Rak's Thai s suratthani
ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Rak's Thai s suratthani, สุขภาพ/ความงาม, phon phin, Surat Thani
ကျန်းမာရေးအတွက်အကူညီလိုအပ်မှုရှိပါကဆက်သွယ်လာလို့ရပါတယ်
Dr.Tensha 88 Mi chiamo Tensha e vengo dal Laboratorio di Biologia Molecolare di Cold Spring Harbor negli Stati Uniti. Sono un medico che opera in urologia da oltre 15 anni. La mia esperienza riguarda la medicina riproduttiva maschile e la salute sessuale maschile.
မဂ်လာပါနော်
လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်တတ်ေသာေရာဂါများနှင့်ပတ်သတ်ပီးကာလသားေရာဂါဖြစ်ခဲ့ပါကဘယ်လိုကုသရမလည်းရှင်းပြပီး မကုသပဲေရရှည်ေနပါကဘယ်လိုဆိုးကျိုးေတဖြစ်လည်းဆိုတာသိသေလာက်ေလးတင်ျပးပါရေစ
ကာလသားရောဂါ(သို့မဟုတ်) လိင်အင်္ဂါကူးစက်ရောဂါ၏ဆိုးကျိုးများ
ကာလသားရောဂါ၏ဆိုးကျိုးများမှာ လူ့ခန္ဓာအတွက် လွန်စွာကြီးမားသောထိခိုက်မှုရှိနိုင်ပြီး နောက်ဆက်တွဲပြဿနာများလည်းများပြားလှပါသည်။
ကုသလျှင်ေပျာက်ကင်းသော်လည်းမကုသပဲထားပါကအချိန်ကြာလာလျှင် ကာယကံရှင်၏ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါသည်
လိင်အင်္ဂါကူးစက်ရောဂါရှိလျှင် ဆီးသွားသည့်အခါဆီးကျင်ပြီး လိင်အင်္ဂါသက်တောင့်သက်သာမရှိခြင်းကိုဖြစ်စေပါသည်
ဂနိုကဲ့သို့သောကူးစက်ရောဂါရှိလျှင် ဆီးခဏခဏသွားခြင်း၊ ဆီးအောင့်ခြင်င်း၊ ဆီးသွားချိန်နာကျင်မှုရှိခြင်းနှင့် ဆီးလမ်းကြောင်းမှပြည်ရည်ယိုခြင်း စသည့်ဆိုးကျိုးများရှိသည်။
ဆစ်ဖလစ်ကာလသားရောဂါရှိပါက လိင်အင်္ဂါနားတွင် အနာစိမ်းပုံစံရှိပြီး ထိုအနာသည်အလွန်မာကျောနေမည်။ လိင်အင်္ဂါတွင်ရေယုန်ကဲ့သို့သောအရည်ကြည်ဖုရှိနေပါက လိင်အင်္ဂါတစ်ခုလုံးပြည်တည်နာဖြစ်သွားနိုင်ပြီး နာကြင်မှုများကိုလည်းခံစားရလိမ့်မည်။ ကာလသားရောဂါသည် လိင်အင်္ဂါတစ်ခုတည်းကိုသာမက အခြားမျိုးပွားခြင်းဆိုင်ရာအင်္ဂါများကိုပါ ထိခိုက်မှုရှိနိုင်သည်။ ဥပမာ - ဝှေးလုံးရောင်ရမ်းခြင်း၊ ဆီးကျိတ်ရောင်ရမ်းခြင်း၊ တင်ပါဆုံတစ်ဝိုက်ရောင်ရမ်းခြင်းစသည့် နောက်ဆက်ပွားလက္ခဏာများဖြစ်စေပြီး အဆိုးဆုံးသည်မှာ ကလေးမရနိုင်သည့်အဆင့်ထိကိုပါ ဖြစ်နိုင်ချေရှိပါသည်။ ကာလာသားရောဂါများကို အချိန်မီမကုသလျှင် နှလုံးသွေးကြောများ၊ အာရုံကြောများ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါများ၊ အဆစ်အမြစ်ရောင်ရောဂါများ စသည့်နောက်ဆက်တွဲဆိုးကျိုးများရှိနိုင်ပါသည်။
