Defying Old Age
Quality Of Life
21/10/2025
HI
GOOD MORNING EVERYONE
Welcome to Defying Old Page
မိတ်ဆွေတို့ရေ အလုပ်ကိစ္စလေးတွေရှိနေတာကြောင့်
လေ့ကျင့်ခန်း မလုပ်ဖြစ်ဘူးကွယ်
ကျမတို့ရဲ့အရွယ်တင်နုပျိုခြင်းက လေ့ကျင့်ခန်း လိုအပ်သလို
နေထိုင်စားသောက်မှုပုံစံတွေလဲပြင်ဖို့လိုပါတယ်
စားသင့်တာ နဲ့ မစားသင့်တာတွေလဲသိထားရမယ်နော်
ဒါကမနေ့ကစားခဲ့တဲ့ ကျမရဲ့နေ့လည်စာလေးပါ။
မိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာပြီး အရွယ်တင်နုပျိုကြပါစေ။
ချစ်တဲ့
မ ခင် မာ
21.10.2025
HI
Good Morning Everyone
Welcome to Defying Old Age page
ဒီနေ့တော့ မနေ့ကလေ့ကျင့်ခန်းနဲနဲပြင်းပြင်းလေးလုပ်မိတော့
ဇရာက ဇာတိပြလာပြန်တယ်
အရင်ကဒူးကျီးပေါင်းဖြစ်ထားဘူးလေတော့နဲနဲပြန်နာခြင်တာနဲ့ လေ့ကျင့်ခန်းနားပေါ့
ဒါပေမဲ့လဲကျမတို့ ဘဝမှာ ရုပ်လဲကျန်းမာဖို့လိုသလို စိတ်လဲကျန်းမာဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် ရုပ်အတွက် လေ့ကျင့်ခန်းမလုပ်ဖြစ်ပေမဲ့ စိတ်အတွက် လေ့ကျင့်ခန်းဖြစ်စေဖို့
ဆရာမ
မွန်ဟော်စီရဲ့ စိတ်ကိုအဆိပ်ထုပ်ခြင်းဆိုတဲ့ YouTube ကနေအသံဖိုင်လေးနားထောင်ဖြစ်ပါတယ်။
အမှန်တွေမို့ ကျမတို့တွေအားလုံးနားထောင်ပြီး ကိုယ့်စိတ်ထဲကအဆိပ်တွေထုပ်ပြစ်နိုင်ရင် အရွယ်တင်နုပျိုနိုင်ကြပါတယ်။
ချစ်တဲ့
မ ခင် မာ
8.10.2025
Hi
Everyone
Welcome to Defying Old Age page
ဒီနေ့တော့မနက်ပိုင်းအားကစားလေးလုပ်
ပြီးတော့ ဝပ်မဏီဝုဏ်လို့ခေါ်တဲ့
နဂါးသိုက်ဘုရားအလည်ရောက်
ဇရာကိုအန်တုဖို့စိတ်ချမ်းသာဖို့လဲလိုတယ်
မွန်းကျပ်တဲ့မြို့ပြကနေ ခဏတာ ထွက်ဖို့လဲလိုတယ်နော်
ခရီးတွေ မကြာခဏ ထွက်ခြင်းအားဖြင့်လဲ အရွယ်တင်နုပျိုစေပါတယ်။
ချစ်တဲ့
မ ခင် မာ
7.10.2025
HI
Good Morning Everyone
Welcome to Defying Old Age page
သီတင်းကျွတ် လပြည့်နေ့လေးမှာ ချစ်သောမိတ်ဆွေအပေါင်း
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ဘေးဘယာတွေဝေးပြီး
လိုရာဆန္ဒ တလုံးတဝ ထဲ ပြီးပြည့်စုံကြပါစေ။
ချစ်တဲ့
မ ခင် မာ
6.10.2025
Hi
Good Morning Everyone
ယနေ့ ကျမတို့ရလာတဲ့ အကျိုးတရားများဟာ
ကျမတို့ပြုလုပ်ခဲ့တဲ့ အကြောင်းတရားများသာဖြစ်သည်။
အို နာ သေ သဘာဝ တရားကြီး ကို မလွန်ဆန်နိုင်ပေမဲ့ သက်ရှည် ကျန်းမာ နိုင်တဲ့ အကြောင်းတရားများကို ကျမတို့မလွဲမသွေ ပြုလုပ်ကြရမှာဖြစ်ပါတယ်။
ကျမက ဘန်ကောက်မှာနေတာမို့အနားမှာပန်းခြံလဲမရှိ
အဖော်လဲမရှိ မိုးကလဲရွာခြင်နေတာကြောင့် အိမ်မှာဘဲ လေ့ကျင့်ခန်းလုပ်ဖြစ်ပါတယ်။
တကယ်ကျန်းမာခြင်တယ်ဆိုရင်တော့ ကျမတို့နည်းလမ်းရှာတတ်ရပါမယ်နော်။
ကျန်းမာဖို့အတွက် ဘာအကြောင်းနဲ့မှ ဆင်ခြေမရှိပါဘူးရှင်။
Name Khin Mar Win
Age Become 61
Place Bangkok Thailand
No Effect Original vedio
ချစ်တဲ့
မ ခင် မာ
4.10.2025
Defying Old Age(ဇရာကိုအန်တုခြင်း) page မှ ကြိုဆိုပါတယ်။
ကျမတို့ လူသားတွေ ဟာ အို နာ သေ ဆိုတာ လူတိုင်းရှောင်လွဲလို့မရနိုင်တဲ့ သဘာဝတရားကြီးတခုပါဘဲ။
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ရှင်သန်ခြင်း ဆိုတဲ့အချိန်လေးမှာ
ကျမတို့ရဲ့ဘဝ အရေအသွေး (quality of life)ဖြစ်ဖို့တော့လိုတယ်။
ဒါ့ကြောင့်ကိုယ်တိုင် လေ့လာထားတာလေးတွေ လိုက်နာကျင့်
သုံးပုံလေးတွေကို နားလည်သလောက်မျှဝေပေးသွားမှာမို့
Page လေးကို like & follow လုပ်ပေးကြပါအုန်းလို့
ချစ်တဲ့
မ ခင် မာ
2.10.2025
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Phaya Thai
Bangkok
10400
05/10/2025