Healthy By May

Healthy By May

แชร์

Healthy care

25/08/2023

"သွေးလွန်တုပ်ကွေးအန္တရာယ်"
အခုလိုမိုးတွင်းကာလမှာ သွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhagic Fever) အလွန်အဖြစ်များတာကြောင့် အထူးဂရုစိုက်ကြဖို့ပါ။

၁။ သွေးယိုခြင်း (Bleeding)
၂။ သွေးလန့်ခြင်း (Shock)
၃။ နှလုံးရောင်ခြင်း (Carditis)
၄။ ဦးနှောက်ရောင်ခြင်း (Encephalopathy / Encephalitis) တွေကြောင့် သွေးလွန်တုပ်ကွေးဟာ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။

ဘာကြောင့်တာဖြစ်လဲ?

အေးဒိစ်ခြင်ကျား (Aedes) မှတစ်ဆင့်ကူးစက်တဲ့ Dengue Virus ကြောင့်ဖြစ်ပွားတာဖြစ်ပြီး
DENV-1, DENV-2, DENV-3, DENV-4 ဆိုပြီး အမျိုးအစား (၄) မျိုးရှိပါတယ်

ဘယ်လိုလူတွေမှာအဖြစ်များလဲ?

ကလေးသူငယ်တွေမှာအဖြစ်များပေမယ့် လူကြီးလူငယ်မရွေးကူးစက်နိုင်တာမို့ (လုံးဝ) မပေါ့ဆသင့်ပါဘူး။

ရောဂါလက္ခဏာက ဘာတွေလဲ?

ရောဂါပိုးရှိတဲ့ခြင် ကိုက်ခံရပြီး (၄) ရက်ကနေ (၆) ရက်အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပြီး (၁၀) ရက်ခန့်ထိ ကြာရှည်တတ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေကတော့....

- အရေပြားတွင် အနီစက်၊ အနီပိန့်များထွက်ခြင်း
- အဖျားကြီးပြီး ပျို့အန်ခြင်း
- ကော်ဖီနှစ်ရောင်အန်ခြင်း
- အစာမဝင်ခြင်း
- နုံးခွေခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- ကိုယ်လက်ကိုက်ခဲ မအီမသာဖြစ်ခြင်း
- ဗိုက်အောင့်ခြင်း၊ ဗိုက်ကိုဖိလျှင်နာခြင်း
- နှာခေါင်းသွေးလျှံခြင်း
-အဖျားကျသွားပေမယ့် မလန်းဆန်းဘဲ မှိန်းနေခြင်း
-ကယောင်ကတမ်းဖြစ်ခြင်း စတဲ့ လက္ခဏာတွေရှိရင် အရေးကြီးတာမို့ သေချာစောင့်ကြည့်ဖို့လိုပါတယ်။

ဒီလိုလက္ခဏာတွေဖြစ်လာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက် ပြသဖို့အရေးကြီးပါတယ်။

ဘာတွေဂရုစိုက်ရမလဲ?

ကိုယ်ပူကြီးရင် ရေပတ်တိုက်ပေးဖို့ လိုပါတယ်။ ပျော့ပျောင်းပြီး အားရှိမယ့် အစားအစာတွေနဲ့ အရည်ဓာတ်များများပါအောင် တိုက်ကျွေးရပါမယ်။ ဓာတ်ဆားရည် တိုက်ပေးနိုင်ပါတယ်။

ခြင် (လုံးဝ) အကိုက်မခံပါနဲ့။

မိမိအိမ်မှာ ပိုးလောက်လန်း/ ခြင်နှိမ်နင်းရေးလုပ်ရပါမယ်။

ခြင်ပေါက်ပွားနိုင်မယ့် ရေဝပ်တဲ့နေရာတွေမရှိအောင်လုပ်ရပါမယ်။

သွေးလွန်တုပ်ကွေး ရှိ၊မရှိကိုတော့ နည်း (၂) နည်းနဲ့ စစ်ကြည့်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးစစ်တဲ့ သွေးစစ်ကိရိယာနဲ့စစ်ဆေးနိုင်သလို Hess Test ဆိုတဲ့နည်းလမ်းလည်းရှိပါတယ်။

လက်မောင်းမှာ သွေးပေါင်တိုင်းတဲ့လက်ပတ်လေးနဲ့ (၅) မိနစ် ဖိအားပေး ညှစ်ပြီး လက်ဖျံမှာ အနီစက်တွေထွက်လာတဲ့အခါ အရေပြား (၁) လက်မပတ်လည်အတွင်းမှာ အစက် (၁၀) စက်ကနေ (၂၀) ထိရှိတယ်ဆိုရင် သွေးလွန်တုပ်ကွေးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနည်းကတော့ အချိန်နေရာမရွေးစစ်ဆေးနိုင်ပါတယ်။

ဒီလိုမျိုး မိုးရာသီမှာအဖြစ်များတဲ့ သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး ဂရုပြုရမယ့် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဖော်ပြပေးချင်ဖြစ်ပါတယ်

13/03/2022

🩺 အရေးပေါ် သန္ဓေတားဆေး 🩺

🚨 ..အရေးပေါ်ဆိုတဲ့ နာမည်အတိုင်းပဲ အရေးပေါ်အခြေအနေမျိုးတွေ အတွက်သာ အရေးပေါ်တားဆေးကို သုံးရမယ် အဲ့ဒါကြောင့် တစ်လမှ တစ်ခါပဲ အတူနေနေ ၊နှစ်လမှ တစ်ခါပဲ အတူနေနေ အတူနေဖို့ အကြောင်းတွေရှိနေသေးရင်တော့ ပုံမှန်သားဆက်ခြားနည်းလမ်းတွေကိုပဲ သုံးရမယ် အရေးပေါ်တားဆေးဆိုတာ အဓမ္မပြုကျင့်ခံရခြင်း၊အကာအကွယ်မသုံးမိဘဲ ချစ်ရည်လွန်သွားတဲ့ အရေးပေါ်အခြေအနေတွေ၊ကွန်ဒုံးပေါက်ပြဲတဲ့အခါမျိုးတွေ၊ဆေးထိုးဆေးသောက်ရန်နောက်ကျသွားတဲ့ အခါမျိုးတွေမှ သာ သောက်ရမယ့် အရေးပေါ်တားဆေးဖြစ်တယ်နော်…
အရေးပေါ်သန္ဓေတားဆေးကို ပုံမှန်သားဆက်ခြားနည်းလမ်းအဖြစ် ရေရှည်မသုံးသင့်ပါ။

🕒အရေးပေါ်တားဆေးကို လိင်ဆက်ဆံပြီး ဘယ်အချိန်မှာ သောက်ရမလဲ?

✅ အရေးပေါ်တားဆေးကို လိင်ဆက်ဆံပြီး စောနိုင်သမျှ စောစောသောက်နိုင်လေ ကိုယ်ဝန်ရနိုင်နှုန်း နည်းလေဖြစ်တယ်။ဆေးအမျိုးအစားပေါ်မူတည်ပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ရတဲ့ဆေးရှိသလို ၁၂၀ နာရီ အတွင်း သောက်ရတဲ့ဆေးလည်း ရှိတဲ့အတွက် ဆေးအညွှန်းကို သေချာဖတ်ဖို့လိုပါတယ်။ဆေးလုံး ၁ လုံးပဲ ပါတဲ့ဆေးရှိသလို ၂ လုံးပါတဲ့ ဆေးဆိုရင်လည်း ဆေး ၂ လုံး လုံး သောက်ရမယ်။ဆေးသောက်ပြီး ၂ နာရီ အတွင်း အန်လျှင် ဆေးပြန်သောက်ရပါမယ်။ လိင်မဆက်ဆံမှီ ကြိုသောက်မိရင် ကိုယ်ဝန်လုံးဝ မတားပေးပါဘူး တစ်ကြိမ်ဆက်ဆံလိုက် အရေးပေါ်ဆေးတစ်ခါသောက်လိုက် မဟုတ်ဘဲ ဆက်ဆံပြီးမှသာ ဆေးကို တစ်ကြိမ်သောက်ရမှာဖြစ်တယ်။
နောက်တစ်ချက်က လိင်ဆက်ဆံချိန်နှင့် ဆေးသောက်ချိန်ဝေးလေလေ ကိုယ်ဝန်တားနိုင်တဲ့ အာနိသင် လျော့လေလေဆိုတာ သိထားရမယ်။

🆘အရေးပေါ်တားဆေးရဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်တတ်သလဲ?

✅ ဟော်မုန်းဆေးဖြစ်တဲ့အတွက် ခေါင်းမူးခေါင်းကိုက်တာ၊ပျို့အန်တာ၊ဇက်ကြောတက်၊ဗိုက်အောင့်တာတွေဖြစ်တတ်ပါတယ်။ဆေးသောက်ပြီးနောက် ရာသီလာတာနောက်ကျတာ၊စောတာတွေဖြစ်တတ်ပါတယ်။ရာသီသွေးနည်းသွားတာ၊များသွားတာမျိုးတွေဖြစ်တတ်ပါတယ်။
အရေးပေါ်ဆေးသောက်ပြီးနောက် ရာသီလာရမည့်ရက်ထက် ၁ ပတ်ကျော်သွားပါက ဆီးစစ်ကြည့်ရန် လိုအပ်ပါတယ်။

💕💕မှန်ကန်သော သန္ဓေတားနည်းများသုံးခြင်းဖြင့် ကျန်းမာလှပသော အမျိုးသမီးများ ဖြစ်ကြပါစေ💕💕

12/12/2021

“ အင်ဆူလင် ထိုးရာတွင် သတိပြုရမည့် အချက်များ “
————————————————————————-

💉 ဆေးထိုးမည့်သူ အနေနှင့် အသုံးပြုမည့် ဆေးနှင့် ပစ္စည်းများ မကိုင်တွယ်မီ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ပြည့်အောင် သေသေချာချာ ဆေးကြော သန့်စင်ရပါမည်။

💉 ဆေးထိုးမည့် လုပ်ငန်းစဉ် အသေးစိတ်ကို မိမိအား ကုသနေသည့် ဆရာဝန်ထံမှ သေသေချာချာ သင်ယူ မှတ်သား၍ တိတိကျကျ လိုက်နာ ဆောင်ရွက်ရပါမည်။

💉 အင်ဆူလင် ထိုးဆေး ပုလင်းကို ကြာရှည်ခံစေရန် ရေခဲသေတ္တာ အတွင်း သိမ်းထားပါက အသုံးမပြုမီ တစ်ရက် ကြိုတင်၍ ပြင်ပသို့ ထုတ်ကာ သာမန် အခန်း အပူချိန်၌ ထားရပါမည်။

⛔️ ရေခဲသေတ္တာထဲက ထုတ်ပြီးပြီးချင်း တန်းမထိုးရပါ။

💉 အင်ဆူလင် ထိုးသည့် ဆေးထိုးအပ် အရှည်မှာ လူနာ၏ အသက်နှင့် ပိန်ခြင်း၊ ဝခြင်းပေါ် မူတည်၍ အတို အရှည်ကို အသင့်တော်ဆုံး ရွေးချယ် အသုံးပြုရပါမည်။

💉 ကလေးများ နှင့် ပိန်သူများအတွက် အပ် အတိုကို သုံး၍ လူကြီးများနှင့် ဝသူများအတွက် အပ် အရှည်ကို အသုံးပြုရပါမည်။

💉 ဆေးမထိုးခင် အပ်ထဲမှ လေများ ကုန်အောင် ဆေးရည်ကို ထိပ်မှ အနည်းငယ် ထွက်အောင် ပြုလုပ်ပြီးမှ ထိုးရပါမည်။

💉 အပ်အတွင်း လေကျန်ပါက ထိုးသည့် နေရာတွင် ပြဿနာ အနည်းငယ် ရှိတတ်ပါသည်။

💉 တစ်ခါသုံး အင်ဆူလင် ဆေးထိုးအပ်ကို အသုံးပြုပါက ဆေးရည် စုပ်ယူရာတွင် ဆေးပုလင်း၏ ရာဘာအဖုံးထဲသို့ အပ်ကို တစ်ဆုံး ထည့်သွင်းပြီးမှ မိမိ လိုသည့် ပမာဏကို စုပ်ယူရပါမည်။

💉 အပ်ကို မထိုးသွင်းမီ မိမိ စုပ်ယူမည့် ပမာဏကို လေထဲ၌ လေကို စုပ်ယူကာ ပုလင်းအတွင်း လေကို ကုန်အောင် ထိုးသွင်းခြင်းဖြင့် စုပ်ယူရာ၌ ပိုမို လွယ်ကူစေပါသည်။

💉 အင်ဆူလင် ဆေးရည် ထဲတွင် လေပူဖောင်းများ မပါအောင် စုပ်ယူရပါမည်။

💉 အကယ်၍ ပါလာပါက အပ်ကို အပေါ်ထောင်ပြီး ပစ်စတင်ကို ဆေးထိုးသည့် ပုံစံပြုလုပ်ကာ ထုတ်ပစ်နိုင်ပါသည်။

💉 အကယ်၍ အင်ဆူလင် ထိုးဆေးပင် (Pen) ကို အသုံးပြုပါကလည်း ယင်းတွင် ဖော်ပြထားသည့် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရပါမည်။

💉 ဆေးထိုးရမည့် နေရာကို ရွေးချယ်ပြီး အရက်ပြန်ဖြင့် သန့်ရှင်းပေးရပါမည်။

💉 တစ်ကြိမ် ဆေးထိုးပြီးသည့် နေရာကို နောက်တစ်ကြိမ် ထပ်မထိုးရပါ။

💉 အနည်းဆုံး တစ်နေရာ နှင့်တစ်နေရာ လက်နှစ်လုံးခန့် ခြားပြီးမှ ထိုးရပါမည်။

💉 အချိန် ကြာမှ ပြန်ထိုးနိုင်သော်လည်း အတတ်နိုင်ဆုံး အပ်ရာ မထပ်အောင် ထိုးရပါမည်။

💉 ဆေးထိုးရာတွင် အရေပြားနှင့် ၉၀ ဒီဂရီ ဒေါင်လိုက် တည့်မတ်စွာ ထိုးရပါမည်။

💉 ဆေးရည်ကို အရေပြားအောက်ရှိ အဆီပြင်ထဲသို့ ထိုးသွင်းခြင်း ဖြစ်၍ ကြွက်သား အတွင်းသို့ မဝင်ရောက်စေရန် ဂရုပြုရပါမည်။

⛔️ ထို့ကြောင့် အဆီပြင် မရှိသောနေရာ၌ မထိုးရပါ။

💉 ဆေးထိုးပြီးလျှင် ချက်ချင်း အစာစားရန် သို့မဟုတ် နာရီဝက်အတွင်း အစာစားရန် စသည်ဖြင့် ဆေးအမျိုးအစားပေါ် မူတည်၍ ညွှန်ကြားချက်အတိုင်း အစာစားရန် လိုပါသည်။

💉 ဆေးထိုးပြီးနောက် အပ်ကို စနစ်တကျ အစွပ် ပြန်စွပ်ပြီး စနစ်တကျ စွန့်ပစ်ရပါမည်။

💉 အရေးကြီးဆုံး အချက်မှာ အင်ဆူလင် ဆေးထိုးပြီး အစာကို သတ်မှတ်ချိန်အတွင်း မပျက်မကွက် စားရန် ဖြစ်ပါသည်။

💉 အကယ်၍ ဆေးထိုးပြီး အစာ မစားမိပါက သို့မဟုတ် ဆေးထိုးသည့် ပမာဏ များသွားပါက

🩸 သွေးတွင်း၌ ဂလူးကို့စ်များ လိုသည်ထက် ပိုမိုကျဆင်းသွားကာ

😰 ချွေးစေးများ ထွက်ခြင်း၊

😳 ရင်တုန်ခြင်း၊

😬 ကတုန်ကယင် ဖြစ်ခြင်း၊

😨 မူးဝေခြင်း မှသည် သတိလစ်သည်အထိ ဖြစ်သွားတတ်ပါသည်။

ထိုသို့သော အခြေအနေမျိုး ဖြစ်ပါက

🥛 ဂလူးကို့စ်ကို ရေဖျော်၍ သောက်ခြင်း၊

🥤 အချိုရည်များ သောက်ခြင်း၊

🍬 သကြားလုံးများ ငုံခြင်းတို့ အမြန်ဆုံး ပြုလုပ်ပေးရန် လိုပါသည်။

20/11/2021

အမျိုးသမီးများသားအိမ်အလုံးတည်ခြင်း (uterine fibroid)

ဒီနေ့မှာ prettyတို့အတွက် အမျိုးသမီးတွေမှာ အဖြစ်များစိုးရိမ်းရတဲ့ သားအိမ် အလုံးတည်ခြင်းအကြောင်းလေးပြောပြချင်ပါတယ်

အမျိုးသမီးတွေရဲ့ ၂၀% ကနေ ၅၀% လောက်က အမျိုးသမီးဟော်မုန်း
အက်စတိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) တွေက သားအိမ်ကြွက်သားဖွံဖြိုးမှုကို လှုံ့ ဆော်တာကြောင့် သားအိမ်အလုံးဖြစ်လာတတ်ပါတယ်။
တော်တော်များများ အလုံးတွေက သူ့ဘာသာသူ ရှုံ့ သွားတာမျိုးလည်း ရှိ တတ်ပါတယ်။ရှုံ့သွားပြီးပျောက်သွားရင်တော့ကောင်းပါတယ်ဒါပေမယ့် တချို့အလုံးတွေကျတော့ မသိမသာ လက္ခဏာလောက်ပဲပြတတ်ပြီး ကြီးလာတတ်ပါတယ်။ ဒါကြောင့်
လက္ခဏာလေးတွေ ဖော်ပြချင်ပါတယ်။

-ဓမ္မတာပုံမှန်မဟုတ်ဘဲ ကြာရှည်စွာလာနေခြင်း
-ဓမ္မတာလာရာတွင် သာမန်ထက် အလွန်အမင်း များခြင်း
-ဓမ္မတာမမှန်ခြင်း
-ဓမ္မတာလာချိန်တွင်း အလွန်နာကျင်ခြင်း
-တင်ပဆုံတွင်နာခြင်း
- နောက်ကျောနာခြင်း
-ဗိုက်ပူလာခြင်း

ဒီသားအိမ်လုံး၊သားအိမ်အကျိတ်(ခေါ်)သားအိမ်ရေအိတ်ဟာ တစ်လုံး(သို့မဟုတ်)တစ်လုံးထက်ပိုပြီး ၃/၄ လုံးအထက် ဖြစ်တည်နေတတ်ပါတယ်။အလုံးအသေးလေးကနေပြီး အလုံးအကြီးကြီးထိ့ ဖြစ်တည်လာနိုင်သလို အရွယ်အစားအားဖြင့်လည်းမတူညီပါဘူး။
ဘယ်တော့မှသိသလဲဆိုရင် အလုံးရေများလာပြီး အလုံးတွေကြီးထွားလာမှ ရိပ်မိလာကြတယ်။ခါးနာ၊ခါးကိုက်(Backache or leg pains)ခြေထောက်နာ၊ခြေထောက်ကိုက်တဲ့ဝေဒနာတွေ ခံစားလာရလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့ ဟိုးအတွင်းဆုံးအပိုင်းမှာ ဖြစ်တည်နေပါလျှင် ရာသီဆင်းတာ(Heavy menstrual bleeding)များပါလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့အပြင်ဘက်အလွှာမှာ ဖြစ်တည်နေပါလျှင် ရာသီမမှန်တာဖြစ်တတ်သလို ရာသီးဆင်းပါကလည်း အရင်ထက် နည်းနေတတ်ပါတယ်။

ဒီနှစ်ချက်ရဲ့ အားနည်းချက်၊အားသာချက်က ဘာကြောင့်လဲဆိုရင် အတွင်းပိုင်းမှာဖြစ်ရင် အဝကျယ်၍ ရာသီးဆင်စရာလမ်းကြောင်း ပိုကျယ်လာတတ်သလို အပြင်ပိုင်းမှာဖြစ်ရင် ရာသီဆင်းစရာလမ်းကြောင်း ကျဉ်းမြောင်းသွားတတ်ပါတယ်။

တကယ်လို့ ဒီအလုံးဟာ ကြီးထွားပြီး ဆီးအိမ်ကို ဖိ့ထားသလိုဖြစ်နေရင် ဆီးခဏ ခဏ သွားချင်နေမယ်..တကယ်လို့ အူလမ်းကြောင်းကိုဖိ့မိနေရင် ဝမ်းချုပ်တတ်ပါတယ်။

သားအိမ်လုံးအကျိတ်၊ရေအိတ်ကြောင့် ရာသီဆင်းတာ များသူတွေဟာ သွေးအားနည်းလာတတ်သလို အားအင်ကုန်ခမ်းပြီး အသားရည်ဖြူဖတ်ဖြူရော်ဖြစ်လာမယ်၊အသက်ရှုရတာမဝဖြစ်လာမယ်၊အလိုလိုနေရင်းနဲ့မောပန်းနေတတ်ပါတယ်။ဒီလို ဖြစ်နေတဲ့အမျိုးသမီးတွေဟာ အသား၊ငါး၊လတ်ဆတ်သော အသီးအရွက်များများစားသုံးပေးသင့်ပြီး သံဓာတ်ပါဝင်တဲ့ အားဆေးကို သောက်သုံးပါ။

အလုံးကြီးရင်တော့ ဗိုက်ခွဲပြီး ဖယ်ရှားရသလို၊အလုံးသေးရင်တော့ ဆေးရုံသုံး ကိရိယာများဖြင့် မိန်းမကိုယ်အတွင်းကနေတဆင့်နှိုက်၍ ဖယ်ရှားရပါတယ်။

ဒီလို ဖယ်ရှားပြီးသူတိုင်းဟာ ကလေးယူလို့ မနိုင်တော့သလို ကံမကောင်းရင်ဖြင့် သားအိမ်ကိုဖြတ်ထုတ်ဖယ်ရှားတဲ့အထိဖြစ်နိုင်ခြေရှိပါတယ်

မစိုးရိမ်ပါနဲ့ ဒီအလုံးဟာ ကင်ဆာဆဲလ် မဟုတ်သည့်အတွက်ကြောင့် ခွဲစိတ်ကုသရင်ဖြင့်ပျောက်ကင်းသက်သာနိုင်သလို ခွဲစိတ်ကုသပြီးပေမဲ့လည်း ပြန်လည်ဖြစ်တည်လာတတ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ?

၁)လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းကို တစ်ရက်ကို တစ်နာရီလောက်လုပ်ပေးမယ်ဆိုလျှင် ရောဂါဖြစ်နှုန်း ၃၀% ကနေ၄၀% ထိချပေးနိုင်ပါတယ်။လေ့ကျင့်ခန်းကတော့ဒီရောဂါတင်မကပါဘူး၊၊
ရောဂါတော်တော်များများကိုကာကွယ်ပေးနိူင်လို့လုပ်သင့်ပါတယ်။

၂)-ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။

အရိုးပါဝါး စားလို့ရတဲ့ငါးများများစားပါ။ထိုထဲကပါတဲ့ ဗီတာမင်ဒီ ဓာတ်ဟာ သားအိမ်အလုံး မဖြစ်ဖို့ ၃၀%လောက်ထိချပေးနိုင်တယ်လို့ယူဆထားပါတယ်။

-၄) နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ချဖို့ပါပဲ။

-အဝလွန်လျှင်လည်း သားအိမ်ရောဂါ အန္တရာယ်ရှိနိုင်
သောကြောင့် ကိုယ်အလေးချိန်လျော့ချပါ။ လေ့ကျင့်ခန်းဖြင့်အဆီချခြင်းကတော့အကောင်းဆုံးဖြစ်ပါသည်။

၅)နောက်တစ်ခုက တော့ အမျိုးသမီး ဟော်မုန်း estrogen ပါ။
ထို ဟော်မုန်းတွေဟာ အမျိုးသမီးတွေကိုလှပစေပါတယ်။ ဒါ့ကြောင့်တချို့ထိုးကြ သောက်ကြ တာတွေရှိပါတယ်။
တချို့ကလည်း မသိဘဲလှတယ်ဆိုလို့သောက်မိကြပါတယ်။ သဘာဝအရ ခန္ဓာကိုယ်က ထွက်တဲ့ အက်စတိုဂျင်ဟော်မုန်းတောင်လိုအပ်တာထက်
ထိတွေ့မှု ကြာလာမယ်ဆိုရင် သားအိမ်အလုံးဖြစ်နှုန်း အရမ်းများနိုင်တာမလို့ ဟော်မုန်းဆေးသောက်တာထိုးတာတွေမလုပ်သင့်ပါဘူး

၆)အရေးကြီးတာက သားအိမ်အလုံးတော်တော်များများက လက္ခဏာမပြတတ်ပါဘူး။ပျောက်သွားတတ်တာလည်းရှိပါတယ်။ပျောက်သွားရင်တော့ပြသနာမရှိ့ပေမယ့်အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာလေးတွေပြပြီဆိုလျှင်တော့ ဆရာဝန်နဲ့သေချာပြသဆွေးနွေးသင့်ပါတယ်။

ကိုယ့်မှာ သွေးဆင်းတာများတာတို့၊ တစ်လမှာ မကြာခဏဖြစ်နေတာတို့ စတဲ့ ရာသီဓမ္မတာ တစ်ခုခု ဖောက်ပြန်တာ မူမမှန်တာကို သတိပြုမိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေရမှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပေါ့ပေါ့
လျော့လျော့ ထားခဲ့ရင် သားသမီးမရနိုင်တာတို့ သွေးတွေ သိသိသာသာဆုံးရှုံးမှုများလို့ သွေးအားနည်းရောဂါတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အလုံးတည်ခဲ့မယ်ဆိုရင် လမစေ့ ကလေး မွေးဖွားခြင်း နဲ့ ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်းတို့လည်း

