Zaw Channel
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Zaw Channel, สุขภาพ/ความงาม, Bangkok.
10/12/2025
မြန်မာ ရွှေရပြီ 🇲🇲🥇
( ၃၃ ) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ခြင်းလုံး ( အမျိုးသမီး ) အသင်းမှ ရယူပေးနိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အိမ်ရှင်ထိုင်းအသင်းကို ပွဲငယ် နှစ်ပွဲကစားအပြီး ( ၅၀၂ ) မှတ် ၊ ( ၄၄၆ )
မှတ်ဖြင့် အပြတ်အသတ်အနိုင်ရကာ ရွေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။
#မြန်မာ #ထိုင်းနိုင်ငံ #သတင်းစုံ #ဆီးဂိမ်းစ်
10/12/2025
မနေ့ကအထိ အားကစားနည်း ၁၂ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အားကစားမောင်မယ် ၁၃၇ ယောက် ရောက်နှင့်နေပြီး ထိုင်းနိုင်ငံရဲ့ လှိုက်လှဲစွာကြိုဆိုမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒါပေမဲ့ အားကစားသမားတို့ရဲ့ အပြန်ခရီး လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်တာကြောင့် နုတ်ထွက်လိုက်ရတာ ဖြစ်ကြောင်း၊ ကျန်ရှိနေသေးတဲ့ အားကစားမောင်မယ်တွေလည်း ပို့လာတော့မှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားအားကစားအဖွဲ့က ပြောတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အပြည့်အစုံကို ကွန်းမန့်မှာ ဖတ်ရှုနိုင်ပါတယ်။
#ထိုင်း #ဆီးဂိမ်းစ် #ကမ္ဘောဒီးယားအားကစားအဖွဲ့ #နယ်စပ်တိုက်ပွဲ #မြန်မာ
10/12/2025
ထိုင်း−ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများ ပိုပြင်းထန်လာ၊ ကမ္ဘာဒီးယား ၁ သိန်းကျော် နေရပ်စွန့်ခွာ
----------------------------------
ထိုင်း နယ်စပ်တစ်လျှောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ကမ္ဘောဒီးယားနိုင်ငံ အူဒါမီချေ၊ ပရိဝိဟာရ၊ ဘန်တေမီချေ၊၊ ပူရ်ဆက်နှင့် စီယမ်ရိပြည်နယ်များတွင် အိမ်ထောင်စု ၃၇,၀၀၀ ကျော်မှ လူဦးရေ ၁၂၇,၀၀၀ ကျော် ဘေးကင်းရာသို့ တိမ်းရှောင်ခဲ့ရကြာင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ပွဲများကြောင့် ကမ္ဘောဒီးယား အရပ်သား ၇ ဦး သေဆုံးသွားသည်ဟုလည်း ဆိုသည်။
#မြန်မာ #သတင်းစုံ #ထိုင်းနိုင်ငံ
#
08/12/2025
မြန်မာတို့ရဲ့ တန်ဖိုးထားရာဖြစ်တဲ့ ရွှေဥဒေါင်း ဝတ်စုံကို ဝတ်ဆင်ပြီး ဗီယက်နမ်မြေမှာ အရမ်းကို လှနေတဲ့ မြင့်မြတ်မိုး❤️❤️
အရမ်းလှတယ်မိုးရယ် အားရလိုက်တာ🥰🥰🥰🥰🥰
#မြင့်မြတ်မိုး
08/12/2025
သွေးသားရင်း မိသားစုဝင် ၄ ဦးကို ဆိုင်ယာနိုက်နဲ့ အဆိပ်ခတ်မှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသမီး
ကြာသပတေးနေ့က ဗီယက်နမ်တောင်ပိုင်း ဒေါင်နယ်ပြည်နယ် ပြည်သူ့တရားရုံးက အသက် ၃၉ နှစ်အရွယ် ငုယင် သီဟောင်ဘစ်ကို သူမရဲ့ ခင်ပွန်း၊ ဆွေမျိုး ၂ ဦိးနဲဲ့ တူဖြစ်သူကို အဆိပ်ခတ်သတ်မှုကြောင့် သေဒဏ်ချမှတ်ခဲ့ပါတယ်။
တရားရုံးက ဘစ်ရဲ့ ပြစ်မှုဟာ သူမတူအောင် ရက်စက်ကြမ်းကြုတ်ပြီး၊ ကြိုတင်ကြံစည်ပြီး လုပ်ဆောင်ခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်မယ့်အခြေအနေထက် ကျော်လွန်သွားခဲ့ပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။
တရားသူကြီးတွေက ဘစ်ကို အဆိပ်ရှိတဲ့အရာဝတ္ထုတွေ တရားမဝင် လက်ဝယ်ထားမှုအတွက် ထောင်ဒဏ် ၁၅ နှစ်ပါ ပေါင်းပြီး ချမှတ်ခဲ့တာဖြစ်ပြီး လူသတ်မှုအတွက် သေဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့အစီရင်ခံစာအရ ဘစ်ဟာ အသက် ၄၀ အရွယ်ခင်ပွန်း၊ သူတို့ရဲ့ ကလေး ၂ ယောက်၊ သူမရဲ့အဖေ၊ သူမရဲ့အစ်ကို မိသားစုနဲ့အတူ နေထိုင်တယ်လို့ သိရပါတယ်။
သူတို့ မိသားစုဟာ အစားအစာတွေချက်ပြုတ်ရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်ကြတာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ဘစ်ရဲ့ ခင်ပွန်းက အကြွေးနွံနစ်ပြီးနောက် အွန်လိုင််းပေါ်ကနေ ဆိုင်ယာနိုက်အဆိပ်ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။
အစတုန်းကတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ဖို့ရည်ရွယ်ချက်နဲ့ ဝယ်ထားခဲ့တာဖြစ်ပြီး သူမရဲ့ အိပ်ခန်းထဲက ရေချိုးခန်းထဲမှာ တိတ်တဆိတ်သိမ်းဆည်းထားခဲ့တယ်လို့ သိရပါတယ်။
အချိန်ကြာလာလေ မိသားစုဝင်တွေကြားက ပဋိပက္ခတွေက ပိုပြီး ပြင်းထန်လာတာကြောင့် ဘစ်က နောက်ဆုံးမှာတော့ ဒေါသကို မထိန်းနိုင်တော့ဘဲ အဆိပ်ကို ကိုယ့်အတွက် သုံးရမယ့်အစား ဆွေမျိုးေတွကို လက်စားချေရာမှာ သုံးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ကြားနာစစ်ဆေးမှုအရ ဘစ်ဟာ သူမရဲ့ မိသားစုဝင် ၄ ဦးကို အချိန်အတော်ကြာ အဆိပ်ခတ်ခဲ့တာဖြစ်ပြီး သူမရဲ့ ခင်ပွန်းနဲ့ အစ်ကိုရဲ့ ကလေး ၂ ယောက်အပါအဝင် ၃ ဦးသေဆုံးခဲ့ပါတယ်။
စတုတ္ထမြောက်သားကောင်ဖြစ်တဲ့ သူမရဲ့ အသက် ၁၉ နှစ်အရွယ် တူကတော့ အရေးပေါ် ကုသမှုခံယူပြီးနောက် သေဘေးက လွတ်မြောက်ခဲ့ပြီး တရားသူကြီးတွေရဲ့ ပြောကြားချက်အရ ဘစ်ဟာ သူမရဲ့ခင်ပွန်း ပုံမှန်သောက်နေကျ ဆေးတောင့်ထဲက ဆေးတွေကို ထုတ်ပြီးတော့ ဆိုင်ယာနိုက်အဆိပ်တွေနဲ့ ပြန်ဖြည့်ထားခဲ့ပြီး အဆိပ်ခတ်ခဲ့တာလို့ သိရပါတယ်။
ဘစ်ရဲ့ ခင်ပွန်းဖြစ်သူက အဆိပ်ခတ်ထားတဲ့ ဆေးကို သောက်ခဲ့ပြီးနောက် သေဆုံးခဲ့ပြီး အဲဒီနောက်မှာ သူမ အစ်ကိုရဲ့ ကလေး ၂ ယောက်ဖြစ်တဲ့ အသက် ၈ နှစ်အရွယ်နဲ့ ၁၃ နှစ်အရွယ် ကလေးငယ် ၂ ဦးကို သောက်ရေထဲမှာ ဆိုင်ယာနိုက်ကို ဖျော်ပြီး အဆိပ်ခတ်သတ်ခဲ့တာဖြစ်ပါတယ်။
ကလေး ၂ ယောက်စလုံးက ဆိုင်ယာနိုက်အဆိပ်သင့်မှုကြောင့် ပြင်းထန်တဲ့ လက္ခဏာတွေ ပြသခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ သေဆုံးသွာခဲ့ကြတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လမှာ ဘစ်က သူမရဲ့ အသက် ၁၉ နနှ်အရွယ် တူဖြစ်သူကိုပါ နောက်ထပ် အဆိပ်ခတ်သတ်ဖို့ ခင်ပွန်းဖြစ်သူကို လုပ်ခဲ့တဲ့အတိုင်း ဆေးတောင့်ထဲ ဆိုင်ယာနိုက်ထည့်တဲ့နည်းလမ်းကို အသုံးပြုပြီး ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသက် ၁၉ နှစ်အရွယ် ကောင်လေးက အဆိပ်သင့်တဲ့လက္ခဏာ မြင်တွေ့ခဲ့ရပြီးနောက် အရေးပေါ်ကုသမှုခံယူဖို့ ဆေးရုံကို အမြန်ပြေးခဲ့တာကြောင့် အသက်ရှင်ခဲ့တာဖြစ်ပြီး အဲဒီကနေ ဘစ်ရဲ့ ကြောက်မက်ဖွယ် အိမ်တွင်းလုပ်ကြံမှုဇာတ်လမ်းကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးသူတွေက နောက်ပိုင်းမှာ ဘစ်ရဲ့ ထွက်ဆိုချက်အရ သင်္ချိုင်းထဲမှာ ပလတ်စတစ်ဘူးနဲ့ ဝှက်ထားတဲ့ ပိုတက်စီယမ် ဆိုင်ယာနိုက် ၇၈၄ ဂရမ်ကို သွားရောက်ရှာဖွေသိမ်းဆည်းမိခဲ့ပါတယ်။
တရားခွင်မှာ စစ်ဆေးကြားနာမှုအတွင်း ဘစ်က သူမရဲ့ လုပ်ရပ်တွေကို ဝန်ခံခဲပြီး နောင်တကြီးစွာရခဲ့ပေမယ့် အဲဒီအချိန်တုန်းက စိတ်မထိန်းနိုင်ဘဲ လုပ်ခဲ့မိတာလို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း တရားရုံးက သားကောင်ဖြစ်ခဲ့ရတဲ့သူတွေဟာ ကလေးသူငယ်တွေနဲ့ ဆွေမျိုးသားချင်းအရင်းတွေဖြစ်တာကို ထောက်ရှုပြီး တရားခံဟာ သွေးအေးအေးနဲ့ လူမဆန်တဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပြီးတော့ ပြန်လည်ပြုပြင်ဖို့ ဖြစ်နိုင်ခြေမရှိဆိုတဲ့ မှတ်ချက်နဲ့အတူ လူ့အသိုင်းအဝိုင်းထဲက ဖယ်ရှားပစ်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
