Vanus pprzo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vanus pprzo, Beauty, cosmetic & personal care, San Francisco, CA.
04/12/2022
ကျွန်မက ရည်းစားလိုချင်ခဲ့တာမဟုတ်ဘူး
ချစ်ခြင်းမေတ္တာအစစ်ကို မက် မောခဲ့တာပါ
ဥပမာ..
အသေးမွှားလေးက အစ
ကိုယ့်မျက်နှာလေး တစိမ့်စိမ့်ကြည့်ရင်း
တယုတရ ဂရုစိုက်ပေးတာလေးတွေ
ဘယ်လောက်ဝေးနေ ဝေးနေ
ကိုယ့်ဆီ မရောက် ရောက်အောင် လာခဲ့တာမျိုးတွေ
ဘယ်လောက်ခက်ခဲနေပါစေ
ကိုယ့်အတွက် မရ ရအောင် ကြိုးစားပေးတာမျိုးတွေ
ဘာတွေ လုပ်ပေးရ လုပ်ပေးရ
ကိုယ့်အတွက်ဆို Hero တစ်ယောက်လိုမျိုးပေါ့
ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မမြင်တဲ့
ချစ်ခြင်းမေတ္တာတွေမျိုးပေါ့
တစ်ယောက်ပြီး တစ်ယောက်
ပြောင်းချစ်တတ်တဲ့ ချစ်ခြင်းမေတ္တာမျိုးဆို
ကျွန်မ တကယ်မမက်မော ဘူး တကယ်မလိုချင်ဘူး
နင့် ချစ်သူက ရုပ်ချောလိုက်တာလို့ အပြောခံရတာထက်
နင့်ချစ်သူက နင့်ကို အလိုလိုက်ပြီး ချစ်လိုက်တာဆိုတာမျိုးပေါ့
သူအနားမှာရှိနေရင် ကိုယ့်အတွက်က
စိတ်လုံခြုံမှုရှိပြီး ပြည့်စုံနေတဲ့ မေတ္တာမျိုးပေါ့
ကိုယ့်တစ်ယောက်တည်းကိုပဲ အချိန်တွေ အကြာကြီး
ချစ်ပေးပြီး ဘယ်တော့မှ ပြောင်းလဲမသွားတဲ့ ချစ်ခြင်းမေတ္တာမျိုးကို
ကျွန်မ တကယ်လိုချင်တယ် အချစ်ခံချင်တယ် ။
credit
Click here to claim your Sponsored Listing.
Category
Website
Address
San Francisco, CA
94118