November

November

แชร์

😇😇😇

25/09/2025

အရင်လိုပါပဲ
ငါစိတ်ကမင်းဆီပဲရောက်နေယ်

04/09/2025

စိတ်ထားမြင့်လေ စိတ်ချမ်းသာလေ
************************

စိတ်နေသဘောထား မြင့်တဲ့သူတွေဟာ
စိတ်ပိုချမ်းသာတာ တွေ့ရတယ်။

ကိုယ့်စိတ်ထားကို ဘယ်လိုမြှင့်မလဲ။
အဲဒါကို အမြဲလေ့လာ လေ့ကျင့်နေပါ။
စိတ်ထားမြင့်လေ စိတ်ချမ်းသာလေ ဖြစ်မယ်။

Living Standard မြင့်ရုံနဲ့
စိတ်မချမ်းသာသေးဘူး။ Level of
Being မြင့်မှ စိတ်ချမ်းသာမယ်။

အချိန်ရတိုင်း တရားထိုင်ပါ။
ငါးမိနစ်ရရ ထိုင်ပါ။

စိတ်ထားကောင်းတဲ့သူ အသိအမြင်
မှန်တဲ့သူနဲ့ စကားပြောပါ။ ဆွေးနွေးပါ။
စိတ်ချမ်းသာနေတဲ့သူတွေနဲ့ ပေါင်းပါ။

စိတ်ချမ်းသာတဲ့သူမှာ အခက်အခဲတွေ ပြဿနာတွေ မရှိတာ မဟုတ်ဘူး။

သူတို့ဟာ ပြဿနာကို အခက်အခဲကို
စိတ်ဆင်းရဲတဲ့နည်းနဲ့ မဖြေရှင်းဘူး။

ရယ်တာဟာ အကောင်းဆုံးဆေးလို့
ဆိုကြတယ်။

ဆေးဆိုတာ မကျန်းမာတဲ့ ခန္ဓာကိုယ်ကို ကျန်းမာအောင် လုပ်ပေးတယ်။
အားရှိအောင် လုပ်ပေးတယ်။

ဒါကြောင့် အဆင်မပြေတာ တစ်ခုခု ရှိနေတဲ့အခါမှာ ရယ်နိုင်ဖို့ လိုတယ်။

အဆင်မပြေတာတစ်ခုခု ရှိနေတဲ့အခါမှာ ရယ်နိုင်တာဟာ စိတ်ဓာတ်အင်အားကြီးတဲ့
လက္ခဏာ ဖြစ်ပါတယ်။

စိတ်ဓာတ်အားနည်းတဲ့သူဟာ
နည်းနည်းလေး အဆင်မပြေတာ
တစ်ခုခုရှိနေရင် မရယ်နိုင် မပြုံးနိုင်တော့ဘူး။

စိတ်ချမ်းသာအောင် နေတတ်တဲ့သူက
ပိုပြီး အောင်မြင်တယ်။ လိုချင်တာရဖို့ အလားအလာ ပိုများတယ်။

သံလိုက်ဟာ သံကို ဆွဲငင်နိုင်သလို စိတ်ချမ်းသာမှုဟာ အောင်မြင်မှုကို
ဆွဲငင်နိုင်တယ်။

စိတ်ချမ်းသာမှုဟာ စိတ်တွင်း
အခြေအနေဖြစ်တယ်။

စိတ်ချမ်းသာနေတာဟာ အကောင်းဆုံး စိတ်အခြေအနေ ဖြစ်တယ်။

အဲဒီစိတ်အခြေအနေမှာ
ဥာဏ်အကောင်းဆုံး အကောင်းဆုံး
စိတ်ကူးတွေ ထွက်တယ်။

စိတ်ချမ်းသာနေတဲ့အချိန်မှာ သတိကောင်း
တယ်။ စိတ်ဟာ ပစ္စုပ္ပန်မှာ ရှိတယ်။

စိတ်ချမ်းသာနေတဲ့အချိန်မှာ ကျန်းမာရေး ကောင်းတယ်။ စိတ်ချမ်းသာနေတာဟာ
ကျန်းမာရေးကို ပိုကောင်းစေတယ်။

စိတ်ချမ်းသာနေတဲ့အချိန်မှာ
ဘာပဲလုပ်လုပ် ပိုပြီးအဆင်ပြေတယ်။

စိတ်ချမ်းသာနေတဲ့အချိန်မှာ
စိတ်ကောင်း ရှိတယ်။

စိတ်ချမ်းသာနေတာဟာ ကိုယ့်ရဲ့ ပင်ကိုယ်စိတ်အခြေအနေ ဖြစ်နေရမယ်။

မနက်နိုးလာတာနဲ့ ဘာအကြောင်းပြစရာမှ
မလိုပဲ စိတ်ချမ်းသာနေတဲ့သူ ဖြစ်ရမယ်။

အဲဒီ စိတ်ချမ်းသာမှုကိုလည်း ဘယ်လိုအကြောင်းကိစ္စကမှ
မဖျက်ဆီးနိုင်ရဘူး။

စိတ်ချမ်းသာချင်တယ်ဆိုရင် ဘယ်လို
ကိစ္စပေါ်မှာမှ မမှီပါနဲ့။ ကိုယ်မှီထားတဲ့
အရာက လှုပ်ရင် ကိုယ်ပါ လှုပ်နေမယ်။

လူတွေကို သဘောထားမှန်မှန်နဲ့
ဆက်ဆံနိုင်ရင်၊ လောကကြီးကို
အမြင်မှန်ရင် စိတ်ချမ်းသာမယ်။