#မြန်မာ #သတင်းစုံ
Ref: TapChiVN
06/12/2025
ဒလီသမားဆို ရေတောင် မတိုက်တဲ့ ရန်ကုန်က ဆိုင်တွေကို တကွက်ပြလိုက်တဲ့ မန္တလေး
အရီးတောင်းလက်ဖက်ဆိုင် (စေတနာ ကောင်းလို့ ရောင်းကောင်းနေတာပါ)
ဒီနေ့ သဘောကျသွားရတဲ့ မြင်ကွင်းလေး၊ ရန်ကုန် လှိုင်ကန်လမ်းမှာ ဖွင့်ထားတဲ့ အရီးတောင်းဆိုင်ကနေ ပါဆယ်မှာထားပြီး ကားပေါ်ထိုင်စောင့်နေတာ၊ ဖုဒ်ပန်ဒါက ကလေးတယောက်က စက်ဘီးရပ်ပြီးတာနဲ့ ပျာယိပျာယာ စားပွဲဆီသွားပြီး အုပ်ဆောင်းလေးဖွင့် ထိုင်စားတော့တာပဲ (ဗိုက်ဆာရှာတာနေမယ်)
ကိုယ်လဲ အရီးတောင်းကို ခဏခဏသာ သွားစားနေတာ၊ ဆိုင်ထဲပဲ သွားနေကျဆိုတော့ ဒါတွေမသိဘူး။ အဲဒါနဲ့ အရီးတောင်းကို မေးကြည့်တော့ ဒလီရို၊က်ဒါ လေးတွေစားဖို့ လက်ဖက်အုပ်ကြီးတွေ ချပေးထားတာ တနေကုန်လဲ အပြည့်ပြန်ဖြည့်ပေးနေတာတဲ့
ရို၊က်ဒါလေးတွေကလည်း အရမ်းစားကောင်းကြောင်း၊ ကျေးဇူးတင်ကြောင်းတွေ ပြောကြရှာတယ်တဲ့၊ ကောင်းလိုက်တဲ့ စိတ်ကူးလေးနော်။ ဆိုရှယ်မီဒီယာပေါ်လည်း တက်မကြွယ်ဘူး။ တကယ်ကို စေတနာအပြည့်နဲ့လုပ်ပေးထားတာ
#ထိုင်းနိုင်ငံ #မြန်မာ #သတင်းစုံ
06/12/2025
ကြက်ဥလာဝယ်တဲ့။မြန်မာနိုင်ငံသားနှစ်ယောက်ကို။
ပုံမှာမြင်တဲ့ထိုင်းလူမျိုးအမကြီးက ။ ကြက်ဥလည်းအလကားပေးလိုက်တယ် ။နောက်ပြီးတော့
ထိုင်းဘတ်ငွေ ။တစ်ယောက်ကို ၁၀၀၀ ပေးလိုက်သေးတယ်ဗျာ အဲဒီအချိန်မှာ မြန်မာကောင်လေးနှစ်ယောက်က လက်အုပ်လေးချီပြီးတော့ ကျေးဇူးတင်စကားပြောကြားလိုက်တဲ့အချိန်မှာ။ အနောက်ကထိုင်းလူမျိုးတွေအများကြီး။ လက်ခုပ်တီးကြတယ်
ထိုင်းလူမျိုးတို့ရဲ့ ဓလေ့ထုံးစံ လူတစ်ယောက်ကိုအကူညီပေးပြီးရင် ကျေးဇူးတင်စကားပြောတဲ့အချိန်မှာ လက်အုပ်လေးချီပြီးတော့ပြောတာကိုထိုင်းလူမျိုးတွေသဘောကျတာပါ။ အဲဒါကြောင့်မလို့လက်ခုပ်တီးကြတာ ထိုင်းလူမျိုးအစ်မကြီးကိုချီးမြှောက်သင့်ပါတယ် စိတ်ကောင်းရိှတဲ့သူကိုအားပေးစကားတစ်ခွန်းဆီ ပေးခဲ့ကြပါဦးဗျာ
#မြန်မာ #ထိုင်းနိုင်ငံ
06/12/2025
ရန်ကုန်မြို့က ကော်ဖီဆိုင်တွေမှာ ထိုင်ကြည့်လိုက်ပါ
တချို့လူတွေက တံဆိပ်ကြီးတဲ့ အင်္ကျီတွေဝတ်၊ ဖုန်းအသစ်တွေကိုင်ပြီး သူဌေးပုံ ပေါက်နေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အကောင့်ထဲမှာ ငွေအရေးပေါ် ၅ သိန်းတောင် ရှိချင်မှ ရှိမှာပါ။ ဒါကို "Fake Rich" (အပေါ်ယံသူဌေး) လို့ ခေါ်ပါတယ်။ သူတို့ မွဲနေစေတဲ့ အကြောင်းရင်း (၅) ချက်ကတော့...
