Pann Vlog

Pann Vlog

แชร์

အဟာရ ရှိတာကိုယ်တိုင်ချက်စားရင်း ​စျေးဖိုး​ချွေတာရ​အောင်👨‍🍳👩‍🍳

01/09/2024

😋

06/08/2024

အရမ်းကြိုက်လို့အိမ်မှာခဏခဏလုပ်စားတဲ့မာလာရှမ်းကော😋😋😋
အိမ်မှာချက် စားတော့ သန့်သန့်ရှင်းရှင်းနဲ့ကုန်ကျစရိတ်လဲသက်သာတယ် များများလဲစားရတယ်😍😋
လုပ်နည်းလေးရေးပေးထားပါတယ်ရှင့်👇

မာလာရှမ်းကောလုပ်နည်း🍽

နှစ်သက်ရာအသား အနဲငယ်
ခေါက်ဆွဲခြောက် 2ထုပ် (မားမားလဲရတယ်)
ယိုးဒယားအသားလုံး အနဲငယ်
အပ်မှို 1ထုပ်
နှစ်သက်ရာ အရွက် အနဲငယ်
မာလာရှမ်းကောအနှစ်ထမင်းစားဇွန်း ၃ဇွန်း
ငရုပ် ခြောက် 2တောင့် 4ပိုင်း ညှပ်ထား

✔ခေါက်ဆွဲ အပ်မှို အရွက်နဲ့ အသားလုံး တွေ ပ​​ြုတ်ပီးရေအေးနဲ့ဆေးထား
✔ အသားကို ဆားအရသာမှုန့်ပဲငံပ​ြာ ရည်အနဲငယ်နဲ့နယ်ထား
✔ ဆီအိုးတည် ညှပ်ထားတဲ့ငရုပ် ခြောက်ထည့်ကြော် က​​​ြွ ပ်လျှင်ဆယ်ထား
✔ကျန်တဲ့ဆီထဲ အရသာနယ်ထားတဲ့က​ြ က်သားထည့်ကြော် ကျစ်လာလျှင်
✔ မာလာရှမ်းကောအနှစ်ထည့် ခဏမွှေပီး အသားလုံး အပ်မှို ခေါက်ဆွဲထည့်မွှေ အရသာမ​ြ ည်း လိုတာထပ်ထည့် အရွက်ထည့် ငရုတ် ခြောက် ကြော် ထည့် မြေ ပဲကြော်ထည့် ကဲစိတ်က​ြို က်တဝက​ြီ း သုံးဆောင်လို့ရပါပ​ြီ

နံနံပင်က​ြို က်လျှင်ထည့် ပန်းကတော့မက​ြို က်လို့မထည့်ဘူး စိုစိုက​ြို က်ရင်က​ြ က်သားနဲ့မာလာရှမ်းကောအနှစ်လုံးတဲ့အချိန်ရေနွေးလေးထည့်ချက် ပန်းချက်နည်းကပန်းအက​ြို က် ဆုံးမာလာရှမ်းကောအရသာ ခြောက် ခြောက်လေးချက်ထားတာပါ မခတ်ပါဘူး နော် 😊
#ပိုက်ဆံချွေတာရင်းစားချင်တာကိုသန့်သန့်ရှင်းရှင်းနဲ့အိမ်မှာပဲတဝချက်စားရအောင်

21/07/2024

ပုစွန်ထုပ်ကြော်
ချဉ်ပေါင်မျှစ်ချက်
ငပိရည် တို့စရာ

🦐🦐ပုစွန်ကြော်နည်း🦐🦐

ပုစွန်4ကောင်ကိုင်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းနယ်ထား

ကြက်သွန်နီအလုံးသေး 4လုံး
3လုံးပါးပါးလှီး 1လုံးကို ငရုပ်စိမ်းမှုန့်1ဇွန်းနဲ့ရောထောင်းထား

လှီးထားတဲ့ကြက်သွန်နီထည့်ဆီသက် နွမ်းရင် ထောင်းထားတဲ့ငရုပ်သီးထည့် ဆီသက် ငရုပ်စိမ်းနံ့ပျောက်ရင် အရသာနယ်ထားတဲ့ပုစွန်ထည့် လိမ့်နေအောင်ကြော် လိမ့်ပြီဆို ရေနဲနဲစပ်ကျင်းလေးထည့် အဖုံးအုပ် ခြောက်‌နေ အောင်ပြန်ကြော် အဲ့လိုကြော်ရင်ပုစွန်က အသားလေး မာထုတ်ပြီးစားလို့အရမ်းကောင်းတယ် ပန်းက ပုစွန်ကြော်ရင် ကြက်သွန်ဖြူမထည့်ဘူးနော် ခုလိုလေးကြော်စားကြည့် ပုစွန်ဆီနံ့လေးမွှေးပြီး တအားစားလို့ကောင်းတယ်😋

🍁🍁🍁ငါးချဉ်ပေါင်ဟင်း🍁🍁🍁
ချဉ်ပေါင်ရွက်ကို ဆား အချိုမှုန့် ပုစွန်ငပိနဲနဲ နယ် မီးဖိုပေါ်တင်ရေထည့်ကြေအောင်အရင်ချေ

ကကတစ်ငါးခေါင်း 1ခေါင်းကိုဆားငံပြာရည် အချိုမှုန့် နနွင်းဖြင့်နယ်ထား(အခက်ကကိုယ်ကြိုက်နှစ်သက်ရာထည့်လို့ရပါတယ် ပန်းက ဟိုတစ်ပတ်ကငါးဝယ်ရင်းအသားတွေကကြော်လိုက်တော့ခေါင်းကျန်နေတာမို့)
ငရုပ်စိမ်းမှုန့် ဇွန်းဝက် ကြက်သွန်နီသေးတစ်ခြမ်း ကြက်သွန်ဖြူ ၃တက် ရောထောင်း ဆီသက် ငရုပ်စိမ်းနံ့ပျောက်ရင် ငါး‌ခေါင်းထည့် ကျစ်နေအောင် လုံး ကျစ်သွားရင်ရေစပ်ကျင်းလေးထည့်အဖုံးအုပ်ကျစ်နေအောင်ပြန်လုံး အဲ့ကျစ်လာပြီဆို ချေထားတဲ့ ချဥ်‌ပေါင်ထည့် မျှစ်ထည့် ရေ အားလုံးမြုပ်အောင်ထည့် ဆူအောင်တည် ချခါနီး နံနံပင်လေးအုပ် နံနံပင်နံ့မွှေးမွှေးလေးနဲ့ ငါးချဉ်ပေါင်ဟင်းလေးရပါပြီ😍
ပန်းပြောသလို ချက်စားကြည့် ရိုးရိုးရှင်းရှင်းလေးနဲ့ထမင်းတအားမြိန်တယ်😋

ခုပုံလေးက‌တော့ ညနေစာအတွက်ပါ☺️
မနက်စာက ချဉ်ပေါင်ဟင်းနဲ့ ငပိရည်လေးနဲ့နယ် တို့စရာလေးနဲ့ပုစွန်‌ကြော် တစ်ယောက်တစ်ကောင်နဲ့ ဆွဲပီးသွားပါပြီ😁

Photos from Pann Vlog's post 21/07/2024

မနက်ဈေးသွား🚶🚶
2ယောက်စာ
တစ်ခါချက်စာလေးတွေ ထုတ်ပြီး ရေခဲသေတ္တာထည့်သိမ်းမယ်
2ယောက်လုံး ဝက် အမဲ မစားတော့ ငါး ပုစွန် ကြက်သားကို မရိုးအောင် အသီးအရွက်လေး နဲ့ရောနှောချက်နည်းမျိုးစုံနဲ့ချက်😋

2ပတ်စာ‌ဈေးဖိုးကုန်ကျငွေ‌လေး က 753ဘတ်ပါ😊
တခုချင်းဈေးလေးတွေပုံအောက်မှာရေးပေးထားတယ်
သွားတဲ့ဈေးက pluak daeng မနက်ဈေးပါရှင့် တခြားမြို့တွေမှာရောဘယ်လိုဝယ်ရလဲရှင် 😊

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Rayong?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Rayong
21140