လိင်အင်္ဂါကြွက်နို့သည် ကျား၊မ မရွေး ဖြစ်တတ်သော လိင်အင်္ဂါကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ အမျိုးသားများတွင် လိင်အင်္ဂါကြွက်နို့ရှိနေပါက မိမိထံမှတစ်ဆင့် မိမိဇနီး(သို့မဟုတ်)လိင်ဆက်ဆံဖော်ဆီသို့ လိင်အင်္ဂါကြွက်နို့ပိုးကူးစက်နိုင်ပါသည်။ ကြွက်နို့၏အရွယ်အစား၊ ပမာဏတဖြည်းဖြည်းပွားများလာပါက ဆီးသွားရာတွင်ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း (သို့မဟုတ်) ဝမ်းသွားရာတွင်စအိုလမ်းကြောင်းပိတ်ဆို့ခြင်း တို့ကိုဖြစ်စေပါသည်။ အချို့သောလူနာများတွင် တခါတရံယားယံခြင်းများရှိတတ်ပြီး လက်ဖြင့်ကုတ်လိုက်ပါက သွေးထွက်တတ်ပြီး အခြားနေရာသို့ ပိုးကူးစက်နိုင်ပါသည်။ အမျိုးသမီးများထံတွင် အထက်ဖော်ပြထားသောအန္တရာယ်များရှိနိုင်သည့်အပြင် ကူးစက်ခံရသောပိုးသည် Human Papillomavirus (HPV) ပိုးအပြင်းစားဖြစ်နေပါက သားအိမ်လမ်းကြောင်းတွင် ပိုးများပွားပြီး အချိန်ကြာလာသည်နှင့်အမျှ သားအိမ်ခေါင်းကင်ဆာအဖြစ်သို့ ကူးပြောင်းသွားနိုင်သည်။
ဒါကြောင့်မိမိကိုယ်ကိုကာလသားရှိသည်ဟုထင်မြင်ယူဆမိပါကသို့မဟုပ်ကာလသားရှိသည်ဟုတပ်အပ်သိပါကစောစောကုသသင့်ပါသည်
ကာလသားနှင့်HIVပိုးများကိုသွေးစသ်ပဖိးဆေးကုသမူလုပ်ချင်ပါကဖုန်းလေးတစ်ချက်ဆက်လိုက်ပါ အခမဲ့ကုသဆောင်ရွက်ပေးပါသည်
Viber/telegram09671001922
09756023712
09954098567
0925763815
အစိုးရရုံးပိတ်ရက်တိုင်းပိတ်ပါသည်ျနာ်🙏🙏🙏
HIV ပိုး ရှိနေသူတွေအတွက် HIV ပိုးတွေ ပွားများမလာအောင် ထိန်းချုပ်ကုသတဲ့အနေနဲ့ ART ဆေးကို နေ့စဉ် အချိန်တိတိကျကျသောက်ရန်လိုအပ်ပါတယ်.
အကယ်၍ ပုံမှန်သောက်ရမည့်အချိန်တွင် မေ့လျော့သွားပါက သတိရသောအချိန်တွင်
‼️ တစ်ရက်တစ်ကြိမ်သောက်ရသော ဆေးအမျိုးအစားအတွက် ဆေးသောက်သည့်အချိန်မှရည်တွက်၍ ၁၂ နာရီမကျော်သေးပါက ချက်ချင်းသောက်ပြီး ပုံမှန်သောက်သည့်အချိန်အတိုင်း ဆက်လက်ပြီး အချိန်အတိအကျ မပျက်မကွက်သောက်ပါ.
၁၂ နာရီ ကျော်လွန်ပါက ပုံမှန်သောက်သည့်အချိန်အတိုင်းသာ ဆက်လက်ပြီးသောက်ပါ.
‼️ တစ်ရက်နှစ်ကြိမ်သောက်ရသော ဆေးအမျိုးအစားအတွက် ဆေးသောက်သည့်အချိန်မှရည်တွက်၍ ၆ နာရီမကျော်သေးပါက ချက်ချင်းသောက်ပြီး ပုံမှန်သောက်သည့်အချိန်အတိုင်း ဆက်လက်ပြီး အချိန်အတိအကျ မပျက်မကွက်သောက်ပါ.
၆ နာရီ ကျော်လွန်ပါက ပုံမှန်သောက်သည့်အချိန်အတိုင်းသာ ဆက်လက်ပြီးသောက်ပါ.
⚠️သတိပြုရန်
-----------
ART ဆေးကို ဆေးသောက်သည့်အချိန်အတိုင်း အတိအကျမသောက်ပါက HIV ပိုးများ အဆမတန်ပွားများလာတတ်သလို ဆေးယဉ်ပါးခြင်းပြဿနာများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် နေ့စဉ်အချိန်အတိအကျသောက်သုံးရန်လိုအပ်ပါသည်.
ကြောက်စရာကောင်းတဲ့ လိင်ရောဂါ ကိုမ ပေါ့ဆသင့်..
၁။ ဂနိုရောဂါ ဆိုတာ ဘယ်လိုမျိုးရောဂါလဲ?
အကယ်၍ သင့်မှာ
၁။ လိင်တံက ပြည်ယိုနေမယ်။
၂။ ဆီးသွားရင် ပူမယ်။ ကျင်မယ်။
၃။ ဆီးခဏခဏ သွားချင်မယ်။
၄။ ဆီးသွားရင် မဝသလို ခံစားရမယ်။
၅။ မိန်းမကိုယ် က အဖြူဆင်းမယ်။
၆။ မိန်းမကိုယ်က အနံ့ဆိုးထွက်မယ်။
၇။ လိင်အင်္ဂါ ယားမယ်။
၈။ မိန်းမကိုယ် ယားမယ်။
၉။ လိင်အင်္ဂါ သို့မဟုတ် မိန်းမကိုယ် နားမှာ အနာပေါက်မယ်။
၁၀။ လိင်အင်္ဂါ သို့မဟုတ် မိန်းမကိုယ် မှာ ကြွက်နို့ပေါက်မယ်။
၁၁။ အကာကွယ်မဲ့ လိင်ဆက်ဆံမိမယ်။
၁၂။ စအိုမှာ အနာပေါက်မယ်။
၁၃။ ကာလသားရောဂါ ဖြစ်နေမယ်။
၁၄။ ဆီးပူညောင်းကျ ရောဂါဖြစ်နေမယ်။
၁၅။ ကိုယ်ခန္ဓာမှာ အနာတွေပေါက်နေမယ်။
စတဲ့ အချက်တွေထဲက တစ်ချက်ချက်နဲ့
ကိုက်ညီနေတယ်ဆိုရင် လုံးဝလုံးဝမပေါ့ပါနဲ့..
ဂနိုရောဂါအတွက်...အခမဲ့ကုသစစ်ဆေးကုသပေးပါတယ်
သွေးလဲအခမဲ့စစ်ပေးပါတယ်ဗျ
ဝန်ဆောင်မှုလိုအပ်ရင် ဆက်သွယ်နိူင်ပါတယ်☎09687861635📲
ယောက်ျားတွေ🤷♂️ မဖြစ်မနေ သိထားသင့်တဲ့ အချက် ၅ချက်။
1️⃣ယောကျာ်းတစ်ယောက်ရဲ့ ငယ်ပါဟာ ကျိုးနိုင်သလား ?
ကျိုးနိုင်ပါတယ်။ သူ့မှာက အရိုးမရှိတဲ့အတွက် အရိုးကျိုးသလိုတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တောင်မတ်ခြင်းဖြစ်နိုင်စေဖို့ရာ အရမ်းကို သန်မာတဲ့အလွှာတစ်ခုနဲ့ ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံတဲ့အချိန်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိလို့ ဒါမှမဟုတ် အခန့်မသင့်လို့ ဒီအလွှာကိုပြုလုပ်ထားတဲ့ တစ်ရှုးအမာတွေစုတ်ပြတ်ကျိုးပဲ့သွားတာမျိုးကို လိင်တံကျိုးတယ်လို့ ခေါ်ပါတယ်။
လိင်တံဆိုတဲ့အမျိုးက ထောင်မတ်နေတဲ့အချိန်မှာ သွေးတွေအားကောင်းကောင်းနဲ့ စီးဆင်းနေတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ထောင်မတ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျိုးသွားခဲ့ရင် သွေးတွေအများကြီး ထွက်လာမှာပါ။ ဖျောင်းခနဲအသံခပ်ကျယ်ကျယ်နဲ့အတူတူ အလွန်အမင်းလည်း နာကျင်မှုကို ခံစားရတယ်လို့ဆိုပါတယ်။လိင်တံဟာ အညိုအမဲစွဲပြီး ရောင်ကိုင်းလာပါလိမ့်မယ်။အရေးပေါ်ခွဲစိတ်ကုသမှု ခံယူဖို့လိုအပ်ပါလိမ့်မယ်။
2️⃣ပုံမှန်သုတ်ရည်အရောင်က ဘယ်လိုမျိုးလဲ၊ ဘယ်အချိန် စိတ်ပူသင့်သလဲ?
ပုံမှန်သုတ်ရည်အရောင်က ဖြူပြီးတော့ ပျစ်ပါတယ်။ တစ်ခါတလေ သုတ်ရည်ထဲ သွေးပါတတ်တာမျိုး ရှိနိုင်ပေမဲ့ ကာလအတန်ကြာ ပါနေတယ်ဆိုရင်တော့ ဆီးကျိတ်ပြဿနာတစ်ခုခုတော့ ရှိနေနိုင်ပါတယ်။သုတ်ရည်လွှတ်တဲ့အချိန်မှာ နာလည်းနာတယ် အနံ့လည်း မကောင်းဘူးဆိုရင်တော့ ပိုးကူးစက်ခံထားရတာမျိုး ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
3️⃣လူငယ်အရွယ်ပဲ ရှိသေးရက်နဲ့ လိင်တံဘာလို့ မတောင်မတ်နိုင်ရတာလဲ၊ ပုံမှန်ရော ဟုတ်ရဲ့လား ?
အသက် ၅၀ အောက်မှာ လိင်တံတောင်မတ်မှုမရှိနိုင်တဲ့ပြဿနာက ၅ % အောက်ပဲ ရှိပါတယ်။ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလိုခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီပြေးတာ အကောင်းဆုံးပါပဲ။ အခုလို ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ ထိခိုက်ဒဏ်ရာရဖူးတာ သွေးကြောပြဿနာ နဲ့ သွေးတိုးဆီးချိုပြဿနာတွေပဲ ဖြစ်ပါတယ်။ဒါ့အပြင် မူးယစ်ဆေးသုံးတာ နဲ့ ဆေးလိပ်သောက်တာတွေကလည်း လိင်တံတောင်မတ်ခြင်းကို ထိခိုက်စေနိုင်ပါသေးတယ်။
4️⃣ပုံမှန်လိင်တံအရွယ်အစားက ဘယ်လောက်လဲ၊ ကြီးလာအောင် လုပ်လို့ရလား ?
ပုံမှန်အားဖြင့်တော့ သုံးလက်မခွဲ နဲ့ ခုနစ်လက်မခွဲကြားပါ။ များသောအားဖြင့် ငါးလက်မခွဲလောက်တော့ ရှိတတ်ကြပါတယ်။တကယ်လို့ သင့်လိင်တံက ပုံမှန်အရွယ်အစားမှာ ရှိနေတယ်ဆိုရင်တော့ ပိုကြီးလာအောင် မလုပ်ဖို့ အကြံပေးပါရစေ။ဘာလို့လည်းဆိုတော့ အဲ့လိုကြီးလာအောင်လုပ်တဲ့ ဘယ်နည်းလမ်းကမှ စိတ်မချရလို့ပါပဲ။
5️⃣အရေပြားထိပ်ကို ဖြတ်သင့်သလား မဖြတ်သင့်ဘူးလား ?
ကျန်းမာရေးရည်ရွယ်ချက်နဲ့ အရေပြားထိပ်ဖြတ်ခြင်းဟာ ကောင်းသလား မကောင်းဘူးလားဆိုတာ အခုထိ ငြင်းခုန်နေရဆဲကိစ္စတစ်ခုပါ။ ဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ ပြောရင် ပိုမှန်ပါမယ်။ဘယ်ဆရာဝန်ကမှတော့ ခင်ဗျားကို အသားလွတ်ကြီး အရေပြားထိပ်ဖြတ်ပါလို့ ပြောမှာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသားတွေမှာ များသောအားဖြင့် ထိပ်ဖြတ်ရလေ့ရှိတဲ့အကြောင်းရင်းတွေကတော့ လိင်တံထိပ်အရေပြားဖုံးအုပ်ပြီး ဆီးသွားရန်ခက်ခဲခြင်း နှင့် လိင်တံတွင်ရောဂါပိုးဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ART ဆေးဆိုတာ HIVပိုးကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်တွင်း ပိုးတွေပိုမိုမပြန့်ပွားအောင်သောက်ရတဲ့ပိုးထိန်းဆေးပါ ။
HIVပိုး ကူးစက်ခံရပြီး ဆေးကုသမှုခံယူကာ ART ဆေးကိုသောက်တော့မယ်ဆိုရင် ....
⏰ ART ဆေးကအချိန်မှန်ပုံမှန်သောက်ရတဲ့ဆေးဖြစ်တဲ့အတွက် ဆေးသောက်မည့်အချိန် မိမိနှင့်အသင့်တော်ဆုံးအချိန်ကိုရွေးပါ ။
⏰ ဆေးသောက်ချိန် မမေ့အောင် ၊ နောက်မကျအောင်အတွက် ဖုန်း
ဒါမှမဟုတ် နာရီကို Alarm ပေးထားပါ ။
⏰ ဆေးသောက်ချိန်မေ့သွားတာမျိုး ဖြစ်ခဲ့ရင် တစ်နေ့တစ်လုံးသောက်တဲ့သူဆိုရင် ဆယ့်နှစ်နာရီအတွင်း မေ့သွားတဲ့ဆေးကိုသောက်ပါ ။ ဆေးနှစ်လုံးသောက်ရတဲ့သူဆိုရင် ခြောက်နာရီအတွင်း သတိရရချင်းဆေးကိုသောက်ပါ ။အတတ်နိုင်ဆုံးမမေ့အောင် သတိထားဖို့လိုပါမယ် ။
⏰ အမြဲအပြင်ထွက်တက်သူ ညအိပ်ညနေ ခရီးသွားတတ်သူဆိုရင် အပြင်ထွက်တိုင်း ဆေးကို လေလုံတဲ့ဗူး နဲ့ အပိုသယ်သွားပါ ။
⏰ ဆေးကိုမိမိသဘောနဲ့ရပ်လိုက်တာမျိုးလုံးဝမလုပ်ပါနဲ့ စတဲ့အချက်တွေကို လိုက်နာဖို့လိုပါမယ်
ကွန်ဒုံးနဲ့ PrEP အကြောင်း ဘယ်လိုပြောရင် အကောင်းဆုံးလဲ။
ကွန်ဒုံးများသည် HIV ရောဂါပိုး စတင်ဖြစ်ပွားပြီးကတည်းက HIV ကာကွယ်ရေး၏ အဓိကကျသော လုပ်ငန်းဖြစ်သည်။
ကွန်ဒုံးနှင့် PrEP နှင့်ပတ်သက်သော အထောက်အကူဖြစ်စေမည့် စာတိုအချို့-
PrEP အသုံးပြုခြင်းသည် ကွန်ဒုံးသုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ HIV ကူးစက်မှုကို တားဆီးပေးသည်။
PrEP သည် ဆစ်ဖလစ်၊ ဆီးပူညောင်းကျ၊ အသည်းရောင်အသားဝါ B နှင့် C ပိုးနှင့် ကြွက်နို့များကဲ့သို့ ကိုယ်ဝန် သို့မဟုတ် လိင်မှကူးစက်သော ကူးစက်ရောဂါများကို မကာကွယ်နိုင်ပါ။
HIV ကာကွယ်ရေးအတွက် PrEP ကိုအသုံးပြုသူများသည် အခြားလိင်မှတဆင့်ကူးစက်သော ကူးစက်ရောဂါများအတွက် အန္တရာယ်ရှိတတ်သည်။ ရောဂါပိုးသည် မကြာခဏ လုံးဝတိတ်ဆိတ်နေသောကြောင့် ဆစ်ဖလစ်စစ်ဆေးမှုသည် အထူးအရေးကြီးပါသည်။ လိင်ကတဆင့် ကူးစက်ရောဂါကို စစ်ဆေးတွေ့ရှိပါက လိင်ဆက်ဆံဖော်ကိုလည်း ကုသသင့်ပါတယ်။
09973141641
19/12/2022
( HIV ) အိတ်ခ်ျအိုင်ဗွီ ရောဂါ လက္ခဏာ တွေကတော့-
🎗🎗🎗🎗🎗🎗🎗🎗🎗🎗🎗🎗🎗
HIV -- အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခြင်းရဲ့
အစောပိုင်း ရောဂါ လက္ခဏာ တွေက ကူးစက်သူ အများစုမှာတော့ ခံစားရလိမ့် မရှိတတ် ပါဘူး။
တချို့တလေ မှာတော့ အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက် ခံရပြီး ၃ ပါတ်ကနေ ၆ ပါတ်
အတွင်းမှာ တုပ်ကွေး ရောဂါနဲ့ ပုံစံတူတဲ့ ရောဂါ လက္ခဏာ တွေ ခံစားရ တတ် ပါတယ်။
အဲဒါကိုတော့ Acute HIV Syndrome လို့ခေါ်ပါတယ်။ သူရဲ့လက္ခဏာ တွေကတော့
- ကိုယ်ပူခြင်း
- ခေါင်းကိုက်ခြင်း
- လူနုံးနေတတ်ခြင်း
- ပျို့အန် ခြင်း
- ၀မ်းလျောခြင်း
- လည်းပင် ၊ ချိုင်း ၊ပေါင်ခြံ တို့တွင်
အကျိတ်များ ကြီးခြင်းစသည်တို့ ဖြစ်နိုင် ပါတယ်။
ဒီလက္ခဏာတွေ ဟာအခြား Virus တွေ့ကြောင့် ဖြစ်တဲ့
လက္ခဏာ တွေနဲ့ ဆင်တူ ပါတယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ ပိုးကြောင့် ဟုတ် မဟုတ်
ဆိုတာကိုတော့ HIV test စစ်မှပဲ သိရမှာ ဖြစ်ပါတယ်။ (ပိုးကူးစက် ခံရသူ အများစု ကတော့
ဖေါ်ပြပါ လက္ခဏာတွေ ခံစားရခြင်း မရှိပါဘူး) ဖေါ်ပြပါ လက္ခဏာတွေ ဟာ တစ်ပါတ် ကနေ တစ်လ
အတွင်းမှာ ပျောက် ကင်း သွားလေ့ ရှိပါတယ်။ ဒီလိုခံ စားနေရတဲ့ ကာလ အတွင်းမှာ ခန္ဓာ
ကိုယ်ထဲမှာ ဗိုင်းရပ်စ် ပိုး အရေအတွက် ပမာဏ မြင့်မား နေပြီး အခြားသူတွေ ကို
ပိုမိုကူး စက်နိုင်ပါတယ်။
၎င်း နောက် ခန္ဓာကိုယ် ရဲ့ကိုယ်ခံ စွမ်းအားစနစ် က
ဗိုင်းရပ်စ် ပိုးတွေကို စတင် တိုက်ခိုက် တဲ့အတွက် ကြောင့် ဗိုင်းရပ်စ် ပိုးပမာဏ
လျော့နည်း လာပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးဟာ သွေးဖြူဥ တွေကို ဖြည်းဖြည်း ခြင်း
ဖျက်ဆီး ပြစ်ပါတယ်။ တဖြည်ဖြည်း နဲ့ သွေးဖြူဥ အရေအတွက် အလွန် ကျဆင်း လာတဲ့ အခါမှာ
ကူးဆက်ရော ဂါတွေ နဲ့ အခြားသော ရောဂါတွေ ခံစားရပြီး အေအိုင်ဒီအက်စ် ဖြစ်သွား ပါတယ်။
ဒီလိုမျိုး ပိုမိုဆိုးရွား ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ကတော့ လူကြီးတွေမှာ
ရောဂါပိုး ကူးဆက်ခံ ရတဲ့အချိန်မှ စပြီး နှစ် အတော် ကြာအောင် (တစ်ချို့တွင် ၁၀ နှစ်
(သို့) ထိုထက်ပိုကြာ၍) ပေါ်လာခြင်း မရှိ တတ် ပါဘူး။ ဒါပေမယ့် မိမိကိုယ်ထဲ
ကိုပိုးရောက် ပြီး တဲ့ အချိန် ကစလို့ ကာလ တစ်လျောက်လုံး ဗိုင်းရပ်စ် ပိုး တွေ ဟာ
ပွား နေပြီး ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ စွမ်း အား စနစ် ကို ဖျက်ဆီး နေပါ တော့တယ်။
ပုံမှန် ကျန်းမာတဲ့ လူ တစ်ယောက်ပုံ ပေါက်နေ ပေမယ့် မိမိဆီ ကနေတဆင့် အခြား သူတွေ
ဆီကို ကူးစက် နိုင်ပါတယ်။
အိတ်ခ်ျအိုင်ဗွီ ပိုး ကူးစက်ခံထားရပြီး သူ ၆၀% ကနေ
၈၀% ဟာ ၅ နှစ် ကနေ ၁၀ နှစ် အတွင်းမှာ ဆိုးရွား အေအိုင်ဒီအက်စ် ရောဂါ
ဖြစ်တတ်ပါတယ်။
🎗🎗🎗🎗
အေအိုင်ဒီအက်စ် ရောဂါရဲ့ အဓိက လက္ခဏာ များမှာ -
- မိမိရှိရင်း ကိုယ်အလေးချိန်ရဲ့ ၁၀% ထက်ပိုပြီး
လျော့ကျသွားခြင်း (ဥပမာ။ ။ အစက ကိုယ်အလေးချိန် ပေါင် ၁၀၀ ရှိတဲ့သူက အခု ပေါင် ၉၀
အောက်ကို လျော့နည်း သွား ခြင်း)
- တစ်လထက် ပိုပြီး ဆက်တိုက် ၀မ်းလျှောခြင်း
- တစ်လထက်ပိုပြီး အဖျားဆက်တိုက်တက်ခြင်း
(ကိုယ်ပူနေခြင်း)
တို့ဖြစ်ပါတယ်။
အေအိုင်ဒီအက်စ် ရဲ့ သာမညလက္ခဏာတွေ ကတော့ -
- တစ်လထက်ပို ပြီးချောင်းဆိုးနေခြင်း
- ခန္ဓာကိုယ်အနှံ့ ရေယုန်များ (ဆင်ရေယုံများ)
ပေါက်နေခြင်း ၊
- အကျိတ်များ တစ်ကိုယ်လုံး အနှံ့မပြား ထွက်နေခြင်း
- လျှာ ၊ ပါးစပ် လည်ချောင်း ထဲတွင် မှက္ခရု များ
ထွက်နေခြင်း
- တစ်ကိုယ်လုံး အရေပြား ယားယံ ယောင်ယား ခြင်း
- အရေပြား ပေါ်နှင့် အရေပြား အောက် ၊ပါးစပ်
နှာခေါင်း အတွင်း တို့တွင် အနီရောင် ၊အညိုရောင် ၊ပန်းရောင် ၊ ခရမ်းရောင် စတဲ့ အစက်
များ ပေါ်နေခြင်း
- မှတ်ဥာဏ် ချို့ယွင်းအားနည်း လာခြင်း ၊ စိတ်ဓာတ်
ကျဆင်းခြင်း နှင့် အခြားသော ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားရခြင်းစသည်တို့ တို့ဖြစ်ပါတယ်။
🎗
ဒါအပြင် အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားနေတဲ့
သူတွေမှာ ခုခံစွမ်းအား ကျ ဆင်း လာတဲ့ အတွက် ( HIV / AIDS 1 မှာ ပြောထားပြီး
ဖြစ်တဲ့) ကိုယ်ခံစွမ်း အားနိမ့် ကျနေမှ သာ ကူးနိုင်တဲ့ ကူးစက်ရောဂါ (Opportunistic
Infections) တွေ ရရှိ ခံစား ရပါ တော့တယ်။
🎗
Opportunistic infections တွေဟာ ရောဂါပိုးမွှား
မျိုးစုံ ( bacteria ,virus ,fungi ,parasites) ကြောင့် ဖြစ်တော့ တာပါပဲ။ ဥပမာ
အနေနဲ့ ပြောရရင် ဒီ opportunistic infections တွေ ထဲမှာ bacteria ကြောင့် ဖြစ်တဲ့
တီဘီ ရောဂါဟာ အဓိက ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပါတယ်။ သူတို့မှာ ဖြစ်တဲ့ တီဘီ
ရောဂါ ကလည်း သာမန် ထက် ပိုပြီး ပြင်းထန် ပါတယ်။ virus ကြောင့် ဖြစ်တဲ့ ရေယုံတွေ ၊
အသည်း ရောင်တာတွေ ၊ fungi မှို ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်တာ ၊
မှက္ခရု စတာတွေ ၊ parasites ကပ်ပါး ပိုးတွေ ကြောင့် ဖြစ်တဲ့ နမိုးနီးယား (အဆုပ်
အမြှေးပါး ရောင်ခြင်း) ရောဂါ အစရှိတဲ့ ရောဂါတွေ ရရှိ ခံစား ရပါတယ်။
ကလေးများ တွင် တွေ့ရသော ရောဂါ လက္ခဏာ များ မှာ
အများအား ဖြင့် ကလေးအသက် ၈ လခန့်မှာ ရောဂါလက္ခဏာ များ စတင် ပေါ်လာ တတ်ပါတယ်။
တစ်ခါတစ်လေလဲ မွေးစ အချိန်က တိုင် စပေါ် နိုင်ပါတယ်။
လက္ခဏာ များမှာ -
- ကလေးကြီးထွား မှုမရှိခြင်း ၊
ကြီးထွားမှုနှေးကွေးခြင်း
- အသည်း ၊ ဘေလုံး ၊အကျိတ်များ ကြီးထွားနေတတ်ခြင်း
- မကြာခဏဖျား ခြင်း၊ ကူးစက် ရောဂါများ
ခံစားရခြင်းစတဲ့ လက္ခဏာ တွေတွေ့ရတတ်ပါတယ်။
🎗🎗🎗
( HIV ပိုး ကူးစက်ခံ ရပြီး မှန်ကန်တဲ့ ကုသမူ ခံယူရင် သက်တမ်းစေ့ နေလို့ ရသလို AIDS ဆိုတဲ့ ရောဂါ လခကာစု ဖြစ်လာရင် လည်း စနစ်တကျ ဖြစ်လာတဲ့ ရောဂါ မှန်သမျှကိုအမြန်ဆန် ဆုံး ကုသမူ ခံယူမယ်ဆို ရင် HIV ပိုး ရှိသူ အဖြစ် ပြန်လည် ဖြစ်သွားနိုင်ပါတယ် ×××× မိမိ ကိုယ် မိ မိ မှန်ကန်သော ကျန်းမာရေး စောင့်ရှောက်မူ များ ခံယူ ပြီး ပုံမှန် ကျန်းမာပျော်ရွှင်သော လူနေထိုင်မူ ဘ၀ ရရှိပိုင်ဆိုင်ကြပါစေ )
HHIG
🎗🎗❤❤🎗🎗🎗
19/12/2022
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Phon Phin
Surat Thani
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Rak's Thai s suratthani โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