CElE would

CElE would

Share

လုပ်ဆောင်ချက်နှင့်စိတ် browsre

08/09/2022
ဒီသမိုင်းလေးကို သိပြီးသကာလ “နောင်အခါ ကျွန်တော် ခါငှက်သား မစားတော့ပါ” - Today News 01/05/2022

ဒီသမိုင်းလေးကို သိပြီးသကာလ “နောင်အခါ ကျွန်တော် ခါငှက်သား မစားတော့ပါ” - Today News Unicode ဒီသမိုင်းလေးကို သိပြီးသကာလ “နောင်အခါ ကျွန်တော် ခါငှက်သား မစားတော့ပါ” ပြောင်ခေါင်းဒေသရဲ့ တောတောင်ထဲ ရော.....

Mobile uploads 12/27/2021

* အိန္ဒိယလက်ဘက်ရည် ဖျော်နည်း *

မင်းသိင်္ခ စာအုပ်ဖတ်ပြီး အိန္ဒိယလက်ဘက်ရည် ဆိုတာကို ဘယ်လိုကြီး သောက်ချင်နေမိမှန်း မသိဘူး။ ခက်တာက ဒီမှာ အိန္ဒိယလက်ဘက်ရည်ဆိုပြီး ဘယ်သူကမှလည်း ရောင်းတာမရှိ။ ၁ ပတ်လောက်အထိကို အဲ့လက်ဘက်ရည် သောက်ချင်စိတ်က ပျောက်မသွားဘူး။

အဲ့ဒါနဲ့ ဒီနေ့တော့ ဒီလောက် သောက်ချင်နေတဲ့ အိန္ဒိယလက်ဘက်ရည် ကိုယ့်ဟာကိုယ် အဝဖျော်သောက်ပလိုက်တယ်လေ။ ခရမ်းပြာလိုပဲ အိန္ဒိယလက်ဘက်ရည်ဆိုတာကို သောက်ချင်စိတ်ရှိလာရင် ကိုယ်တိုင် လုပ်ပြီး ဖျော်သောက်ရအောင်လို့ ဖျော်စပ်နည်းလေးကို ခရမ်းပြာ ပြောပြပေးပါ့မယ်နော်။

အိန္ဒိယလက်ဘက်ရည်ဖျော်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့…

အချိုခြောက်
ႏြားနို့
သျကား
ဂျင်း
သစ်ဂျပိုးခေါက်
ဖာလာစေ့
ဖာလာအကြီး
လေးညှင်း
ငရုပ်ကောင်းစေ့
စမုံစပါး (စမုံစပါးက မထည့်လည်းရ)

ပြုလုပ်နည်း

သစ်ဂျပိုးခေါက် ဖာလာစေ့ ဖာလာအကြီး လေးညှင်း ငရုပ်ကောင်းစေ့ စမုံစပါး အားလုံးကို ရောပြီး ထောင်းထားလိုက်ပါ။ အရမ်းညှက်စရာမလို။ မထောင်းချင်ရင်လည်း အားလုံးကို ကြိပ်စက်နဲ့ ရောကြိပ်လိုက်လို့ရပါတယ်။

အချိုခြောက်ကို အဖန်ရည်ကျအောင် နှပ်ထားပါ။

နွားနို့ကို ပျစ်ပျစ်လေး ကျိုထားပါ။

ပြီးရင် ရေနွေးတည်ပြီး အဲ့ရေနွေးအိုးထဲ ဂျင်း ကို အရင်ဆုံး ထောင်းထည့်ပါ။ ( ဂျင်း အခွံခွာစရာမလို)။ (ဂျင်း အခြောက်ထည့်လည်းရပါတယ်)။ ရေနွေးပွက်ပွက်ဆူလာပြီး ဂျင်းလည်း ကျက်သွားပြီဆိုတဲ့အခါမှ အားလုံးရောထောင်းထားတဲ့ ဖာလာ လေးညှင်း သစ်ဂျပိုး ငရုပ်ကောင်း စတာတွေကို ထည့်လိုက်ပါ။ ဆားလေးနည်းနည်းထည့်ပါ။

တစ်ချို့ကတော့ အချိုခြောက်နှပ်ထားတဲ့အရည်အထဲမှာပဲ အဲ့အဆာပလာတွေ တစ်ခါတည်း ရောထည့်ပြီး ကျိုလိုက်တာလည်း ရှိပါတယ်။

ခရမ်းပြာကတော့ သူ့အနံ့အရသာလေးကို ကိုယ့်စိတ်တိုင်းကျ လိုတိုး ပိုလျှော့လေး လုပ်ပြီး စိတ်ကြိုက်အရသာလေး သောက်ချင်တာမို့ အချိုခြောက်နှပ်ရည်သပ်သပ် ဖာလာ လေးညှင်းစတဲ့အဆာပလာအရည် သပ်သပ် တစ်အိုးစီ တည်လိုက်တာပါ။ တကယ်လို့ အဲ့ဒီ ဖာလာ လေးညှင်းစတဲ့ အရသာတွေကို သိပ်မကြိုက်ရင် အဲ့အရည်လေးကို လက်ဘက်ရည်ဖျော်တဲ့အခါ လျှော့ထည့်ပြီး ကြိုက်ရင်တော့လည်း ပိုပြီးထည့်လို့ရတာပေါ့။

အားလုံးပြီးပြီဆိုရင်တော့ နှပ်ထားတဲ့အချိုခြောက်အဖန်ရည်ကိုစစ်ယူပြီး သကြားထည့်ပါ။ နွားနို့ထည့်ပါ။ ပြီးရင် ဂျင်း သစ်ဂျပိုးခေါက် ဖာလာစေ့ ဖာလာအကြီး လေးညှင်း ငရုပ်ကောင်းစေ့ စမုံစပါး စတဲ့အဆာပလာတွေထည့်ကျိုထားတဲ့အရည်လေးထည့်ဖျော်လိုက်ပါ။ နွားနို့ မရရင် မိတ် ထည့်ပါ။ သကြားနဲ့မကြိုက်ရင် နို့ဆီနဲ့ထည့်ဖျော်ပါ။

အဲ့ဒါဆို ထူးခြားတဲ့ အနံ့အရသာလေးနဲ့ပြည့်စုံတဲ့ အိန္ဒိယ လက်ဘက်ရည်ကို ရပါပြီနော်။ ချိုတယ် မွှေးတယ် စိမ့်တယ် ပြီးတော့ စပ်ရှားရှားလေးနဲ့ တကယ့်ကို ဆန်းသစ်တဲ့ အနံ့အရသာလေးနဲ့ အိန္ဒိယ လက်ဘက်ရည်လေးပါ။ သောက်ပြီးတာနဲ့ ခံတွင်းကိုလည်း ရှင်းသွားစေပါတယ်။

ခရမ်းပြာက ဆရာလေး ( သီလရှင်) ကျောင်းမှာ အလည်သွားရင်း အဲ့မှာပဲ လုပ်သောက်ခဲ့တာ။ အဲ့ဒါ ဆရာလေးတွေကိုပါ တိုက်တော့ ကြိုက်လို့တဲ့ ဥပုသ်နေ့ကျရင် အသစ်အဆန်းလေး ဖြစ်အောင် ဒါမျိုး အိန္ဒိယလက်ဘက်ရည်ကို ဥပုသ်သည်တွေနဲ့ဆရာလေးတွေကို များများ ဖျော်တိုက်ရအောင်လို့ နောက်တစ်ခေါက်လည်း ကျောင်းမှာ လာပြီး လုပ်ပေးပါဦးတဲ့။

ကြိုက်တယ် အားပေးတယ်ဆိုမှတော့ လုပ်ပေးရမှာပေါ့လေနော့ 😁😁

လက်ဖက်ရည်ကို အထူးအဆန်းအရသာလေးနဲ့ သောက်ဖို့ စိတ်ဝင်စားတယ်ဆို ပုံလေးတွေကို ကြည့်ပြီး စမ်းသပ်ကြည့်ကြပါလို့ ။ ဒါကတော့ ရှမ်းမ ဖျော်တဲ့ အိန္ဒိယလက်ဘက်ရည်ပေါ့ 😂😂

Credit : Khaingt Hazina Ye

Want your business to be the top-listed Beauty Salon in Atlanta?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Atlanta, GA
HI