၁။ မင်္ဂလာဆောင်ကို အကြွေးယူ ကျင်းပခြင်း (The Wedding Trap) တစ်ရက်တည်း လှပဖို့အတွက် နှစ်ပေါင်းများစွာ ပိုက်ဆံစုတာ (သို့) အကြွေးယူတာဟာ မြန်မာလူငယ်တွေရဲ့ အကြီးမားဆုံး ငွေကြေးအမှားပါပဲ။ အိမ်ထောင်ရေးက အရေးကြီးပါတယ်၊ မင်္ဂလာပွဲက အရေးမကြီးပါဘူး။
၂။ ကားကို အရင်ဝယ်ခြင်း (Buying Depreciating Assets) အိမ်မပိုင်သေးဘဲ ကားအရင်ဝယ်တာဟာ စီးပွားရေးအရ တွက်ခြေမကိုက်ပါဘူး။ ကားက ဝယ်လိုက်တာနဲ့ တန်ဖိုးကျသွားသလို၊ ဆီဖိုး/ပြင်ဖိုးနဲ့ သင့်ပိုက်ဆံကို လစဉ် စုပ်ယူနေမယ့် "Liability" (ကြွေးမြီ) သက်သက်သာ ဖြစ်ပါတယ်။
၃။ ကလေးတွေကို ငွေအကြောင်း မသင်ပေးခြင်း မိဘတွေက "ပိုက်ဆံဆိုတာ သစ်ပင်ပေါ်က ခူးလို့ရတာ မဟုတ်ဘူး" လို့ပဲ ပြောတတ်ကြတယ်။ ဒါပေမဲ့ ပိုက်ဆံကို ဘယ်လိုပွားအောင် လုပ်ရမလဲဆိုတာ မသင်ပေးကြပါဘူး။ ဒါကြောင့် သားသမီးတွေက မိဘရှာသမျှ ထိုင်ဖြုန်းတဲ့သူတွေ ဖြစ်လာကြတာပါ။
၄။ ကျန်းမာရေးကို လျစ်လျူရှုခြင်း ကျန်းမာရေး မကောင်းရင် ရှာထားသမျှ ငွေတွေက ဆေးရုံစရိတ် ဖြစ်ကုန်မှာပါ။ သူဌေးတွေက ကျန်းမာရေးကို "Investment" (ရင်းနှီးမြှုပ်နှံမှု) လို့ သဘောထားပြီး၊ ဆင်းရဲသားတွေက "Expense" (ကုန်ကျစရိတ်) လို့ ထင်ကြပါတယ်။
၅။ ငွေကြေးဖောင်းပွမှုကို နားမလည်ခြင်း (Inflation) ဘဏ်ထဲမှာ သိန်း ၁၀၀၀ စုထားရင် ချမ်းသာပြီလို့ ထင်နေပါသလား? ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ သင့်ပိုက်ဆံတန်ဖိုးက နေ့တိုင်း ကျဆင်းနေတာပါ။ ပိုက်ဆံကို ငြိမ်ငြိမ်လေး ထားထားတာက အန္တရာယ် အများဆုံးပါပဲ။
#မြန်မာ
06/12/2025
ကျွန်တော်တို့ရှမ်းပြည်တော့အရမ်းအေးနေပြီဗျာ
သူငယ်ချင်းတို့မြိုတွေဘက်ရော အေးနေပြီလားဗျ
#မြန်မာ
29/11/2025
ဆိုင်တွေမှာစားစရာမက ဆိုင်သုံးပစ္စည်းတွေပါ
ခိုးယူမှုများ ပေါ်လာနေတဲ့
ထိုင်းနိင်ငံ ဟက်ယိုင်မြို့က ရေကြီးစဉ်အခွင့်ကောင်းယူကြတဲ့သူများ .. မလုပ်သင့်တာကိုအခွင့်ကောင်းယူပီးလုပ်သွားကြတယ် …
တစ်ချို့ကသိန်းချီခိုးသွားတာ အရက်အကောင်းစားတွေလဲပါပါတယ်…
#ထိုင်းနိုင်ငံ
#ထိုင်းနိုင်ငံရေကြီးမှု၂၀၂၅
27/11/2025
တစ်မြို့လုံးရေကြီးပီး ကြိုတင်ပြင်ဆင်မှုကြောင့်ရေမကြီးခဲ့တဲ့အိမ် …ကြိုတင်ပြင်ဆင်မှုရှိနေရင် သူတစ်ပါးထက်သာတယ်ဆိုတာဒါကိုပြောတာ…
#ရေကြီးမှု #မြန်မာ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok