Bangkok Chit-Chat

Bangkok Chit-Chat

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Bangkok Chit-Chat, สุขภาพ/ความงาม, Bangkok.

29/12/2025

ကလေးအဖေကကိုကိုမြင့်ပေါ့😡 ゚viralシ #ထိုင်းရောက်ရွှေမြန်မာ 🇲🇲

26/12/2025

Christmas Night မှာဖောက်တဲ့ skull panda ဘယ်အရောင်လေးရမယ်ထင်လဲ✨🎄🙈

23/12/2025

Revlon 008 နဲ့ 535 လေး colourစမ်းပြရင်း နောက်video မှာ နှုတ်ခမ်းနီလက်ဆောင်ပေးမယ့်အကြောင်းလေး🫦💄

08/12/2025

ဆိုင်အသစ်အဆန်းတွေ့ရင် ဝင်တယ် menu ကို 16 ခေါက်လောက်ဖတ်တယ်
ပြီးရင်မှာလိုက်ရင်အမြဲ ice coffee latte ပဲ 🥲

05/07/2025

7 eleven က Duabi Pistachio choco cake စားကြည့်ပြီးပြီလား ???? သူ့ရဲ့အရသာကလေ 😋

Photos from Bangkok Chit-Chat's post 26/03/2025

Crocs ချစ်သူတို့အတွက် up to 55% တောင် off နေတယ်ဟေ့🐊 🫶🫶

MEGA CRUSH SANDAL 55% off
SIREN CLOG 50% off
STOMP CLOG 50% off
MEGA CRUSH CLOG 55% off

တကယ်ရှယ်တွေချည်းချတာ အရမ်းတန်တဲ့ sale မလို့ ဝယ်လို့ရအောင် လက်တို့ပေးတာ 👉👈

Thai မှာနေပြီး ကိုယ်တိုင်ဝယ်ချင်လို့မဝယ်တတ်ရင် လာမေးနော် link ချပြီး ဝယ်နည်းပြောပြပေးမယ်ခ 🫶 sharing is caring 🤝

25/03/2025

Jaspal warehouse မှာ up to 90% off အထိ sale ချနေတာ 🥳🫶 comment မှာ location တင်ပေးထားမယ်နော် 📍

Photos from Bangkok Chit-Chat's post 24/06/2024

အမေ့လက်ရာအလွမ်းပြေ ထမင်းကြော် ပဲပြုတ်လေးနဲ့

ပဲပြုတ်အတွက် အိမ်ချက်စားတော်ပဲပြုတ်ပေါင်းလေးသုံးပါတယ်

22/06/2024

ED visa နဲ့ Bank acc ဖွင့်ခဲ့တဲ့ အတွေ့အကြုံလေးလည်း သိချင်တဲ့သူရှိရင် တင်ပေးမယ်နော် ✅

Photos from Bangkok Chit-Chat's post 21/06/2024

Cambodia မှာ ED visa run ဖို့သွားတာ220 $ ထဲနဲ့ လောက်အောင် ဘယ်လိုသွားခဲ့လဲပြောပြမယ်နော်🇰🇭🇹🇭

ဒီ post က ကျောင်းvisaအတွက် မဖြစ်မနေ နိုင်ငံအပြင်ထွက်ရမယ့်အထဲ budget trip ဖြစ်အောင် ဘယ်လိုခြွေတာနေထိုင်စားသောက်ရမလဲ သိချင်နေသူတွေအတွက် ရည်ရွယ်ပါတယ်

1️⃣ အရင်ဆုံး ကားလတ်မှတ်ဖြတ်ရပါမယ် pratunam night market နားမှာ ကားလက်မှတ်ရောင်းတဲ့နေရာရှိပါတယ် ကားလက်မှတ်ဖြတ်ဖို့နေရာမသိရင် messenger မှာလာမေးပေးနော် Map ညွှန်ပေးမယ် ဆည်းဆာကတော့ 1200 တန်ဝယ်လိုက်ပါတယ် 1200 တန် အိပ်စင်ကတော်တော်အဆင်ပြေတယ်ရှင့် မသိရင် အိမ်မှာအိပ်နေရတဲ့အတိုင်းပဲ 😂

2️⃣ Hotel : ဆည်းဆာကတော့ Agoda ကနေ Hotel booking ကြိုလုပ်သွားပါတယ် ၂ယောက်/၃ယောက်စုပြီး တစ်ခန်းနေရင် ပိုသက်သာပါတယ်ရှင့် ဆည်းဆာကတော့ ၃ယောက်တစ်ခန်း တစ်ည 20$ တန်မှာနေခဲ့ပါတယ်ရှင့် တစ်ယောက်ကို တစ်ည 6.6$ ပဲကျတော့မယ် single bed 3 လုံးပါတော့ အဆင်ပြေပါတယ်

3️⃣ ကားစီးရန်ကြာချိန် အနည်းဆုံး ၁၂နာရီကနေ ၁၃ နာရီလောက်ထိ ကြာပါတယ်ရှင့် ပတူနမ်ကနေ ညနေ၄ခွဲထွက်တဲ့ကားစီးသွားရင် phnom penh ကို မနကိ၅ခွဲလောက်ရောက်ပါတယ် ကြားထဲမှာ ကားတဆင့် ချိန်းရဦးမှာနော် ❗️ဥပမာ ပတူနမ်ကနေ ၄ခွဲထွက်တဲ့ကားက နယ်စပ်ကို ည၈နာရီလောက်ဆိုရောက်တယ်ရှင့် အဲ့ကနေမှ တဆင့် immigration ဖြတ်ပြီး အိပ်စင်ပါတဲ့ express ကားပြန်ပြောင်းစီး မနက်ဆို phnom penh ရောက် အဲ့လိုပါရှင့်

4️⃣ immigration မှာရော သံရုံးမှာရော ကြောက်စရာမလိုပါဘူး ကိုယ့်ဘက်က လိုအပ်တဲ့စာရွက်စာတမ်းအပြည့်အစုံသာပြင်ဆင်သွားပါ ဒီနေရာမှာ အကြံပေးချင်တာက ရက်မြန်အောင် ပွဲစားအပ်မနေပါနဲ့ ED visa process working day 5 days ပြည့်အောင်ကိုယ့်ဘာ့ကိုယ်စောင့်တာ အကောင်းဆုံးပါ ကြုံခဲ့ဖူးလို့ပြောတာပါ Sunday ညကားနဲ့သွား Monday မနက်သံရုံးဝင် အဲ့တာအကောင်းဆုံးပါ

5️⃣ စျေးတန်ပြီး သန့်ရှင်းတဲ့မြန်မာထမင်းဆိုင်ရှိပါတယ် ဆည်းဆာဘယ်လိုခြွေတာစားခဲ့လဲ ပြောပြမယ်နော် အဲ့ထမင်းဆိုင်မှာ ရောင်းတဲ့ ကြက်မွကြော် တစ်ပွဲ 4$ တစ်ဘူးဝယ်ထားပြီး ၂ရက်လောက်အောင်စားပါတယ် 🥹 4$ နဲ့ကြက်မွကြော် တစ်ဘူးသာ ဝယ်ထားရင် ၂ရက်လုံးထမင်းဖိုးပဲထပ်ကုန်တော့မယ် ထမင်းက တစ်ဘူး 0.5$ (2000 KHR) အရည်သောက်ချင်ရင် ခေါက်ဆွဲပြုတ်၁ဘူးဝယ်သောက်လိုက်တယ် ဆည်းဆာကတော့ အဲ့လိုတော်တော်ခြွေတာစားတာပါ တကယ်လို့ ဆည်းဆာ တည်းတဲ့ hotel မှာ တည်းမယ်ဆိုရင် အဲ့ထမင်းဆိုင်နေရာလေးပါညွှန်ပေးပါမယ် ဟိုတယ်နဲ့နီးနီးလေးပါ

6️⃣တကယ်လို့ သင်ဟာ Angkor wat တို့လိုမျိုး ဝင်ကြေးပေးဝင်ရတဲ့ နေရာတွေ လျှောက်လည်မယ်ဆိုရင် ဆည်းဆာပြောတဲ့ budget နဲ့မလောက်ပါဘူးနော် ❗️❗️❗️ ဆည်းဆာကတော့ night market နဲ့ ကမ်းနားလောက်ပဲ စိတ်ပြေလက်ပျောက်သွားဖြစ်ပါတယ်

7️⃣ -Ed visa fees -80$
-Car ticket (round trip ) - 34+23$ ( 57$)
-Hotel Fees - 26 $ ( 4ညအိပ်/ 3 ယောက်ခန်းမှာ 3ယောက် share နေတဲ့စရိတ်တွက်ပြထားတာပါ)
-တုတ်တုတ်စီးတဲ့ စရိတ်အနေနဲ့လည်း 4$ လောက် ထည့်တွက်ထားသင့်ပါတယ်

စားစရိတ်မပါကုန်ကျငွေ Total 167 $ ပါ ✅

ကျန်တာက စားစရိတ် ရေသောက် အအေးသောက်တာနဲ့ ဆည်းဆာကတော့ အပြီးအစီး 220$ နဲ့ လောက်ခဲ့ပါတယ်ရှင့် ✅

ဆည်းဆာတည်းခဲ့တဲ့ hotel နဲ့ ကားလက်မှတ်ဝယ်ဖို့နေရာ ထမင်းဆိုင်နေရာတွေ သိချင်ရင် messenger မှာ အားမနာတမ်းလာမေးပါရှင့် ✅

8️⃣ ပြင်ဆင်သွားရမယ့် documents 📑

- Cambodia ထွက်ဖို့ကျောင်းထောက်ခံစာ
-Passport
-Passport copy
-Visa copy
- Visa application form (သံရုံးရှေ့ရောက်မှတောင်းလို့ရ)
- Dollar 80
-1ခွဲ2လက်မ size နောက်ခံအဖြူ ဓာတ်ပုံ

9️⃣သွားမယ်ဆို Sunday ညကားနဲ့သွား Monday မနက်ရောက် သံရုံးဝင်ပြီး Friday စာအုပ်ထုတ်
အဲ့လိုဆို အဆင်ပြေပါတယ်နော် မဟုတ်ရင် sat/sun ခံသွားလိမ့်မယ်

🔟Sim Card : Sim Card 1 card ကို 2$ + Data 15GB 1.5$ ပါ Total 3.5$ ဆို ၅ရက်စာလုံလောက်ပါတယ် Bang kapi မှာနေတဲ့သူဆိုရင် သွားခါနီးကျ ညီမ Sim Card လာငှါးလို့ရပါတယ်ရှင့် 2$ သက်သာအောင် Sim Card ငှါးပေးလိုက််မယ် ပြန်လာရင်တော့ပြန်ပေးနော် 😁 1 card ပဲငှါးဖို့ရှိမှာပါရှင့်

ထပ်ပြီးသိချင်တာရှိရင် messenger မှာလာထပ်မေးပါရှင့် ထပ်ပြီးအခုလိုမျိုး sharing လုပ်ပေးသွားမှာလေးတွေရှိလို့ Bangkok Chit-Chat page လေးကို like & follow လေးလုပ်ပေးသွားပါဦးရှင့်💙

စာတွေကို copy ကူးတင်တာမျိုးမလုပ်ပဲ အသုံးဝင်ရင် share သွားပေးပါဦးနော် 🥰

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok