Myanmar GZ
မြန်မာသတင်း
14/06/2024
ဇွန် ၁၄ ရက်
- ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အလယ်သံကျော် နယ်ခြား စောင့်ရဲတပ်ဖွဲ့စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိထားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစု အယောက် ၄၀၀ နီးပါးလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရပါတယ်
- ချင်းပြည်က မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့တွေက စတင်တိုက်ခိုက်နေပြီး စစ်ကောင်စီ ရဲစခန်း နဲ့ ထွေ/အုပ်ရုံးတွေကို စတင်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက လက်နက်ကြီးနဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေကုန်ကြပြီး ဒဏ်ရာရတဲ့သူတွေကိုပါ ဆွဲခေါ်နေကြတာကို ဒရုန်းနဲ့ ရိုက်ထားတဲ့ ဗီဒီယိုမှာ မြင်နေရတယ်လို့ CAF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်
မုံရွာမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို PDF အထူးကွန်မန်ဒို ရဲဘော်များ ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)
13.6.2024
13/06/2024
မန္တလေးမှာလည်း ဝန်ထမ်းလစာတိုးပေးတဲ့လုပ်ငန်းတချို့ ချိပ်ပိတ်ခံရ
ဇွန် ၁၃၊ ၂၀၂၄။
မန္တလေးမြို့မှာ ကုန်စျေးနှုန်းတက်လို့ ဝန်ထမ်းတွေကို လစာထိုးပေးတဲ့လုပ်ငန်းရှင်းတချို့ ဇွန် ၁၃ ရက် ဒီနေ့မှာ အဖမ်းခံရပြီး လုပ်ငန်းပါ ချိပ်ပိတ်ခံလိုက်ရတယ်လို့ မန္တလေးမြို့ခံတွေဆီက နေသိရပါ တယ်။
အဲဒီလိုဝန်ထမ်းတွေကို လစာတိုးပေးတဲ့အတွက် လုပ်ငန်းရှင်အဖမ်းခံရပြီး လုပ်ငန်းချိပ်ပိတ်ခံရတာဟာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ လုပ်ငန်းရှင် ၁၀ ဦး ထက်မနည်း ရှိတယ်လို့ မန္တလေးမြို့ခံတွေဆီက နေသိရပါတယ်။
ဒါ့အပြင် မန္တလေးမြို့က ဖုန်းဆိုင်တွေကို ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လိုက်လံစစ်ဆေးတာတွေပြုလုပ်နေပါတယ်
မန္တလေးမြို့က လူငယ်တွေတည်ထောင်ထားတဲ့ လုပ်ငန်းတခုကိုလည်း ဝန်ထမ်းလစာတိုးပေးတာနဲ့ ဝန်ထမ်း လစာကို ထိုင်းဘတ်ငွေပေးတာတွေကြောင့် စစ်တပ်က အမှုဖွင့်ထားတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့ပြီးနောက် ဝန်ထမ်းတွေရဲ့ အခြေခံလစာနဲ့ မလောက်ငှလို့ ကုမ္ပဏီတွေက ဝန်ထမ်းလစာတိုးမြှင့်ပေးမယ့်အကြောင်း ကြေညာခဲ့တာကြောင့် စစ်တပ်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
#မန္တလေးမြို့ #ဝန်ထမ်း #လစာ #ချိတ်ပိတ်
13/06/2024
တစ်ခါတုန်းက ရန်ကုန်
13/06/2024
အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ၇ ဦး သေဆုံး
ရန်ကုန်၊ ဇွန်လ ၁၃
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးသို့ စစ်ကြောင်းထိုးလာသော စစ် တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
13/06/2024
ဝန်ထမ်းများကို လစာတိုးပေးခဲ့ကြသည့် Zaw Zaw Mobile ဖုန်းဆိုင်၊ ကော်ဖီဆိုင်၊ မီနီမတ်နှင့် ကုမ္ပဏီ ရုံးခန်းများကို စစ်ကောင်စီက ချိတ်ပိတ် ၊ ပိုင်ရှင်နှင့်လုပ်ငန်းရှင်များကို ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်အရေးယူ
လက်ရှိတွင် ပုဂ္ဂလိကဝန်ထမ်းများကို လစာတိုးမြှင့်ပေးခဲ့ကြသည့် လုပ်ငန်းရှင်နှင့် ဆိုင်ပိုင်ရှင်များကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားပြီး ပုဒ်မများ ထပ်မံ တိုးလာမည်ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်၊ ဇွန် ၁၃
ဓာတ်ပုံ- စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး၏ နေအိမ်ကို ချိတ်ပိတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
13/06/2024
မန္တလေး၊ ဧရာဝတီ၊ ပဲခူးနှင့် မကွေးတို့တွင် စစ်တပ်နှင့်ရဲများက VPN အကြောင်း ပြ စစ်ဆေးပြီး ပြည်သူများကို ဖမ်းဆီး ငွေညှစ်မှုများ၊ စစ်သားစုဆောင်းမှုများ ဖြစ်ပွားနေ
ရန်ကုန်၊ ဇွန် ၁၃
မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းများကို လိုက်လံ စစ်ဆေးပြီး VPN ဆော့ဝဲ အသုံးပြုသူများကို ဖမ်းဆီးကာ ငွေတောင်းခံမှုများနှင့် စစ် သားသစ် စုဆောင်းမှုများ လုပ်ဆောင်နေ။
ဇွန်လ ၁၂ ရက်နေ့တွင် မန္တလေးမြို့၊ ၃၅ လမ်း ၆၈၇၀ ကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင်ကယ် လိုင်စင်များကို စစ်ဆေးပြီး လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးကြောင်း၊ မိုဘိုင်းလ်များတွင် VPN ဆော့ဝဲ ထည့်သွင်းထားသည့် ပြည်သူများကို ဖမ်းဆီးပြီး ငွေကျပ် သိန်းချီ တောင်းရမ်းခဲ့ကြောင်း သိရသည်။
"မန္တလေးမှာ ဆိုင်ကယ်လိုင်စင်စစ်ရင်း VPN ပါ စစ်နေတယ် တွေ့ရင် ဒဏ်ရိုက်တယ်။ ၃၅ လမ်း ၆၈ ၇၀ မှာ ဆိုင်ကယ်တွေ လိုင်စင် အရင်စစ်ပြီး ဖုန်းကိုပါယူစစ်တာ ဖမ်းခံရသူတွေရှိတယ်" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် ဘိုကလေးမြို့များတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းများကို စစ်ဆေးပြီး VPN ဆော့ဝဲ ထည့်သွင်းထားသော ပြည် သူများကို ဖမ်းဆီးကာ ငွေကျပ် ၃ သောင်းမှ ၃ သိန်းကျပ် အထိ တောင်း ရမ်းမှုများ ရှိကြောင်း သိရသည်။
"ဟင်္သာတမြို့ထဲမှာ VPN တွေ စစ်ပါတယ်။ VPN ဆော့ဝဲတွေ့ရင် ၁ ဦးကို ၃ သောင်း ပေးရပါတယ်။ ဖမ်းခံရသူတွေများတယ်။ မော်လမြိုင်ကျွန်းမြို့မှာ အရပ်သားပြည်သူတွေ လမ်းသွားလာနေစဉ် စစ်ခွေးတွေက ဖုန်းတွေကို လိုက် လံစစ်ဆေးတာပါ။ VPN တစ်ခုမိရင် ဒဏ်ငွေ ၃ သိန်းကျပ် ပေးဆောင်ရတယ်။ မပေးနိုင်ရင် ထောင် ၃ နှစ်ကျမည်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတယ်။ ဘိုက လေးမြို့မှာ VPN ထည့်ထားတဲ့ ဖုန်းတွေကို ဖမ်းပြီး ၁ လုံးကို ၃ သိန်းတောင်းတယ်။ ၃ သိန်းမပေးရင် ဘာလုပ်မလဲတော့မသိဘူး။ လမ်းဆုံတွေ မှာ လိုက်ဖမ်းတာ လူတွေမနည်းဘူး မိကြတယ်" ဟု ဒေသပြည်သူများက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် အကြမ်းဖက် စစ်တပ်က VPN ဆော့ဝဲအသုံးပြုသူများကို ဖမ်းဆီးပြီး ငွေကျပ် ၃ သောင်း တောင်းရမ်းကာ လူငယ်များ အသုံးပြုပါက စစ်သားသစ် စုဆောင်းရန် ဖမ်းဆီးသွားကြောင်း သိရသည်။
"VPN က သုံးမရတဲ့အပြင် ဖုန်းထဲမှာ Application ကိုတွေ့ရင် ဒါဏ်ငွေ ၃ သောင်းပေးရပါတယ် ။ လူငယ်များကိုဆို တန်းဖမ်းခေါ်သွားပါတယ်။ စစ်ခွေးဂိတ်တွေက ဖမ်းနေတာပါ လူငယ် ၂ ဦး ဖမ်းခံလိုက်ရတယ်။ လူကြီးဆိုရင် ပိုက်ဆံတောင်းပါတယ်။ မရှိတဲ့လူဆို ၃ သောင်း ကနေ ၅ သောင်း ထိတောင်းနေပါတယ်။ တောင်ကျောင်းကြီးနားက ဂိတ်နဲ့ မြို့အဝင်ဂိတ်တွေမှာ ဖုန်းတွေကို စစ်ပြီး ဖမ်းနေတာ" ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့အတူ ပဲခူးမြို့ပေါ်တွင်လည်း စစ်တပ်က မြို့အဝင်အထွက်များကို စီမံချက် ဖမ်းဆီးခြင်း၊ မိုဘိုင်းလ်ဖုန်းနှင့် VPN များကို စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ပဲခူးမြို့သူမြို့သားများက ပြောဆိုကြသည်။
"သူတို့စစ်တဲ့နေရာတွေက သနပ်ပင်လမ်းမတန်း ဘုရားစျေးရှေ့၊ ကျိုက်ပွန်ထိပ်၊ ကမာနတ်လျှပ်စစ်ရုံးထိပ်၊သနပ်ပင်အဝင်ထွက်ဂိတ်၊ဆည်မြောင်း၊ ပဲခူးတက္ကသိုလ်နားတို့မှာစစ်ကြပါတယ်။ ဆိုင်ကယ်တွေကိုအဓိကထားပြီးစစ်ပါတယ်။ ဆိုင်ကယ်သမားက မရပ်ပေးရင် ဆဲဆိုပါတယ်။ ပြီးတော့ ခြေထောက်နဲ့ကန်လို့ မှီရင်ကန်ပါတယ်။ အကျင့်ယုတ်တာပေါ့ဗျာ။လူလိုင်စင် ယဥ်မောင်းလိုင်စင်၊ ဦးထုပ်၊ ဖုန်း၊ VPN အကုန်စစ်တယ်" ဟု ပဲခူးမြို့ခံတစ်ဦးက ရှင်းပြသည်။
12/06/2024
ဟားခါးမှာ VPN သုံးစွဲသူကိုဖမ်းမိပါက ကျပ်သိန်း ၃၀ အထိဒဏ်ရိုက်တယ်လို့ဆို
===========
ချင်းပြည်နယ်၊ ဟားခါးမြို့မှာအခုရက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက VPN သုံးစွဲသူများကို လိုက်လံစစ်ဆေး နေပြီး တွေ့ရှိပါက ဒဏ်ငွေအနေနဲ့ ကျပ် သိန်း ၃၀ အထိဒဏ်ရိုက်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေစပြီး အကြမ်းဖက်စစ်ကောင်စီဟာ ဟားခါးမြို့တွင်းမှာ လှည့်လည်စစ်ဆေး မှုများ ပြုလုပ်ခဲ့ပြီး VPN အသုံးပြုသူများကို ရှာဖွေနေတာလို့သိရပါတယ်။
စတာကတော့ အရင်ပတ်လောက်ကစပြီ။ ဒါပေမယ့် ဇွန်လ ၁၀ လောက်ကစပြီးတော့ ပိုကြမ်းလာတယ်။ ဟားခါးမြို့ ထဲမှာ ကား ၅ စီးနဲ့လှည့်ပြီးတော့ သူတို့စစ်ချင်တဲ့နေရာမှာ ဝင်စစ်တာ။ အဓိကတော့ လမ်းထောင့် တွေကနေစောင့်ပြီးတော့ သူတို့စစ်ချင်တဲ့လူကိုစစ်တယ်။အများစုတော့ အမျိုးသားကို ပိုစစ်ကြတယ်။လူတိုင်း တော့ သူတို့လည်းမစစ်နိုင်ဘူးလေ။အဲ့မှာ သူတို့ဖုန်းထဲမှာ VPN အသုံးပြုတဲ့လူတွေ့ရင် ကျပ် သိန်း ၃၀ အထိ ဒဏ်ရိုက်တာလို့ ပြောကြတယ်။
12/06/2024
ပြည်မြို့မှာ လမ်းသွားလမ်းလာတွေကို VPN ရှိမရှိ စစ်ဆေးပြီး ဒဏ်ငွေပေးဆောင်ခိုင်း
ပြည်၊ ဇွန်၁၁၊ ၂၀၂၄။
ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကို ယူကြည့်ပြီး Virtual Private Network (VPN) ရှိမရှိကြည့်ကာ ဖျက်ခိုင်းပြီ ဒဏ်ကြေးဆောင်ခိုင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၁ရက် ဒီနေ့မနက်ပိုင်းမှာ ပြည်မြို့က နေရာအချို့မှာ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးပြီး ဒဏ်ငွေ ၅သောင်းအထိပေးဆောင်ရသူတွေရှိတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"စစ်တာကတော့ ဈေးတွေထဲရော ဗိုလ်ချုပ်လမ်းရော အမှတ် ၁ စခန်းရှေ့တွေရော ပတ်စစ်နေတယ်။ သူတို့ လှမ်းခေါ် ပြီး ဖုန်းခနပြအုံး စစ်တယ်။ VPN ရှိလား ရှိရင် ဖျက်ထားပါလို့ပြောလိုက်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီက မေလ ၃၀ရက်ကစတင်ကာ VPN အသုံးပြုမှုကို ပိတ်ပင်လိုက်ပြီးနောက်မှာ ထောင်ချအရေးယူဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အခုလို စစ်ဆေးတာတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။
ပြည်မြို့က ဒေသခံတဦးကတော့" ဒေသခံ အနေနဲ့ရော ပြည်သူအနေနဲ့ရော မြန်မာနိုင်ငံမှာ
နေထိုင်မှု့ ဘဝ လုံခြုံမှု့ မရှိတော့ဘူးလို့ပဲ မြင်တယ်" လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ Facebook နဲ့ Twitter (X) အသုံးပြုခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခဲ့လို့ VPNတွေခံကာ အသုံးပြုခဲ့ကြရပြီးနောက် အခုနှစ် မေလ ၃၀ရက်မှာ VPN တွေချိတ်ဆက်မရတာ ခက်ခဲသွားတာတွေဖြစ်ခဲ့တာပါ။
အဲ့ဒီ့နောက် အခမဲ့အသုံးပြုလို့ရတဲ့ VPN တွေအစား အခကြေးငွေနဲ့ သုံးစွဲရတဲ့ VPN တွေကို ဝယ်ယူသုံးစွဲကြသူတွေလည်းရှိပါတယ်။
"အမတို့ကအခက်တွေ့တာပေါ့ VPNကဝယ်သုံးနေရတာလေ ပျက်လို့ရှိရင်ပြန်ဝင်ဖို့ကအဆင်မပြေလောက်တော့ဘူး" လို့ နောက်ထပ် ပြည်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
12/06/2024
နတ်မောက်၊ ဖက်တောရေရွာကို မီးရှို့နေသည့် စစ်တပ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိပြီး ယနေ့ ညပိုင်းထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ
ရန်ကုန်၊ ဇွန် ၁၁
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိပြီး ယနေ့ ညပိုင်းထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း သာစည် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် နတ်မောက်မြို့ အရှေ့ပိုင်းမှ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖက်တောရေရွာကို နံနက် ၈ နာရီကျော်ခန့်မှ စတင်၍ ဖက်တောရေရွာကို ဝင်ရောက် စီးနင်းမီးရှို့နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဖက်တော်ရေရွာကို လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက်မိုင်းဆွဲ တိုက်ခိုက်ခဲ့သော်လည်း စစ်ကြောင်းတွင် jammer များ ပါလာသောကြောင့် မိုင်းကွဲခဲ့ခြင်းမရှိကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ဖက်တော်ရေရွာထဲ၌ ရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာထွက်ပေါက်များတွင် ပိတ်ဆို့ထားသောကြောင့် ယနေ့ ညပိုင်းထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာထဲမှ ထွက်မလာရဲဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ် ပစ်ခတ်နေကြောင်း သိရသည်။
"နတ်မောက် အရှေ့ပိုင်းက လာတဲ့ စစ်ခွေး စစ်ကြောင်း အင်အား ၅၀ လောက်ပါတယ်။ စစ်ခွေးတွေ ဖက်တောရေရွာကို မီးရှို့တာနဲ့ တိုက်ပွဲက စဖြစ်တာ လက်ရှိတော့ တစ်ရွာလုံး တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက ဖက်တောရေရွာထဲမှပဲ ရွာပြင်ကို ထွက်မလာရဲဘူး။ အခုချိန်ထိတော့ သူပစ်ကိုယ်ပစ်ပဲ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး" ဟု သာစည် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သာစည် PDF ၊ နတ်မောက်ကျား ၊ နတ်မောက် ပကဖ ၊ မြို့သစ် ပကဖ ၊ အောင်ဆန်းလမ်း ငါးပြေမ တပ်ဖွဲ့ ၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၁ ဂဠုန် တပ်ဖွဲ့ ၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၃ တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိသာနိုး လက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ၊ ဗိသာနိုး လက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့ ၊ ၉၀၂ တပ်ရင်း၊ Aru 2 တပ်ရင်း တို့က ပူးပေါင်း တိုက်ခိုက်နေကြောင်း သာစည် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Chiang Mai