May Zin-Motivation sharing

May Zin-Motivation sharing

แชร์

24/08/2023

တာထွက်ချိန်ချင်းမတူကြတာပါ
ကျွန်တော်တို့ နောက်ကျမနေပါဘူး။

" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "

အိုဘားမားက

အသက်၅၅နှစ်မှာ အနားယူတယ်။

ဒေါ်နယ်ထရမ့်ပ်က

အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။

စင်ကာပူက

ဘန်ကောက်ထက် တစ်နာရီပိုစောတယ်။

ဒါပေမယ့်

ဘန်ကောက်တစ်နေ့တာနဲ့

စင်ကာပူတစ်နေ့တာဟာ

ကြာချိန်ချင်းတော့ အတူတူပါပဲ။

ဘန်ကောက်က

ပို..........မမြန်သလို

စင်ကာပူက

ပို..........မနှေးပါဘူး။

တချို့က

အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။

ဒါပေမယ့်

ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့

၅နှစ်လောက် အချိန်ယူနေရတယ်။

တချို့က

အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။

အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။

တချို့ကျတော့

အသက်၅၀ကျမှ CEOနေရာရောက်တယ်။

ပြီးတော့

အသက်၉၀လောက်ထိ နေသွားရတယ်။

တကယ်တော့

ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ

သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး

အလုပ်လုပ်နေကြတာပါ။

ဥပမာ-

ကျွန်တော်အခု

ဒီစာကိုရေးနေတဲ့အချိန်က

သောကြာနေ့ မနက် ၉နာရီဝန်းကျင်။

ကျွန်တော်ရုံးတက်နေရတယ်။

ဒါပေမယ့်

လော့စ်အိန်ဂျလိစ်က

ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့

ကြာသပတေးနေ့ ည၉နာရီဝန်းကျင်။

သူဘီယာသောက်ရင်သောက်နေမှာပေါ့။

ကျွန်တော်တို့အနေနဲ့

ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်

လူတချို့က

ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။

တချို့ကတော့

ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး

ခံစားရပါလိမ့်မယ်။

ဒါပေမယ့်

တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ

သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း

ပြေးနေကြတာပါ။

#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။

ပိုအရေးကြီး တာက

တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ

တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်

ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ

နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ

မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။

သူ.......

ဘယ်နေရာကစပြီးတာထွက်တယ်

ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ

ကျွန်တော်တို့သိနိုင်ကြလို့လား။

သူတို့က

သူတို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

ကျွန်တော်တို့က

ကျွန်တော်တို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

အရေးကြီးတာက

# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။

အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။

အဲဒါကြောင့်

စိတ်အေးအေးထားပါ။

ကျွန်တော်တို့ ကြိုရောက်မနေပါဘူး။

ဒီလိုပဲ

ကျွန်တော်တို့ နောက်ကျမနေပါဘူး။

" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "

#လေးစားစွာဖြင့်ပြန်လည်မျှဝေပေးပါသည်။

24/08/2023

ပျော်ပျော်နေပါ

လူဆိုတာ

ကိုယ့်အကြောင်းကို ကိုယ်ပဲသိတာမို့

ကိုယ့်ကိုယ်ကိုယ်မှ ဂရုမစိုက်ရင်

ဘယ်သူကမှ ကိုယ့်ခံစားချက်တွေကို

ငဲ့ကြည့်ပေးမှာ မဟုတ်ဘူး !!

23/08/2023

ฉันเพิ่งมียอดผู้ติดตามถึง 900 คน! ขอบคุณที่ช่วยสนับสนุนฉันมาโดยตลอด ฉันคงมาถึงจุดนี้ไม่ได้หากไม่มีพวกคุณทุกคน 🙏🤗🎉

23/08/2023

ขอบคุณผู้ติดตามใหม่ทุกคน! ดีใจที่มาติดตามกัน!

