Hanuman by moe thin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanuman by moe thin, Health/Beauty, Orlando, FL.
10/04/2022
အသက်အရွယ်ရလာသောအခါတွင် #အကြောတက် #အဆစ်နာဆိုသည့် အရွယ်အရ စကားပြောလာပါသည်။ မိမိ၏ကိုယ်ခန္ဓာ အလေးချိန်ဝိတ်ကို မထိန်းနိုင်လျှင် #ဒူးနာခါးနာ ပိုမိုဖြစ်ပွားလေ့ရှိပါသည်။
ခန္ဓာကိုယ်အထက်ပိုင်း ကိုယ်အလေးချိန်များကို ကြာရှည်ဖိထားခြင်းကြောင့် #ထိုင်နေရာမှထလျှင်ဖြစ်ဖြစ်၊ သွားလာနေရင်းဖြစ်ဖြစ်၊ #ဒူးနာလာခြင်း၊ #ခါးနာလာခြင်း သိသိသာသာ နာကျင်နေမှု ဖြစ်ပေါ်လာသည်။
တစ်သက်လုံး ခိုင်းသမျှ လုပ်ဆောင်ခဲ့သမျှ ဒဏ်တွေကြောင့် ဖြစ်ပေါ်လာသည့် ရောဂါလည်းဖြစ်ပါသည်။ အမျိုးသားများရော အမျိုးသမီးများတွင် ဖြစ်ပွားပါသည်။
လှုပ်ရှားလျှင် #ဒူးခေါင်းအဆစ်နေရာတွင် #အသံတွေမြည်ပြီး နာကျင်ပါသည်။ လူတစ်ယောက် ဒူးနာရောဂါစွဲကပ်နေပြီဆိုပါက ပုဆစ်တုပ်လည်း ထိုင်မရ ၊ ထိုင်နေရာမှ ထရမှာကိုတောင် ကြောက်နေမိပါတယ်။
#အဆစ်ရောင်ခြင်းတွင် ယူရစ်အက်စစ်များခြင်းကြောင့် အဆစ်အတွင်း အနည်ကျသဖြင့် နာသောဂေါက်ရောဂါ ဆိုလျှင် ရုတ်တရက်နာကျင်လာတက်ပါသည််။ နာနေစဉ် အလွန်နာ၊ မခံနိုင်အောင်နာ၊ လှုပ်မရအောင် နာလေ့ရှိပါသည် ။ ယင်းအနာပျောက်သွားချိန်ဆိုလျှင် အကောင်းပကတိ ဖြစ်နေတတ်သည်။ ရောဂါလုံးဝပျောက်သွားသလားလို့ထင်မြင်မိကြပါသည်။
သင်လိုက်နာသင့်သည်မှာ
-အဝလွန်မဖြစ်စေရန် ထိန်းပါ။
-အလေးပင်မခြင်း ရှောင်ရှားပါ။
-ပြင်းထန်သောအားကစားများ လုပ်ဆောင်ခြင်းကို ရှောင်ရှားပါ။
-နာကျင်နေသည့်အချိန်တွင် ခြေထောက်များကို ခါရမ်းခြင်း မပြုလုပ်သင့်ပါ။
-ရောင်ရမ်းနာသော ဒူးအဆစ်နေရာများကို ဖိနှိပ်ခြင်းမလုပ်သင့်ပါ။
-ကလီစာ အစာအစားများ စားသုံခြင်းမပြုသင့်ပါ။ -အရက်ဘီယာသောက်သုံးခြင်းများကို ရှောင်ရှားခြင်းတို့ဖြစ်ပါသည် ။
#ဒူးနာ အဆစ်နာလာရင် #ထိုင်းတိုင်းရင်းဆေး #ဟန်နုမာန်ဆေးကပ်ခွါနှင့် #နှိပ်နှယ်လိမ်းဆီတို့ဖြင့် သက်သာမှုယူနိုင်ပါတယ်ရှင့်💁♀️
#ဆေးကပ်ခွါမှာဆို သဘာဝသစ်ဥသစ်ဖု ၅ မျိုးဖြင့်ဖော်စပ်ထုတ်လုပ်ထားပြီး #နှိပ်နှယ်လိမ်းဆီမှာလည်း ကုန်ကြမ်း ၁၃ မျိုးဖြင့်ထုတ်လုပ်ထားပါတာ်🤗
09/29/2022
📌ဒူးနာ အတွက်အကျိုးပြုသော ဒန့်သလွန်ဆီ📌
✅ဒန့်သလွန်ဆီ မှာ Oleic acid Vit A နဲ့ C ပါဝင်တဲ့အတွက် အသားအရေဆိုင်ရာ ဒဏ်ရာ၊ insect ကိုက်
ခြင်း၊ပြည်တည်နာ၊ခြေဖဝါးအက်ကွဲခြင်း၊အဆစ်အမြစ်ရောင်ရမ်းခြင်း၊ဂေါက်ရောဂါ တွေမှာ များစွာ အကျိုး ပြုပါတယ်
✅မနက်အိပ်ယာ ထ ချိန် လက်ဖဝါးခြေဖဝါးတွေ တင်းတာ အဆစ်တွေ နာတာ အတွက်လည်းအသုံးပြုနိုင်ပါတယ်
✅ဒူးကြွက်သားရောင်ရမ်းခြင်း ဒူးဆစ်အကွေးအဆန့်နာခြင်း အသံမြည်ခြင်း ဒူးကောက်ကွေး ဒူးဘေးကြော နာခြင်းတို့ အတွက် လိမ်းပေးနိုင်ပါတယ်
✅ဟန်နုမာန်က ထုတ်တဲ့ လိမ်းဆေးဆီ မှာ ဒန့်သလွန်ဆီပါဝင်တာကြောင့် တနေ့ 2-3 ကြိမ်လိမ်း ပြီး ဒူးနာဝေဒနာကို ဖယ်ရှား လို့ရပါပြီ
✅ထိုင်းတိုင်းရင်းဆေးလောက မှာ နံပါတ်တစ်ရထား တဲ့အပြင် လက်ရှိမှာ လူကြိုက်များပြီး
Review ကောင်းများစွာကို ပိုင်ဆိုင်ထားတဲ့ ဆေးအဆီ ဖြစ်ပါတယ်
20ml တစ်ဗူး 16500
☎️09791107547
09/26/2022
ပုလင်းအောက်ခြေရှိ ရေညှိအနီရောင်သည် ဘယ်ကလာတာလဲ ⁉️
ဆိုးဆေး ထည့်ထားတာရှိလား⁉️
အန္တရာယ်ရှိလား⁉️
ဘာလဲ ⁉️ဆိုပြီး customers တွေမေးလေ့ရှိတယ်
.
၎င်းသည် Lopburi ပြည်နယ်တွင် အော်ဂဲနစ်ဖြင့် စိုက်ပျိုးထားသော Siam အနီရောင် နနွင်းမျိုးဖြစ်ကြောင်း
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ Siam အနီရောင် နနွင်းမှာ တခြားနနွင်းမျိုးကွဲတွေထက် curquivinoids ပမာဏ အများဆုံး ပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
.
အဆစ်အမြစ်ရောင်ရမ်းခြင်း ဝေဒနာရှင်များတွင်
ရောင်ရမ်းမှုကို လျှော့ချရာတွင် ထိရောက်မှုရှိကြောင်း
ပြီးတော့ အသားအရေကိုလည်း အာဟာရဓာတ် ပိုကောင်းစေပါတယ်။
.
ကျွန်ုပ်တို့၏ ဆေးဖက်ဝင်အပင်များ အနှိပ်ဆီ(message Oil) များတွင် နနွင်းနှစ်မျိုးလုံးကို အသုံးပြုသည်။
နှင့် Siam အနီရောင်နနွင်းမျိုးစိတ်။ ဆေးဖက်ဝင်အပင်များ၏ အာနိသင် အပြည့်အဝရရှိရန် ခြောက်သွေ့ပြီး လတ်ဆတ်သော ဆေးဖက်ဝင်များကို ရောနှော၍
အချဉ်ဖောက်ရန် နှစ်မျိုးလုံးကို အသုံးပြုပါသည်။
.
ဒါကြောင့် သဘာဝဆေးဖက်ဝင်အပင်တွေကနေ ထွက်လာတဲ့ sludge ဟာ အန္တရာယ်လုံးဝမရှိပါဘူး။
.
ွင်း
#ขมิ้นชันแดงสยาม #ของดีลพบุรี
09/26/2022
အသက်အရွယ်ရလာသောအခါတွင် #အကြောတက် #အဆစ်နာဆိုသည့် အရွယ်အရ စကားပြောလာပါသည်။ မိမိ၏ကိုယ်ခန္ဓာ အလေးချိန်ဝိတ်ကို မထိန်းနိုင်လျှင် #ဒူးနာခါးနာ ပိုမိုဖြစ်ပွားလေ့ရှိပါသည်။
ခန္ဓာကိုယ်အထက်ပိုင်း ကိုယ်အလေးချိန်များကို ကြာရှည်ဖိထားခြင်းကြောင့် #ထိုင်နေရာမှထလျှင်ဖြစ်ဖြစ်၊ သွားလာနေရင်းဖြစ်ဖြစ်၊ #ဒူးနာလာခြင်း၊ #ခါးနာလာခြင်း သိသိသာသာ နာကျင်နေမှု ဖြစ်ပေါ်လာသည်။
တစ်သက်လုံး ခိုင်းသမျှ လုပ်ဆောင်ခဲ့သမျှ ဒဏ်တွေကြောင့် ဖြစ်ပေါ်လာသည့် ရောဂါလည်းဖြစ်ပါသည်။ အမျိုးသားများရော အမျိုးသမီးများတွင် ဖြစ်ပွားပါသည်။
လှုပ်ရှားလျှင် #ဒူးခေါင်းအဆစ်နေရာတွင် #အသံတွေမြည်ပြီး နာကျင်ပါသည်။ လူတစ်ယောက် ဒူးနာရောဂါစွဲကပ်နေပြီဆိုပါက ပုဆစ်တုပ်လည်း ထိုင်မရ ၊ ထိုင်နေရာမှ ထရမှာကိုတောင် ကြောက်နေမိပါတယ်။
#အဆစ်ရောင်ခြင်းတွင် ယူရစ်အက်စစ်များခြင်းကြောင့် အဆစ်အတွင်း အနည်ကျသဖြင့် နာသောဂေါက်ရောဂါ ဆိုလျှင် ရုတ်တရက်နာကျင်လာတက်ပါသည်။ နာနေစဉ် အလွန်နာ၊ မခံနိုင်အောင်နာ၊ လှုပ်မရအောင် နာလေ့ရှိပါသည် ။ ယင်းအနာပျောက်သွားချိန်ဆိုလျှင် အကောင်းပကတိ ဖြစ်နေတတ်သည်။ ရောဂါလုံးဝပျောက်သွားသလားလို့ထင်မြင်မိကြပါသည်။
သင်လိုက်နာသင့်သည်မှာ
-အဝလွန်မဖြစ်စေရန် ထိန်းပါ။
-အလေးပင်မခြင်း ရှောင်ရှားပါ။
-ပြင်းထန်သောအားကစားများ လုပ်ဆောင်ခြင်းကို ရှောင်ရှားပါ။
-နာကျင်နေသည့်အချိန်တွင် ခြေထောက်များကို ခါရမ်းခြင်း မပြုလုပ်သင့်ပါ။
-ရောင်ရမ်းနာသော ဒူးအဆစ်နေရာများကို ဖိနှိပ်ခြင်းမလုပ်သင့်ပါ။
-ကလီစာ အစာအစားများ စားသုံခြင်းမပြုသင့်ပါ။ -အရက်ဘီယာသောက်သုံးခြင်းများကို ရှောင်ရှားခြင်းတို့ဖြစ်ပါသည် ။
#ဒူးနာ အဆစ်နာလာရင် #ထိုင်းတိုင်းရင်းဆေး #ဟန်နုမာန်ဆေးကပ်ခွါနှင့် #နှိပ်နှယ်လိမ်းဆီတို့ဖြင့် သက်သာမှုယူနိုင်ပါတယ်ရှင့်💁♀️
#ဆေးကပ်ခွါမှာဆို သဘာဝသစ်ဥသစ်ဖု ၅ မျိုးဖြင့်ဖော်စပ်ထုတ်လုပ်ထားပြီး #နှိပ်နှယ်လိမ်းဆီမှာလည်း ကုန်ကြမ်း ၁၃ မျိုးဖြင့်ထုတ်လုပ်ထားပါတယ်🤗
☎️09791107547
Credit
09/26/2022
ထိုင်းနိုင်ငံမှာ ♦ The best Creation Award ♦ ရရှိထားတာ ဘာကြောင့်လဲ ⁉
⚜ ထည့်သွင်းထုတ်လုပ်ထားတဲ့ တိုင်းရင်းဆေးတစ်ခုစီတိုင်းကို ရိုးရိုးပုံစံမဟုတ်ဘဲ ခေတ်သစ်နည်းပညာနဲ့ ပေါင်းစပ်ပြီး ရှူ / လိမ်း ၁ချက်ခုတ် ၂ချက်ပြတ်ပုံစံထုတ်လုပ်ထားတယ်
⚜ အာရှနိုင်ငံမှာထက် အနောက်တိုင်းနိုင်ငံတွေမှာပဲသုံးနိုင်တဲ့ ရွှေနဲ့တန်ဖိုးတူ သစ်မွှေးဆီပါဝင်ထားတယ်
⚜ တစ်ခြားသောတိုင်းရင်းဆေးတွေမှာ မထည့်သွင်းကြတဲ့ ကျန်းမာရေးတွက်အထောက်အကူပြု ဒန့်သလွန်ဆီပါ ထည့်သွင်းထားတယ်
⚜ ထည့်သွင်းထုတ်လုပ်ထားတဲ့ တစ်ခုစီရဲ့အကျိုးအာနိသင်ကိုလည်း အပြည့်အဝရစေတယ်
ဒါကြောင့် ဒီဆုကိုရတာ မဆန်းပါဘူးလေ 🤗
09/26/2022
#ဖုန်းကို တနေ့ကုန်ညနက်တဲ့အထိ... အကိုင်များတဲ့သူ...
တစ်ခါတစ်လေ.... ဖျားလဲမဖျားဘူး...လူကနူံးနေတာမျိုး
မရွှင်လန်းနေတာမျိုး...
ခေါင်းနောက်နေတာမျိုးတွေဖြစ်နေမယ်ဆိုရင်....
အဲတာ...လျှပ်စစ်ပစ်စည်းတွေနဲ့အနေနီးလွန်းလို့....ဖြစ်တတ်တာပါ....
အဲတာကြောင့်ဖုန်း ကွန်ပျူတာ လက်တော့ ကားမောင်းတဲ့သူ...စသဖြင့်...အဲလိုစက်နဲ့နီးကပ်စွာအသုံးပြုနေကြတဲ့သူတွေအတွက်
#ခနွာကိုယ်အတွင်းက.... အဆိပ်တွေစုပ်ထုတ်ပေးတဲ့ဆေးကပ်ခွာကို..၃ရက်အထက်သုံးပေးရင်...ခနွာကိုယ်တစ်ခုလုံးက ပေါ့ပါးလာပြီးနေရထိုင်ရတာ...အဆင်ပြေလာလိမ့်မယ်..ဒါကချမ်းမြေ့ရဲ့ ကိုယ့်တွေ့လေးပါ..
အလုပ်လဲလုပ်မယ်...ခနွကိုယ်ကိုယ်လဲဂရုစိုက်မယ်..ဝင်ငွေလဲရှာမယ်...
#ကြိုတင်ကာကွယ်ခြင်းက..ကုသခြင်းထက် ပိုပြီးထိရောက်တယ်..
#မှတ်ချက်...ဟန်နုမာန် ဆေးကပ်ခွာ က...ရိုးရိုးဆေးကပ်ခွာနဲ့.လုံးဝလုံးဝ...အာနိသင်မတူပါ
09/20/2022
Hanuman Brand Products များ၏ လက်လီ/လက်ကား ဈေးနှုန်းပြောင်းလှဲ သတ်မှတ်ခြင်း❗❗❗
***********************************************
✅ Prorich Company သည် ငွေကြေးများမတည်ငြိမ်သော်လည်း
Customers များအတွက်အဆင်ပြေစေရန်
Company တွင်ရှိထားသောStock များအားလုံးကို ( 2 ) လတိတိ
ယခင်ဈေးနှုန်းအတိုင်း မပြောင်းလဲပဲ ရောင်းချပေးခဲ့ပါသည်။
သို့သော် ယခုအချိန်တွင် လုပ်ငန်းလည်ပတ်နိုင်ရန်
ဆက်လက်ထိန်းထား၍ မဖြစ်နိုင်သဖြင့် ဈေးနှုန်းအား
အနည်းငယ်တိုးမြင့်လိုက်ရပါသည်။
✅ လက်လီအရောင်း ဈေးနှုန်းတိုးမြင့်ရာတွင်လည်း
ငွေလဲလှယ်မှုပေါက်ဈေးအတိုင်း တိုးမြင့်ထားခြင်းမဟုတ်ပဲ
Company နှင့် အရောင်းကိုယ်စားလှယ်များမှ
မိမိ၏အမြတ်ငွေကိုလျော့ပြီး Customers များအတွက်
အသုံးပြု/ဝယ်ယူရာတွင် အဆင်ပြေဆုံးဖြစ်စေမည့်
ဈေးကိုသတ်မှတ်လိုက်ရခြင်းဖြစ်သည်။
✅ Hanuman Products တိုင်းကိုစဥ်ဆက်မမြတ် အမြဲဝယ်ယူအားပေးမှုအတွက် Hanuman Brand မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်.....🙏🙏🙏
09/20/2022
#ဒါတွေကြောင့် ခါးနာတက်တာ ⁉⁉👇
ခါးနေရာ က လှုပ်ရှားလိုက်တိုင်း နာနေတာ၊ မတ်တပ်ရပ်တာကြာသွားရင် နာလာတာ၊ အထိုင်များရင် ပူပြီး နာလာတာတွေ ဟာ အခုပြောပြမယ့် အကြောင်း အရာတွေကြောင့်ပါတဲ့❤
# ကြွက်သား ဒဏ်ရာ ကြောင့်များလား❓
ရုတ်တရက် အလေးအပင်မလိုက်တာ၊ ခြံထဲမှာ မြက်နှုတ်တာ အချိန်ကြာကြာလုပ်လိုက်ပြီး နောက်ရက်မှာ ခါးနာနိုင်ပြီး ဒါဟာ ခါးနားက ကြွက်သားတွေ ဒဏ်ဖြစ်သွားလို့ပါ။
# ခါးဆစ်ရိုးလေးတွေ ဒုက္ခပေးနေတာများလား❓
ပင်မခါးရိုးကြီးဟာ အုတ်ခဲလေးတွေ ကို အင်္ဂတေ နဲ့ စီထားသလိုပါဘဲ
ဒီ အရိုးကြားက အင်္ဂတေပုံစံ အရွတ်ပြားလေးတွေဟာ အနေအထိုင်မှားတာကြောင့် ဖောင်းလာ ရောင်လာတာ ၊ အပြင်ဖက်ကို ကျွံ ထွက်လာတာတွေ ဖြစ်မယ်ဆိုလည်း ခါးနာနိုင်ပါတယ်။
ခါးနာတာအပြင် ခြေထောက်ထုံကျင်တာ၊ ခြေထောက်နာတာတွေတွဲဖြစ်တတ်ပါတယ်😔
# အရိုးပွ နေလို့များလား❓
အရိုးပွလာတဲ့အခါ အရိုးဟာ သိပ်သည်းမှုနည်းပြီး နည်းနည်း ခိုက်မိတာနဲ့ အက်တာ၊ အရိုးကျိုးတာတွေ မသိမသာ ဖြစ်နေတတ်ပါတယ်။ ဒီ အက်နေတဲ့ အရိုးလေးတွေကြောင့် အသက်ကြီးပိုင်းတွေမှာ ခါးနာတတ်ပါတယ်။
# ကျောက်ကပ် ရောဂါကြောင့်လား❓
ခါးနာရခြင်း အကြောင်းရင်းတစ်ခုထဲမှာ ကျောက်ကပ် ကျောက်တည်တာ ကျောက်ကပ်ရောင်တာလည်း ပါ ပါတယ်။ ကျောက်ကပ်ကြောင့်ဆိုရင် ခါးကုန်းနေရင် သက်သာပြီး ဆီးအရောင်ပြောင်းတာ ဆီးထဲမှာသွေးပါတာတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။
တိုင်းရင်းဆေး ကပ်ခွာဟာဆိုရင် ခါးနာခြင်းကို သက်သာကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်❤❤❤
#သဘာဝတိုင်းရင်းများဖြင် ဖော်စပ်ထားခြင်းကြောင့် နည်းလမ်းမှန်မှန်သုံးပေးပါက #ဝေဒနာများကို လျော့ပါးသက်သာစေနိုင်ပါတယ် 💁🏻♀️
09/19/2022
#ခါးနာခြင်း ❗
ခါးနာတယ်ဆိုတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ 👩⚕️
ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်။
အလေးအပင်တွေမှရတာပဲဖြစ်ဖြစ် မတော်တဆ ခါးနာတာတွေဖြစ်တတ်ပါတယ်။
အရမ်းဆိုးဝါးတဲ့အခြေမဟုတ်ဘူးဆိုရင် အိမ်မှာပဲ သက်သာမှုပြုလို့ရပါတယ်။✅
Cassamuna Ginger ပါဝင်ထားတဲ့
လိမ်းဆေးဆီလေးကို အသုံးပြုပေးလို့ရပါတယ်။💯
ပါဝင်ပစ္စည်းတွေထဲကတစ်ခုဖြစ်တဲ့ #ကတ်စမူနာဂျင်းဟာဆိုရင် #ယောင်ရမ်းနာကျင်မှုတွေကိုသက်သာစေတဲ့အကျိုးအာနိဒင်ပါရှိတာမို့လို့ အကြောလွှဲတာ ခါးနာတာတွေအတွက်အထူးသင့်လျော်တယ်နော် 🥰
လိမ်းဆေးဆီလေးနဲ့ ခါးနာတဲ့နေရာ ခါးကြောတစ်လျှောက်ပုံမှန်လိမ်း၍ ဖြေးညှင်းစွာနှိပ်နှယ်ပေးခြင်းဖြင့် သက်သာမှုရယူနိုင်ပါသည်။💯❗
09/18/2022
ခါးနာသက်သာစေသောနည်းလမ်း❗❗
ခါးနာစေတဲ့ အကြောင်းတွေကများစွာ ရှိပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့်ပဲ ခါးနာနာ အောက်ပါနည်းလမ်းတွေက ခါးနာတာ သက်သာအောင် ကူညီပေးနိုင်ပါတယ်။
✅အမြဲလဲလျောင်း မနေပါနှင့်
ခါးနာတာ ခံစားရတဲ့အခါ လှုပ်ရှားမှုမလုပ်ဘဲ လဲလျောင်းအိပ်စက်နေတာက နာကျင်မှုကို ပိုခံစားရပါတယ်။ ဒါ့အပြင် လှုပ်လှုပ်ရှားရှားနေသူတွေထက် နေ့စဉ်လုပ်ငန်း တာဝန်တွေကို လုပ်ဆောင်ရတာလည်း ပိုမိုခက်ခဲတာကို တွေ့ရပါတယ်။
✅ လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက ခါးနာတာအတွက် အကောင်းဆုံး ကုသနည်းတစ်ခုပါ။ လမ်းလျှောက်တာက အရိုးရှင်းဆုံး လေ့ကျင့်ခန်းဖြစ်ပြီး ခါးနာတာအတွက် အကောင်းဆုံးဖြေရှင်းနိုင်ပါတယ်။
✅အနေအထား မှန်ကန်ပါစေ
အများစုက နိစ္စဓူဝလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့အခါ အနေအထားမမှန်တာကြောင့် ခါးနာတာကို ခံစားကြရပါတယ်။ မှားယွင်းတဲ့ အနေအထားတွေက ကျောရိုးနဲ့ အာရုံကြောတွေပေါ်ကို ဖိအားသက်ရောက်မှုဖြစ်စေပြီး ခါးအပေါ် ဒဏ်ရာသက်ရောက်မှုဖြစ်ပါတယ်။
✅ ဆရာဝန်နှင့် ပြသပါ
ခါးနာတာက တာရှည်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးတာက နာကျင်မှုကို ခဏတာသက်သာစေနိုင်ပေမယ့် ရေရှည်မှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
✅ ရေခဲ ကပ်ပေးပါ
ခါးနာတဲ့နေရာကို ရေခဲအိတ်ကပ်ပေးတာက ရောင်ရမ်းမှုကို လျော့နည်းစေပြီး နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ရေခဲအိတ် ကပ်တဲ့အခါ မိနစ် ၂၀ လောက် ကပ်ထားပြီး ဖယ်ရှားကာ နာရီဝက်နေပါ။ ပြီးမှ မိနစ် ၂၀ ထပ်ကပ်ပေးပါ။
✅ ရေနွေးနဲ့ ရေချိုးပါ
ခါးနာတာက ၂၄ နာရီကျော် သွားပြီဆိုရင်တော့ ရေခဲအိတ်ကပ်တာ ထက် ရေနွေးနဲ့ ရေချိုးပေးတာက ပိုပြီး ထိရောက်မှုရှိပါတယ်။ ရေနွေးနဲ့ မိနစ် ၂၀ ကြာ ရေချိုးတာကြောင့် ကြွက်သားတွေ ပျော့ပျောင်းစေပါတယ်။ ကိုယ်ဝန်ဆောင်ထားရင်တော့ ရေနွေးထဲမှာ အချိန်ကြာကြာစိမ်ပြီး ရေချိုးတာက အချိန်စောမွေးတာ၊ လနုချိန်မှာ ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်စေလို့ မလုပ်သင့်ပါဘူး။
✅ မွေ့ရာ အသစ်လဲပါ
ပျော့အိလွန်းပြီး အိပ်လိုက်တာနဲ့ ခန္ဓာကိုယ်နစ်ဝင်သွားတဲ့ မွေ့ရာမျိုးက ခါးနာတာကို ပိုဆိုးစေပါတယ်။
✅ အိပ်ရေးဝ၀ အိပ်စက်ပါ
ညဘက်မှာ အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်။ အိပ်စက်တဲ့ အခါ ဘေးတစ်စောင်းအနေအထားနှင့် အိပ်စက်ရမှာဖြစ်ပြီး ဒူးခေါင်းနှစ်ခုကြားမှာ ခေါင်းအုံးတစ်လုံးကို ညှပ်အိပ်ပါ။ ပက်လက်အနေအထားနှင့် အိပ်စက်မယ်ဆိုရင်လည်း ဒူးခေါင်းအောက်မှာ ခေါင်းအုံးကို ခုအိပ်ပါ။
✅ ထိုင်ခုံအနေအထား မှန်ပါစေ
ထိုင်နေကျ ထိုင်ခုံတွေက ခါးအပေါ် ဒဏ်ဖြစ်တဲ့ ထိုင်ခုံမျိုး မဖြစ်ရပါဘူး။ တစ်နာရီထိုင်ပြီးတိုင်း လမ်းထလျှောက်တာမျိုး လုပ်ပေးပါ။
✅ ခါးနောက်မှာ ခုခံပေးပါ
ထိုင်ခံမှာ ထိုင်တာကြာနေရင် ခါးကိုအထောက်အပ့ံပေးနိုင်တဲ့ အခုအခံတစ်ခုခု မရှိခဲ့ရင် တဘက်တစ်ထည်ထည်ကို အလိပ်လိုက် ခေါက်ပြီး ခုံနဲ့ ခါးနေရာကြားမှာ ခုခံပေးပါ။
✅ ရေကူးပါ
ပညာရှင်အများစုက ရေကူးတာဟာ ခါးနာတာအတွက် အကောင်းဆုံး အေရိုးဗစ်လေ့ကျင့်ခန်းတစ်ခုလို့ ထောက်ခံထားကြပါတယ်။
✅ပစ္စည်းတွေကို ဒူးကွေးပြီးမှ မပါ
ကလေးချီတာ၊ ပစ္စည်းတစ်ခုခုကို မတာတွေ ပြုလုပ်တဲ့အခါ ခါးကိုမတ်မတ်ထားပြီး ဒူးကွေးချပြီးမှ မပါ။ ခါးကိုင်းပြီး ကလေးချီတာ၊ ပစ္စည်းမတာမျိုးကို ရှောင်ပါ။
✅ခန္ဓာကိုယ်နှင့်ကပ်ပြီး ပစ္စည်းသယ်ပါ
လေးတဲ့ပစ္စည်းတွေကို သယ်ယူတာ၊ လက်ကဆွဲတာတွေ ပြုလုပ်တဲ့ အခါမှာလည်း သယ်တဲ့ပစ္စည်းကို ခန္ဓာကိုယ်နှင့် ကပ်ပြီး သယ်ယူပါ။
✅ ကိုယ်အလေးချိန် ထိန်းပါ
ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက ခါးပေါ် ဝန်သက်ရောက်မှု ကို လျော့နည်းစေတယ်လို့ ခါးနာတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကိုယ်အလေးချိန်များသူတွေအနေနဲ့ ပုံမှန်ကိုယ်အလေးချိန် ရှိသူတွေထက် ခါးနာတာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
✅ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်က အဆုတ်တစ်ခုတည်းကိုပဲ ဖျက်စီးတာ မဟုတ်ပါဘူး။ ခါးနာတာကိုပါ ဖြစ်စေပါတယ်။ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်လုံးဝ မသောက်သူတွေထက် ခါးနာတာ ပိုဖြစ်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ အမေရိကန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ခါးနာသူတွေအနေနဲ့ ဆေးလိပ်ဖြတ်လိုက်ပါက ခါးနာတာ သက်သာသွားနိုင်တယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
09/17/2022
ထောက်ခံချက်တွေတန်းစီနေတာတွေ့လား‼
ကောင်းတာထက်ပိုကောင်းအောင် အမြဲတမ်း updateပေးတဲ့Brand
ဝယ်သူရောင်းသူတွက် စိတ်ချမ်းသာနေရ🤗
ဝယ်သူက ကိုယ့်တွက်ဆိုးကျိုးရှိမရှိသေချာကြည့်ရမယ် မှန်တာပေါ့ ပိုက်ဆံကုန်ပြီး ကိုယ့်တွက်အန္တာရာယ်ပေးရင် ဘာထူးမှာလဲနော့်
ရှေးဘုရင်ခေတ်ကတည်းက တည်ရှိတဲ့ ထိုင်းတိုင်းရင်းဆေးကို ခုနည်းစနစ်သစ်အထုပ်နဲ့လုပ်လာပေးတဲ့သဘာဝဆေးမို့ သုံးသူကသက်သာပြီး အိမ်မှာဆောင်ထားတဲ့အထိဖြစ်နေကြတာပေါ့🤗
09/16/2022
#မနက်နိုးနိုးခြင်း_ခါးနာတယ်
#အိပ်ယာကြောင့်ပါလား
( #ခါးနာခြင်း )
ည အိပ်ပြီး မနက်နိုးလာတဲ့ညအခါ ခါးနာတတ်ကြပါတယ်။
သိပ်မကြာပဲ နည်းနည်းလှုပ်လှုပ်ရှားရှား လုပ်ပြီးတဲ့ အခါ သက်သာသွားတတ်ကြပါတယ်။
#ဘာဖြစ်လို့ပါလဲ ❓
- အိပ်သည့် ပုံစံ အနေအထား အဆင်မပြေခြင်း
- မွေ့ယာ ပျော့လွန်း ၊ မာလွန်းခြင်း
- ကိုယ်ဝန်ဆောင်
- ရောဂါအခံရှိခြင်း
ကျွန်တော်တို့ ခါးရဲ့ပုံသဏ္ဍာန် ကျောကုန်း နဲ့ တင်ပါးကြား ခါးနားမှာ ကော့နေပါတယ်။
အိပ်တဲ့အခါ အဲ့နေရာက ကော့မနေတော့ပဲ ကျောနဲ့တပြေးတည်းဖြစ်သွားတဲ့အခါ ကျောရိုးရဲ့ ပုံသဏ္ဍာန် ပျက်သွားတဲ့အတွက် ကြွက်သားတွေဒဏ်ဖြစ်တတ်ပါတယ်။ အဲ့ဒီအခါ ခါးနာတယ် (ခါးက ကြွက်သားတွေ နာတာပါ)
1. #အိပ်သည့်ပုံစံ_အနေအထား_အဆင်မပြေခြင်း
အပေါ်က ပြောထားသလို ခါးရဲ့ ပုံသဏ္ဍာန် မမှန်တဲ့အခါ ကျောရိုးမကြီးကို တွယ်ဆက်ထားတဲ့ ကြွက်သားတွေ အရွတ်တွေ #ဝန်ပိတဲ့အတွက် နာရတာပါ။
ပုံမှန်အားဖြင့်တော့ အရမ်းနာလာရင် လူကမနိုးတောင် ခန္ဓာကိုယ်က သူ့ဟာသူ အနေအထားပြင်ပါတယ်။
အနေအထား မမှန်တဲ့ပုံစံ နဲ့ အချိန်ကြာကြာ အိပ်တဲ့အခါ 👉 ခါးနာပါတယ်
မှောက်အိပ်တတ်တဲ့သူတွေက ပိုပြီးခါးနာတတ်ပါတယ်။
✔️ ဘေးစောင်း အိပ်ပါ (ဘယ်ဖြစ်ဖြစ်/ညာဖြစ်ဖြစ်)
✔️ ပက်လက်အိပ်လျှင် ဒူးခေါင်းအောက် စောင်လေးခံ အိပ်ပေါ့ (ခါးရဲ့ ပုံသဏ္ဍာန် လေး မှန်သွားတော့ ခါးနာတာ သက်သာစေပါတယ်)
✔️ မှောက်ပဲ အိပ်တတ်ပါတယ် တခြားပုံစံ နဲ့ အိက်မပျော်ပါဘူး ဆိုရင်တော့ ( တင်ပဆုံရိုးအောက်နား စောင်လေးခုအိပ်ပါ)
2. #မွေ့ယာပြဿနာ
အိပ်တဲ့ အိပ်ယာက သုံးလာတာနှစ်ချီကြာနေပြီမို့ အိပ်နေကြနေရာ အလယ်တွေ ချိုင့်ဝင်နေလျှင် လည်း ခါးနာတတ်ပါတယ်။
မွေ့ယာ သုံးလာတာ (၉ နှစ် ကျော်) လျှင် လဲလိုက်ပါ
ခါးနာတာ သက်သာလာပါလိမ့်မယ်။
3. #ကိုယ်ဝန်ရှိခြင်း
ခန္ဓာကိုယ်ထဲ မှာ သန္ဓေသားလေး အပိုရှိနေတော့ ဗိုက်ကပူပြီး ခါးပေါ်ကို ဝန်ပိတာပိုများပါတယ်၊ ပက်လက်အိပ်တဲ့အခါ ခါးရိုးပေါ်ကို သားအိမ်ရဲ့ အလေးချိန်က ကျတော့ ခါးနာရတာပါ။
#ဘေးစောင်းအိပ်ပါ
အပေါ်က (၃) ချက်ကတော့ သာမန်လူငယ်တွေ၊ ရောဂါမရှိသူတွေမှာ ကြွက်သားဝန်ပိခြင်း Muscle strain ကြောင့် နာကြတာဖြစ်ပါတယ်
- အိပ်ချိန်ကြာလေ ပိုနာလေပေါ့
- ပုံမှန်အားဖြင့် အလုပ်ရှိလို့ စောစောထရတဲ့ ကြားရက် တွေမှာ သိပ်မသိသာပေမယ့် ပိတ်ရက်မှာ Alarm ပေးပြီး ထစရာ မလိုပဲ #ရှယ်အိပ်တဲ့အခါမှာ သိသိသာသာ ခါးနာပါတယ်။
ဒါပေမယ့် အိပ်ယာနိုးပြီး မျက်နှာသစ်၊ သွားတိုက် ဟိုဟာလုပ်ဒီဟာလုပ် နဲ့ သိပ်မကြာခင်ပဲ သက်သာသွားတတ်ပါတယ်။
👉 မနာချင်ရင် အပေါ်က အချက်တွေလိုက်နာပါ။
👉 ခါးက ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ
👉 အချိန်အကြာကြီး အိပ်ယာထဲ လှဲအိပ်မနေပါနဲ့
👉 ပျော့လွန်း မာလွန်းတဲ့နေရာတွေ မှာ မအိပ်ပါနဲ့
____________
တခြားခါးနာတာတွေက
4. အသက်အရွယ်ကြီးလာခြင်း
5. ရောဂါအခံများရှိခြင်း
အချက် ( 4,5) ကတော့ ဆရာဝန်ပြသပြီး စမ်းသပ်စစ်ဆေးကုသမှု ခံယူရပါမယ်။
_____________
🚨🚨🚨ဆရာဝန် နဲ့ ချက်ချင်းပြသင့်တဲ့ ခါးနာဝေဒနာက 🚨🚨🚨
- ကျောကုန်းနေရာမှနာခြင်း
- ချောင်းဆိုးလျှင်/လှုပ်ရှားမှုလုပ်လျှင် အပြင်လိုက်ကြီး ကျောရော၊ ရင်ပတ်ပါ ပတ်ပတ်လည်နာခြင်း
- ခြေထောက် ထုံကျဉ်ခြင်း
- တင်ပါးနောက်မှ ဖနောက်အထိ တုတ်ကြီးလျှိုထည့်ထားသလို တင်းပြီး နာခြင်း
- ဆီးချုပ် ၊ ဝမ်းချုပ်ဖြစ်လာခြင်း (ဆီး/ဝမ်းမသွားနိုင်တော့ခြင်း)
- ကိုယ်အပူချိန်တက်ခြင်း
- ခြေမထောက်နိုင်တော့ခြင်း/မလှုပ်ရှားနိုင်တော့ခြင်း
အထက်ပါ အချက်များဖြစ်လျှင်တော့ အရေးကြီးပါတယ် (သက်သာသွားမှာပါဆိုပြီး အချိန်မဆွဲသင့်သလို၊ ဟိုဟာလိမ်းဒီဟာလိမ်း နဲ့ အနှိပ်မခံကြပါနဲ့ 👉 အောက်ပိုင်းသေသွားတတ်ပါတယ်။)
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Orlando, FL