PHOE THAR HTOO
like and followလေးလုပ်ပေးပါအုန်း🥰😍
I got over 10 reactions on one of my posts last week! Thanks everyone for your support! 🎉
23/07/2025
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသောကားကို ကုန်တင်ကားက ဝင်တိုက်၊ (၃) ဦးသေဆုံး၊ (၁၅) ဦးဒဏ် ရာရ
မဲဆောက်၊ ဇူလိုင်လ ၂၃
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအနီးရှိ တောင်ပေါ်လမ်းတွင် ယနေ့ ဇူလိုင်လ ၂၃ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသော ပစ်ကပ်ကား (၁) စီး အပါအဝင် ကား (၄) စီးအား ကုန်တင်ကားက ဘရိတ်ပေါက်၍ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် အခင်းဖြစ်နေရာ၌ (၃) ဦးသေဆုံးပြီး (၁၅) ဦးဒဏ်ရာရရှိကာ၊ သေဆုံးသူ (၃) ဦးအနက်က တစ်ဦးသည် မြန်မာနိုင်ငံသို့ သင်္ဃန်းဝတ်ရန်အတွက် ပြန်လာသူဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အများစုမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို ဖဟွန်ဖွန်ဖယုဟဆောင်ဆေးရုံ၊ ထောင်ဖာဖွုန်ဆေးရုံနှင့် စံခလဘူရီဆေး ရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုင်းရဲတပ်ဖွဲ့က ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကုန်တင်ယာဉ်မောင်းသူ ထိုင်းနိုင်ငံသားအား စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
#မြဝတီမဲဆောက်မီဒီယာ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok