Your Health Navigator - ထိုင်းအိန္ဒိယကျန်းမာရေးဝန်ဆောင်မှူ

Your Health Navigator - ထိုင်းအိန္ဒိယကျန်းမာရေးဝန်ဆောင်မှူ

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Your Health Navigator - ထိုင်းအိန္ဒိယကျန်းမာရေးဝန်ဆောင်မှူ, สุขภาพ/ความงาม, Bangkok.

🏥 UK Registered ဆရာဝန် ကိုယ်တိုင်ဦးဆောင်သော Your Health Navigator
✅ ထိုင်းနှင့် အိန္ဒိယ ဆေးရုံကြီးများသို့ ချိတ်ဆက်ပေးခြင်း
✅ Medical Review နှင့် ဝန်ဆောင်မှုအားလုံး (Service Fee ၁၀၀% အခမဲ့)
📞 +66645896632 | Line: hazzahmue96

03/08/2026

လူနာတွေရဲ့ “အဆင်ပြေပါတယ်” ဆိုတဲ့ စကားလေးတွေက ကျွန်မတို့အတွက် ကြော်ငြာတစ်ခုထက် ပိုတန်ဖိုးရှိပါတယ်။ 💙💚

ဆေးရုံနဲ့ အထူးကုဆရာဝန်ရွေးချယ်ပေးခြင်းကနေ Appointment၊ Second Opinion၊ Quotation၊ ဘာသာပြန်၊ သွားလာရေးနဲ့ နေထိုင်ရေး စီစဉ်ပေးခြင်းအထိ—လူနာတစ်ယောက်ချင်းစီ လိုအပ်တာကို တစ်နေရာတည်းကနေ အဆင်ပြေအောင် ကူညီပေးနေပါတယ်။

“ကောင်းလိုက်တာ—One Stop Service”
“သေချာလေး ရှင်းပြပေးတော့ အရမ်းကျေးဇူးတင်ပါတယ်”

ဒီလို ယုံကြည်ပြီး ပြောပေးတဲ့စကားတိုင်းက Your Health Navigator ကို ပိုကောင်းအောင် ဆက်လက်လုပ်ဆောင်ဖို့ အားအင်ဖြစ်စေပါတယ်။

ယုံကြည်စွာ လွှဲအပ်ပေးခဲ့ကြတဲ့ လူနာနဲ့ မိသားစုဝင်တိုင်းကို အထူးကျေးဇူးတင်ပါတယ်။ 🙏

ထိုင်းနှင့် အိန္ဒိယတွင် ဆေးကုသမှုအတွက်—

✅ Medical Report Review & Case Guidance
✅ Second Opinion & Hospital Quotation
✅ Doctor Appointment & Hospital Coordination
✅ Myanmar Interpreter & Travel Support
✅ Treatment Follow-up

📞 +66 64 589 6632
Line / Viber / WhatsApp
📧 [email protected]
📩 Page Messenger မှ Private Inquiry ပြုလုပ်နိုင်ပါတယ်။

ကိုယ်ရေးအချက်အလက်ပါသော ဆေးမှတ်တမ်းများကို Public Comment တွင် မတင်ပေးရန် မေတ္တာရပ်ခံပါတယ်။

Review များကို လူနာ/မိသားစု၏ ခွင့်ပြုချက်ဖြင့် အမည်မဖော်ပြဘဲ မျှဝေထားပါသည်။ ကုသမှုရလဒ်များသည် လူနာတစ်ဦးချင်းစီ၏ အခြေအနေအလိုက် ကွာခြားနိုင်ပါသည်။

02/08/2026

🚽 နာတာရှည်ဝမ်းချုပ်ခြင်း—ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်လဲ?

ဝမ်းချုပ်ခြင်းကို “ရေသောက်နည်းလို့ပဲ” သို့မဟုတ် “အသီးအရွက်စားလိုက်ရင် ပျောက်သွားမှာပါ” လို့ အမြဲလွယ်လွယ်သတ်မှတ်လို့မရပါဘူး။

အောက်ပါအခြေအနေတွေကို ဝမ်းချုပ်ခြင်းရဲ့ လက္ခဏာတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။

▪️ တစ်ပတ်မှာ ဝမ်းသွားခြင်း ၃ ကြိမ်ထက်နည်းခြင်း
▪️ ဝမ်းမာပြီး သွားရခက်ခဲခြင်း
▪️ အားအလွန်စိုက်ပြီးမှ ဝမ်းသွားနိုင်ခြင်း
▪️ ဝမ်းသွားပြီးပေမဲ့ မကုန်သေးသလိုခံစားရခြင်း
▪️ ဝမ်းသွားရန် အချိန်အလွန်ကြာခြင်း

🔍 ဘာကြောင့် ဝမ်းချုပ်တတ်တာလဲ?

အမျှင်ဓာတ်နှင့်ရေဓာတ်မလုံလောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဝမ်းသွားချင်စိတ်ကို အကြာကြီးထိန်းထားခြင်းတို့ကြောင့် ဖြစ်နိုင်သလို—

▪️ သောက်နေတဲ့ဆေးဝါးအချို့
▪️ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း
▪️ ဆီးချိုရောဂါ
▪️ Irritable Bowel Syndrome
▪️ အာရုံကြောဆိုင်ရာရောဂါအချို့
▪️ ဝမ်းသွားချိန် တင်ပါးဆုံကြွက်သားများ ပုံမှန်မဖြေလျှော့နိုင်ခြင်း
▪️ အူလမ်းကြောင်းပိတ်ဆို့မှု သို့မဟုတ် အခြားအူမကြီးရောဂါများ

ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

⚠️ ဝမ်းချုပ်ခြင်းတိုင်းဟာ အူမကြီးကင်ဆာမဟုတ်ပါဘူး။

ဒါပေမဲ့ အရင်ကမရှိဖူးတဲ့ ဝမ်းသွားမှုပုံစံပြောင်းလဲခြင်း သို့မဟုတ် နာတာရှည်ဝမ်းချုပ်ခြင်းဟာ အချို့လူနာတွေမှာ အူမကြီးရောဂါတစ်ခုရဲ့ သတိပေးလက္ခဏာဖြစ်နိုင်ပါတယ်။

အောက်ပါအခြေအနေတစ်ခုခု ပါလာရင် လျစ်လျူမရှုဘဲ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

🚩 ဝမ်းထဲသွေးပါခြင်း သို့မဟုတ် ဝမ်းအရောင်မည်းလာခြင်း
🚩 အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
🚩 ဖြူဖျော့ခြင်း၊ အားနည်းမောပန်းခြင်း သို့မဟုတ် သွေးအားနည်းခြင်း
🚩 ဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်း အလှည့်ကျဖြစ်ခြင်း
🚩 ဝမ်းအရွယ်အစား ဆက်တိုက်သေးသွားခြင်း
🚩 ဗိုက်နာခြင်း သို့မဟုတ် ဗိုက်ဖောင်းခြင်း မသက်သာခြင်း
🚩 နှစ်ပတ်ကျော်ကြာတဲ့အထိ ဝမ်းသွားမှုပုံစံ ဆက်လက်ပြောင်းလဲနေခြင်း
🚩 အသက် ၄၅ နှစ်ကျော်ခြင်း သို့မဟုတ် မိသားစုထဲတွင် အူမကြီးကင်ဆာ/အသားပို ရာဇဝင်ရှိခြင်း

ဗိုက်အလွန်နာခြင်း၊ ဆက်တိုက်အန်ခြင်း၊ ဗိုက်တင်းဖောင်းလာခြင်းနဲ့ ဝမ်းရောလေရော လုံးဝမသွားနိုင်ခြင်းတို့ ဖြစ်လာပါက အရေးပေါ်စစ်ဆေးမှုခံယူသင့်ပါတယ်။

🩺 ဆရာဝန်က ဘယ်လိုစစ်ဆေးကုသပေးမလဲ?

လူနာရဲ့လက္ခဏာ၊ အစားအသောက်ပုံစံ၊ သောက်နေတဲ့ဆေးနဲ့ ရောဂါရာဇဝင်ပေါ်မူတည်ပြီး—

✅ သွေးစစ်ဆေးမှု
✅ Colonoscopy
✅ Anorectal Manometry
✅ အခြားလိုအပ်တဲ့ အစာခြေလမ်းကြောင်းစစ်ဆေးမှုများ

ပြုလုပ်နိုင်ပါတယ်။

ကုသမှုမှာ အစားအသောက်နဲ့နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ သင့်တော်တဲ့ဝမ်းပျော့ဆေး၊ Pelvic Floor Biofeedback Training သို့မဟုတ် တွေ့ရှိရတဲ့အကြောင်းရင်းအလိုက် သီးခြားကုသမှုများ ပါဝင်နိုင်ပါတယ်။ ဝမ်းပျော့ဆေးကို အချိန်ကြာကြာ ကိုယ့်ဘာသာဆက်သောက်နေမယ့်အစား အကြောင်းရင်းကို အရင်ရှာဖွေခြင်းက ပိုအရေးကြီးပါတယ်။

💙 Your Health Navigator မှ ကူညီပေးနိုင်တာများ

✅ Medical Report များ ကြိုတင်ကြည့်ရှုပေးခြင်း
✅ သင့်တော်တဲ့အထူးကုဆရာဝန် ရွေးချယ်ပေးခြင်း
✅ Samitivej Hospital Appointment ရယူပေးခြင်း
✅ စစ်ဆေးမှုနှင့် ခန့်မှန်းကုန်ကျစရိတ် တောင်းခံပေးခြင်း
✅ မြန်မာဘာသာပြန်နှင့် ဆေးရုံလိုက်ပါကူညီပေးခြင်း
✅ Bangkok ရှိ ခရီးသွားနှင့်နေရာထိုင်ခင်းလိုအပ်ချက်များ စီစဉ်ပေးခြင်း

📞 +66 64 589 6632
📲 LINE | Viber | WhatsApp
📧 [email protected]

📍 Yangon Office
မေခအိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့

Photos from Your Health Navigator - ထိုင်းအိန္ဒိယကျန်းမာရေးဝန်ဆောင်မှူ's post 02/08/2026

📢 WE’RE HIRING — YOUR HEALTH NAVIGATOR

Yangon Office အတွက် အောက်ပါရာထူး (၂) နေရာ ခေါ်ယူနေပါသည်။

📍 မေခအိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်

1️⃣ Part-Time Medical Officer

• M.B.,B.S ဘွဲ့
• လူနာတွေ့ဆုံခြင်း၊ Medical Reports စစ်ဆေးခြင်း၊ Case Summary ရေးခြင်း
• Page မှ Medical Inquiries ဖြေကြားခြင်းနှင့် Medical Content ဖန်တီးခြင်း
• တစ်ပတ် ၄ ရက် — Tuesday မှ Sunday အတွင်း Schedule ညှိနှိုင်းမည်
• Monday ပိတ်သည်

2️⃣ Patient Care & Office Coordinator — Full-Time

• လူနာမေးမြန်းချက်၊ Appointment၊ Hospital Follow-up နှင့် Office Administration တာဝန်ယူခြင်း
• page Admin၊ Canva/CapCut နှင့် Basic English အသုံးပြုနိုင်သူ
• စိတ်ရှည်ပြီး တာဝန်ယူမှုရှိသူ
• Tuesday မှ Sunday အထိ တစ်ပတ် ၆ ရက်
• Monday ပိတ်သည်

လျှောက်ထားလိုသူများ CV ပေးပို့နိုင်ပါသည်။

📧 [email protected]
📲 Viber: +66 64 589 6632

Shortlisted Candidates များကိုသာ Interview အတွက် ဆက်သွယ်ပေးပါမည်။

01/08/2026

ဆီးချိုရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ? (Praram 9 Hospital မှ ဆရာဝန်ကြီး၏ အကြံပြုချက်များ) 🩺✨

ကျန်းမာရေးကို အလေးထားတဲ့ သူတွေအတွက် ဆီးချိုရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာက အရမ်းအရေးကြီးတဲ့ အချက်ပါပဲ။ ယနေ့ခေတ်မှာ လူနေမှုပုံစံပြောင်းလဲလာတာနဲ့အမျှ ဆီးချိုရောဂါဖြစ်ပွားမှုက ပိုများလာပါတယ်။ ဒါကြောင့် ဆီးချိုမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Health Talk ပွဲမှာ Praram 9 Hospital က ဆရာဝန်ကြီးက အခုလိုပဲ အကြံပြု ရှင်းပြပေးခဲ့ပါတယ်။

၁။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
အရေးကြီးဆုံးအချက်ကတော့ မိမိရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ရှိသင့်တဲ့အလေးချိန် (BMI အတိုင်း) အတွင်းမှာ ထိန်းသိမ်းထားဖို့ပါပဲ။ အဝလွန်တာက ဆီးချိုရောဂါဖြစ်ဖို့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို အမြဲဂရုစိုက်သင့်ပါတယ်။

၂။ အစားအသောက် ဆင်ခြင်ပါ
ရှောင်ကြဉ်ရမည့် အစားအစာများ: အဆီ၊ အဆိမ့်၊ အချိုကဲတဲ့ အစားအစာတွေနဲ့ သကြားပါဝင်မှုများတဲ့ အချိုရည်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
လျှော့စားသင့်သည့် အစားအစာများ: အဆီများတဲ့ အသားတွေ၊ ပြုပြင်ဖန်တီးထားတဲ့ အစားအစာတွေ (Processed foods)၊ ကစီဓာတ်များတဲ့ အစားအစာတွေ (Carbohydrates) နဲ့ ဆန်ဖြူ၊ ပေါင်မုန့်ဖြူ စတဲ့ အစားအစာတွေကို လျှော့စားဖို့ လိုအပ်ပါတယ်။
စားသုံးသင့်သည့် အစားအစာများ: အသီးအရွက်၊ သစ်သီးဝလံတွေ၊ အစေ့အဆန်တွေနဲ့ အဆီနည်းတဲ့ အသားတွေကို ပိုမိုစားသုံးပေးပါ။ ဒီလို စားသောက်မှုပုံစံက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
နေ့စဉ်လှုပ်ရှားမှု: တစ်နေ့ကို ခြေလှမ်း ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ လမ်းလျှောက်ပေးဖို့ ကြိုးစားပါ။
ကိုယ်လက်လှုပ်ရှားမှု: တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် (တစ်နေ့ကို နာရီဝက်ခန့်) လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးတာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

၄။ ဆေးဝါးကုသမှု (လိုအပ်ပါက)
ခန္ဓာကိုယ်အလေးချိန်များတဲ့ သူတွေအတွက် အချို့သော ဆေးဝါးတွေက အဆီကျဖို့၊ အစားအသောက်ထိန်းဖို့နဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။ ဒီဆေးတွေက ဆီးချိုရောဂါကို ပျောက်ကင်းစေတဲ့အထိတောင် အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် ဆေးဝါးကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။

ဆီးချိုရောဂါကို ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ မိမိရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို ပြောင်းလဲပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေကို မွေးမြူခြင်းအားဖြင့် ဆီးချိုရောဂါကို အလွယ်တကူ ကာကွယ်နိုင်ပါတယ်။ အစားအသောက်ထိန်းတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာနဲ့ ကိုယ်အလေးချိန်ကို ဂရုစိုက်တာက ဆီးချိုရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Praram 9 Hospital မှ ဆရာဝန်ကြီးတွေနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Your Health Navigator သို့ ဆက်သွယ်လိုက်ပါနော်။ YHN မှ လိုအပ်တဲ့ ဆေးရုံချိတ်ဆက်မှုနဲ့ အခြားသော ဝန်ဆောင်မှုအားလုံးကို အကောင်းဆုံး ကူညီဆောင်ရွက်ပေးသွားမှာပါ။ 🤝

29/07/2026

🏥 အိန္ဒိယမှာ ဆေးကုသဖို့စဉ်းစားနေသူတွေအတွက်—ဆေးရုံနာမည်ကြီးတာတစ်ခုတည်းထက် ကိုယ့်ရောဂါအတွက် ဘယ်အထူးကုဌာနမှာ အမှန်တကယ်အားသာသလဲဆိုတာ ပိုအရေးကြီးပါတယ်။

Your Health Navigator က ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ Gleneagles Hospital, Chennai ဟာ ကမ္ဘာ့အကြီးဆုံး Healthcare Network တွေထဲကတစ်ခုဖြစ်တဲ့ IHH Healthcare Network အောက်က Multi-specialty Hospital တစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် Multi-organ Transplant၊ Advanced Cancer Care၊ Epilepsy Surgery၊ Robotic Surgery နဲ့ ရှုပ်ထွေးခက်ခဲတဲ့ကုသမှုတွေမှာ အထူးကုဆရာဝန်အဖွဲ့ပေါင်းစုံနဲ့ ကုသပေးနိုင်တာက ဒီဆေးရုံရဲ့ အဓိကအားသာချက်တစ်ခုပါ။

🎥 ဒီဗီဒီယိုထဲမှာ Gleneagles Hospital Chennai ရဲ့ ဘယ်လိုအဆင့်မြင့်ကုသမှုတွေနဲ့ ထူးခြားတဲ့ဆေးဘက်ဆိုင်ရာအောင်မြင်မှုတွေ ရှိနေသလဲဆိုတာ လေ့လာကြည့်ရအောင်။

🫁 Heart & Lung Transplant

Gleneagles ဟာ Kidney၊ Liver၊ Heart နဲ့ Lung Transplant များကို ပေါင်းစပ်ဆောင်ရွက်နိုင်တဲ့ Multi-organ Transplant Centre တစ်ခုဖြစ်ပါတယ်။

၎င်း၏အထူးကုအဖွဲ့မှာ လူနာအခြေအနေသင့်တော်ပါက အလှူရှင်နှစ်ဦးထံမှ အဆုတ်အစိတ်အပိုင်းတစ်ခုစီကိုအသုံးပြုသည့် Living-donor Lung Transplant ကဲ့သို့ ရှုပ်ထွေးတဲ့နည်းလမ်းတွေကိုပါ ဆောင်ရွက်နိုင်တဲ့အတွေ့အကြုံရှိပါတယ်။

Transplant ပြုလုပ်နိုင်ခြင်းရှိမရှိကို ရောဂါအခြေအနေ၊ အထွေထွေကျန်းမာရေး၊ အလှူရှင်ရှိနိုင်မှုနဲ့ Multidisciplinary Transplant Team ရဲ့ အကဲဖြတ်ချက်ပေါ်မူတည်ပြီး ဆုံးဖြတ်ရပါတယ်။

🧠 Comprehensive Epilepsy Care

ဆေးသောက်နေပေမဲ့ အတက်မထိန်းနိုင်သေးတဲ့ Drug-resistant Epilepsy လူနာတွေအတွက်—

✅ ရက်အနည်းငယ်ကြာ Continuous Video EEG Monitoring
✅ High-resolution MRI နှင့် PET Scan
✅ အတက်စတင်ဖြစ်ပွားရာနေရာကို ရှာဖွေသတ်မှတ်ခြင်း
✅ Neurologist၊ Neurosurgeon၊ Radiologist နဲ့ အခြားအထူးကုများ ပူးပေါင်းအကဲဖြတ်ခြင်း
✅ သင့်တော်တဲ့လူနာများအတွက် Epilepsy Surgery

တို့ကို ဆောင်ရွက်ပေးနိုင်ပါတယ်။

Epilepsy Surgery က လူနာတိုင်းအတွက်မဟုတ်သလို လူတိုင်းမှာ “လုံးဝပျောက်ကင်းမယ်” လို့လည်း အာမခံလို့မရပါဘူး။ ဒါပေမဲ့ အတက်စတင်ရာနေရာကို တိတိကျကျသတ်မှတ်နိုင်ပြီး ခွဲစိတ်ရန်သင့်တော်တဲ့လူနာအချို့မှာ အတက်ဖြစ်နှုန်းကို သိသိသာသာလျှော့ချနိုင်ခြင်း သို့မဟုတ် Seizure Freedom ရရှိနိုင်ခြင်း ရှိပါတယ်။

🤰 Uterine Transplant Programme

သားအိမ်မပါဘဲမွေးဖွားလာသူ သို့မဟုတ် သားအိမ်အလုပ်မလုပ်နိုင်တော့သူများအတွက် Uterine Transplant Programme ကို အထူးကုအဖွဲ့ပေါင်းစုံဖြင့် ဆောင်ရွက်ပေးနေပါတယ်။

Gleneagles Hospital Chennai က ၂၀၂၂ ခုနှစ်မှာ Uterine Transplant နှစ်ခုကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း ဆေးရုံ၏တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ အလွန်ရှုပ်ထွေးတဲ့ကုသမှုဖြစ်ပြီး Transplant ပြုလုပ်နိုင်ခြင်း၊ IVF နဲ့ကိုယ်ဝန်ရနိုင်ခြင်းတို့ကို လူနာတစ်ဦးချင်းအလိုက် သီးခြားအကဲဖြတ်ရပါတယ်။

🖐️ Single & Bilateral Hand Transplant

Gleneagles Hospital Chennai ဟာ ၂၀၂၄ ခုနှစ်အတွင်း တစ်ပတ်တည်းမှာ—

▪️ လက်နှစ်ဖက်အစားထိုးမှုတစ်ခု
▪️ လက်တစ်ဖက်အစားထိုးမှုတစ်ခု

ကို ဆက်တိုက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Hand Transplant ဟာ ခွဲစိတ်ပြီးရုံနဲ့ ပြီးဆုံးတာမဟုတ်ပါဘူး။ သင့်တော်တဲ့အလှူရှင်နဲ့ကိုက်ညီမှု၊ ရေရှည်သောက်ရမယ့် Anti-rejection ဆေးများ၊ ပုံမှန်စစ်ဆေးမှုနဲ့ လပေါင်းများစွာမှ နှစ်ပေါင်းများစွာကြာနိုင်တဲ့ Rehabilitation တို့ပါ လိုအပ်ပါတယ်။

🎗️ Advanced Cancer Treatment

Gleneagles Hospital Chennai မှာ ကင်ဆာအမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး—

✅ Robotic Cancer Surgery
✅ Robotic-assisted CRS + HIPEC
✅ Chemotherapy နှင့် Radiation Therapy
✅ Bone Marrow / Stem Cell Transplant
✅ သတ်မှတ်ချက်ကိုက်ညီတဲ့ သွေးကင်ဆာလူနာများအတွက် CAR-T Cell Therapy
✅ Multidisciplinary Tumour Board Review

တို့ကို ရရှိနိုင်ပါတယ်။

ဆေးရုံက ၂၀၂၄ ခုနှစ်အတွင်း Robotic-assisted Cancer Surgery ၁၀၀ ကျော် ပြုလုပ်နိုင်ခဲ့ကြောင်းလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။

💙 ဘာကြောင့် Your Health Navigator နဲ့ စီစဉ်သင့်တာလဲ?

အိန္ဒိယအထိခရီးသွားပြီးမှ “ဒီဆရာဝန်နဲ့မသင့်တော်ဘူး”၊ “လိုအပ်တဲ့စစ်ဆေးချက်မပါလာဘူး” ဆိုတာမျိုးမဖြစ်စေဖို့ ခရီးမထွက်ခင်ကတည်းက—

✅ Medical Reports၊ MRI၊ CT၊ Pathology Result များကို စနစ်တကျစစ်ဆေးစုစည်းပေးခြင်း
✅ ရောဂါအမျိုးအစားနဲ့ကိုက်ညီတဲ့ ဆရာဝန်နှင့်ဆေးရုံ ရွေးချယ်ချိတ်ဆက်ပေးခြင်း
✅ Online Consultation / Second Opinion စီစဉ်ပေးခြင်း
✅ Treatment Plan နှင့် ခန့်မှန်းကုန်ကျစရိတ်တောင်းခံပေးခြင်း
✅ Appointment၊ Visa၊ လေယာဉ်နှင့် နေရာထိုင်ခင်း စီစဉ်ပေးခြင်း
✅ ဆေးရုံတွင် မြန်မာဘာသာပြန်နှင့် လူနာလိုက်ပါကူညီပေးခြင်း
✅ ကုသပြီးနောက် Follow-up Coordination ပြုလုပ်ပေးခြင်း

တို့ကို ဆရာဝန်ကိုယ်တိုင်ဦးဆောင်တဲ့ Medical Facilitation Service အနေနဲ့ ကူညီပေးပါတယ်။

ရှုပ်ထွေးတဲ့ရောဂါဖြစ်လို့ ဘယ်နိုင်ငံ၊ ဘယ်ဆေးရုံ၊ ဘယ်ဆရာဝန်ကိုရွေးရမလဲ မသေချာသေးရင် Medical Report တွေနဲ့အတူ ကြိုတင်ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။

📞 +66 64 589 6632
📲 LINE | Viber | WhatsApp
📧 [email protected]

Your Health Navigator – Bangkok
Doctor-led Medical Facilitation for Thailand & India

28/07/2026

📢 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 𝐂𝐎𝐋𝐋𝐀𝐁𝐎𝐑𝐀𝐓𝐈𝐎𝐍 👁️🤝🏥

မျက်စိကုသဖို့ ဘန်ကောက်လာချင်ပေမယ့်…

“ဘယ်မျက်စိအထူးကုနဲ့ ပြရမလဲ?”
“ဘယ်လိုစစ်ဆေးမှုတွေ လိုမလဲ?”
“ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ?”

ဆိုပြီး ဆေးရုံနဲ့ ဆရာဝန်ရွေးချယ်ရခက်နေတဲ့ မြန်မာလူနာများအတွက် သတင်းကောင်းပါရှင်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐍𝐚𝐯𝐢𝐠𝐚𝐭𝐨𝐫 – 𝐁𝐚𝐧𝐠𝐤𝐨𝐤 နှင့် မျက်စိရောဂါကုသမှုကို အထူးပြုသည့် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 တို့၏ ပူးပေါင်းဆောင်ရွက်မှု စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးလိုက်ပါတယ်။ 🎉

Bangkok Eye Hospital တွင် ခေတ်မီမျက်စိစစ်ဆေးခြင်း၊ Laser နည်းပညာနှင့် ခွဲစိတ်ကုသမှုများအပါအဝင်—

🔹 အတွင်းတိမ်နှင့် Laser Cataract Surgery
🔹 Retina နှင့် Vitreous ဆိုင်ရာရောဂါများ
🔹 ဆီးချိုကြောင့် မျက်စိထိခိုက်ခြင်း
🔹 ရေတိမ်
🔹 မျက်ကြည်လွှာရောဂါများ
🔹 LASIK နှင့် မျက်မှန်လွတ်အမြင်ပြုပြင်ခြင်း
🔹 ကလေးမျက်စိရောဂါများ
🔹 Neuro-ophthalmology
🔹 မျက်ခွံနှင့် မျက်လုံးပတ်ဝန်းကျင်ဆိုင်ရာ ကုသမှုများ

ကို သက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသနိုင်ပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐍𝐚𝐯𝐢𝐠𝐚𝐭𝐨𝐫 မှ မြန်မာလူနာများအတွက်—

✅ ဆေးမှတ်တမ်းများကို ဆရာဝန်တစ်ဦးအနေဖြင့် ကနဦးကြည့်ရှုပေးခြင်း
✅ Case နှင့်ကိုက်ညီသည့် မျက်စိအထူးကုဆရာဝန် ရွေးချယ်ပေးခြင်း
✅ ဆေးရုံ Appointment ရယူပေးခြင်း
✅ ကနဦးကုသမှုအစီအစဉ်နှင့် ကုန်ကျစရိတ်ခန့်မှန်းချက် တောင်းယူပေးခြင်း
✅ မြန်မာဘာသာပြန်နှင့် ဆေးရုံ Coordination
✅ လိုအပ်ပါက လေဆိပ်ကြိုပို့၊ တည်းခိုခန်းနှင့် ဆေးရုံအသွားအလာ စီစဉ်ပေးခြင်း
✅ ကုသမှုမတိုင်မီမှ ကုသပြီးနောက် Follow-up အထိ ကူညီပေးခြင်း

တို့ကို တစ်နေရာတည်းမှာ စနစ်တကျ ကူညီပေးသွားမှာဖြစ်ပါတယ်။

📞 +66 64 589 6632
Line | Viber | WhatsApp
📧 [email protected]

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐍𝐚𝐯𝐢𝐠𝐚𝐭𝐨𝐫
မှန်ကန်တဲ့ဆေးရုံ၊ သင့်တော်တဲ့ဆရာဝန်နဲ့ စနစ်တကျချိတ်ဆက်ပေးမယ့် ကျန်းမာရေးလမ်းညွှန်

နောက်ဆုံးကုသမှုအစီအစဉ်နှင့် ကုန်ကျစရိတ်သည် အထူးကုဆရာဝန်၏ စစ်ဆေးချက်နှင့် လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ် မူတည်ပါသည်။






#မျက်စိကုသမှု

27/07/2026

ကျောရိုးခွဲစိတ်ဖို့ ကြောက်နေပါသလား? ခေတ်မီစက်ရုပ်နည်းပညာဖြင့် ကျောရိုးခွဲစိတ်ခြင်းအကြောင်း သိကောင်းစရာများ

ကျောရိုးခွဲစိတ်မှု (Spine Surgery) ဆိုတာနဲ့ လူနာအများစုက ခွဲစိတ်ပြီးရင် လနဲ့ချီ အိပ်ရာထဲလဲနေမလား၊ လမ်းမလျှောက်နိုင်တော့ဘူးလား ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ် ဆေးပညာတိုးတက်မှုတွေကြောင့် ဒီစိုးရိမ်မှုတွေဟာ မလိုအပ်တော့ပါဘူး။

ဒီနေ့ရဲ့ Your Health Navigation အစီအစဉ်မှာတော့ အိန္ဒိယနိုင်ငံ Apollo Hospitals (Chennai) မှ Chief Spine Surgeon ဖြစ်သလို၊ စက်ရုပ်နည်းပညာအသုံးပြု ကျောရိုးခွဲစိတ်မှု (Robotic Spine Surgery) မှာ ကမ္ဘာ့ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ Dr. Sajan K Hegde နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီအင်တာဗျူး ဗီဒီယိုလေးထဲမှာ -

Dr. Sajan K Hegde တစ်ယောက် နာမည်ကျော် ကျောရိုးခွဲစိတ်ဆရာဝန်ကြီးတစ်ဦး ဖြစ်လာခဲ့ပုံ
ယခင်က ၆ လခန့် အိပ်ရာထဲလှဲနေရမယ့် ကျောရိုးခွဲစိတ်မှုကနေ ယခုအခါ ခွဲစိတ်ပြီး ၂ ရက်အတွင်း လမ်းပြန်လျှောက်နိုင်တဲ့အထိ တိုးတက်လာပုံ

ပိုမိုတိကျသေချာတဲ့ စက်ရုပ်နည်းပညာ (Robotic Technology) အသုံးပြု ခွဲစိတ်မှုအကြောင်း
မြန်မာနိုင်ငံမှ ကျောရိုးရောဂါဝေဒနာရှင်များအတွက် ဆရာဝန်ကြီးရဲ့ အထူးအကြံပြုချက် နှင့် ခရီးသွားစရာမလိုဘဲ Online မှတစ်ဆင့် ကြိုတင်တိုင်ပင်ဆွေးနွေးနိုင်မည့် နည်းလမ်းများ အစရှိသည်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားပေးထားပါတယ်။

ခါးနာဝေဒနာရှင်များ၊ ကျောရိုးစောင်းရောဂါ (Scoliosis) ခံစားနေရသူများနဲ့ မိသားစုဝင်များအတွက် များစွာအကျိုးရှိစေမယ့် ဗီဒီယိုလေးဖြစ်လို့ အဆုံးထိကြည့်ရှုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
အသေးစိတ် တိုင်ပင်ဆွေးနွေးလိုပါက -
+66645896632 ( Line, WhatsApp, Viber) ကနေဆက်သွယ်လို့ရပါတယ်

25/07/2026

🩺 အသည်းက မနာသေးလို့ ပြဿနာမရှိဘူးလို့ မယူဆသင့်ပါ

ဇူလိုင်လ ၂၈ ရက်နေ့ဟာ World Hepatitis Day ဖြစ်ပါတယ်။

အသည်းရောင် B ပိုးနဲ့ C ပိုး ဟာ ကူးစက်ပြီးနောက် နှစ်ပေါင်းများစွာ သိသာတဲ့လက္ခဏာမပြဘဲ ရှိနေနိုင်ပါတယ်။ အချိန်မီမသိရှိ၊ မကုသနိုင်ခဲ့ရင်—

▪️ အသည်းခြောက်ခြင်း
▪️ အသည်းလုပ်ဆောင်ချက်ကျဆင်းခြင်း
▪️ အသည်းကင်ဆာ

တို့အထိ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။

အသည်းရောင်ပိုးရှိနေချိန်မှာ တွေ့ရနိုင်တဲ့လက္ခဏာများ

▪️ အလွယ်တကူမောပန်းခြင်း
▪️ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း
▪️ ဆီးအရောင်ရင့်လာခြင်း
▪️ မျက်လုံးနဲ့အရေပြားဝါလာခြင်း
▪️ ညာဘက်ဝမ်းဗိုက်အပေါ်ပိုင်း မအီမသာဖြစ်ခြင်း

ဒါပေမဲ့ လက္ခဏာလုံးဝမပြဘဲလည်း ရှိနေနိုင်တာကြောင့် လက္ခဏာပေါ်လာမှ စစ်ဆေးမယ်ဆိုတာထက် မိမိရဲ့ဖြစ်နိုင်ခြေအခြေအနေပေါ်မူတည်ပြီး ကြိုတင်စစ်ဆေးခြင်း က ပိုအရေးကြီးပါတယ်။

စစ်ဆေးမှုအကြောင်း ဆရာဝန်နဲ့တိုင်ပင်သင့်သူများ

▪️ မိသားစုထဲမှာ B ပိုး၊ C ပိုး သို့မဟုတ် အသည်းကင်ဆာရှိသူ
▪️ ယခင်က သွေးသွင်းဖူးခြင်း၊ ခွဲစိတ်ကုသမှု သို့မဟုတ် Dialysis ပြုလုပ်ဖူးသူ
▪️ အပ်၊ Tattoo သို့မဟုတ် ဆေးဘက်ဆိုင်ရာပစ္စည်းများ၏ သန့်ရှင်းမှုမသေချာခဲ့သူ
▪️ Liver function မမှန်ခြင်း သို့မဟုတ် အသည်းအဆီဖုံးခြင်းရှိသူ
▪️ B ပိုးကာကွယ်ဆေးထိုးထားခြင်း မသေချာသူ
▪️ B ပိုး၊ C ပိုး သို့မဟုတ် အသည်းခြောက်ရောဂါ ရှိပြီးသားသူ

💡 သိထားသင့်တာက—

✅ B ပိုးကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပါတယ်။
✅ B ပိုးရှိသူများမှာ သင့်တော်တဲ့ကုသမှုနဲ့ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
✅ C ပိုးအတွက် ကာကွယ်ဆေးမရှိသေးပေမဲ့ လက်ရှိသောက်ဆေးများနဲ့ လူနာအများစုမှာ ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။

🏥 World Hepatitis Day အထူးအစီအစဉ် — Samitivej Hospital, Bangkok

▪️ အသည်းကင်ဆာဖြစ်နိုင်ခြေ စစ်ဆေးမှု — GAAD Score 2,800 ဘတ်
▪️ အသည်းအဆီဖုံးခြင်းနှင့် အသည်းခြောက်ခြင်းအခြေအနေတိုင်းတာရန် — FibroScan 2,500 ဘတ်
▪️ အခြေခံအသည်းကျန်းမာရေးစစ်ဆေးမှု — 6,700 ဘတ်
▪️ အဆင့်မြင့်အသည်းကျန်းမာရေးစစ်ဆေးမှု — 11,800 ဘတ်
▪️ B ပိုးနှင့် C ပိုး စစ်ဆေးမှု — 2,690 ဘတ်
▪️ B ပိုးကာကွယ်ဆေး ၃ ကြိမ်စာ — 2,700 ဘတ်
▪️ A ပိုးကာကွယ်ဆေး ၂ ကြိမ်စာ — 4,300 ဘတ်
▪️ A ပိုးနှင့် B ပိုးကာကွယ်ဆေး ၃ ကြိမ်စာ — 4,900 ဘတ်

📅 Promotion ကာလ — ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ

စစ်ဆေးမှုတိုင်းကို လူတိုင်းပြုလုပ်ရန် မလိုအပ်ပါ။ အသက်၊ ရောဂါရာဇဝင်၊ ယခင်ဆေးစစ်ချက်နဲ့ ဖြစ်နိုင်ခြေအခြေအနေအပေါ်မူတည်ပြီး သင့်တော်တဲ့ Package ကို ရွေးချယ်သင့်ပါတယ်။ GAAD Score သို့မဟုတ် FibroScan တစ်မျိုးတည်းနဲ့ ကင်ဆာအတည်ပြုနိုင်တာ မဟုတ်ပါ။

💙 Your Health Navigator မှ ကူညီပေးနိုင်တာများ

✅ ယခင် Medical Report များကို ကြိုတင်ကြည့်ရှုပေးခြင်း
✅ သင့်တော်တဲ့စစ်ဆေးမှုနှင့် Package ရွေးချယ်ပေးခြင်း
✅ နောက်ဆုံးဈေးနှုန်းနှင့် Package ပါဝင်မှုကို ဆေးရုံထံ အတည်ပြုပေးခြင်း
✅ ဆရာဝန် Appointment ရယူပေးခြင်း
✅ ဆေးရုံနှင့် လူနာကြား ဆက်သွယ်ညှိနှိုင်းပေးခြင်း
✅ မြန်မာဘာသာပြန်နှင့် Bangkok ရှိ လိုအပ်သောခရီးသွားဝန်ဆောင်မှုများ စီစဉ်ပေးခြင်း

စစ်ဆေးမှုရလဒ်တိုင်းကို ဆရာဝန်၏အကဲဖြတ်မှုနှင့်တွဲဖက်ပြီးမှ အဓိပ္ပာယ်ဖော်သင့်ပါတယ်။

📞 +66645896632 (LINE, Viber, WhatsApp)
Your Health Navigator – Medical Services

23/07/2026

ခါးရိုးဆစ်စောင်းခြင်း (Scoliosis) ပြဿနာအတွက် စင်ကာပူ၊ ကိုရီးယားနဲ့ ဂျပန် နိုင်ငံတွေမှာတောင် မရနိုင်တဲ့ အဆင့်မြင့်ဆုံး ခွဲစိတ်နည်းပညာ အိန္ဒိယမှာ ရှိနေပြီဆိုတာ သိပါသလား?

ဒီဗီဒီယိုလေးမှာဆိုရင် အိန္ဒိယနိုင်ငံ Apollo Hospitals, Chennai ရဲ့ Chief Spine Surgeon ဖြစ်တဲ့ Dr. Sajan K Hegde က သူတို့ဆီမှာပဲ ရနိုင်တဲ့ သီးသန့် အဆင့်မြင့်ခွဲစိတ်မှု (Special Technique) အကြောင်းကို Your Health Navigator သို့ ကိုယ်တိုင် ရှင်းပြပေးထားတာ ဖြစ်ပါတယ်။

ကလေးငယ်တွေမှာ အကြောင်းရင်းတိတိကျကျမရှိဘဲ ဖြစ်လေ့ရှိတဲ့ ခါးရိုးဆစ်စောင်းရောဂါ (Idiopathic Scoliosis) ဟာ အသက် ၁၀ နှစ်ဝန်းကျင်လောက်ကနေ စတင်သိသာလာတတ်ပြီး အချိန်မီ မကုသရင် ပိုမိုဆိုးရွားလာတတ်ပါတယ်။

ငွေကြေးတတ်နိုင်သူ အများစုက စင်ကာပူလို နိုင်ငံမျိုးကို သွားရောက်ကုသလေ့ရှိကြပေမယ့် တကယ်တမ်းမှာ နည်းပညာဟောင်း (Old-fashioned surgery) နဲ့သာ ခွဲစိတ်နိုင်ကြပါသေးတယ်။

Dr. Sajan K Hegde ရဲ့ “Hybrid Technique” လို့ခေါ်တဲ့ အဆင့်မြင့်နည်းပညာဟာဆိုရင်—
စင်ကာပူ၊ ကိုရီးယား၊ ဂျပန် နိုင်ငံတွေမှာတောင် မလုပ်နိုင်တဲ့ နည်းပညာဖြစ်ပြီး Apollo Hospital မှာသာ ပြုလုပ်နိုင်ပါတယ်။

ခါးရိုးဆစ်တစ်ခုလုံးကို သံချောင်း (Rod) တွေ အသုံးပြုပြီး တပ်ဆင်တာမျိုးမဟုတ်ဘဲ၊ လိုအပ်တဲ့ အပေါ်ပိုင်းကိုသာ Rod အသုံးပြုပြီး ကျန်တဲ့အစိတ်အပိုင်းတွေကို Rod မပါဘဲ ချိတ်ဆက်ကုသပေးတဲ့ နည်းပညာဖြစ်ပါတယ်။

အကြီးမားဆုံး အားသာချက်ကတော့ — ပုံမှန်ခွဲစိတ်မှုတွေမှာ ကလေးအတွက် သွေး ၂ လုံးမှ ၃ လုံးအထိ သွင်းဖို့ လိုအပ်ပေမယ့်၊ ဒီနည်းပညာနဲ့ဆိုရင် သွေးလုံးဝ သွင်းစရာမလိုပါဘူး (Zero Blood Transfusion)။
အိန္ဒိယနိုင်ငံဟာ လူနာအရေအတွက် အများအပြားကို နေ့စဉ်နဲ့အမျှ ကုသပေးနေရတဲ့အတွက် ခွဲစိတ်ဆရာဝန်တွေရဲ့ အတွေ့အကြုံ (Experience) ဟာ အခြားနိုင်ငံတွေထက် များစွာသာလွန်ပြီး ပိုမိုအဆင့်မြင့်ပါတယ်။

🏥 Your Health Navigator (YHN) က ဘယ်လိုကူညီပေးမလဲ?
YHN ဟာ လူနာတွေကို ဆေးရုံတစ်ခုတည်းဆီ အလွယ်တကူ ညွှန်းပို့တာမျိုး မလုပ်ပါဘူး။ ခါးရိုးဆစ်နဲ့ ပတ်သက်ပြီး အကောင်းဆုံးနဲ့ အကျွမ်းကျင်ဆုံးဖြစ်တဲ့ Dr. Sajan K Hegde ကဲ့သို့သော ထိပ်တန်းဆရာဝန်ကြီးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးနေပါတယ်။
✅ ဆရာဝန်ကိုယ်တိုင် ယခင်ဆေးမှတ်တမ်းများကို ကြိုတင်လေ့လာသုံးသပ်ပေးခြင်း
✅ သင့်တော်သော ကုသမှုလမ်းကြောင်းနှင့် ဆရာဝန်ကို ရွေးချယ်ပေးခြင်း
✅ အိန္ဒိယနိုင်ငံ Apollo Hospital သို့ တိုက်ရိုက် Appointment ချိတ်ဆက်ပေးခြင်း
✅ မြန်မာဘာသာဖြင့် Patient Coordination ပြုလုပ်ပေးခြင်း

ခါးရိုးဆစ်စောင်းခြင်း (Scoliosis) သို့မဟုတ် ကျောရိုးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာများအတွက် အကောင်းဆုံး ဆေးကုသမှု ခံယူလိုပါက ယခင် გადაထားသော X-ray / MRI အဖြေများနှင့်တကွ Your Health Navigator Page Messenger သို့ လုံခြုံစိတ်ချစွာ ပေးပို့တိုင်ပင်ဆွေးနွေးနိုင်ပါပြီရှင်။ 💙💚

Photos from Your Health Navigator - ထိုင်းအိန္ဒိယကျန်းမာရေးဝန်ဆောင်မှူ's post 22/07/2026

🎉 သတင်းကောင်းနှစ်ခုကို တစ်ပြိုင်နက်တည်း မျှဝေပါရစေရှင်…

🏥 Chularat 3 International Hospital × Your Health Navigator

Your Health Navigator သည် Chularat 3 International Hospital နှင့် Official Partner အဖြစ် တရားဝင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးလိုက်ပါတယ်။ 🤝

ဒီပူးပေါင်းမှုကို အမှတ်တရအဖြစ် အမျိုးသားရော အမျိုးသမီးပါ စစ်ဆေးနိုင်မယ့် Gold Medical Check-up Package ကို—

❌ ပုံမှန်စျေးနှုန်းအစား
✅ Promotion Price 9,000 THB တည်းဖြင့် စစ်ဆေးနိုင်ပါပြီ။

👨 Male Gold Package — 9,000 THB
👩 Female Gold Package — 9,000 THB

အမျိုးသား၊ အမျိုးသမီး စျေးနှုန်းတူတူ ဖြစ်ပါတယ်။

🩺 Gold Package တွင်ပါဝင်သော အဓိကစစ်ဆေးမှုများ

▪️ ဆရာဝန်စမ်းသပ်စစ်ဆေးခြင်းနှင့် BMI
▪️ CBC၊ FBS နှင့် HbA1c ဆီးချိုစစ်ဆေးမှု
▪️ Cholesterol၊ Triglyceride၊ HDL နှင့် LDL
▪️ ကျောက်ကပ်နှင့် အသည်းလုပ်ဆောင်ချက်များ
▪️ Hepatitis B နှင့် Hepatitis C
▪️ Uric Acid နှင့် Thyroid TSH
▪️ ရွေးချယ်ထားသော Tumour Marker Tests
▪️ Chest X-ray
▪️ Upper နှင့် Lower Abdomen Ultrasound
▪️ ECG နှင့် EST သို့မဟုတ် Echo
▪️ ဆီးစစ်ဆေးခြင်းနှင့် အရိုးသိပ်သည်းဆ
▪️ မျက်စိစစ်ဆေးခြင်းနှင့် Meal Set

👩 အမျိုးသမီးများအတွက် Package အလိုက်—

▪️ Mammogram နှင့် Breast Ultrasound
▪️ ThinPrep Pap Test
▪️ PV Examination

👨 အမျိုးသားများအတွက် PSA Test ပါဝင်ပါတယ်။

ဒါ့အပြင် အခြား Comprehensive Packages များလည်း ရရှိနိုင်ပါတယ်။

🧠 Brain Plus — 13,900 THB
Health Check-up နှင့် MRI Brain T2/FLAIR

🦴 Spine Plus — 19,900 THB
Health Check-up နှင့် Whole Spine MRI Screening

💎 Platinum Package — 22,900 THB
Health Check-up၊ MRI Brain + Whole Spine MRI

🔬 Advanced GI Check-up — 32,900 THB
ပုံမှန်စျေး 36,500 THB

▪️ အစာအိမ်မှန်ပြောင်း
▪️ အူမကြီးမှန်ပြောင်း
▪️ H. pylori Test
▪️ IV Sedation
▪️ Bowel Preparation Medication
▪️ အသည်း FibroScan အခမဲ့

💙 Your Health Navigator မှ ကူညီပေးမည့် Services များ

✅ Medical reports များ ကြိုတင်စီစဉ်လေ့လာပေးခြင်း
✅ သင့်တော်သော Package၊ Department နှင့် ဆရာဝန်ရွေးချယ်ပေးခြင်း
✅ Hospital Appointment ချိတ်ဆက်ပေးခြင်း
✅ မြန်မာဘာသာဖြင့် Patient Coordination
✅ စစ်ဆေးမှုမတိုင်မီ ပြင်ဆင်ရမည့်အချက်များ ရှင်းပြပေးခြင်း
✅ Airport၊ Hotel နှင့် Hospital Transportation
✅ Hotel၊ Visa နှင့် Flight အကူအညီများ

📩 Appointment ရယူလိုပါက Page Messenger မှာ—

“CHG 9000”

လို့ ပို့ပြီး အမည်၊ အသက်၊ ကျား/မနှင့် စစ်ဆေးလိုသည့်ရက်ကို ပြောထားနိုင်ပါတယ်ရှင်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok

เวลาทำการ

จันทร์ 09:00 - 22:00
อังคาร 09:00 - 22:00
พุธ 09:00 - 22:00
พฤหัสบดี 09:00 - 22:00
ศุกร์ 09:00 - 22:00
เสาร์ 09:00 - 22:00
อาทิตย์ 09:00 - 22:00