Life by PHYU
Keep in touch with My activities
My baby Love you so much 💋💕
💕 SanFransisco ရောက်ရှိ
Do you like me a little bit?🤪
California Asian Mart Seafood City, Vallejoမြို့ထဲက ဖိလစ်ပိုင်ရိုးရာမုန့်တွေအပါအဝင်ပေါင်မုန့်တွေအများကြီးရောင်းတဲ့ဆိုင်လေးတွေ့လို့ဝင်ဝယ်ခဲ့ပါတယ်ရှင်🎀🥰
အမေရိကန် ကယ်လီဖိုးနီးယားမှာ နွေရာသီဆိုရင် ဒီလိုခြံတွေထဲသွားပြီး အသီးတွေသွားခူး သူတို့ရောင်းတာတွေဝယ်စားလို့ရပါတယ်ရှင် ဝင်ကြေးကတော့Freeပါ 💕ကျွန်မသွားခဲ့တာလေးတင်ပေးလိုက်ပါတယ်ရှင်
Ps.videoလေးကတော့ရိုက်ထားတာအတော်ကြာပါပြီရှင်
ပြောတာလဲရစရာကိုမရှိတော့ဘူး🤭🤣 Vallejoမြို့လေးအကြောင်းကြည့်သွားပါဦးရှင်😬
Benicia တစ်ချိန်က 13လကြာကယ်လီဖိုးနီးယားရဲ့မြို့တော်ဖြစ်ခဲ့ဖူးတဲ့ မြို့ငယ်လေးပါ
ဂျပန်ဆိုင်လေးကိုရောက်သွားတော့တွေ့ရတဲ့ အိမ်သေးသေးလေးတွေအရမ်းချစ်ဖို့ကောင်းတယ် ကိုယ်တိုင်တော့ဆက်ရမှာတဲ့ စျေးကလဲမသေးဘူး 🙄💗
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က Monterey မြို့လေးကိုရောက်တုန်း ကျွန်မတည်းခဲ့တဲ့ The Monterey Hotelလေးကိုမိတ်ဆက်ပေးမယ်နော် အဆုံးထိလိုက်ကြည့်ပါဦး💕💗
Las Vegas မှာ တွေ့တဲ့အမေရိကန်တိုင်းက I like your outfitလို့ပြောခံခဲ့ရတဲ့ ပုံစံလေးနဲ့ 💕💗
05/11/2025
Healthy Skin Tips…
💖အသားမဲလို့တစ်ချို့တွေကစိတ်ညစ်နေကြတယ် တစ်ချို့တွေကအသားဖြူပေမဲ့ဖြူဖတ်ဖြူရော်နဲ့ healthy skin Look မပေါက်ဘူးပေါ့နော် ဖြူဖြူမဲမဲ ဒါက ကိုယ့်မွေးရာပါskinပါဘယ်သူမှမပြောင်းလဲနိုင်ဘူးပေါ့နော် ဒါပေမဲ့ ကိုယ်ကCareရင်တော့ မဲတဲ့လူဖြစ်ဖြစ် ဖြူတဲ့လူဖြစ်ဖြစ်အသားအရည်က ကြည်လာလိမ့်မယ် စိုပြေလာမယ်တဖြည်းဖြည်းhealthy skin look ပေါက်လာပါလိမ့်မယ်
💗အရင်ကမဲခြောက် or ဖြူခြောက် (ဖြူပေမဲ့ကိုယ့်လို ခြောက်ကပ်နေတာမျိုး ) ဖြစ်နေပါစေ ကိုယ့်အသားအရည်ကို careလိုက်ရင် တဖြည်းဖြည်းဝင်းပြီး အများအမြင်မှာကြည့်ကောင်းတာရော ကိုယ့်ဘာသာ အလိုလို Confident Levelရှိလာတာရော ကိုယ့်skinလေးကိုယ်မြင်ပြီးသဘောကျလာတာရော စတဲ့စတဲ့ အကျိူးကျေးဇူးတွေရှိပါတယ်နော်
တစ်ချို့တွေကအသားမဲကြတယ် ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြလို့ ဖြူတဲ့လူတွေထက်သာပြီး စိုပြေဝင်းပြီးအသားညိုစိုစိုလေးနဲ့ကြည့်ကောင်းနေတတ်ကြပါတယ် (ကျွန်မကတော့အရင်ကဖြူပြီးကြည့်မကောင်းနေတာမျိုးပါ)
ဒါဆိုဘယ်လိုcareကြမလဲ???🤷♀️
💗လူတွေက ကိုယ့် မျက်နှာကိုပဲကိုယ်careကြတာများတယ် skin careဆိုတာနဲ့မျက်နှာကိုပဲပြေးမြင်တတ်ကြတယ် တစ်ကယ်တော့ body လဲcareသင့်တဲ့အထဲပါပါတယ် အဲ့ထဲကမှ body skinကိုဘယ်လိုcareသင့်လဲဆိုတော့….
☺️”ကျွန်မက နိုင်ငံခြားမှာနေတာမို့ ကဲစရာမလိုဘူး အလိုလိုဖြူလိမ့်မယ် ကြည်လိမ့်မယ် ဘလာ ဘလာ “
မဟုတ်ပါဘူးနော် …နိုင်ငံခြားပဲနေနေ မြန်မာမှာပဲနေနေ body skinကို careကို careသင့်ပါတယ် ဘယ်သူမှအလိုလိုမဖြူလာပါဘူး ဖြူတဲ့လူတောင်မဲသွားတတ်တဲ့နိုင်ငံခြားပါ careမှသာဖြူမှာပါ …
☺️ကျွန်မ ဂါဝန်တိုလေးနဲ့ ဆန်ဖရန်မြို့ကိုတစ်ပတ်ပတ်ခဲ့တယ် ဘယ်တော့မှမမဲခဲ့တဲ့အသားတွေ ဆန်ဖရန်ကပြန်ရောက်ပြီးထဲက မဲသွားလိုက်တာ အဲ့မတိုင်ခင်ထိလဲမcareမိသေးဘူး မဲတာမှတော်တော်ကိုမဲသွားတာ အံ့တွေဩရတဲ့အထိပဲ တစ်ရက်ရုံးကပြန်ရောက်တော့ နဂို အသားအရည်ချင်းလာလာယှဉ်ပြီး ယှဉ်တိုင်းသူမဲနေကြအမက ကိုယ့်ထက်ဖြူဝင်းစိုပြေလာပြီး ကိုယ်ကမဲသွားလိုက်တာများ ခြောက်ကပ်နေတာပဲ သူကအမြဲcareနေကြ ကိုယ်မြင်နေတာကိုး
မဖြစ်ဘူးဆိုပြီး face skinပဲမဟုတ်ပဲ Body ကိုစပြီးcareပါတော့တယ်…
💗ကျွန်မသုံးတဲ့ Productsတွေကပုံထဲမှာပါပါတယ်
အဲ့အတိုင်းတစ်ထေရာထဲလိုက်တူစရာမလိုပါဘူးနော်
လိုအပ်တာကတော့
-💗SPF ပါတဲ့lotion
-💗ရိုးရိုးအသားရည်ကိုအစိုဓာတ်ထိန်းနိုင်တဲ့lotion
(Nivea ဒီအပြာလေးကို recommendပေးပါတယ် အသားလဲဖြူဝင်းလာလို့ပါ)
-💗body Scrub (Dove အညိုရောင်လေးrecommend)
ဘယ်scrub မဆိုသုံးလို့ရပါတယ်
-💗Body oil (ပုံထဲက Palmersကို recommend ပေးပါတယ် Baby Oilလူးလဲရပါတယ်)
*ကျွန်မကတော့careတာ 1လပဲရှိပါသေးတယ် ဒါတောင်result အတော်သိသာလာတာပါ
👉🏻တစ်ပတ်၂ခါ ရေချိုးတိုင်း လက်ရော ခြေပါscrubတိုက်ပါ..တိုက်ပြီးတာနဲ့အိမ်မှာနေရင် ရိုးရိုးအစိုဓာတ်lotion လူးပါ အပြင်ထွက်ရင်SPFပါတာလူးပါ lotionလူးပြီးတာနဲ့ Body Oilတန်းလူးပေးပါ
👉🏻ဒီပုံအတိုင်း၂လလောက်လုပ်ပေးရင်ကိုအလိုလိုအသားရည်စိုပြေပြီး healthy lookဖြစ်သွားပါလိမ့်မယ် ဆက်တိုက်လုပ်နိုင်ရင်တော့အတိုင်းထက်အလွန်ပေါ့ ရေချိုးပြီးတိုင်းlotion မလူးရမနေနိုင်အကျင့်ကိုမွေးမြူပါ …
ပုံထဲက ဗူးကြီးငAveeno Lotionပါမြန်မာမှာအတော်နံမည်ကြီးနေတာ အစိုဓာတ်ထိန်းပေးနိုင်လို့တဲ့ အနံ့ကတော့အတော်မွှေးတယ် ကျွန်မကတော့သိပ်မကြိုက်ပါဘူး texture ပျစ်လို့ပါ …NIVEAကိုပိုလူးဖြစ်ပါတယ် တကယ်တော့ Aveenoကပိုစျေးကြီးပြီးပိုသိသာပါတယ် textureနဲနဲပျစ်တာကိုမကြိုက်ရုံပါ
ကျွန်မအမကတော့ Aveenoကိုပိုကြိုက်တာပါတဲ့ …
မိမိနှစ်သက်ရာကိုသုံးနိုင်ပါတယ်ရှင်….
Click here to claim your Sponsored Listing.
Website
Address
Sacramento, CA
942XX, 958XX