Family Health Care
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို.ဆေးကုသလိုသူများအတွက် အကောင်းဆုံးဝန်ဆောင်မှု.အပြည်.ပေးနေပါတယ်
07/04/2025
သည်းခြေကျောက်အကြောင်း သိကောင်းစရာ
သည်းခြေကျောက်ဆိုတာက သည်းခြေအိတ်ထဲက အစာခြေအရည်တွေ အနည်ထိုင်ပြီး မာကျောလာတဲ့ အရာပါ။သည်းခြေအိတ်ဆိုတာ ဝမ်းဗိုက်ညာဘက် အသည်းအောက်မှာ ရှိတဲ့ သစ်တော်သီးပုံသဏ္ဍန်
ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းတစ်ခုပါ။
သည်းခြေအိတ်ထဲမှာ သည်းခြေရည်လို့ခေါ်တဲ့ အစာချေအရည်ကိုသိုလှောင်ထုတ်လုပ်ပါတယ်။ဒီအစာချေအရည်တွေက အစာအိမ်နဲ့ဆက်နေတဲ့ အူထဲကို စီးဆင်းပါတယ်။သည်းခြေကျောက်တွေက စပါးစေ့လောက်သေးငယ်တဲ့ အရွယ်အစားကနေ ဂေါက်သီးလုံးလောက်အထိ ကြီးမားနိုင်ပါတယ်။
လူတချို့မှာ သည်းခြေကျောက်တစ်လုံးတည်းရှိပြီး တချို့မှာ သည်းခြေကျောက်များစွာရှိတတ်ပါတယ်။သည်းခြေကျောက်တည်တာရဲ့ နောက်ဆက်တွဲ လက္ခဏာခံစားရတဲ့လူတွေက အများအားဖြင့် ခွဲစိတ်ကာ သည်းခြေအိတ်ဖယ်ရှားဖို့ လိုအပ်ပါတယ်။ သည်းခြေကျောက် ရှိနေပြီး ရောဂါလက္ခဏာ မပြရင် သောက်ဆေးသောက်လိုပါက သောက်နိုင်ပါတယ်။
ရောဂါလက္ခဏာများ
သည်းခြေကျောက်က ရှိနေပေမယ့် သည်းခြေထွက်ရာ ပြွန်မှာ မပိတ်မချင်း ရောဂါလက္ခဏာ မခံစားရပါဘူး။ တချို့ကတော့ အစာမကြေခြင်း၊ညာဖက်နံရိုးအောက်တင်းခြင်း၊အဆီအစားများရင်ဗိုက်ကယ်ခြင်း၊ရင်ပြည့်ခြင်းများခံစားရနိုင်ပါတယ်။တကယ်လို့ သည်းခြေကျောက်က သည်းခြေရည် စီးဆင်းရာ ပြွန်တစ်နေရာရာမှာ ပိတ်ဆို့ခဲ့ပါက အောက်ပါ
ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
*ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတွင် ရုတ်တရက်ပြင်းထန်စွာနာကျင်ခြင်း။
* ရင်ညွန့်ရိုးအောက်ရှိဝမ်းဗိုက်အလယ်၌ရုတ်တရက်ပြင်းထန်စွာနာကျင်ခြင်း၊ပိုမိုဆိုးရွားလာခြင်း။
*ပခုံးနှစ်ဖက်ကြားရှိနောက်ကျောနေရာနာကျင်ခြင်း
*ညာဘက်ပခုံး၌နာကျင်ခြင်း
*ပျို့အန်ခြင်း
*ပိုးဝင်ပါက အဖျားတက်ချမ်းတုန်ခြင်း၊ညာဖက်နံရိုးအောက်ထိုးနာခြင်း၊မျက်စေ့ဝါဆီးဝါခြင်း၊ပျို့အန်ခြင်း၊မော၊နှစ်လုံးခုန်မြန်၊သွေးပေါင်ကျခြင်းများဖြစ်တတ်ပါတယ်။သည်းခြေကျောက်ကြောင့် နာကျင်မှုက မိနစ်အနည်းငယ်မှ နာရီအနည်းငယ်အထိ ကြာရှည်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့သွားပြရမလဲ
သည်းခြေကျောက်တည်ခြင်းရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရလာပါက ဆရာဝန်နဲ့ ပြကာ တိုင်ပင်ရပါမယ်။
လက္ခဏာတွေကတော့
* ဝမ်းဗိုက်နာကျင်မှုက ပြင်းထန်လွန်းသဖြင့်
မထိုင်နိုင်၊ မထနိုင် သက်တောင့်သက်သာအနေအထား မရှိခြင်း။
*အသားဝါလာခြင်း(မျက်လုံးမပါ)
*အဖျားကြီးပြီး ချမ်းတုန်ခြင်း။
သည်းခြေကျောက် ဘာကြောင့်ဖြစ်ရသလဲ။
သည်းခြေကျောက် ဘာကြောင့်ဖြစ်ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါ။သည်းခြေကျောက်တည်တဲ့ အခါအောက်ပါအကြောင်းအရာတွေကြောင့် ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆကြပါတယ်။
၁။သည်းခြေရည်တွင် ကိုလက်စထရောများစွာပါ ၀ င်နေခြင်း
ပုံမှန်အားဖြင့် သည်းခြေရည်မှာ အသည်းကထုတ်လွှတ်တဲ့ ကိုလက်စထရောကိုချေဖျက်ဖို့
လုံလောက်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။
ဒါပေမယ့် သည်းခြေရည်ချေဖျက်နိုင်တာထက် ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို အသည်းက ထုတ်တဲ့အခါ ပုံဆောင်ခဲ(crystals) တွေဖြစ်လာပြီးနောက်ဆုံးမှာ သည်းခြေကျောက်တွေအဖြစ်ပြောင်းလဲသွားစေနိုင်တယ်။
၂။သည်းခြေရည်တွင် ဘီလီရူဘင် (bilirubin )အလွန်များနေခြင်း
ဘီလီရူဘင်ဆိုတာက ခန္ဓာကိုယ်ကနေ သွေးနီဥတွေပြိုကွဲတဲ့အခါထုတ်လုပ်ပေးတဲ့ ဓာတုပစ္စည်းတစ်ခုဖြစ်ပါတယ်။တချို့ အခြေအနေတွေ ဥပမာ အသည်းခြောက်ခြင်း၊ သည်းခြေအစာအိမ်လမ်းကြောင်းပိုးဝင်ခြင်းနဲ့ တချို့ သွေးရောဂါတွေကြောင့်ဘီလီရူဘင်အလွန်အကျွံတက်စေနိုင်ပါတယ်။ပိုလျှံ နေတဲ့bilirubinက သည်းခြေကျောက်တည်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
၃။သည်းခြေအိတ်က သည်းခြေရည်တွေကို မှန်မှန်ကန်ကန် အပြင်ကိုမထုတ်ခြင်း
သည်းခြေအိတ်က သည်းခြေရည်တွေကို မှန်မှန်ကန်ကန် အပြင်ကိုမထုတ်တဲ့အခါ သည်းခြေရည်တွေ အလွန်စုစည်းလာပြီး သည်းခြေကျောက်တည်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
သည်းခြေကျောက်အမျိုးအစား
၁။ကိုလက်စထရောသည်းခြေကျောက်တည်ခြင်း
ကိုလက်စထရောသည်းခြေကျောက်လို့ခေါ်တဲ့ သည်းခြေကျောက်က အများဆုံးတွေ့ရတဲ့ ကျောက်ဖြစ်ပြီး အဝါရောင်ရှိပါတယ်။ဒီသည်းခြေကျောက်မှာ မချေဖျက်နိုင်တဲ့ ကိုလက်စထရောတွေ အဓိကပါဝင်ပြီး တခြားအစိတ်အပိုင်းတွေလည်း ပါဝင်နိုင်ပါတယ်။
၂။အနက်ရောင်ဒါမှမဟုတ် အညိုရောင် ကျောက်တည်ခြင်း
သည်းခြေရည်တွင် bilirubin အလွန်များတဲ့အခါ
အညိုရောင် ဒါမှမဟုတ် အနက်ရောင်ကျောက်များဖြစ်ပေါ်လာတတ်ပါတယ်။
ဘယ်လိုလူတွေမှာ သည်းခြေကျောက်ပိုဖြစ်နိုင်လဲ။
၁။အမျိုးသမီးများ
၂။အသက်၄၀ နှစ်အထက်လူများ
၃။အဝလွန်ခြင်း
၄။ရုံးထိုင်အလုပ် လုပ်ရသူများ
၅။ကိုယ်ဝန်ဆောင်ခြင်း
၆။အဆီများတဲ့ အစားအစာ အစားများသူများ
၇။အမှငဓှာတအှစားနညှးသူမှား
၈။မိသားစုမျိုးရိုးထဲ သည်းခြေကျောက်တည်သူများ
၉။ဆီးချိုရောဂါရှိသူများ
၁၀။သွေးအားနည်းရောဂါရှိသူများ
၁၁။ဝိတ်အမြန်ချသူများ
၁၂။အသည်းရောဂါရှိသူများ
၁၃။ဟော်မုန်းအစားထိုးကုသမှု ခံယူသူများ
နောက်ဆက်တွဲဆိုးကျိုးများ
၁။သည်းခြေလမ်းကြောင်းပိတ်ခြင်း၊သည်းခြေအိတ်ရောင်ရမ်းခြင်း။
သည်းခြေကျောက်က သည်းခြေရည် ထွက်ရာအဝမှာ ပိတ်ခဲ့ရင် သည်းခြေအိတ် ရောင်ရမ်းလာပါတယ်။နာကျင်မှုနဲ့ အဖျားကို ခံစားရနိုင်ပါတယ်။
သည်းခြေကျောက်က ဘုံသည်းခြေပြွန် (common bile duct)လို့ခေါ်တဲ့ သည်းခြေရည်၊အသည်းဆီက လာတဲ့ အရည်တွေ အူဆီ စုဆုံစီးဆင်းရာ ပြွန်အပေါ်ပိုင်းမှာ ပိတ်ခဲ့ရင်
ဗိုက်နာ၊အသားဝါ၊ပြွန်မှာရောဂါပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။
၂။သရက်ရွက်(ပန်ကရိယ)ရောင်ခြင်း
မုန့်ချိုအိတ်(ပန်ကရိယ)က ထွက်တဲ့ ပြွန်(အောက်ခြေ)နားမှာ ပိတ်ဆို့ခဲ့ရင် ပန်ကရိယ ရောင်ရမ်းကာ ဆေးရုံတက်ကာ ကူသမှုခံယူရနိုင်ပါတယ်။ပန်ကရိယပြွန်ဆိုတာက ပန်ကရိယမှထွက်ပြီး ဘုံသည်းခြေပြွန်ကို ဆက်သွယ်ပေးထားတဲ့ ပြွန်တစ်ခုဖြစ်ပါတယ်။
၃။သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ချေရှိခြင်း။
သည်းခြေကျောက်တည်ဖူးသူတွေက သည်းခြေအိတ်ကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။ဒါပေမဲ့ သသည်းခြေအိတ်ကင်ဆာက အလွန်ရှားပါးပါတယ်။
၄။အူပိတ်ခြင်း။
၅။ပိုးဝင်ခြင်း
၆။သည်းခြေအိတ်အဝတွင်တစ်နေခြင်း၊
အူအတွင်းသို့ပေါက်ထွက်ခြင်း၊
၇။ပှညတှညခှငှး၊
၈။သည်းခြေအိတ်နံရံတွင်ကျောက်မှုံများပြားစွာကပ်လာခြင်း၊
၉။အသည်းပြည်တည်ခြင်း များ ဖြစ်နိုင်ပါတယ်။
ကာကွယ်ခြင်း
၁။အစာစားချိန်မှန်ပါစေ။ပုံမှန် စားပါ။ အစာလွတ်တာ၊အစာအငတ်ခံတာက သည်းခြေကျောက်ဖြစ်ဖို့ တွန်းအားပေးနိုင်ပါတယ်။
၂။ကိုယ်အလေးချိန် အမြန်ချခြင်း
တကယ်လို့ ဝိတ်ချဖို့ လိုအပ်ရင် ဖြည်းဖြည်းမှန်မှန်သာချပါ။
Meet Ms. Stacy, a 27-year-old woman who presented with a history of hypertension for 7 years and was on dialysis support for almost 1 year.
Thanks to her younger sister, Ms. Kessy, who bravely stepped forward as a donor despite their ABO-incompatibility, she underwent a seamless kidney transplant under the expert care of Dr. (Lt. Gen.) Prem Prakash Varma & Dr. (Lt. Col.) Aditya Pradhan at Venkateshwar Hospital.
Today, both sisters are in excellent health and ready to return home with smiles and gratitude!
When it comes to brain tumors, treatment needs more than just expertise it needs a collaborative approach.
At Venkateshwar Hospital, our expert neurosurgeons and radiation oncologists work together under one roof to provide personalized care from diagnosis to recovery.
For advanced medical care,
06/12/2025
#ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း
ပြသနေတဲ့လက္ခဏာ (၇) ရပ်။
******************************
၁။ ဆေးလိပ်နဲ့အရက်
ဒါကိုတော့ အထူးတလည် ရှင်းပြဖို့တောင် လိုမယ် မထင်ပါဘူး။ ဆေးလိပ်နဲ့အရက် စွဲနေတဲ့လူဟာ အသက်ရှည်ဖို့ မပြောနဲ့ လူ့သက်တမ်း စေ့အောင်တောင် မနေရပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သေဆုံးနိုင်ပါတယ်။
၂။ အလုပ်ကို ဦးစားပေးလွန်းတာ
အလုပ်လုပ်လွန်းသူ (Workaholic) တွေဟာ ကျန်းမာရေး ထိခိုက် လွယ်ပါတယ်။ အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ ခန္ဓာကိုယ် ပင်ပန်းမှုတွေက သင့်ရဲ့သက်တမ်းကို နုတ်ယူနေကြပါတယ်။ နေ့ရောညပါ အလုပ်ကိုဦးစားပေးလွန်းပြီး ကိုယ်ပိုင်အချိန် မရှိတော့တာမျိုး အဖြစ်မခံပါနဲ့။
၃။ တစ်နေကုန်ထိုင်နေရတာ
ရုံးမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အချိန်ကြာမြင့်လွန်းစွာ ထိုင်နေတာ မကောင်းပါဘူး။ အမေရိကန် ဆေးပညာဂျာနယ် တစ်စောင်မှာ ဖော်ပြချက်အရ တစ်နေ့ကို ၁၀ နာရီထက် မနည်း ထိုင်နေသူတွေဟာ ၈ နှစ်လောက် ပိုပြီး အိုမင်း လွယ်သွားပါသတဲ့။
၄။ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာ
ရွယ်တူတွေနဲ့ လမ်းလျှောက်တိုင်း ကိုယ်ပဲ အမြဲတမ်း ကျန်ခဲ့တယ် ဆိုတာမျိုးက ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခြေကျင်းဝတ် ဒဏ်ရာရထား၊ အဆစ်လွဲထားတာမျိုး မရှိဘဲ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာက ကျန်းမာရေး ချို့ယွင်းမှု ပိုဖြစ်စေပါတယ်။ နှလုံး၊ အဆုတ်၊ သွေးလည်ပတ်မှု စနစ်နဲ့ ကြွက်သားတွေ မကောင်းဘူး ဆိုတဲ့ သဘောမျိုး ပြသနေတာပါ။ လမ်းမြန်မြန်လျှောက်ခြင်းက တကယ် အကျိုးရှိစေ ပါတယ်။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။
၅။ အလေးချိန် နည်းနည်းလေးကိုတောင်မှ မဖို့ မလွယ်တာ
ကိုယ့်ခန္ဓာကိုယ် အလေးချိန်လောက် ရှိတဲ့ အလေးအပင် တွေကို သယ်မဖို့ မလိုပါဘူး။ ဒါပေမဲ့လည်း အလေးချိန် နည်းနည်းလေးကို တောင်မှ မသယ်နိုင် မ,မနိုင်ဘူး ဆိုရင် သင့်ကြွက်သားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းရင့်ရော်ကာ အားနည်းနေတဲ့ သဘော ပါပဲ။ ကြွက်သားတွေမှာ အဆီတွေ များနေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဗိုက်ခေါက်က အဆီတွေပေါ့။ ခြေထောက်မခိုင်တာ၊ ကြွက်သားတွေ တင်းရင်းမှု မရှိတာတွေကြောင့် ချော်လဲလွယ်၊ ဒဏ်ရာရလွယ် လိမ့်မယ်လေ။
၆။ ဗဟုသုတ အသိဉာဏ်နည်းပါးတာ
အသိပညာ ကြွယ်ဝသူတွေနဲ့ ဗဟုသုတ လေ့လာ လိုက်စားသူတွေက ကိုယ့်ခန္ဓာကိုယ် အတွက် ကောင်းရာကောင်းကြောင်းတွေကို ပြုမူကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဘယ်လိုတွေလုပ်ရမယ် ဆိုတာလည်း သိတာကြောင့် အသက်ပိုရှည် ပါတယ်။ အသိပညာ မရှိသူတွေကတော့ ကျန်းမာရေး အသိဉာဏ် နည်းပါးပြီး သေဆုံးလွယ်ကြတယ်လေ။
၇။ စားသောက်မှုပုံစံ
ဆီများများစားတဲ့ အကျင့်၊ အငန်နဲ့အချိုတွေ ကြိုက်လွန်းတဲ့ အကျင့်ကလည်း အဝလွန်မှုကို ဖြစ်စေကာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာတွေ ဖြစ်စေပါတယ်။ ဒီရောဂါတွေကြောင့်ပဲ သင်နေထိုင်ရမယ့် သက်တမ်းက ပိုတိုတောင်းသွားရမှာပါ။
04/26/2025
မဂ်လာပါခင်ဗျာ 🙏🙏
INDIA နိုင်ငံမှာ ဆေးကုသဖို့ ပြင်ဆင်နေသောသူများကို family Health Care ကနေ နွေးနွေးထွေးထွေး ကြိုဆိုနေတယ်ခင်ဗျာ🙏🙏
ကင်ဆာရောဂါ အမျိုးအစားထိုးကုသခြင်း
ဒူးအစားထိုးခွဲစိတ်ကုသခြင်း
ကျောက်ကပ် အစားထိုးကုသခြင်း
အသည်း အစားထိုးကုသခြင်း
နှလုံးရောဂါကုသခြင်း
ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း
အရိုးအကြောဆိုင်ရာရောဂါများဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများကုသခြင်း
အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါပြသနာ
များကုသပေးခြင်း
ဖန်ပြွန်သန္ဓေသားဆောင်ရွက်ခြင်း
အောက်ပါ hospital photo နှင့်တကွာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ဆက်သွယ်လိုပါက....India new delhi,
ဖုန်းနံပါတ် +917303170079 viber and whatsapp available.
မြန်မာပြည်ဘက်ကို ဆက်သွယ်လိုပါက ဒီဖုန်းနံပါတ်ကို ဆက်သွယ်လိုရပါတယ်ခင်ဗျာ🙏🙏 09262937050 ,
04/25/2025
ကျောက်ကပ်မကောင်းသူတွေ ရှောင်ရမယ့် အစားအစာများ
(၁) အနက်ရောင်ဆိုဒါ အချိုရည်
(၂) ထောပတ်သီး
(၃) စည်သွပ်ဘူးဖြင့်ထည့်ထားသော ကြာရှည်ခံအစားအစာများနှင့် အသင့်စား သရေစာမုန့်များ
(၄) ပေါင်မုန့်ညို (သို့) အညိုရောင်ပေါင်မုန့်
(၅) ဆန်လုံးညို
(၆) ငှက်ပျောသီး
(၇) နို့ နှင့် နို့ထွက်ပစ္စည်း
(၈) ကြာရှည်ခံအသားနှင့် ချဉ်ဖတ်ကဲ့သို့ ဆားစိမ်၊အချဉ်ထည့်ထားသော ဟင်းသီးဟင်းရွက်များ
(၉) Potassium ဓာတ်ကြွယ်ဝသော အစားအစာတွေဖြစ်တဲ့
တရုတ်ဆီးသီး၊ အာလူးနှင့် ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ မုန်ညင်းစိမ်းနှင့် ဟင်းနုနွယ်ရွက်၊ စွန်ပလွံသီး၊ စပျစ်သီးခြောက်၊ ဆီးသီးခြောက်၊ လိမ္မော်သီးနှင့် လိမ္မော်သီးအချိုရည်
(ကျောက်ကပ်လုပ်ငန်းမကောင်းသူများက Potassium, Sodium, Phosphorus စတဲ့ ဓာတ်တွေပါဝင်တဲ့အစားအစာတွေကို လျော့စားတာ (သို့) ရှောင်ကြဉ်တာမျိုး ပြုလုပ်သင့်ပါတယ်)
#ကျန်းမာရေး
#ကျောက်ကပ်ကျန်းမာရေး
#ကျောက်ကပ်
#ကျောက်ကပ်နှင့်ကျန်းမာရေး
#ကျောက်ကပ်ရောဂါ
03/27/2025
လေဖြတ် မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်
၁။ ဦးခေါင်းနောက်စေ့ တွင် ခေါင်းကိုက် ခြင်း၊ မကြာ ခဏ မူးဝေခြင်း။
(Sub occipital headache)
၂။ ခြေ လက် တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)
၃။ မျက်ခွံနှင့် မျက်နှာကြွက်သား တို့ ဆတ်ခနဲ လှုပ်ခြင်း၊ အသားကွက် ၍ တဆတ်ဆတ် လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)
၄။ မကြာ ခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)
၅။ ညအိပ် ချိန် ကျဉ် ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)
၆။ ဆီး အနီရောင် သွားခြင်း။
(Redness discolouration of urine)
၇။ ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊ မကြာ ခဏ လွတ်ကျ တတ်ခြင်း။
(Freguent fall down of objects when bandling)
၈။ ဘယ်ဘက် လက် ကိုက်ခဲပြီး လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ ဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)
၉။ အမျိုးသား များ အသက် ၄၅-နှစ်ကျော် လျှင် ရက်ရှည် ခြေ,လက် ထုံ ကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီး များ သွေးဆုံးချိန် တွင် ခြေ,လက် များ ထုံကျဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ် ကွေးရာ မှ ချက်ချင်း ဆန့် မရခြင်း။
(Numbness sensation during menolpasuse)
၁၀။ ရေချိုးပြီး လျှင် မျက်စိ များ ကြာမြင့် စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)
ကြိုတင် သိရှိပြီး လူသားများ အားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ။
Ref; Zin Yaw News
Credit to ကျန်မာရေး ဆိုင်ရာ
03/22/2025
#ဘယ်ဘက်လက်မောင်းနာတာ
နှလုံးမှာ ပြသနာရှိနေလို့လား
ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင်
ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။
ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။
#ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။
#နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။
#လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။
#ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။
#ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။
#ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။
#အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ
အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်
အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
#ခြေထောက်တဘက်တည်းနာတယ်
#တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။
#ကျောက်ကပ်နှင့်ကျန်းမာရေး
03/14/2025
အဆုတ်ကင်ဆာ လက္ခဏာ (၉) ချက်
အဆုတ်ကင်ဆာဟာ တိတ်ဆိတ်ပြီး သေစေနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူဟာ ကင်ဆာများအနက် သေနှုန်းအမြင့်မားဆုံး ကင်ဆာတစ်ခုဖြစ်ပြီး WHO က အဆုတ်ကင်ဆာကြောင့် ၂၀၁၂ မှာ လူပေါင်း ၁.၅၉ သန်း သေခဲ့တယ်လို့ ပြောကြားပါတယ်။
ဒီလို သေနှုန်းမြင့်မားရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အဆုတ်ကင်ဆာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာ မပြခြင်းကြောင့် ဖြစ်ပါတယ်။ အဆုတ်ကင်ဆာ ရှိသူတွေရဲ့ ၄၀%မှာ ရောဂါဆိုးရွားလာမှ ရောဂါဖြစ်မှန်း သိရှိကြပါတယ်။ သိရှိသူတွေရဲ့ သုံးပုံတစ်ပုံမှာ ကင်ဆာဟာ အဆင့် (၃) ရှိနေပြီး ဖြစ်ပါတယ်။ အောက်ပါ လက္ခဏာတွေကတော့ အဆုတ်ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်
ကုသလို့ မပျောက်ကင်းနိုင်တဲ့ ချောင်းဆိုးခြင်း
ချောင်းဆိုးခြင်းဟာ အဖြစ်များပါတယ်။ အအေးမိခြင်း၊ အစာနင်ခြင်းတို့ကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ အအေးမိခြင်း ပျောက်သွားပြီး (သို့) ဆေးသောက်ပြီး ချိန်အထိ ချောင်းဆိုးခြင်းက မကောင်းသွားဘူးဆိုရင် သင့်ဆရာဝန်ကို အဆုတ် နားထောင်ခြင်း (သို့) X-ray ရိုက်ခြင်းတွေ ပြုလုပ်နိုင်ဖို့ ပြသသင့်ပါတယ်။
ချောင်းဆိုးပုံ ပြောင်းလဲခြင်းကို သတိထားမိနိုင်ပါတယ်
နာတာရှည်ချောင်းဆိုးခြင်းဟာ အခြားရောဂါတွေဖြစ်တဲ့ GERD၊ ပန်းနာရင်ကျပ်နဲ့ hay fever တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချောင်းဆိုးပုံ ပြောင်းလဲခြင်း (ဥပမာ ချောင်းခြောက်ဆိုးရာကနေ ချွဲတွေ၊ သွေးတွေ ပါတဲ့ ချောင်းဆိုးခြင်း) ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပါတယ်။
ပုံမှန်အလုပ်တွေလုပ်ပြီးရင် မောနေခြင်း
တကယ်လို့ မကြာခဏ မောနေခြင်း (သို့) အသက်ရှူစဉ် အသံမြည်ခြင်း ဖြစ်မယ်ဆိုရင် ဒါဟာ အဆုတ်ရောဂါ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အသက်ရှူလမ်းကြောင်းကို အကျိတ်နဲ့ ပိတ်ဆို့ခြင်း (သို့) အဆုတ်ပတ်ပတ်လည်က အရည်တွေများလာခြင်းကြောင့် အဆုတ်မှာ ဖိအားများနိုင်ပါတယ်။
မောခြင်းဟာ ပုံမှန်လူတွေမှာလည်း ဖြစ်နိုင်တာကြောင့် ဒါကို သတိမမူမိတတ်ပါဘူး။ ဒါပေမယ့် ပုံမှန်အလုပ်တွေဖြစ်တဲ့ လှေကားတက်ခြင်း၊ အရင်တုံးက လုပ်ဖူးတဲ့ အလုပ်တွေ လုပ်ချိန်မှာ အသက်ရှူဖို့ ခက်ခဲလောက်အောင် မောတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။
ရင်ဘတ်အောင့်ခြင်း
အဆုတ်ကင်ဆာဟာ အဆုတ်ရဲ့ အလယ်ပိုင်းမှာ ဖြစ်ရင် နာကျင်မှု မဖြစ်စေပဲ အထူးသဖြင့် အဆုတ် အပြင်ပိုင်း မှာ ဖြစ်တဲ့ အဆုတ်ကင်ဆာတွေက ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာဟာ ရင်ဘတ်အောင့်ခြင်း၊ ပုခုံးအောင့်ခြင်း၊ ကျောအောင့်ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
အဆုတ်ကင်ဆာဟာ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်သလို ပြန်ရည်ကျိတ်ကြီးမားခြင်း၊ ရင်ဘတ်နံရံ၊ အဆုတ်မြှေးနဲ့ နံရိုးတွေကို ကင်ဆာ ပြန့်သွားခြင်းကြောင့် နေလို့မကောင်းခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။
အသံပြောင်းလဲခြင်း
သင့်အသံဟာ အအေးမိခြင်း၊ အိပ်ရာ ထထချင်းတွေမှာ ပြောင်းလဲမှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အသံပြောင်းလဲခြင်း၊ အခြားသူတွေက သင့်အသံပြောင်းတယ် ပြောခြင်းတွေ ဖြစ်ပြီး အသံက ပိုမို အက်ကွဲစူးရှလာရင် ဆရာဝန်ကို ပြသသင့်ပါတယ်။
တကယ်လို့ အသံအက်ကွဲခြင်းက နှစ်ပတ်အတွင်း ဆေးနဲ့ မသက်သာရင်လည်း ဆရာဝန်ကို ပြသသင့်ပါတယ်။ အဆုတ်ကင်ဆာဟာ အသံအိုးကို ထိပြီး အသံပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။
ကိုယ်အလေးချိန်ကျဆင်းခြင်း
ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းခြင်းဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဆုတ်ကင်ဆာ ရှိသူတွေဟာ အချိန်အနည်းငယ်အတွင်းမှာ ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။
ဒါဟာ ကင်ဆာဆဲလ်တွေက အားအင်တွေ၊ အာဟာရတွေကို အသုံးပြုနေတာကြောင့် ဖြစ်ပါတယ်။ သင်ကိုယ်အလေးချိန် လျှော့ချမှု မရှိပဲ ကိုယ်အလေးချိန် ပြောင်းလဲမှုဖြစ်လာရင် လျစ်လျူမရှုသင့်ပါဘူး။ ဒါဟာ သင့်ကျန်းမာရေး ပြောင်းလဲမှုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
နာကျင်မှု
အဆုတ်ကင်ဆာ ဆိုးရွားတဲ့အဆင့်ဟာ အရိုးနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အရိုးကင်ဆာရှိသူ အများစုဟာ အသက်ကြီးလာတဲ့အခါ အရိုးပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ အရိုးနာကျင်မှုဟာ အဓိကအားဖြင့် နောက်ကျော၊ ပုခုံး၊ လက်မောင်း၊ လည်ပင်း အစရှိတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။
အဆုတ်ကင်ဆာ လူနာတွေမှာ ဖြစ်တဲ့ နာကျင်မှုဟာ အနားယူစဉ်နဲ့ ညအချိန်မှာ ပိုဆိုးနိုင်ပါတယ်။ နာကျင်မှုဟာလည်း ဘယ်တော့မှ ကောင်းသော လက္ခဏာ မဖြစ်နိုင်တာကြောင့် လျစ်လျူမရှုသင့်ပဲ တတ်နိုင်သမျှ စောစော စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ အဆိုးဆုံး နာကျင်မှုကတော့ ခေါင်းကိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကတော့ ကင်ဆာ ဦးနှောက်ကို ပြန့်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ အချို့ အခြေအနေတွေမှာ အကျိတ်ဟာ ရင်ဘတ်ကို ဖြတ်သွားတဲ့ အာရုံကြောတွေကို ဖိမိခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဖိအားဟာလည်း ခေါင်းကိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
အခြား လက္ခဏာတွေကတော့ အဖျားတက်ခြင်း၊ အလွန်ပင်ပန်းခြင်း၊ အစားစားရ ခက်ခဲခြင်း၊ မျိုချရခက်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ကိုယ်ခန္ဓာမှာ အကျိတ်တွေ့ခြင်း တွေပဲ ဖြစ်ပါတယ်။
အထူးသဖြင့် သင်ဟာ ဆေးလိပ်သောက်သူ ဖြစ်ပြီး အသက် ၅၅ ကနေ ၇၉ နှစ်အတွင်း ရှိသူဆိုရင် ကိုယ်ခန္ဓာ မူမမှန်မှုတွေကို သိရှိဖို့ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ စောစီးစွာ သိရှိခြင်းဟာ အဆုတ်ရောဂါကုသမှုမှာ တိုးတက်မှုတွေကို ဆောင်ယူလာနိုင်ပါတယ်
03/13/2025
India new delhiမှာ ရှိသောInternational Hospital တွင် ကင်ဆာ၊ နှလုံး ၊ အသဲ ၊ ကျောက်ကပ်၊ နား နှာခေါင်း လည်ချောင်း ၊ အမျိုးသမီးရောဂါ ၊ အစာအိမ် စသည့် ရောဂါမျိုးမျိုးကို စစ်ဆေးခြင်း၊ဆေးပြခြင်း၊ ဆေးကုသလိုသူများအတွက်
ဆေးရုံ Booking,
Hotel Booking,
သက်သာသော လေယာဉ်လက်မှတ်၊စသည်များကို အချိန်တိုအတွင်း ရောဂါပျောက်ကင်းအောင်၊ ဆေးကုခစရိတ်သက်သာအောင်ဆောင်ရွက်ပေးနေပါသည်၊
ပိုက်ဆံ ပေးစရာမလို (without service charges)သေချာစွာ ဆွေးနွေးလို့ ရ ပါသည်။
Viber +917303170079
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
New Delhi, IL
110045