Let Me Share - Irene Pretty

Let Me Share - Irene Pretty

แชร์

🌟TikTok : irenepretty613

🌟 For Work ~ DM Beauty Tips/ Skin Care Tips Sharing

Photos from Let Me Share - Irene Pretty's post 28/05/2026

(လက်ဆောင်ယူ 🎁 ) ရေဘယ်လောက်စိုစို လုံးဝမပျ-က်တဲ့ Hearty Heart ရဲ့ choco liner 🍫🤎

ရေလောင်းရုံတင်မဟုတ်၊ ရေစိုနေတဲ့အချိန် လက်နဲ့ပွ-တ်တောင် မပျ-က်သွားဘူးနော်။ တကယ် Smudge-proof ဖြစ်တယ်။ အရမ်းချွေးထွက်တတ်ရင်တောင် ၈ နာရီလောက် အေးဆေးခံတယ်။

သုံးပြီးတာနဲ့ တန်းခြော-က်သွားတဲ့ Liquid Liner ပါ။

ထိပ်အဖျားလေးက 0.05mm tip မို့ ကိုင်ရတာငြိမ်ပြီး၊ ဆွဲရတာ တအားလွယ်ပါတယ်။ ဟိုပေဒီပေမဖြစ်ဘူး၊ တိတိကျကျထွက်တယ်။ အခုမှ မိတ်ကပ်စပြင်မယ့်သူလေးတွေအတွက်ပါ အဆင်ပြေတယ်။

Fibre tip ကလည်း တော်တော်လေး နူးညံ့တာမို့ မျက်ဝန်းတဝိုက် နာမှာမပူရဘူး။

ဒီ choco liner အပြင် အရင်ကထွက်ထားတဲ့ my liner (ပန်းရောင်) လေးကိုလည်း update လုပ်လိုက်တာမို့ အရင်လို liquid ယိုတာမျိုး လုံးဝမတွေ့ ရတော့ဘူး။ ပိုအဆင်ပြေသွားပါပြီ။

အညိုရောင်ကြိုက်ရင် choco liner
အနက်ရောင်ကြိုက်ရင် my liner သုံးပါ။

Irene ကတော့ choco liner Brown လေးကို တော်တော်ကြိုက်တာ... အနက်က ငယ်ငယ်က သုံးတဲ့အရောင်ပေါ့။ အခုကတော့ အညိုလေးသုံးရတာ ပိုနုစေသလိုပဲ။

၂ ခုလုံးရဲ့ Pigmentation ကတော့ တော်တော်ကောင်းတယ်။ တချက်ဆိုတချက် ထင်ထင်ရှားရှားထွက်တယ်၊ ထပ်ခါတလဲလဲဆွဲဖို့မလိုဘူး။

Eyeliner သုံးတတ်တဲ့သူဆိုရင် Eyeliner တွေ ပျ-က်သွားရင်၊ အရည်ပျော်သွားရင် Makeup Look က ဘယ်လိုဂွမ်းသွားလဲဆိုတာ သိကြပါတယ်။ ဒါကြောင့် ကောင်းတာလေးကို ဈေးတန်တန်သုံးရအောင် Recommend လာပေးတာပါ။

ဈေးက ၇၆၅၀ ဝန်းကျင်ပါပဲ။

Hearty Heart မှာ ရပါတယ်။

27/05/2026

၅ မိနစ်အတွင်း အသားဖြူအောင် လုပ်မယ်! 🤭

Kelly’s Home Myanmar

Photos from Let Me Share - Irene Pretty's post 26/05/2026

(လက်ဆောင်ယူ 🎁) တနေ့တနေ့ ဘယ်အနံ့လေးနဲ့ မျက်နှာသစ်ရမလဲဆိုပြီး ရွေးရတဲ့အထိ သုံးချင်စရာကောင်းတဲ့ ZHE Soothing Gel Soap

ဒီ မျက်နှာသစ်တွေရဲ့ ထူးခြားချက်က Gel Soap Texture ပဲ။ အရမ်းနူးညံ့တယ်။ Gel လိုလို Foam type လိုလို ကြားထဲက texture လေးပါ။

Gel type ရဲ့ အားသာချက်ရော၊ Foam type ရဲ့ အားသာချက်ရော သူ့ဆီမှာ တွေ့ရတယ်။ Gel Soap texture ကြောင့်မျက်နှာသစ်ပြီးရင် ခြောက်သွေ့မသွားဘဲ အစိုဓာတ်ကျန်တယ်၊ ပြီးတော့ Foam type လိုပဲ ရေဆေးရလည်း အရမ်းလွယ်တယ်။ Irene တကယ် သဘောကျမိတဲ့အချက်ပဲ။

Irene ကတော့ ၃ မျိုးရွေးထားပါတယ်။

• Rice & Milk
• Coffee
• Lavender

၃ မျိုးလုံးမှာ ပါတဲ့ တူညီတဲ့ Ingredients တွေကတော့ Almond Oil, Jojoba Oil, Olive Oil, Caster Oil, Ricebran Oil, Coconut Oil ပါ။ မတူတာက Coffee ဆို Coffee Powder, Milk & Rice ဆို ဆန်နဲ့ နွားနို့အဆီအနှစ်၊ Lavender ဆို Lavender Extract အဲလိုတွေ ကွဲသွားပါတယ်။

Cleansing အားကတော့ တော်တော်ကောင်းတဲ့အထဲပါတယ်။ အမြှုပ်လည်း အတော်အသင့်ထွက်တယ်။ တကြိမ်သစ်ရုံနဲ့ အဆီ၊ အညစ်အကြေး ပြောင်စင်ပါတယ်။ ချောပျစ်ပျစ်လည်း မကျန်ဘူး။

Skin Type အားလုံးနဲ့ အဆင်ပြေပါတယ်။ အာနိသင်တွေကတော့ မတူကြပါဘူး။ ကိုယ်နဲ့အဆင်ပြေတာ ရွေးနိုင်ဖို့ သက်ဆိုင်ရာ ပုံအောက်တွေမှာ ဖတ်ပေးပါ။

Z.H.E Home Made Creations မှာ ရပါတယ်။

Photos from Let Me Share - Irene Pretty's post 21/05/2026

(လက်ဆောင်ယူ 🎁) ဆံပင်ကျွတ်များပြီး ဆံပင်ပါးနေပြီဆိုရင် Scalp Care ကို သေချာလုပ်ဖို့လိုပါတယ်။ မဟုတ်ရင် ထိပ်ပြော-င်သွားနိုင်ပါတယ်။

ဦးရေပြားကို ပုံမှန် care ဖို့က Hair Tonic တို့လို ဦးရေပြား direct သုံးလို့ရတဲ့ product မျိုးမှ အဆင်ပြေတာ... ပြီးတော့ ပိုပြီး Effective ဖြစ်အောင် daily သုံးလို့ရမယ့်ဟာမျိုးပေါ့။

Scalp care အတွက် ဒီတလောတော့ Irene ဒီ ViHo/ Klarity ရဲ့ Hair Tonic Serum ကို ၁ ဘူးကု-န်အထိ try ကြည့်ထားတယ်။

ဆံပင်ကျွတ်နည်းလာတယ်။ ခေါင်းလျှော်တဲ့အချိန်တို့၊ မနက်နိုးနိုးချင်း ခေါင်းဖြီးတဲ့အချိန်တို့ဆို အရမ်းသိသာတယ်၊ ကျွတ်တဲ့နှုန်းက သိသိသာသာ လျော့လာတာ။

၁ ဘူးမကု-န်သေးခင် ဆံပင်အသစ်တွေ ပြန်ထွက်လာအောင် လုပ်ပေးနိုင်တဲ့ Hair Tonic အကောင်းစားပါ။ Result ပြပုံကို လုံးဝ လျှော့တွက်လို့မရဘူး။ အခုဆို Baby Hair တွေပြန်ထွက်ပြီး အုံပြန်ထူလာပြီ၊ ဆံပင်လည်း အရှည်မြန်လိုက်တာမှ ပြောမနေနဲ့။ Haircare ထဲမှာ တကယ့် must-try product ပဲ။

Menthol ပါတော့ ဦးရေပြား အေးအေးလေးဖြစ်ပြီး လူပါလန်းဆန်းသွားတာ... ကိုယ်ကလည်း အဲလိုအေးတာကို ကြိုက်တဲ့သူဆိုတော့ အရမ်းအဆင်ပြေတယ်။ ခေါင်းယားတာတွေ သက်သာတယ်။

အနံ့ကလည်း Fresh ဖြစ်ဖြစ်လေးနဲ့ မွှေးတယ်။

ဆီပါဝင်မှုမရှိတဲ့အတွက် အရည်ကျဲကျဲလေးနဲ့ Lightweight ဖြစ်တယ်။ စိမ့်ဝင်အားကောင်းတယ်။ စေးကပ်ကပ်နဲ့ ဆံပင်တွေပြားသွားတာမျိုး မဖြစ်ဘူး။

Formulated in Korea, Made in Myanmar ပါ။

ဆံပင်သန်ဖို့နဲ့ အသစ်ပြန်ပေါ-က်ဖို့အတွက် အကောင်းဆုံး Active Ingredients တွေ သုံးထားတာကို တွေ့ရတယ်။

• အမြစ်ကနေစပြီး ဆံပင်သန်စေမယ့် Biotin

• သွေးလည်ပတ်မှုကောင်းပြီး၊ အသစ်ပြန်ပေါ-က်အောင် လှုံ့ဆော်ပေးတဲ့ Ginseng Root Extract (ဂျင်ဆင်းမြစ်)

• Damaged ဖြစ်ထားတဲ့ ဆံသားကို Hydrolyzed Keratin Protein

• Moisture ထိန်းပေးတဲ့ Provitamin B5

• ဦးရေပြားအေးအေးလေးနဲ့ လန်းဆန်းသွားဖို့ရယ်၊ ဗောက်ထတာ၊ ယားယံတာ သက်သာဖို့ Rosemary Extract နဲ့ Menthol

ဦးရေပြားပေါ်ကို တစက်ချလိုက်၊ စိမ့်ဝင်အောင် နှိပ်ပေးလိုက် အဲလိုလေးသုံးပါတယ်။ အဆီမပြန်စေလို့ ၁ ရက် ၂ ကြိမ်၊ နေ့တိုင်းသုံးလို့ရတယ်။ ရေပြန်ဆေးဖို့မလိုပါဘူး။ နေရာအနှံ့မလုပ်ချင်ရင်တောင် ဆံပင်ပါးတဲ့၊ ပြန်ပေါ-က်လာစေချင်တဲ့နေရာတွေကိုပဲ သုံးမယ်ဆိုလည်းရတယ်။

တကယ်ဆံပင်ပြန်ပေါ-က်ချင်တယ်ဆိုရင် try ကြည့်သင့်တယ်။

Klarity Myanmar
ViHo မှာ ရပါတယ်။

Photos from Let Me Share - Irene Pretty's post 20/05/2026

(လက်ဆောင်ယူ 🎁) မိန်းကလေး ၁၀ ယောက်ရှိရင် ၁၀ ယောက်လုံး ကြိုက်နိုင်တဲ့ Lipstick

Black Rouge ကိုတော့ နှုတ်ခမ်းနီကြိုက်တဲ့သူတိုင်း မသိတဲ့သူမရှိလောက်ဘူး။

ဒီနေ့တော့ Black Rouge AIRFIT VELVET Series ထဲက Shade ၃ ရောင် ရွေးပေးမလို့ပါ။ လူတိုင်းနဲ့ လိုက်နိုင်ပြီး၊ မိန်းကလေးတိုင်း ကြိုက်မယ့်အရောင်တွေပါ။

Blurring Effect ပါလို့ နှုတ်ခမ်းပေါ်မှာ ကတ္တီပါလို၊ ထောပတ်တုံးလေးလို နူးညံံ့ချောမွတ်နေတာ... မိန်းကလေးမှန်ရင် ကြိုက်ကိုကြိုက်မှာ။

Velvet Tint မို့ Matte type တွေရဲ့ အရောင်ထွက်ကောင်းတဲ့ အားသာချက်ရော၊ Tint တွေရဲ့ ပေါ့ပါးစိုအိတဲ့ အားသာချက်ရော ရတယ်။ တကယ့် One-swipe opaque ပါပဲ။ တချက်တည်းနဲ့ အရောင်တန်းထွက်တယ်။

ဘာစားစား မပျ-က်ဘူးလားဆိုရင်တော့ ပျ-က်ပါတယ်။ ဒါပေမဲ့ အပေါ်တထပ်ပျ-က်သွားရင်တောင် အရောင်တခု စွဲကျ-န်ခဲ့ပြီး၊ အဲဒီအရောင်ကတော့ ရုံပျ-က်ဖို့ တော်မလွယ်ပါဘူး။ ပို Bright ဖြစ်တဲ့ ကာလာဆိုရင် အရောင်ပိုစွဲတယ်။

Packaging ကလည်း Luxury ဆန်တယ်။ Applicator ကအစ နူးနူးညံ့ညံ့လေး။

Shade ၃ ရောင်က -

• A 511 - သစ်အယ်သီး + ပဲနီလေးအနှစ်နဲ့လုပ်ထားတဲ့ ဂျယ်လီတုံး

• A 513 - ချယ်ရီသီး + သစ်ကြံပိုးခေါ-က်အချိုရည်

• A 514 - နန်းဆန်ဆန် အနီရောင်

Shade တွေအကြောင်းကို ပုံအောက်မှာ ဖတ်ပေးပါ။

Black Rouge Myanmar မှာ ရပါတယ်။

Photos from Let Me Share - Irene Pretty's post 19/05/2026

(လက်ဆောင်ယူ🎁) Local ထဲက Product အဆန်းလေးတွေဆို သိပ်သဘောကျလို့ ပြောပြဦးမယ်။

La Reine ရဲ့ Shower Cream, Scrub, Facial Soap ဒီ ၃ မျိုးပါ။

🚿 Shower Cream က သင်္ဘောသီးနဲ့ လုပ်ထားတာ... ရှားပါးလေး...!

🥣 Scrub ဆိုရင်လည်း Texture နဲ့ Scent က ဘယ်သူနဲ့မှမတူ Unique ဖြစ်တယ်။

🧼 Soap က Ingredients အကောင်းတွေချည်းထည့်သုံးထားတာ။

Budget သက်သာသလို၊ Quality လုံးဝလျော့မနေတာမို့ ဒီ Review ကို ဖတ်ဖြစ်အောင် ဖတ်ပါ။

သက်ဆိုင်ရာ ပုံအောက်မှာ ဖတ်ပေးနော်။

La Reine-Scented Aroma မှာ ရပါတယ်။

18/05/2026

(လက်ဆောင်ယူ 🎁) ဘာသုံးသုံး ဝက်ခြံမပျော-က်ခဲ့ဘူးဆိုရင် ဒီ Video ကို ကြည့်ပါ

NADA Skincare

17/05/2026

Top Fan သီးသန့်ပေးမယ့် Giveaway ကြီးရှိလို့ Irene ရဲ့ စိန်တုံးလေးတွေ မန့်ခဲ့ပေးပါဦး 💎

ကိုယ့် Top Fan တွေကို မျက်မှန်းတန်းမိချင်လို့ 🥰

Photos from Let Me Share - Irene Pretty's post 16/05/2026

တကယ့် Luxury ဆန်တဲ့ SPF Lotion ကို ဈေးတန်တန်လေး သုံးချင်ရင် ဖတ်ပါ။

Burberry Her ရေမွှေးအနံ့နဲ့ နေ့ဘက်လိမ်းရတဲ့ Sun Lotion တခုတွေ့ထားလို့။ တကယ်တော့ သုံးနေတာက တော်တော်ကြာသွားပြီ၊ အခုမှပြောပြဖြစ်တယ်။

Classy Lotion ပါ။ တန်တယ်လို့ ပြောတာကလေ UV Lotion တခုအပြင် ရေမွှေးပါထပ်သုံးစရာမလိုလို့ပါ။ အသားမှာ စွဲနေတဲ့ ရေမွှေးအနံ့လေးကလေ အနံ့ရတိုင်း ပျော်စရာလေးကိုဖြစ်နေရော... Burberry Her အနံ့ကြိုက်တဲ့သူဆို မျက်စိမှိတ်သာဝယ်ပါ။

Sun Lotion ဆိုပေမဲ့ ညဘက်လိမ်းနေတဲ့ Moisturizer / Lotion တွေလိုပဲ တအားပေါ့ပါးတာ... Sun Lotion လို့ကို ထင်ချင်စရာမရှိလောက်အောင် အစိုဓာတ်ကိုလည်း ရှယ်ပေးတယ်။ အသားခြော-က်တဲ့သူတွေပါ လိမ်းလို့ရတယ်။ စိုပြီး အိဖတ်နေတာ...

သူ့ Texture က Cream Lotion မဟုတ်ဘဲ Serum Lotion လေး။ အရောင်က ပန်းရောင်လေး။ လိမ်းပြီး ချက်ချင်း အသားစိုအိပြီး ဖွေးသွားတာ။ Fast absorbing ဖြစ်ပြီး၊ hydration ရတယ်ဆိုတာကို တကယ်ခံစားရတယ်။

White Cast မထွက်၊ အသားမပြာ၊ ချွဲမနေဘူး။ တကယ်လိမ်းလို့ကောင်းတာပါ။ Irene လိမ်းတာ ဒုတိယမြောက်ဗူးဖြစ်ပြီ။ အနံ့ရော၊ Texture ရော ပြောစရာမရှိအောင် ကြိုက်တယ်။

SPF 50 PA++ နဲ့ နေရောင်ကာပေးတယ်။

Vitamin B3, Centella Extract, Soybean Extract တို့လည်းပါတယ်။

Classy Myanmar မှာ ရပါတယ်။

Photos from Let Me Share - Irene Pretty's post 12/05/2026

[Honest Review] ဒီတခါတော့ အလှအပနဲ့မဆိုင်တာ ပြောပါရစေ...

အကြောတ-က်၊ ညောင်းညာပြီး ကြွက်သား န-ာတာမျိုးဖြစ်တတ်ရင် ဒီဆီလေးသုံးကြည့်... တကယ်ကို ကောင်းတာ... ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင်လည်း ဒါလေးသုံးကြည့်ပါ။

Irene ဆို ပြီးခဲ့တဲ့ ၃ ပတ်လောက်က ပြေးတာများပြီး ညို့သကျည်းရိုးနဲ့ ခြေသလုံးကြွက်သားတွေ တင်းပြီး န-ာတာ...ဒီ Dr. Kaung Medicated Herbal Oil နဲ့မှ ကောင်းသွားတာ... တခြား ပရုတ်ဆီလိုမျိုးတွေလည်း လိမ်းသေးတယ်။ ပူရှိန်တာပဲအဖတ်တင်တယ်၊ မပျော-က်ဘူး။ ဒီဆီနဲ့မှ ရက်ပိုင်းလောက်နဲ့ ပျော-က်သွားလို့ သဘောတွေကျနေတာ...

သူက ပရုတ်ဆီလည်းမဟုတ်ဘူး၊ ဆေးဖက်ဝင် ဘက်စုံသုံးလိမ်းဆေးအဆီလို့ ရေးထားတယ်။ ပရုတ်ဆီလိုလည်း မနံဘူး။ အနံ့က သကြားလုံးအနံ့နဲ့တောင် တူသေးတယ်။ မွှေးမွှေးလေး။ အင်္ကျီတွေ၊ အိပ်ရာတွေလည်း အနံ့မစွဲလို့ ပရုတ်ဆီလိမ်းရတာထက် ပိုကြိုက်တယ်။

Irene ဒီတလော ဒီ Herbal Oil လိမ်းအိပ်ရတာကို ကြိုက်နေတာ... ညဆို ဇက်ကြော၊ ခြေဖဝါး၊ ခြေသလုံးနေရာတွေ လိမ်းအိပ်တယ်။ တနေကုန် အညောင်းထားတာတွေ ပြေသွားပြီး ပိုအိပ်ပျော်တယ်လို့ ခံစားရတယ်။ အနံ့လေးကလည်း စိတ်တည်ငြိမ်ပြီး Relax ဖြစ်စေတယ်။

မုန်ညင်းဆီ၊ ယူကလစ်အဆီ၊ ရို့စ်မေရီအဆီ၊ သစ်ကြံပိုးအဆီ၊ သံပုယိုအဆီ၊ လိမ္မော်အဆီ၊ လေးညှင်းအဆီ၊ ချင်းအဆီ စတဲ့ သဘာဝအဆီအနှစ်တွေနဲ့ပဲ လုပ်ထားတာပါ။ လိမ်းလိုက်ရင်လည်း အသားပူစ-ပ်တာမျိုးမရှိတဲ့အပြင် Texture က Lightweight ဖြစ်ပြီး စိမ့်ဝင်လွယ်လို့ B0dy Oil လိမ်းထားရသလိုပဲ။ အစိုဓာတ်ကိုတောင် ပြန်ဖြည့်ပေးလိုက်သေးတယ်။ အကြာလည်းပြေ၊ အသားအရေလည်းလှတယ်။ တော်တော်ကို ကောင်းတာ...

ညောင်းညာတတ်တဲ့သူ၊ ညအိပ်မပျော်တဲ့သူဆိုရင် try ကြည့်လိုက်ပါ။ အရမ်းကောင်းလို့ မနေနိုင်ဘဲ ပြောပြရတာ...

Dr. Kaung မှာ ရပါတယ်။

11/05/2026

ဘယ်လို အားကစားပဲလုပ်လုပ် ချိုင်းချွေးနံ့မထွက်ဖို့က အရေးကြီးတယ်...!

Bella MEN
Bella

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok