Dr. Thazin

Dr. Thazin

แชร์

Aesthetic Doctor
MSc Dermatology Student
Bangkok

21/08/2026

#မျက်အိတ် အမေးအဖြေ အပိုင်း(၁)

ဒီvideoကိုမကြည့်ခင် မျက်အိတ်အကြောင်းပြောထားတဲ့အရင်videoလေးကို အရင်ပြန်ကြည့်ပေးပါရှင်
https://www.facebook.com/share/v/1CJzx8rjFC/?mibextid=wwXIfr

#ဒေါက်တာသဇင်

19/08/2026

ကိုယ့်အတွက်မှန်ကန်တဲ့ #မျက်နှာသစ်ဆေးရည် ဘယ်လိုရွေးမလဲ

17/08/2026

#မျက်အိတ် ရှိလား? မျက်အိတ်ဘာကြောင့်ဖြစ်လဲ? မျက်အိတ်သက်သာအောင်ဘာလုပ်ရမလဲ?

#ဒေါက်တာသဇင်

14/08/2026

#အိမ်မှာကိုယ့်ဘာသာမျက်နှာပေါင်းတင်ကြမယ် လိုက်လုပ်ကြည့်နော်🫶🏻
ကိုယ့်ကိုချစ်ရင် ကိုယ့်အသားရည်ကို ဂရုစိုက်ရမယ်နော်

#ဒေါက်တာသဇင်

13/08/2026

#မှဲ့ခြောက် ရှိလား? ဒီvideoကနေ မှဲ့ခြောက်အကြောင်း သိသွားမယ်မျှော်လင့်ပါတယ်။

နောက်videoမှာပြန်တွေ့ပါမယ်။

#ဒေါက်တာသဇင်

11/08/2026

#မျက်လုံးနားကငါးမျက်စိအဖုသေးသေးလေး တွေရှိရင်ဒီVideoကြည့်ပေးပါ

#ဒေါက်တာသဇင်

09/08/2026

🌅Morning Exercise done 🏃🏻‍♀️✨
ကျွန်မကတော့ မနက်ပိုင်းgymသွား လေ့ကျင့်ခန်းလုပ်ရတာကို ကြိုက်တဲ့သူပါ။
တချို့တွေကတော့ အလုပ်ပြီးညပိုင်းမှ လေ့ကျင့်ခန်းလုပ်ရတာကို ပိုအဆင်ပြေတယ်လို့ ပြောကြတယ်။

ကျွန်မအတွက်တစ်ခုသတိထားမိတာကတော့ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့နေ့ဆိုရင် လူကတစ်နေ့တာလုံး ခံစားချက်mood နဲ့ energy ပိုကောင်းတယ်။
အထူးသဖြင့် အလုပ်လုပ်ရင်focus နဲ့ productivity အလုပ်ပေါ်စူးစိုက်မှုအားနှင့်လုပ်နိုင်စွမ်းအားလည်း ပိုတိုးလာတာကိုလည်း သတိထားမိတယ်။

ကိုယ်ကရော မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ရတာကြိုက်လား? ညပိုင်းလေ့ကျင့်ခန်းလုပ်ရတာပိုကြိုက်လား?
Comment မှာ share ပေးခဲ့ပါဦးနော် 💬

အဓိကအရေးကြီးတာကတော့ ဘယ်အလုပ်မဆိုမနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် ပုံမှန်လုပ်သွားနိုင်တဲ့ Consistencyက အရေးကြီးဆုံးပါပဲ။

ကိုယ်၊စိတ်အနားရတဲ့ Sundayလေးဖြစ်ပါစေရှင်🥰🤍

06/08/2026

#ဗောက်ဖတ်နဲ့မျက်နှာမှာရှိတဲ့အဖြူဖတ်
အသားခြောက်နေတာမဟုတ်ပါဘူး❌

02/08/2026

Beauty Sleep ဆိုတာ တကယ်ရှိတာလား?
အသားရည်လှချင်ရင်… တစ်နေ့ ဘယ်နှနာရီ အိပ်ဖို့လိုအပ်သလဲ?
Skincare အကောင်းစားတွေ သုံးနေပေမယ့် ဘာလို့ Glow မဖြစ်သေးတာလဲ?” လို့ တွေးဖူးပါသလား။

ဘာလို့လဲဆိုတော့ အဖြေက
လုံလောက်အောင်အိပ်စက်ခြင်း (Quality Sleep) ဆိုတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ထည့်သွင်းမစဉ်းစားလို့ပဲဖြစ်ပါတယ်။

ဒီနေရာမှာBeauty Sleep ဆိုတာထပ် အိပ်ချိန်နဲ့ပက်သက်ပြီး သိပ္ပံနည်းကျ တွေ့ရှိပြီးသားအချက်တွေကိုပြောပြပေးပါမယ်။

⏰ တစ်နေ့ ဘယ်နှနာရီ အိပ်သင့်သလဲ?
ကျန်းမာတဲ့အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့ ၇–၉ နာရီ အိပ်စက်ဖို့ အကြံပြုထားပြီးသားဖြစ်ပါတယ်။
(စာကြွင်း-ဒီအချက်က တစ်ယောက်နဲ့တစ်ယောက်ရဲ့
ဇိဝကမ္မဖြစ်စဉ်ကွာသေးတာကြောင့် လူတိုင်းအတွက်အတိအကျဖြစ်ရမယ်တော့မဟုတ်ပါဘူး)
ဒါပေမဲ့ ဒီနေရာမှာ အိပ်ချိန်ထပ်ပိုအရေးကြီးတာက တစ်
ဆက်ထဲအိပ်ပျော်သွားခြင်းဆိုတဲ့ sleep quality(အိပ်စက်ခြင်းအရည်အသွေး)ဖြစ်ပါတယ်။ အကြာကြီးတော့အိပ်ပါတယ် ခဏခဏကြားထဲမှာနိုးနေမယ်ဆိုရင် အိပ်စက်ခြင်းအရည်သွေးမကောင်းပါဘူး။

🌙 ဘာလို့အိပ်ချိန်က အသားရည်လှဖို့အရေးကြီးတာလဲ? အိပ်နေချိန်မှာ အသားရည်မှာ ဘာတွေဖြစ်နေသလဲ?
ညအိပ်နေချိန်မှာ ခန္ဓာကိုယ်က Repair Mode ဆိုတဲ့ပြန်လည်ပြုပြင်ခြင်းအဆင့်ကို လုပ်နေပါတယ်။
✔️ ပျက်စီးနေတဲ့ အသားရည်Skin Cells တွေကို ပြန်လည်ပြုပြင်ပေးတယ်။
✔️ Collagen ထုတ်လုပ်မှုကို အားပေးပြီး အသားရေတင်းရင်းမှုကို ကူညီပေးတယ်။
✔️ အရေပြားအကာကွယ်လွှာSkin Barrier ကို ပြန်လည်အားကောင်းစေပြီး ရေဓာတ်ထိန်းသိမ်းနိုင်စွမ်းကို မြှင့်တင်ပေးတယ်။
✔️ သွေးလည်ပတ်မှု ကောင်းလာတာကြောင့် အသားရည်က ပိုကြည်လင်ပြီး Healthy Glow ရလာနိုင်ပါတယ်။

❗ဒါဆို အိပ်ရေးမဝတာ ကြာလာရင်…
• အသားရည် မွဲခြောက်လာနိုင်တယ်။
• မျက်ကွင်းညို၊ မျက်အိတ်ဖောင်းလာနိုင်တယ်။
• Cortisol (Stress Hormone) မြင့်တက်ပြီး ဝက်ခြံပိုထွက်လွယ်လာနိုင်တယ်။
• Collagen ပျက်စီးမှု မြန်လာပြီး အရေးအကြောင်းတွေ ပိုသိသာလာနိုင်တယ်။
• Skin Barrier အားနည်းလာတာကြောင့် Sensitive Skin ဖြစ်လွယ်လာနိုင်ပါတယ်။

ဒါကြောင့်အသားရည်လှဖို့ Skincare က လိုအပ်သလို၊ အိပ်ရေးဝဝ အိပ်စက်ခြင်းကလည်း အရေပြားကို အတွင်းပိုင်းကနေ freeပြန်လည်ပြုပြင်ပေးတဲ့
သဘာဝကပေးတဲ့Treatment တစ်ခုဆိုတာကို သတိပြုစေချင်လို့ ဒီစာလေးရေပေးလိုက်ပါတယ်။

Dr.Thazin
M.B;B.S (Ygn)
Dip.Med.Sc (Family Medicine)
Diploma in Aesthetic Medicine (American Academy of Aesthetic Medicine)
M.Sc in Dermatology ( Year2 ongoing)

02/08/2026

ဒို့မိန်းကလေးမို့ လှချင်တယ်🌸🖤

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Asoke
Bangkok
10310