Ohn Lwin, ဘဝသစ် ပြန်စ မယ်, အောင်စစ် ပိုင်, ချစ်ဆန်း မောင်, Sandar, Win Bo, Shwe Shwe, Ying Tai, Sai Kyaw, မင်းခန်း ကျော်, Kyaw Kyaw, Maung Than, Thaw Ka, Zin Mar Tun, BOlay Fa, Ko Thein, Hla Myint, Minchit Ko, ကျားမင်း, Wai Yan Htet, Ji Jo, Zaw Oo, ဩန် ဩန်, Daw Daw, Ko Khin Maung San, Ko Komoe, Kyawkyi Kyawkyi, ေကျာ်ေကျာ် ကျော်ကျော်, မင်းချစ် သူ, ရွှေ တိုး, ကိုထူး မြန်မာ, Than Lin, စံပယ် လေး, Thu Rain, Mg Ni, Nay Lin, Zaw Oo, Khant MihOo, Baba Oo, Min Ba King, ဇော်ဇော် ဇော် ဇော်ဇော်ဇော်, Zwe Htet Aung, နန်းမိုး နန်းမိုး, Maung Maung

23/06/2023

မဂ်လာမနက်ခင်လေပါ🪻

22/06/2023

🪻ကိုယ့်ဘ၀ကို

🪻ကိုယ့်ကိုတိုင်ဘဲတိုးတက်ပြောင်းလည်အောင်မကြိုးစားရင်

🪻ဘယ်သူကလာပြီးကြိုးစားပေးမှားလဲ

🪻ကိုယ်မသိတဲ့အရာတွေကိုမလေ့လာထားဘူးဆိုရင်

🪻ဘယ်သူကသင့်ကိုအချိန်ပြည့်‌‌သင့်မေးသမျှမေးခွန်းကိုဖြေးပေနိုင်မှားလဲ

🪻မသိဘူးဆိုတဲ့စကားတစ်ခွန်းကြောက်သူများခိုင်းသမျှ

🪻သူများပြောသမျှနားထောင်နေရအုံးဘဲ

🪻ကိုယ်လုပ်တဲ့အလုပ်ကိုတာ၀န်းမကျေးရင်သူများခိုင်းတာခံနေရအုံးမှားဘဲ

# May Tha Zin Oo🙏

12/06/2023

အဆင်မပြေဘူးဆိုတိုင်းလဲကျလိုမရဘူး

မျက်လုံးတစ်ဖက်ကမျက်ရည်ကျရင်တောင်

ကျန်တဲ့တစ်ဖက်ကပြုံး‌တက်အောင်ကြိုးစားတယ်

လဲကျတိုင်းထိုင်ငို‌ပြီးစိတ်ညစ်နေမယ်ဆိုရင်

သင့်ကိုယ်သင်အရှုံးပေးသလိုဖြစ်သွားလိပ်မယ်

12/06/2023

ကိုယ့်အားကိုယ်ကိုး ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ

ချစ်တယ် ချစ်တယ်နဲ့
ပစ်ပယ် သွားတတ်တဲ့ သူတွေရှိမယ်

စာနာတယ် သနားတယ်နဲ့
နှိမ်ချသွားတတ်တဲ့ သူတွေရှိမယ်

ကူညီတယ် ကူညီတယ်နဲ့
အခွင့်အရေး ယူသွားတတ်တဲ့ သူတွေရှိမယ်

ချီးကျူးတယ်ချီးကျူးတယ်နဲ့
အပုပ်ချသွားတတ်တဲ့သူတွေရှိမယ်

လောကကြီးထဲမှာ
နှုတ်ဖျားက ပျားသကာလိုချို နေပေမဲ့
အတွင်းသဘောက
ပုပ်ပွနေတတ်ကြတာကို သင်သိတားပါ

ဘ၀သင်ခန်းစာဆိုတာ
ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းဖူးမှ
သိတာဆိုပေမဲ့ ကြိုတင်သိရှိထားတော့
စိတ်ဆင်းရယ်တဲ့ ဒုက္ခခံစားရမှု့တွေကို
ရှောင်ရှားနိုင်ပါလိမ့်မယ်

ဒါကြောင့် နှုတ်ခမ်းဖျာက
စကားတွေမှာ သာယာပြီး
လူတိုင်းကိုလည်း လွယ်လွယ်မချစ်နဲ့
လူတိုင်းကိုလည်း အထင်မကြီးနဲ့
လူတိုင်းကိုလည်း အယုံမလွယ်နဲ့
လူတိုင်းကိုလည်း အားမကိုးမိစေနဲ့

လူဆိုတာ အားနည်းချက်ကိုမှ
ချနင်းသွားတတ်ကြတယ်

မြေပျော့ရင် ခြေရာကျန်သလို
စိတ်ပျော့ရင် တစ်သက္လုံး
ဒဏ်ရာထင်ကျန် နေတတ်တယ်

မိမိအားနည်း အခက်အခဲများကို
ဘယ်တော့မှ ထုတ်ဖော်မပြပါနဲ့ ။
အမြဲတမ်း စိတ်ဓာတ်မာကျောရဲရင့်သူဖြစ်နေပါစေ

မိမိဘ၀ကို မိမိကိုယ်တိုင်
လျှောက်လှမ်းကြရာမှာ
မိမိကိုယ္ကိုအားကိုးပါ ယုံကြည်ပါ
ရဲရင့်ပါ ဇြဲလုံလ ဝီရိယထားပါ
စိတ်ဓာတ်မာကျောပါ
ဘယ်အရာကိုမှ တွေးမကြောက်ပါနဲ့

ဖြစ်ပျက်ပြီးခဲ့သမျှ အရာတွေကို
ပြန်လှည့်မကြည့်ပါနဲ့
မိမိရပ်နေတဲ့ ခြေအစုံ နေရာတိုင်းမှာ
မိမိသွေးသား စိတ်ဝိညဉ်တို့
တည်ကြည်ခိုင်မြဲနေပါစေ

မိမိဘ၀ကို ကိုယ့်အားကိုယ်ကိုး
ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ။

11/06/2023

🍀 လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါ 🍀

☘️ သူများပြောတိုင်း နားမယောင်ပါနဲ့

☘️ သူများမြှောက်ပေးတိုင်း လိုက်မလုပ်ပါနဲ့

☘️ သူများနှိမ်တိုင်း အားငယ်စိတ်မဝင်ပါနဲ့

☘️ သူများတိုက်ခိုက်တိုင်း မကျရှုံးပါနဲ့

☘️ သူများ လက်ခုပ်တီးတိုင်း အဟုတ်ထင်ပြီး
လိုက်မကပါနဲ့

☘️ သူများခြောက်တိုင်း မကြောက်ပါနဲ့

☘️ သူများ တားတိုင်း ကိုယ့်ယုံကြည်ချက်တွေကို
မစွန့်ပစ်ပါနဲ့

☘️ ပတ်ဝန်းကျင်ဝေဖန်မှာကြောက်လို့ .
ကိုယ့်အပေါ် မေတ္တာသစ္စာမှန်တဲ့သူတွေကို
ကျောခိုင်းစွန့်လွှတ်တာမျိုး မလုပ်ပါနဲ့

☘️ သူများစကားတွေကြောင့်
ကိုယ့်အပေါ်စာနာနားလည်တဲ့ တွဲလက်ကို ဖြုတ်မချပါနဲ့

✅ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါ ...

✅ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်လျှောက်မှ ...
ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကို ကိုယ်တိုင်ရောက်မှာပါ ...

✅ ကိုယ့်ရည်မှန်းချက်ကို ယုံကြည်မှုအပြည့်နဲ့
ကိုယ်တိုင် အကောင်အထည်ဖော်မှ . အောင်မြင်မှု
အသီးအပွင့်ကို ကိုယ်တိုင် ခံစားရမှာပါ ...

ကိုယ့်ကိုကိုယ် ယုံကြည်ချက်ထားပြီး
ကိုယ့်စိတ်အတိုင်းရှင်သန်ပါ....

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Chon Buri?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

ที่อยู่


Chon Buri
20130