Thet Entertainment

Thet Entertainment

แชร์

အနုပညာပုံရိပ်တွေကို ချစ်မြတ်နိုးသူ

15/04/2026

သရုပ်ဆောင် အောင်မင်းခန့်နဲ့ ဇနီးဖြစ်သူတို့ဟာ သင်္ကြန်အကျနေ့မှာ တရားစခန်းဝင်ပြီး နှစ်သစ်ကို အေးအေးချမ်းချမ်း ကြိုဆိုခဲ့ကြပါတယ်။ သင်္ကြန်အကြိုနေ့မှာတော့ သမီးလေး Aura နဲ့အတူ ပျော်ပျော်ပါးပါး ရေကစားခဲ့သလို အလှူအတန်းတွေလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။ လူငယ်စုံတွဲလေးတွေ ဖြစ်ပေမယ့် ဘာသာရေးမှာလည်း စိတ်တူကိုယ်တူ ကြိုးစားနေကြတာ တကယ့်ကို ကြည်နူးဖို့ကောင်းပါတယ်ရှင်။

15/04/2026

အဆိုတော် နီနီခင်ဇော်တစ်ယောက် သမီးလေးကာရန်နဲ့အတူ ပထမဆုံးအကြိမ် မိသားစုသင်္ကြန်လေးကို ဖြတ်သန်းခဲ့ပါတယ်။ သင်္ကြန်ရဲ့ ပျော်ရွှင်စရာအငွေ့အသက်တွေကို သမီးလေး ရရှိစေဖို့အတွက် နားကြပ်လေးဆင်ပေးပြီး အတူတူ လည်ပတ်ခဲ့ကြတာပါ။ ၁ နှစ်ကျော်အရွယ်မှာ သင်္ကြန်ကို ပထမဆုံး စတင်ထိတွေ့ခွင့်ရခဲ့တဲ့ ကာရန်လေးရဲ့ အမှတ်တရနေ့လေးပါပဲ။

15/04/2026

"နှစ်သစ်ကူး အားလပ်ရက်လေးမှာ အလုပ်တွေခဏနားပြီး မိသားစုနဲ့အတူ အချိန်ကုန်ဆုံးရင်း အပန်းဖြေနေတဲ့ ကိုနေတိုး... 😍 မိသားစုနဲ့အတူရှိနေတဲ့ ပုံရိပ်လေးတွေက တကယ့်ကို ကြည်နူးစရာပါပဲ။"

#နေတိုး

15/04/2026

"ကမ္ဘာမှာ မြန်မာ့ဂုဏ်ကို ဆောင်တဲ့ တစ်ခုတည်းသော အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကြီးပါ။ 🥰 မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ သင်္ကြန်အကြိုနေ့ကစပြီး ပျော်ရွှင်စည်ကားနေသလို၊ ရှမ်းပြည်နယ်ရဲ့ အလှဆုံး အင်းလေးကန်ထဲမှာလည်း ရေပေါ်သင်္ကြန်ကို ခမ်းနားထည်ဝါစွာ ကျင်းပနေကြတာ ဖြစ်ပါတယ်။ ဒီလို ထူးခြားလှပတဲ့ ယဉ်ကျေးမှုအလှတရားတွေကို မြင်တွေ့ရတာ တကယ့်ကို ကြည်နူးစရာပါပဲ။ 💖"

15/04/2026

"လီလီပန်းခြံမှသည် ဟင်းသီးဟင်းရွက်စိုက်ခင်းဆီသို့ - မင်းသားကြီး ဦးလွင်မိုးရဲ့ စိုက်ပျိုးရေးခရီးစဉ်သစ်"

​တစ်ချိန်က လီလီပန်းတွေနဲ့ ဝေဆာခဲ့တဲ့ ဦးလွင်မိုးရဲ့ခြံကြီးဟာ အခုအခါမှာတော့ စားဖိုဆောင်သီးနှံစိုက်ခင်းအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ ကုန်ကျစရိတ်မြင့်မားမှုနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် မြို့ပေါ်ကို တင်ပို့ဖို့ ရုန်းကန်နေရပြီး လက်ရှိမှာတော့ နီးစပ်ရာ ပတ်ဝန်းကျင်ကိုပဲ ခွဲဝေရောင်းချနေရတယ်လို့ သိရပါတယ်။ စီးပွားရေးလောကရဲ့ ရိုက်ခတ်မှုကို ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ ဦးလွင်မိုးရဲ့ လုပ်ငန်းလေး အမြန်ဆုံး ပြန်လည်ဦးမော့လာပါစေကြောင်း ပရိသတ်များက ဆုတောင်းပေးနေကြပါတယ်။

#ဦးလွင်မိုး #စိုက်ပျိုးရေး #သတင်းအနုပညာ

14/04/2026

"ကိုရီးယားက ရေကစားပွဲတွေနဲ့ တူမယ်ထင်ခဲ့ပေမယ့် တကယ်တမ်း မြန်မာ့သင်္ကြန်က ပိုလို့တောင် ပျော်စရာကောင်းနေတယ်လို့ ဖွင့်ဟလာတဲ့ K-Pop အလှလေးများ။"

14/04/2026

ချင်းမိုင်မြို့ရဲ့ ဆုန်ကရန်ပွဲတော်မှာ မန္တလေးသင်္ကြန်အလှပုံရိပ်တွေကို မြင်တွေ့ရပါတယ်။ ဒီနေ့ (ဧပြီ ၁၃) မနက်ပိုင်းက ချင်းမိုင်မြို့ လမ်းမထက်မှာ မြန်မာ့ရိုးရာစက်ဘီးတွန်းယိမ်းအကတွေနဲ့ လှည့်လည်ဖျော်ဖြေခဲ့ကြတာပါ။ ဒီဖျော်ဖြေမှုဟာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က မန္တလေးဗဟိုမဏ္ဍပ်ဖွင့်ပွဲမှာ ပြသခဲ့တဲ့ ယဉ်ကျေးမှုအကအလှအတိုင်း ပုံဖော်ထားတာဖြစ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

#ချင်းမိုင် #ဆုန်ကရန် #မြန်မာ့သင်္ကြန် #စက်ဘီးတွန်းယိမ်း

14/04/2026

"သင်္ကြန်အကြိုနေ့မှာ မန္တလေးသူ၊ မန္တလေးသားတွေနဲ့အတူ ပျော်ပျော်ပါးပါး ကုသိုလ်ယူခဲ့တဲ့ ပိုးကြာဖြူခင် ✨

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က ရတနာ PK Htun ဆိုင်ရှေ့မှာ မိသားစုနဲ့အတူ အအေးဘူး (၁၀၀၀) ကျော်နဲ့ တရော်ကင်မွန်းအထုပ် (၃၀၀၀) ကျော်ကို စေတနာအပြည့်နဲ့ လှူဒါန်းပေးခဲ့တာပါ။ ချစ်စရာကောင်းတဲ့ မင်းသမီးလေးရဲ့ သာဓုခေါ်စရာ အလှူပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်ရှင်။"

#ပိုးကြာဖြူခင် #သင်္ကြန်အလှူ

14/04/2026

"အလုပ်တွေထက် ကလေးတွေရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးတတ်တဲ့ မခိုင်နှင်းဝေကတော့ ဒီနှစ်သင်္ကြန်မှာ သီချင်းဆိုဖို့ လာရောက်ငှားရမ်းတာကိုတောင် မသွားဘဲ သားသားမီးမီးလေးတွေနဲ့အတူ အချိန်ကုန်ဆုံးရင်း အမှတ်တရတွေ ဖန်တီးနေပါတယ်ရှင် ✨"

14/04/2026

"အတုယူဖွယ် အတာသင်္ကြန် အမှတ်တရ"

နှစ်သစ်ကူး အားလပ်ရက်မှာ ပျော်ပွဲရွှင်ပွဲတွေထက် ဘာသာရေးကို ပိုမိုတန်ဖိုးထားတဲ့ ဦးလွင်မိုးတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေပါ။ တစ်ဦးကိုတစ်ဦး ဖေးမရင်း အတူတကွ တရားအားထုတ်နေကြတဲ့ သူတို့ရဲ့ မြင်ကွင်းလေးက ပရိသတ်တွေအတွက်တော့ စိတ်ချမ်းမြေ့စရာ မြင်ကွင်းတစ်ခုပါပဲ။
​ #အတာသင်္ကြန် #ဦးလွင်မိုး #ကုသိုလ်တော်

14/04/2026

"ဗီယက်နမ်ခရီးစဉ်အတွင်းမှာ ၈ ပတ်အရွယ် ဒုတိယကိုယ်ဝန် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း အသိပေးလာတဲ့ ပိုးအိအိခန့်။ လက်ရှိမှာတော့ သူမဟာ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေပြီး ပရိသတ်တွေကလည်း အားပေးစကားတွေ ပြောကြားနေကြပါတယ်။ မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။"

14/04/2026

"သင်္ကြန်အကြိုနေ့ရဲ့ မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းရင်း ကောင်းမှုကုသိုလ်တွေ စုပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်နေတိုးတို့ မိသားစုရဲ့ ကြည်နူးဖွယ်ပုံရိပ်များ...။ အားလုံးပဲ ကုသိုလ်အမျှ ရရှိကြပါစေရှင်။"

#နေတိုး #သင်္ကြန်အကြိုနေ့ #ကုသိုလ်အမျှ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


1/1 Therddamri Road Bangsu Bangsu
Bangkok
10800