နှစ်ခုလုံးဟာ ကိုယ့်အပေါ်မှာပဲ
မူတည်တယ်။

အဲဒီလိုဆိုတော့ စိတ်ချမ်းသာမှုဟာ ကိုယ့် အပေါ်မှာပဲ မူတည်တယ်လို့ ဆိုရာရောက်
တယ်။

ဒီနေ့ အားလုံးဟာ ကိုယ်မျှော်လင့်သလို
ဖြစ်မယ်လို့ မပြောနိုင်ဘူး။

ဒါပေမယ့် ဘာပဲဖြစ်လာဖြစ်လာ
အကောင်းဆုံး ဖြစ်အောင် လုပ်ပြီး စိတ်ချမ်းသာအောင် နေမယ်
လို့တော့ ပြောချင်ရင် ရတယ်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
=စိတ်ချမ်းသာဖို့ လိုရင်းပါ စာအုပ်မှ.

31/08/2025

နေသားကျသွားတဲ့အခါမှ ပြန်ပေါ်မလာစေချင်တော့ဘူး.....

28/08/2025

ငွေရှာပါ
ထပ်​ပြောမယ်
ငွေရှာပါ
ငွေမရှိရင်လောကအလယ်မျက်နှာငယ်တာမို့
ငွေရှာပါ
ရိုးသားမှုနဲ့ရတဲ့ငွေတော့ဖြစ်ဖို့လိုပါတယ်

28/08/2025

ဖြစ်ချင်တာထက်
ဖြစ်သင့်တာကိုဦးစားပေးရမယ်တဲ့
ဖြစ်သင့်တာကိုဦးစားပေးတဲ့အခါ
ဖြစ်ချင်တာတွေပါဖြစ်လာတတ်တယ်..
ဖြစ်ချင်တာကိုဥိးစားပေးတဲ့အခါ ဖြစ်သင့်တာတွေပါဆုံးရှုံးရတတ်တယ်...

28/08/2025

စိတ်ညစ်နေတာလား
မနက်ဖြန်ဆိုအဆင်ပြေသွားမှာပါ
ဒီနေ့တော့ပြုံးထားပါဦး....

27/08/2025

ပြစ်မှားလိုစိတ်မရှိပေမယ့်
မှားခဲ့ဖူးတဲ့ အပြစ်တစ်ချို့ အတွက်
တမြေ့မြေ့ နောင်တ လေးတွေရှိတယ်။

အခွင့်သာတဲ့တစ်နေ့
မျက်နှာအစုံ ကြည့်ပြီး
တစ်ချို့လူတွေကို
အနူးအညွှတ်တောင်းပန်ချင်သေးသည်။

မုန်းလိုစိတ်မရှိပေမယ့်
ကိုယ့်စိတ်ကကို
အလိုလိုမပတ်သက်ဖြစ်တော့တဲ့လူတွေရှိတယ်။

အချို့အရာတွေအတွက်
နားလည်ဖို့မကြိုးစားတော့ဘူး
အရှိအတိုင်းလေး ခွင့်လွှတ်ပေးလိုက်ရတာလဲရှိတာပေါ့။

တကယ်ဆို ကိုဟာ
ဘယ်လို လောကဓံအနုအကြမ်းကိုမှ မခံနိုင်သေးတဲ့
အမှားတွေစွန်းထင်နေတဲ့
ကြွေလုလု ရွက်ငယ်တစ်ရွက်ပါ။

တစ်နေ့ အားလုံးကြွေကြရမှာပဲ
အနာကင်းတဲ့ ရွက်သစ်တစ်ခုဖြစ်ချင်ရုံကလွဲလို့
ပင်ယံမှာ တစ်ကိုယ်ထဲရှင်သန်ဖို့အတ္တမဆန်ချင်ဘူး။
စွမ်းသလောက် အလင်းပေးချင်သေးတယ်
တလောကလုံးအတွက် မဖြစ်ရင်တောင်
တစ်ယောက်ထဲ အတွက်ပဲ ဖြစ်ဖြစ်ပေါ့။

-ထာဝရငြိမ်း
#သုတရသစာပေများစုစည်းရာ

Crd

27/08/2025

အမြဲတမ်းတော့ဘယ်ပျော်ရပါ့မလဲ
ပုံမှန်လေးပဲလုပ်စရာရှိတာလေးလုပ်
ဒါဘဝပါပဲ..

26/08/2025

Morning နော် ... ကလေး

ပျော်စရာပဲဖြစ်ဖြစ်
၀မ်းနည်းစရာပဲဖြစ်ဖြစ်
ခဏ လွှတ်ချထားလိုက်ပါ ...

ဘယ်သူ့ကိုမှ
အရင်သတိမရပဲ
ကိုယ့်ကိုယ်ကိုယ်ပဲ
အရင်ဆုံး သတိရစေချင်တယ်

မှန်ထဲမှာ ကြည့်ရင်း
ကိုယ့်ကိုယ်ကိုယ်
တစ်ခါလောက် ပြုံးပြတတ်စေချင်တယ် ။

မနက်ခင်းတွေမှာ
ပေါ့ပေါ့ပါးပါးလေး
ရှင်သန်တာ ကောင်းပါတယ် ။

#ကျေးကို

26/08/2025

မေတ္တာပဲဖြစ်ဖြစ်
စေတနာပဲဖြစ်ဖြစ်
လိုတာထက်ပိုပေးမိရင်တန်ဖိုးမဲ့သွားတတ်တယ်😌

25/08/2025

မဖြစ်နိုင်တော့လို့သာလက်လွှတ်လိုက်ရတာ
ချစ်တာမှရင်ထဲကိုနင့်နေတာပဲ😔

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok