CHAN MYAE AUNG
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก CHAN MYAE AUNG, สุขภาพ/ความงาม, Thank, Chon Buri.
10/06/2024
ရင့်ကျက်သင့်ပါပြီ
🌻📖🌻📖🌻📖🌻
ဆရာကြီးအောင်သင်းရဲ့ စကားလေး
လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး
တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ
ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး
"ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့
ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်
ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်
ကြီးလာတော့ ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ
အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ်ကြတယ်
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်
ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်
အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်
ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့
အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ
ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်
ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ
ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက
မယုံမရှိပါနဲ့
တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။
"ဒါဆို သင် ရင့်ကျက်လာပြီ"
*******************
ငယ်ငယ်တုန်း ကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့
ယုံကြည် ခဲ့ ဖူးပါတယ်
လက်တွေ့ ဘဝ မှာတော့
ဘာတွေကို ကြိုးစား ရမယ်၊
ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ်
ဆိုတာ သဘောပေါက် သွားခဲ့ပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။
အရှုံး ဆိုတာ
နာကျင် စရာ မဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ
အရှုံးတွေနဲ့ မကြာခဏ ဆိုသလို
ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ
ဒါဆို သင် ရင့်ကျက်လာပါပြီ။
ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်
နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးခ္ဖို့၊
မျွဝေဖို့၊
စတဲ့ အတွေးအခေါ်
အကြောင်းအရင်းတွေနဲ့
သင်ယူ လာတယ်။
ဒါဆို သင် ရင့်ကျက်လာပြီ။
၀မ်းနည်း နေပေမယ့် ပြုံးနေမိတယ်
ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေ ပါ တယ်
ဒါဆို သင် ရင့်ကျက်လာပြီ။
လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေ မှန်း သိလာရတယ်
ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှု တတ်လာ ပါမယ်
ဒါဆို သင် ရင့်ကျက်လာပြီ။
အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်
နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်
ဒါဆို ရင့်ကျက်လာပြီ။
ဘယ်အချိန်မှာ ပြောရမယ်၊
ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။
လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး
ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့
ဂရုစိုက် တတ်လာပြီ
ဒါဆို ရင့်ကျက်လာပြီ။
အဆိုးတွေ နဲ့ ကြုံရတိုင်း
ဝမ်းမနည်း တတ်တော့ဘူး
ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ
သိ သွားပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။
ဆရာကြီးဦးအောင်သင်းအား
အစဉ်လေးစားလျက်..
စကလုံးတိုင်ကိုတန်ဖိုးရှစေတယ်
17/01/2023
သူ့နေရာနဲ့ သူ
~~~~~~~~~~~~~~~
✔ ✔ ✔ ✔ ✔ ✔ ✔ ✔
ဘရိတ်ဓားဟာ ထက်ပေမယ့်
သစ်ပင် ကိုတော့ မပိုင်းဖြတ်နိုင်ဘူး
ပုဆိန်ဟာ လည်း ခိုင်ခံ့ ပေမယ့်
ဆံပင် ကိုတော့ မရိတ် နိုင်ဘူး
လူတွေမှာလဲ ဒီလိုပါပဲ
လူတိုင်း လူတိုင်းမှာလဲသူအရည် ချင်းနဲ့ သူ့ရှိကျပါတယ်
ပိုက်ဆံ ရှိတဲ့ သူမှာလဲ သူ့အရည်ချင်းနဲ့ သူ ရှိသလို
ပိုက်ဆံ မရှိတဲ့ ဆင်းရဲသားတွေမှာလဲ သူ့အရည်ချင်းနဲ့ သူရှိကျပါတယ်
လူတိုင်းဟာ တစ်နေ့သေကျရမှာ ကြည့်ပါပဲ
မသေခင်အချိန်လေးမှာ ဂါရဝ တရားလက်ကိုင်ထားပြီး
တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းရင်းနဲ့ ခရီးဆက်ကျရပါမယ်
သူများရဲ့ အားနည်းချက်ကိုကြည့်ပြီး လှောင် ပြောင်နေမဲ့ အစား ကိုတက်နိုင်တဲ့ ဘက်ကနေပြီး ကူညီလိုက်ပါ
လောကကြီးမှာတစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာတရား
ထားနိုင်ကျပါစေ
~~~~~~~~~~~~~~~~~~~~~~~~~~~~
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကိုမျိုး
16/01/2023
❝ အရေးအကြီးဆုံးက စာဖတ်ပါ ❞
(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။
ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ
ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။
(၂) ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။
ဘယ်နေရာရောက်ရောက် ရိုးသားပါ။
ဘာလုပ်လုပ် ရိုးသားပါ။
ဘာပြောပြော ရ်ိုးသားပါ။
ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။
ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့
ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။
ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။
(၃) ဘာမှမသ်ိရင် အောက်ကျို့ရတယ်။
ဒါကြောင့် သိအောင် လေ့လာပါ။
ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။ငွေရှာပါ။ပိုက်ဆံစုပါ။
ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။
(၄) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။
ဒါပေမဲ့ အဲဒီအထဲမှာ ကိုယ်ကျင့်တရားမပါစေနဲ့။
ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက
ပိုများပါတယ်။
(၅) လိုအပ်နေမှန်းသိရင် တစ်ချို့က
ထွက်သွားချင်တယ်။
လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူး။
ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့။
တချို့က အများကြီးချစ်တာနဲ့ လုံးဝမတန်ပါဘူး။
(၆) တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။
လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက်
အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်။
(၇) ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။
ှင်ဇဝန
16/01/2023
လူတွေရဲ့စိတ်ကြောင့်ဖြစ်နေတာပါ
15/01/2023
စာကိုမကျက်ပါနဲ့သား .
စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ...
လိုချင်တာတွေကို မဝယ်ပဲ
ပိုက်ဆံကို ခြစ်ကုပ်စုပီး
ကပ်စေးမနဲပါနဲ့သား
ဒါပေမဲ့ အသုံးနဲ့ အဖြုန်းက်ို
ခွဲခြားတတ်ပါစေ...
ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ
အတင်းအဖျင်းတွေကို
ဂရုမစိုက်ပါနဲ့သား .
သားအကြောင်းကို
သားကိုယ်တိုင်ထက်ပိုပီး
ဘယ်သူမှ မသိနိုင်ပါ...
စာများများဖတ်ပါ သား .
reader ကောင်းတစ်ယောက်ပာာ
leader ကောင်းတစ်ယောက်
ဖြစ်လာမှာပါ...
စိတ်ဝင်စားတဲ့အလုပ်ကိုပဲ
ရွေးလုပ်ပါ သား...
သားစိတ်မဝင်စားတဲ့ အလုပ်ကို
ဘယ်သူက ဘယ်လောက်ပဲ
တွန်းအားပေးနေပါစေ
အကျိုးသင့် အကြောင်းသင့်ပြောပီး
ပြတ်ပြတ်သားသားနဲ့
ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ...
လူတွေကို အားမနာပါနဲ့ သား
အားနာတယ်ဆိုတဲ့စိတ်က
သားကို ဘယ်တော့မှ
ကောင်းကျိုးမပေးဘူး...
လူတွေကို တတ်နိုင်သလောက်
မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါ
ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီး
မမျှော်လင့်ပါနဲ့...
ဘဝမှာ "မှား"သွားမှာကို
မကြောက်ပါနဲ့သား .
လူတိုင်းမှားတတ်ကြပါတယ်...
ဒါပေမဲ့မှားမှန်းသိရင်
အမှန်ပြင်နိုင်အောင်
တတ်နိုင်သလောက်
ကြိုးစားကြည့်ပါ...
လူတစ်ယောက်နဲ့ စကားပြောတဲ့ခါ
သဘောထားချင်း
မတိုက်ဆိုင်တာတွေ့ရင်
ခံမငြင်းပါနဲ့ သား
သူတို့ပြောတာပဲ
နားထောင်ပေးလိုက်ပါ...
Manual Gearနဲ့
ကားမောင်းတတ်အောင် သင်ပါ
ဘယ်ကားကိုမဆို မောင်းတတ်တဲ့
ယောကျာ်းတစ်ယောက်ပာ
သိပ်ကို Style ကျတယ် သား
ကျန်းမာရေးအတွက်ရော
body လှဖို့အတွက်ပါ
အားကစားလုပ်ပါ သား
ခန္ဓာကိုယ်တောင့်တင်းတဲ့
ယောကျာ်းတစ်ယောက်ပာ
ဘယ်နေရာသွားသွား
လူတောသိပ်တိုးတယ် ငါ့သား...
ရန်ဖြစ်ရင် သူများကို
ဘယ်တော့မှစမထိုးပါနဲ့သား .
သူကလာစထိုးရင်တော့ ပြန်ထိုးခဲ့ပါ
ယောကျာ်းသိက္ခာကျတယ် ငါ့သား
ခရီးများများထွက်ပါ သား
သွားတိုင်းလဲ
Camera တစ်လုံးယူဖို့မမေ့ပါနဲ့
ရောက်ခဲ့တဲ့ ဒေသတိုင်းရဲ့
အထင်ကရနေရာတွေကို
ဓါတ်ပုံရိုက်ခဲ့ပီး...
ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို
memory card ထဲ
မသိမ်းထားပဲ photo album လေး
တစ်အုပ်အမြဲထုတ်ပါ...
အဲ့သည့်ဓါတ်ပုံတွေကို
သားပြန်ထုတ်ကြည့်မိတိုင်း
"ငါဒီနေရာတွေကို
ရောက်ခဲ့ပါလား" ဆိုတဲ့
အတွေးက
သိပ်ကြည်နူးစရာကောင်းတယ်
ရည်းစားအများကြီး
ထားကြည့်ပါ သား .
ဒါပေမဲ့ တစ်ယောက်ပီးမှ
တစ်ယောက်ထားပါ
အိမ်ထောင်ပြုတဲ့အခါ
မိန်းမကောင်းရှာယူမယ်ဆိုတဲ့
စိတ်ကြီးမမွေးပါနဲ့သား .
ယောကျာ်းကောင်းတစ်ယောက်
ဖြစ်အောင်သာ ကြိုးစားပါ
မိန်းမကောင်းတစ်ယောက်
သားအတွက်
အလိုလိုပေါ်လာပါလိမ့်မယ်
အိမ်ထောင်ဖက်ကို
သားစိတ်တိုင်းကျ
သေသေချာချာရွေးချယ်ပါ
သားဘဝရဲ့ ၉၀% သော
ပျော်ရွှင်မှုကို
ဒီမိန်းကလေးဆီကပဲ ရမှာပါ...
စိတ်ထားဖြူစင်ပီး
သဘောထားပြည့်ဝတဲ့
ယောကျာ်းကောင်းတစ်ယောက်
ဖြစ်ပါစေ။
ူရင်းရေးသားသူ
🙏🙏🙏
14/01/2023
ငြင်းသင့်ရင် ငြင်းလိုက်ပါ
********************
လူအများစုရဲ့ နှလုံးသားမှာ
အားနာတဲ့စိတ်က
ခိုအောင်းနေတယ်။
ကိုယ် မလုပ်ချင်တဲ့ အလုပ်
ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို
ဒီစိတ်အရင်း ခံနေလို့
ကူညီပေးနေရတယ်။
ကိုယ်ဘယ်လို ခံစားရမှာဆိုတာထက်
သူ့ခံစားမှုကိုပဲ ဦးစားပေးတယ်။
သူငယ်ချင်း ဖြစ်နေလို့
မိတ်ဆွေ ဖြစ်နေလို့
ဆွေမျိုး ဖြစ်နေလို့ ဆိုပြီး
ငြင်းရမှာ အားနာတယ်။
မနိုင်တဲ့ဝန်ကို ထမ်းတယ်။
မငြင်းသာတဲ့စိတ်နဲ့
ဆက်ကူညီပေးတယ်။
လောကမှာ…
အားလုံးဟာ
အလိမ်အညာတွေ မဟုတ်သလို
အားလုံးဟာ
သူတော်စင်တွေ မဟုတ်ပါဘူး။
ကိုယ်က မအားတဲ့ ကြားကနေ
အချိန် ခွဲဝေပြီး
ကူညီပေးလိုက်တယ်။
အဆင်မပြေ ဖြစ်သွားရင်…
ပါးစပ်သေနတ် အပစ်ခံရတော့မှာ။
သူ့ ယုံကြည်လို့ အားကိုးပါတယ်
ဘာညာပေါ့…
ဟော…
အဆင်လည်း ပြေသွားရော
ငါ့ ကုသိုလ်လှ ကံနဲ့ပါ ဆိုတာ
စကား ထွက်လာသေးတယ်။
အလိုလို ကိုယ့်စေတနာဟာ
ဘေးရောက်သွားတယ်။
လူတိုင်းကို
အားနာသင့်သလောက်ပဲ
အားနာပါ။
သူတစ်ပါးရဲ့ အသုံးချခြင်းကို
ခံရတာလည်း ဒီစိတ်။
ရှေ့မှာ ရယ်ရယ်ပြုံးပြုံးနဲ့
နောက်ကွယ်မှာ
ဓားနဲ့ အထိုးခံရတာလည်း
ဒီစိတ်ကြောင့်ပဲ။
"အားနာရင် ခါးပါတယ်"တဲ့။
ခါး ပါရုံတင် မကဘူး
တချို့
ဘဝပါ ပါသွားကြတယ်။
ဒါကြောင့်မို့…
ကိုယ့်နှလုံးသား ပျော်ရွှင်ဖို့ကိုလည်း
ထည့်ထွက်ပါ။
ချောင်မှာ ကပ်မငိုရအောင်
ကိုယ်လည်း အဆင်ပြေအောင်
ငြင်းသင့်ရင်…
ရဲရဲသာ ငြင်းလိုက်ပါ မိတ်ဆွေ။
Credit
https://www.facebook.com/profile.php?id=100086772613571&mibextid=ZbWKwL
14/01/2023
ငြင်းသင့်ရင် ငြင်းလိုက်ပါ
********************
လူအများစုရဲ့ နှလုံးသားမှာ
အားနာတဲ့စိတ်က
ခိုအောင်းနေတယ်။
ကိုယ် မလုပ်ချင်တဲ့ အလုပ်
ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို
ဒီစိတ်အရင်း ခံနေလို့
ကူညီပေးနေရတယ်။
ကိုယ်ဘယ်လို ခံစားရမှာဆိုတာထက်
သူ့ခံစားမှုကိုပဲ ဦးစားပေးတယ်။
သူငယ်ချင်း ဖြစ်နေလို့
မိတ်ဆွေ ဖြစ်နေလို့
ဆွေမျိုး ဖြစ်နေလို့ ဆိုပြီး
ငြင်းရမှာ အားနာတယ်။
မနိုင်တဲ့ဝန်ကို ထမ်းတယ်။
မငြင်းသာတဲ့စိတ်နဲ့
ဆက်ကူညီပေးတယ်။
လောကမှာ…
အားလုံးဟာ
အလိမ်အညာတွေ မဟုတ်သလို
အားလုံးဟာ
သူတော်စင်တွေ မဟုတ်ပါဘူး။
ကိုယ်က မအားတဲ့ ကြားကနေ
အချိန် ခွဲဝေပြီး
ကူညီပေးလိုက်တယ်။
အဆင်မပြေ ဖြစ်သွားရင်…
ပါးစပ်သေနတ် အပစ်ခံရတော့မှာ။
သူ့ ယုံကြည်လို့ အားကိုးပါတယ်
ဘာညာပေါ့…
ဟော…
အဆင်လည်း ပြေသွားရော
ငါ့ ကုသိုလ်လှ ကံနဲ့ပါ ဆိုတာ
စကား ထွက်လာသေးတယ်။
အလိုလို ကိုယ့်စေတနာဟာ
ဘေးရောက်သွားတယ်။
လူတိုင်းကို
အားနာသင့်သလောက်ပဲ
အားနာပါ။
သူတစ်ပါးရဲ့ အသုံးချခြင်းကို
ခံရတာလည်း ဒီစိတ်။
ရှေ့မှာ ရယ်ရယ်ပြုံးပြုံးနဲ့
နောက်ကွယ်မှာ
ဓားနဲ့ အထိုးခံရတာလည်း
ဒီစိတ်ကြောင့်ပဲ။
"အားနာရင် ခါးပါတယ်"တဲ့။
ခါး ပါရုံတင် မကဘူး
တချို့
ဘဝပါ ပါသွားကြတယ်။
ဒါကြောင့်မို့…
ကိုယ့်နှလုံးသား ပျော်ရွှင်ဖို့ကိုလည်း
ထည့်ထွက်ပါ။
ချောင်မှာ ကပ်မငိုရအောင်
ကိုယ်လည်း အဆင်ပြေအောင်
ငြင်းသင့်ရင်…
ရဲရဲသာ ငြင်းလိုက်ပါ မိတ်ဆွေ။
Credit
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
ที่อยู่
Thank
Chon Buri