Divine Cupid

Divine Cupid

แชร์

သင့်အချစ်ရေးအတွက်အကျိုးဆောင် ~ Divine Cupid 🔮💌

18/07/2025

🤣🤪

17/06/2025

ပရုတ်ဆီလူးရမယ်ဆိုရင်တောင် ချစ်သူကို လူးခိုင်းနိုင်ဖို့အတွက် Divine Cupid က
မင်မင် အချောလေးတွေနဲ့ဆက်သွယ်လိုက်ပါနော်❤❤
Promotion ကာလမှာဆိုရင်တော့
ချစ်သူရှာတဲ့ဝန်ဆောင်မှုအတွက်ကတော့
Free ပါနော် 🥰🥰

crd

17/06/2025

Divine Cupidက ချစ်သူရှာမယ့်အသည်းလေးတို့အတွက် package postပါ ~ 🤍💘

🎀 ကိုယ့်ရဲ့personality ရယ်
အချစ်ရေး၊အိမ်ထောင်ရေးရယ်အတွက်ဆိုရင်တော့ 50,000mmks

🌻 အချစ်ရေးနဲ့အိမ်ထောင်ရေးသီးသန့်အတွက်ဆို 40,000mmksပါ

🍀 ကျန်တဲ့ readingတွေ အတွက်ကတော့ Pinned cmtက linkထဲမှာ တစ်ခုချင်းစီအသေးစိတ်ရေးပေးထားပါတယ် ~

💘 ချစ်သူကောင်လေး/ ကောင်မလေးရှာပေးတာကတော့ pageစ,ထောင်တဲ့အမှတ်တရအနေနဲ့ တစ်လတာfreeပါ ~

သင့်အချစ်ရေးခရီးလမ်းလေးအတွက် divine cupidကို အားကိုးလိုက်ပါ 😉

16/06/2025

ရည်းစားဟောင်းက ပြန်တွဲမယ်ဆိုပြီးပြောလာရင် လက်ခံလိုက်ရမလား ဆိုတဲ့သူတွေကိုပြောချင်တာက
"၁၀တန်းအောင်ပြီးမှ မူလတန်းပြန်တက်ချင်လား " ဆိုပြီးမေးခွန်းနဲ့တူလိမ့်မယ်
အရင်က သင်ရိုးနဲ့တူချင်မှတူလိမ့်မယ် ဒါပေမယ့် သင်ခန်းစာက အတူတူပဲ သင်ခန်းစာမရသေးရင်တော့ ပြန်တွဲပေါ့ ...😜

13/06/2025

အချိန်တန် သူ့ရည်းစားဟောင်း🔄 ကိုယ့်ရည်းစားဟောင်း အလဲအထပ်လုပ်ပြီးယူကြမယ့်သူတွေချင်းတူတူ အထာမထားကြပါနဲ့၊ ဘဝကြီးကိုပျော်ပျော်ဘဲဖြတ်သန်းကြပါ 🤗🤭

13/06/2025

ရည်းစားရရင် အဝကြူးပစ်မယ်တွေးထားပြီး ခုထိ ရည်းစားမယ်မယ်ရရမရှိသေးရင် မင်မင်တို့ကိုအားကိုးလို့ရပါပြီနော် 🤭

12/06/2025

အရင်ခေတ်ကတော့ "မာမီရယ်ရှာပေးကွယ် ရည်းစားလိုချင်တယ်"ပေါ့
ခုခေတ်ကတော့ မာမီဘာညာကအားကိုးလို့မရတော့ဘူးဆိုဘေမက် မင်မင်တို့ကိုအားကိုးလို့ရပါတယ်နော် အဆင်ပြေရင်မင်္ဂလာရက်ပါရွေးထားလို့ရပါတယ်ရှင့် ခစ်ခစ် 🤭🤗

12/06/2025

❤ချစ်ခြင်းမေတ္တာကို တန်ဖိုးထားသင့်သော အကြောင်းရင်း (၇) ချက်❤

၁။ **ချစ်ခြင်းသည် လူသားတိုင်း၏ အခြေခံလိုအပ်ချက်**
လူသားတိုင်းသည် ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုနှင့် လက်ခံမှုကို ရှာဖွေကြသည်။ ချစ်ခြင်းမရှိလျှင် ဘဝသည် ခြောက်သွေ့၍ အဓိပ္ပာယ်မဲ့နိုင်ပါသည်။

၂။ **စိတ်ကျန်းမာရေးအတွက်အထောက်အကူ**
ချစ်ခြင်းမေတ္တာသည် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပျော်ရွှင်မှုဟော်မုန်းများ (ဥပမာ - အောက်ဆီတိုစင်) ကို မြင့်တက်စေကာ စိတ်ငြိမ်းချမ်းမှုကို ဖန်တီးပေးသည်။

၃။ **ဆက်ဆံရေးများ ခိုင်မာစေခြင်း**
မိသားစု၊ ချစ်သူ၊ မိတ်ဆွေများနှင့် ချစ်ခြင်းဖြင့် ဆက်ဆံပါက ယုံကြည်မှု၊ နားလည်မှုနှင့် ရေရှည်တည်တံ့သော ဆက်ဆံရေးများ တည်ဆောက်နိုင်သည်။

၄။ **ကရုဏာနှင့် စာနာမှုကို ဖွံ့ဖြိုးစေခြင်း**
ချစ်ခြင်းသည် ကိုယ်ချင်းစာနာမှုကို မြှင့်တင်ပေးပြီး အခြားသူများ၏ ခံစားချက်ကို နားလည်လာစေသည်။ ဤသည်မှာ လူမှုအသိုင်းအဝိုင်းအတွင်း သဟဇာတဖြစ်စေရန် အဓိကသော့ချက်ဖြစ်သည်။

၅။ **ဘဝအတွက် အားအင်ဖြစ်စေခြင်း**
ချစ်ခြင်းမေတ္တာသည် ကျရှုံးမှုများနှင့် အတားအဆီးများကို ရင်ဆိုင်ရာတွင် စိတ်ဓာတ်ခိုင်မာစေပြီး အနာဂတ်အတွက် မျှော်လင့်ချက်ပေးသည်။

၆။ **လောကကြီးကို လှပစေသော အရာ**
ချစ်ခြင်းသည် အမုန်းတရား၊ စိတ်ဝမ်းကွဲမှုနှင့် စစ်မက်များကို အနိုင်ယူနိုင်သော တစ်ခုတည်းသော အင်အားဖြစ်သည်။ ချစ်ခြင်းဖြင့်သာ ငြိမ်းချမ်းသော ကမ္ဘာကို တည်ဆောက်နိုင်မည်။

၇။ **ချစ်ခြင်းသည် အမြဲတမ်းတည်မြဲသော အမွေအနှစ်**
ငွေ၊ ရာထူး၊ ပစ္စည်းဥစ္စာများသည် ကာလအတိုင်းအတာတစ်ခုအထိသာ ရှိနိုင်သော်လည်း ချစ်ခြင်းမေတ္တာသည် သေသည့်တိုင် အမှတ်ရစရာနှင့် အမွေအနှစ်အဖြစ် ကျန်ရစ်နိုင်သည်။

---
**ချစ်ခြင်းကို တန်ဖိုးထားပါ။**
သင့်ဘဝတွင် ချစ်ခြင်းမေတ္တာများ ပြည့်ဝနေစေရန် မျှဝေခံစားပါ၊ အခြားသူများကို နားလည်ပေးပါ။ အကြောင်းမှာ ချစ်ခြင်းသည် လူသားတို့အား လူသားဆန်စေသော အလင်းရောင်ဖြစ်သောကြောင့်ပင်။လူသားဆန်ဆန်ချစ်ကြပါစို့ ✨💖💖

12/06/2025

ကိုယ်ဟာ အလွန်အလိုက်တသိရှိတတ်သူ.. သဘောကောင်းလွန်းသူ.. ကိုယ့်ကြောင့် သူတစ်ပါးစိတ်ဆိုးစိတ်ခုမှာကို စိုးရိမ်လွန်းသူ.. တောင်းဆိုလာသမျှကို အမြဲလိုက်လျောခေါင်းညိတ်တတ်သူ.. ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို နောက်ပို့ထားတတ်ပြီး သူများအတွက်သာ တွေးတတ်လွန်းသူတစ်ယောက်ဖြစ်နေပြီလားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဆန်းစစ်ကြည့်စေချင်ပါတယ်..။

ကျွန်မကိုယ်တိုင်လည်း ငယ်ငယ်တုန်းက သိပ်အားနာတတ်လွန်းပြီး.. သဘောကောင်းလွန်းသူ.. သူများတွေ ကျေနပ်အောင် ကိုယ့်စိတ်ဆန္ဒတွေကို အမြဲလျစ်လျူရှုမြိုသိပ်တတ်ခဲ့သူတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်..။ တဖြည်းဖြည်းသိနားလည်လာခဲ့တာက သဘောကောင်းလွန်းပြီး သူများအပေါ် သိတတ်လွန်းခဲ့ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားခဲ့ခြင်းပဲဖြစ်ပါတယ်…။

တစ်စုံတစ်ယောက်က တစ်ခုခုလုပ်ပေးဖို့ တောင်းဆိုလာတဲ့အခါ ကိုယ်က ငြင်းလိုက်ရင် သူ စိတ်ဆိုးစိတ်ခုသွားမလား… ကိုယ့်ရဲ့စည်းကို ချပြလိုက်ရင် ကိုယ့်ကိုမနှစ်သက်တော့ဘဲဖြစ်သွားမလား… ကိုယ့်ရဲ့ဆန္ဒကို ရှေ့တန်းတင်မိရင် ကိုယ့်ကို တစ်ကိုယ်ကောင်းဆန်သူလို့ သတ်မှတ်လိုက်မှာလား စတဲ့စိုးရိမ်မှုတွေကြောင့် ကျွန်မဟာ သူတစ်ပါးတွေ ကိုယ့်ကြောင့်စိတ်မဆိုးစိတ်မခုရလေအောင်…အလွန်သဘောကောင်းပျော့ပျောင်းလွန်းခဲ့ပါတယ်။ ကိုယ်မကြိုက်တာကိုလည်း မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုရင်ဆိုင်တာမျိုး မလုပ်ဘဲ စကားနည်းရန်စဲဆိုသလို စကားခွန်းတုံ့မပြန်ဘဲ သည်းခံနေလိုက်တာများပါတယ်…။

ရလဒ်ကတော့ လူတွေက ကိုယ့်အပေါ် တန်ဖိုးမထားတာ… အလေးအနက်မထားတာကို တဖြေးဖြေး သိနားလည်လာရတာပဲဖြစ်ပါတယ်…။ ကိုယ်ဟာ ဘာမှအဆိပ်မရှိတဲ့မြွေတစ်ကောင်လိုပဲ သူတို့အမြင်မှာ မြင်လာပါတယ်။ စည်းတွေဘောင်တွေ ကျော်ဖို့လည်း ဝန်မလေးတော့ပါဘူး..။ သူတို့ရဲ့တောင်းဆိုမှုကို လိုက်လျောပေးခဲ့သူဆိုတော့ တစ်ခါလေးငြင်းမိရင် ရန်သူသဖွယ် စိတ်ဆိုးတတ်ကြပါတယ်…။

အသက်ကလေးရလာချိန်မှာတော့ ကျွန်မက သဘောကောင်းလွန်းသူဖြစ်ဖို့ထက် စည်းရှိတဲ့သူသာ ဖြစ်ချင်ပါတယ်..။ ကိုယ့်ရဲ့စိတ်ခံစားမှုကို အသိအမှတ်ပြုပြီး ကိုယ့်ဆန္ဒကိုလည်း ရှေ့တန်းတင်ပါတယ်..။ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှုရှိသလို တန်ဖိုးလည်းထားပါတယ်..။ ကိုယ်မလုပ်ချင်တဲ့အရာ.. ကိုယ်စိတ်အဆင်မပြေတဲ့ ကိစ္စမျိုးဆို ဘယ်လောက်ပဲ ခင်မင်နေပါစေ.. အားနာပြီးကြိတ်မှိတ်ခေါင်းမညိတ်ဘဲ ခင်ခင်မင်မင်ပဲ နားလည်အောင်ရှင်းပြပြီး ယဉ်ကျေးချိုသာစွာ ငြင်းတတ်လာပါတယ်…။ အဲ့ဒိအတွက် ရလဒ်က ဆက်ဆံရေးလည်း မပျက် အခင်အမင်လည်း မပျက်စေရဘဲ ကိုယ့်ရဲ့စည်းကို သိသာမြင်သာစေပါတယ်…။

တကယ်တော့ ကိုယ့်ကိုတကယ်တန်ဖိုးထားချစ်ခင်သူဟာ… ကိုယ်ငြင်းလိုက်တိုင်း ငြင်းရကောင်းလားလို့ စိတ်ဆိုးမုန်းတီးမယ့်သူမျိုးမဟုတ်ပါဘူး..။ ကိုယ့်ရဲ့ တန်ဖိုးကို နားလည်ပြီး ကိုယ်အဆင်မပြေလို့ ငြင်းဆန်တာကို လက်ခံပေးတတ်ပါတယ်..။ အကယ်၍ ကိုယ်ကငြင်းလို့ စိတ်ဆိုးသွားတယ်ဆိုရင်လည်း ဒါဟာ ကိုယ့်တာဝန်မဟုတ်ပါဘူး..။ ကိုယ့်အပေါ် တကယ်နားမလည်သူသာဖြစ်ပါလိမ့်မယ်..။

လူတိုင်းကျေနပ်နေအောင် လုပ်ပေးဖို့ ကိုယ့်မှာတာဝန်မရှိပါဘူး..။ သူ့အလိုမပြည့်လို့ ကိုယ့်ကို စိတ်ဆိုးသွားတယ်ဆိုရင်လည်း တောင်းပန်ဖို့မလိုသလို ဖြေရှင်းပြနေဖို့လည်းမလိုပါဘူး…။ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတဲ့အခါ… ကိုယ့်အနားမှာ ကိုယ့်အပေါ် တကယ်တန်ဖိုးထားနားလည်ပေးတတ်တဲ့သူတွေပဲ ဝန်းရံလာတတ်တာဖြစ်ပါတယ်…။

#လွန်းထားထား
#လိုက်လျောလွန်းသူမဖြစ်ပါစေနဲ့

12/06/2025

He : အကိုကိုပြန်ချစ်မယ်ဆိုရင် နက်ဖြန် အကိုလာတဲ့အခါ ဘယာကြော်လေးတစ်ကိုက် ကိုက်ပြပါလား
(Scorpio,Taurus,Aries,Virgo,Pisces)

Me -…👁️🫦👁️

12/06/2025

အမ်းရမယ့်အညာသားလေးမရှိရင် ဒီကိုလာခဲ့နော် 😜

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ที่อยู่


Bangkok