;;;;;;;;;;;;;;;;;;;;;;
ဘဝထဲမှာ နေထိုင်ရှင်သန်လာရင်း
မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေ
တစ်ဆထက်တစ်ဆ
ရှားပါးလာမှန်းသိသိလာရတယ်
အတောမသတ်တဲ့
လူတွေရဲ့ လောဘနှင့်ဒေါသတွေကို
တဖြည်းဖြည်းနဲ့ ပို၍ ပို၍ မြင်တတ်လာသလို
ကိုယ်သာအမှန်ထင်ပြီး
တဖက်သားကို မှားတယ်လို့ စွပ်စွဲ
ပုတ်ခတ်တတ်တဲ့ လူတွေကိုပိုတွေ့လာရတယ်လေ။
ချစ်ခြင်းမေတ္တာဆိုတာ
ပေးတိုင်း ပြန်မရတတ်သလို
အတင်းလုပ်ယူလို့မရတဲ့အရာမှန်းသိလာပါပြီ။
လူတွေအကြိုက်
ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ ရှိခဲ့ခြင်းက
ကြီးစွာရန်သူ မှတ်ထင်ခံရဘူးတယ်။
ကိုယ်က
ရိုးရိုးသားသားနေပေမယ့်
စိတ်သဘောမရှင်းတဲ့လူတွေပဲ တွေ့နေရသေးတယ်။
ဘယ်လောက်ပဲ
စေတနာထားပြီးလုပ်ပေးခဲ့သော်လည်း
တုန့်ပြန်စေတနာကို မျှော်ကိုးလို့မရမှန်းသိလာပြီလေ။
နောက်ဆုံးတော့
လောကဓံက ဘာတွေပဲပေးပေး
ကိုယ်က လက်ခံနိုင်ဖို့ကြိုးစားရမှာပဲပေါ့။
အဆိုးတွေကို
လက်မခံချင်ကြပေမယ့်
အကောင်းတွေကို အလွယ်တကူမရနိုင်တဲ့အခါ
ဖြစ်တည်ခဲ့သမျှကို ကျေနပ်စွာလက်ခံနိုင်မှနေသာမှာပါ
လိုချင်တာတွေ
မရနိုင်တဲ့ဘဝအခြေအနေမှာ
ရတာလေးနဲ့ ရောင့်ရဲတင်းတိမ်လိုက်ရတာလည်းရှိတယ်။
ပျော်စရာထက်
အဆင်ပြေတယ်ဆိုရုံလေး
ဘဝကိုဖြစ်သလို ဖြတ်သန်းရတဲ့အခိုက်လည်းရှိ
ပြန်တော့....
ဘဝခရီးလမ်းမှာ
ကြုံဆုံလာသမျှ
ကြံ့ကြံ့ခံရင်ဆိုင်ရင်း သင်ယူရင်းနဲ့ပဲ
ရှေ့ခရီးကိုဆက်လက်လျှောက်လှမ်းနေရမှာပဲလေ။
credit.ဒေါက်တာ မသိင်္ဂီ
08/10/2024
မိူဝ်ႈယူႇၼ်ႂးမုင်ႉႁေႃႁိူၼ်းဢူၵ်းဢုၼ်ႇႄမႈတေႉဢမ်ႇပႆႇလႆႈႁူႉဝႃႈ ၵၢၼ်တေႃႈသူႈၸၢတ်ႈပၢၼ်ၼၼ်ႉမၼ်းပဵၼ်ႁိုဝ်ၼႆ ဝူၼ်ႉဝႃႈ ငိုၼ်းၼႆႉဢမ်ႇသိုဝ်ႉလႆႈၵူႈလွင်ႈ ႄတႇ ဝၢႆးလႆႈတေႃႇသူႈၸၢတ်ႈပၢၼ်တူၺ်းယဝ်ႉ တဵိႈတေႉမၼ်း ငိုၼ်းၼႆႉမၼ်းလွင်ႈယ်ႂႇၼႃႇ ..ငိုၼ်းၼႆႉဢမ်ႇသိုဝ်ႉတၢင်းသိူဝ်းၸ်ႂလႆႈ ႄတႇ... ေပႃးဢမ်ႇမဵိးငိုၼ်းေၵႃႈ ဢမ်ႇမဵိးတၢင်းသိူဝ်းၸ်ႂမိူၼ်ၵၼ်....... သင်ဝၼ်းၼၼ်ႉ ၶႃႈႁူႉတူဝ်ၶိုတ်းဝႃႈ ငိုၼ်းၼႆႉလွင်ႈယ်ႂႇၵႃႈႁိုဝ်ၼႆ ဝၼ်းမိူဝ်ႈၼႆႉၶႃႈ..see more
19/05/2024
မရှိတော့မှ နောင်တမရကြနဲ့
===================
မိဘတွေရဲ့ တန်ဖိုးက
ဘယ်လောက်ထိ ကြီးသလဲဆိုတာ
ရှိနေတုန်းမှာ
သတိမထားမိပေမဲ့
မရှိတော့တဲ့ အချိန်ကြမှ
တန်ဖိုးကြီးမှန်း
သိကြတာက များပါတယ်။
သား သမီးတွေ အတွက်
အမြဲတမ်း စဉ်းစားပေးတတ်တာ
မိဘတွေပါ။
ကိုယ် ငတ်ရင်သာ
အငတ်ခံမယ်။
သား သမီးတွေ အတွက်တော့
မရှိ ရှိတာလေးနဲ့
ဝအောင်ကျွေးပြီး
ရှိတာလေးနဲ့ လုံအောင်ဆင်တာ
မိဘတွေပါပဲ။
ကိုယ် ပညာမတတ်လို့
အလုပ်ကြမ်းတွေ
လုပ်နေရတာမျိုး၊
လမ်းဘေး
စျေးရောင်းနေရတာမျိုးတွေကို
နမူနာပြပြီး
ပညာမသင်ချင်တဲ့
သား သမီးကို
ပညာသင်ချင်စိတ် ဖြစ်လာအောင်
ပြောပြတတ်တာမျိုးပါ။
သား သမီးတွေဆီက
ဘာမျှော်လင့်ချက်မှ မထားဘဲ
ပေးဆပ်သူတွေ အဖြစ်နဲ့
ကျေနပ် ပီတိဖြစ်နေတတ်တာ
မိဘတွေပါပဲ။
အတောင်စုံလို့
သားမယား ရသွားပြီး
မိဘအရိပ်က
ထွက်ခွာသွားခဲ့ကြပေမဲ့
မိဘတွေကတော့
ကိုယ့်သား သမီး
အဆင်ပြေနေရင် ပြီးတာပါပဲ
ဆိုပြီး
တွေးပေးနေတတ်တာမျိုးပါ။
ဒါကြောင့်
မိဘတွေရှိတုန်းကို တန်ဖိုးထားပါ။
ကိုယ် အသက်ကြီးလာတဲ့အထိ
အေမ အေဖလို့
ခေါ်ခွင့်ရနေသေးတယ် ဆိုရင်
သင်ဟာ
သိပ်ကို ကံကောင်းပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့
လူတိုင်း ကိုယ့်မိဘကို
ပြုစုချင်တိုင်း
ပြုစုခွင့် မရကြပါဘူး။
သင်က မိအို ဖအိုတွေကို
ယနေ့ချိန်ထိ
ပြုစုခွင့်
ရှာကျွေးခွင့် ရနေသေးတယ်
ဆိုရင်
ဂုဏ်ယူလိုက်ပါ။
လူတိုင်းမှာ
အဲဒီလို အခွင့်အရေးမျိုး
မရကြလို့ပါပဲ။
မိဘတွေ ရှိနေတုန်း
တန်ဖိုးမထားခဲ့ရင်
ရှိနေတုန်း
မျက်ကွယ်ပြုခဲ့ရင်
ရှိနေတုန်း
အပြစ်တွေမြင်ခဲ့ရင်
မိဘထက် တခြားသူတွေကို
ပိုဦးစားပေးခဲ့မိရင်
မိဘထက်
ငွေနောက်ပဲ အမြဲလိုက်နေခဲ့ရင်
မိဘတွေမရှိတော့တဲ့အချိန်မှာ
နောင်တကြီးစွာနဲ့
ကျန်ရစ်သူဟာ
ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေမယ်ဆိုတာ
အသိဝင်လာစေချင်လို့
ဒီစာလေးနဲ့ သတိပေးရင်း
ရေးသားလိုက်ရပါတော့တယ်။ ။
Crd to original writer with respect
09/05/2024
👍👍👍
06/05/2024
ဘဝမှာ
ကိုယ့်အားကိုယ်ကိုးရမှာမကြောက်နဲ့။
သူများကို အားကိုးချင်တဲ့
စိတ်လေးဖြစ်ပေါ်နေတာကမှ
ကြောက်ဖို့ကောင်းတာပါ။
ဘဝမှာ ဆင်းဆင်းရဲရဲနဲ့
နေရမှာ ကိုမရှက်နဲ့။
စိတ်ဓာတ်တွေ
အောက်တန်းကျနေတာကမှ
ပိုရှက်ဖို့ကောင်းတာပါ။
ဘဝမှာ သူများဝေဖန်မှာကို
မကြောက်နဲ့ ။
သူများဝေဖန်မှာကို ကြောက်ပြီး
ဘာမှ မလုပ်ပဲ အချိန်တွေ
အလကားဖြစ်မှာကိုပဲ
တွေးကြောက်ပါ။
ဘဝမှာမဖြစ်နိူင်တာမရှိဘူး
ဖြစ်အောင် မလုပ်နိူင်တာပဲရှိတာပါ။
ကြိုးစားရင် အရာအားလုံးက
ဖြစ်နိူင်တာချည်းပါပဲ။
(1) ကြောက်စိတ်တွေ
(2) တွေဝေမှုတွေ
(3) ပူပန်မှုတွေနဲ့
(4) ဘဝကို မရှင်သန်ပါနဲ့
(5) လွတ်လပ်စွာ ပျံသန်းပါ။
ဘဝလေ အဟုန်မှာ
ကိုယ် ခွန်အား စိုက်ရင်
စိုက်သလောက်တော့
အမြင့်ရောက်ပါတယ်။
ဒါပေမယ့် ဘဝင်တော့မမြင့်ပါနဲ့
အကျနာတတ်ပါတယ်။
06/05/2024
အရမ်းကောင်းတဲ့စာသားပါ
===================
ပန်းတိုင်ကိုရောက်ဖို့အတွက်
လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ့်လမ်းကိုသာကြည့်ပါ။
အောင်မြင်မှု ရဖို့အတွက်
လူတွေရဲ့စကားတွေကို နားထောင်မနေပါနဲ့ ။
ကိုယ့်ဆုံးဖြတ်ချက်ကိုသာ
ခိုင်ခိုင်မာမာချပါ။
ဘဝတက်လမ်းအတွက်
လူတွေရဲ့ အမူအယာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။
စကားများများ ပြောမိရင်
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။
စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်ယ်။
အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။
တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။
ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲ လို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီးပါတယ်။
သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။
ကိုယ်လဲကျနေရင်တော့ ကိုယ်တိုင်ပဲ
ပြန်ထနိုင်အောင်ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ့်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ ရှိချင်မှရှိမှာ။
မနေ့ကဆိုတာ အတိတ်တခုပါ
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်းတစ်နေ့ပါပဲ။
အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမလဲဆိုတာ
ကိုယ့်အပေါ် မှာပဲ မူတည်တယ်။
အရိုးသားဆုံး လူတစ်ယောက် မဖြစ်သေးရင်တောင်
ကိုယ့်ကိုယ်ကို မလိမ်မိစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့
ကိုယ်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ်။
စာဖတ်မိတ်ဆွေအားလုံး အောင်မြင်မှုပန်းတိုင်ကို
အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ..............
06/05/2024
အပြောလွယ်ပြီး
ထိန်းဖို့ခက်တာက "စကား"
အပေးလွယ်ပြီး
တည်ဖို့ခက်တာက "ကတိ"
မုန်းဖို့လွယ်ပြီး
မေ့ဖို့ခက်တာက "နာကျင်မှု"
ပြတ်သားဖို့လွယ်ပြီး
မေ့ပျောက်သွားဖို့ခက်တာက" အလွမ်း"
အပေးလွယ်ပြီး
ပြန်ရဖို့မလွယ်တာက "မေတ္တာ"
တိုးတက်ဖို့ လွယ်ပြီး
ရေရှည်တည်တံ့ဖို့မလွယ်တာက "အောင်မြင်မှု"
ထားဖို့လွယ်ပြီး
အသိအမှတ်ပြုခံရဖို့ မသေချာတာက "စေတနာ"
အတူတူရှိနေပေမယ့်
နှလုံးသားရင်ခုန်သံ ထပ်တူကျဖို့ခက်စေတာက" နားလည်မှု"
လိုချင်ကြပြီး
ပြန်ပေးဖို့မေ့နေကြတာက "ကိုယ်ချင်းစာတရား"
"ဖြစ်တတ်သော သဘာဝများနှင့် လက်ရှိဖြစ်ပေါ်နေပြီး
တကယ်ခက်ခဲနေသော အမှန်တရားများ"
လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး
ℂ𝕣𝕖𝕕𝕚𝕥_𝕥𝕆_ဇင်းနစ် သိမ်းဆည်းထားသော စာစုများ
#မူရင်းရေးသားသူကို ေးပါသည် #ဖတ်မိဖတ်ရာစာစုများ #စာပေချစ်သူ #စာအုပ် #စာပေ #ဘဝအတွက်စာပေ #စာကြည်တိုက် #စာပေဗဟုသုတ #ဗဟုသုတ #စာ
04/05/2024
မိဘဆိုတာ…
စိတ်ဆိုးလည်း ခဏပါပဲ။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
ที่อยู่
Bangkok
10140
01/10/2025