Myo Thidsar

Myo Thidsar

แชร์

welcome to my shop

15/09/2023

အလုပ်တွေ ရှုပ်လို့ပဲ ဖြစ်ဖြစ် …
စိတ်တွေ ရှုပ်လို့ပဲဖြစ်ဖြစ် …

မဆိုင်တဲ့သူတွေအပေါ် အကြောင်းမဲ့ ထိခိုက်အောင် မလုပ်မိပါစေနဲ့။

တစ်ယောက်တည်း နေချင်တယ်ဆိုတဲ့အခါ …
'' ငါ အဆင်မပြေသေးလို့ နောက်မှ စကားပြောမယ်လေ " လို့
ကြည်ကြည်လင်လင် စိတ်လေးထားပြီး request အရင်လုပ်။

အပိုထင်တာ၊ မထင်တာက တစ်ဖက်လူရဲ့အပိုင်းပေါ့။

ကိုယ့်အပိုင်းက ကိုယ့်ရဲ့ အခက်အခဲတစ်ခုကြောင့် တခြားသူတွေကိုပါ အဖြေမရှိတဲ့ ခက်ခဲမှုမျိုး မပေးမိစေဖို့ပါပဲ။

ဘယ်အချိန်ပြန်ကြည့်ကြည့် ကိုယ်ဟာ နားလည်ရခက်တဲ့သူမျိုး မဖြစ်ပါစေနဲ့ ။
💛🌻
ပင်ပျို ( မြန်မာစာ )

21/08/2023

💯

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ

တကယ်တော့

ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက
မလိုလားကြပြန်ဘူး...

လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ

တကယ်တော့

တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး...

လောကမှာ
တုံးအတဲ့သူတွေပဲ
အထင်သေးခံရတယ်ထင်ခဲ့တာ

တကယ်တော့

ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော..

လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ

တကယ်တော့

အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...

တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း

သတ်မှတ်တဲ့စံနှုန်းဟာ

သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...

အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ...

29/07/2023

ပျက်စီးဖို့ကလွယ်ကူတယ်…
တည်ဆောက်ဖို့ကခက်ခဲတယ်…
အနားမှာမရှိတော့တဲ့အခါမှ…
လွမ်းနေတာထက်စာရင် …
ရှိနေတုန်းလေးတန်ဖိုးထားတက်ပါစေ …

25/06/2023

တချို့လူတွေက
အပြစ်အနာအဆာရှိမှန်းသိသိရဲ့နဲ့
ပိုင်ဆိုင်ချင်ခဲ့ကြပြီး
ပိုင်ဆိုင်ပြီးသွားတဲ့အခါမှ
အတိတ်ကို
ဖိဖိနင်းပြီး
အနိုင်ယူတတ်ကြတယ် ။
ယုတ်မာတတ်ကြတယ် ။

#သျှင်ယွန်း

25/06/2023

ဟိုစကားဒီပို့ ဒီစကားဟိုပို့
လုပ်တဲ့သူတွေကို
အမုန်းဆုံးပဲ
စကားပွဲစားလုပ်မယ်ဆို
ကျွန်မနဲ့ဝေးဝေးနေပေးပါ

#သျှင်ယွန်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Pattaya?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Pattaya
Pattaya
12345