သားအိမ်အလုံးတည်ခြင်းက
အမျိုးသမီးတိုင်း အသက်ရွယ်မရွေးဖြစ်နိုင်တာမလို့ရာသီသွေးမမှန်ခြင်းနဲ့ တစုံတရာစိုးရိမ်ရရင်ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ကုသကြပါ♥
ကျန်းမာရေးဂရုစိုက်ကြပါနော်

အမျိုးသမီးတိုင်း ကျန်းမာပျော်ရွင်ပါစေ လို့ ဆုတောင်းရင် ကျန်းမာရေး ဗဟုသုတလေးပြောပြပေးလိုက်

Photos from Siam Check in's post 31/07/2021

ထိုင်းကိုလာရင် AQ အတွက်ဆက်သွယ်နိုင်ပါတယိ

18/07/2021

ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍
===========

♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများ

MODERNA
Moderna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆေးက လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး ဆိုပြီး သတ်မှတ်ထားပါတယ်
PFIZER
Moderna ထက်တစ်ပတ်စောကာ ကြေညာခဲ့တဲ့ ပထမဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကတော့ Modernaထက် ရာခိုင်နှုန်းအနည်းငယ်လျော့ ကာကွယ်နိုင်စွမ်းရှိပါတယ် ( ၈၁.၈ - ၉၅ ရာခိုင်နှုန်း)
ဆေးထိုးပြီးရင် ဘာတွေ ခံစားရလေ့ရှိလဲ?
Pfizer နဲ့ Moderna က ဒုတိယ အလုံးထိုးပြီးရင်ပိုဖြစ်တယ်လို့တွေ့ရှိရပါတယ် ။ ထိုးတဲ့နေရာမှာ နာတာ နုံးတာ ခေါင်းကိုက် ကြွက်သားနာတာတွေက အဖြစ်များပါတယ် ။ ရှားရှားပါပါး နှလုံးကြွက်သားရောင်တာ နှလုံးအမြှေးရောင်တာကို Pfizer နဲ့ Moderna မှာတွေ့ရပါတယ်

♣ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ

COVISHIELD
ဗြိတိန် နည်းပညာကို အိန္ဒိယ မှာ ထုတ်ခွင့်ပေးတာပါ ။ ဗြိတိန် မှာထုတ်တာကိုတော့ AstraZeneca နာမည်ပေးထားပါတယ် ။ ဒီနိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ (ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်)
ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။
COVAXIN
အခုလက်ရှိ အပြင်ဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန္ဒိယနိုင်ငံထုတ် Covaxin အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန္ဒိယ နိုင်ငံအပြင် အီရန်၊ မက္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။
ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမ၀တာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။
သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

♣ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ

တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ၀မ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။
SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက ဒီနိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်းဝင် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါဝင်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉.၃ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးမှာပါတဲ့ ပါဝင် ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။
SINOVAC
ဒီကာကွယ်ဆေးက ယခုလအတွင်း တစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါဝင်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အ၀လွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၄၉.၆ - ၅၀.၇ % ရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ %၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ % ကာကွယ်နိုင်ပါတယ်။

♣ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ

ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်းဝယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။
SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန်္ဓာ ကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအ၀င် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၅ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -ပင်ပန်း နွမ်းနယ်တာ၊အဆစ်နာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ချမ်းတုန်တာ၊ အဖျားရှိတာ၊ ပျို့အန်တာတွေ ရှိပါတယ်။
SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။

source from https://www.drugmm.com
Dr khin Moe Moe

27/06/2021

#တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၎။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၎ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၎။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၎။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၎။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၎။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၎။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၎။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ

မိဘပြည်သူများ ဂရုစိုက်ကြပါ


မျှဝေပါသည်

12/04/2021

ကိုပစ်ကြောက်စရာအကောင်းဆုံး ၃ မျီုးရှိတယ် သတိထားရမှာ
B.1.1.7 GR,G အင်္ဂလန်လန်းပိုး
B.1.135 GH,G အာဖရိကပိုး
P.1 ဘာလာစီးတို့ဖြစ်တယ်

သတိထားနေကြပါ 🌻🌻

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok