DANA
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DANA, Jakarta.
24/10/2025
ဆိုင်မှာဝယ်မစားပဲ အိမ်မှာ လုပ်စားရအောင် မျှဝေပေးလိုက်ပါတယ် …
#ဝက်သားတုတ်ထိုး
ဝက်သားတုတ်ထိုးလုပ်နည်း---
အချင်းတိုင် ၂၅သား
အူချို ၂၀သား
အူမကြီး ၂၅သား
နို့အုံသား ၄၀သား
အူပိတ် ၂၅သား
နားရွက် တစ်ဖက်
လျှာ တစ်ချောင်း
နှလုံး တစ်ခု
သုံးထပ်သား ၂၀သား
အသဲ ၁၀သား
ဘဲဥ ၃လုံး
ကြိုက်နှစ်သက်ရာထည့်ပါ။
ဝက်ကလီစာများကို ရေစင်စင်ဆေးပါ။
အူချို/အချင်းတိုင်/နလုံး/လျှာ/နို့အုံသား/နားရွက်/အသဲ/သုံး
ထပ်သား တို့ကို မကျည်းသီး ဆား နှင့်ဆေးပါ။အရမ်းမဆေးပဲ
စင်ရုံဆေးပါနော်။
အူမကြီးကို ရေဆေးပါ။ဒယ်အိုးပူပူမှာအိုးကင်ပူကပ်ပါ။အချွဲ
များကုန်အောင်မွှေပါ။ပြီးမှ ဆား သံပုရာသီး မကျည်းသီးနှင့်
ဆေးပါ။
အူပိတ်ကို ပြောင်းပြန်လှန် ဆား မကျည်းသီးနှင့်ပွတ်ဆေးပါ။
အချွဲများကုန်လျှင် သံပုရာသီးနှင့်ထပ်ဆေးပါ။ပြောင်သွားလျှင်
အတည့်ပြန်လှန်ပြီး ထပ်ဆေးပါ။အားလုံးပြီးမှ တစ်ချောင်းသို့
ထပ်ထပ်ပြီးသွတ်ပါ။တူသုံးလို့ရပါတယ်။
အားလုံးပြီးရင် ကြက်သွန်ဖြူ ဂျင်း အရည်ညှစ်ချပါ။ဆား/သ
ကြား(ကြက်သားမှုန့်)/ငရုတ်ကောင်း/တရုတ်မဆလာ/အ
သားမဆလာ/ပဲငံပြာရည်အနောက် တို့နှင့် ၃/၄နာရီခန့် ရေခဲ
သေတ္တာထဲသို့ထည့် နှပ်ထားပါ။ကျွန်မကတော့ မနက်ချက်ရန် ညထဲကနှပ်ထားပါတယ်။
ချက်ကာနီးလျှင်နာရီဝက်ခန့်ကြိုထုတ်ပါ။ဆီပူပူမှာသကြား
ထည့်ပါ။ရဲလာလျှင် အသဲမှလွဲ၍ အားလုံးကိုထည့်ပြီး ကြော်ပါ။
ရေခမ်းပြီးဝက်သားနီလာလျှင် ရပါပြီ။
Pressure cookerထဲသို့ပြောင်းထည့်ပါ။ရေနို့ဆီဘူး ၁လုံးခွဲခန့်ထည့်ပါ။နာနတ်ပွင့် ၂ပွင့်ခန့်ထည့်ပါ။မိနစ်၂၀ခန့်ကြာ
လျှင် နူးလွယ်သောအသားများထုတ်ကာကျန်သောအသား
များနူးသည်အထိတည်ပါ။အားလုံးရလျှင်ဆယ်ပြီးကျန်သော
ရေဖြင့် အသဲထည့်ပြုတ်ပြီးဆယ်ထားပါ။ဘဲဥပြုတ်ထည့်ပါ။
ဗန်းထည့်သို့ပြောင်းထည့်ပြီး မီးမျှင်မျှင်ဖြင့်တင်ထားပါ။
ကြိုက်ရာကိုလှီးပြီးစားလို့ရပါပြီရှင်။
အချဉ်ရည်---
မကျည်းသီးကိုရေဆေးပြီးရေစိမ်ကာပွလာလျှင်ဇကာနှင့်အနှစ်တိုက်ချပါ။ထန်းလျှက်ကိုရေအနည်းငယ်နှင်ကြိုပြီးသဲစစ်ထား
ပါ။ကြက်သွန်ဖြူငရုတ်သီးထောင်းပါ။
ငရုတ်ဆီထည့်ပါ။ပဲငံပြာ
ရည်အကြည် ဂျင်းအရည်ထည့်ပါ။ငံပြာရည်(ကြက်သားမှုန့်)
ထည့်ပါ။ကော်မှုန့် ဇွန်းသေးတစ်ဇွန်းခန့်ကြိုထည့်ပါ။
ကျေးဇူးတင်ပါသည်။
#ဝက်သားတုတ်ထိုး
23/10/2025
ပုဇွန်လုံး ဟင်းချို ချက်နည်းလေးတင်ပေးလိုက်ပါတယ်။
23/10/2025
ဗုံလုံသီးဝက်သားအစာသွပ်
ကြက်သား ငါးဖယ် ဝက်သား မိမိကြိုက်နစ်သက်ရာ အသုံးပြုနိင်ပါတယ်
ဝက်သားအစာသွပ်ဆိုတိုင်း ဝက်သားနုပ်နုပ်စင်းပြီး
ဗုံလုံသီးထဲထည့်ချက်တာမျိုးမဟုတ်ပါဘူးနော်
ဝက်သားကို တဆင့်ချင်းအရသာသွင်းပြီးမှ
ဗုံလုံသီးထဲအစာသွပ် နူးနူးအိအိလေးဖြစ်အောင်
ချက်ထားတာမို့ ကလေး၊လူကြီး အားလုံးခံတွင်းတွေ့စေမှာပါ
ဝက်သားကိုလည်း နူးအိစေးထုပ်နေအောင်
နုပ်နုပ်စင်း အသားလုံးထားတာမို့ အရသာကတော့
ညွှန်းစရာမလိုအောင် ရှယ်ဘဲနော်
အိမ်ချက်အရသာကိုမှ စိတ်ရှည်အရသာကောင်းစားချင်ရင်တော့
အဲ့လိုလေး ချက်စားကြည့်ကြဖို့ အကြံပြုပါရစေ
22/10/2025
အလှဆုံးလေးများ🥰
22/10/2025
မွမွ လေးနဲ့ စားလို့ကောင်းတဲ့ သုံးထပ်သားကြော်
21/10/2025
🍎🌽
17/10/2025
Cute🐰🧡
16/10/2025
Yellow 💛💛💛
16/10/2025
🍏🍎
15/10/2025
Fruit Art❤💚💙
14/10/2025
Doremon Lunch Box💙
Click here to claim your Sponsored Listing.
Website
Address
Jakarta
11120