JUST 4 U 911
Give People Great Motivations n Knowledge
08/30/2023
ကားတစ်စီး မှာ ဘာတွေပုံမှန်စစ်သင့်လဲ
၁။ Power Sterring Fluid ကိုပုံမှန်စစ်ဆေးပါ။
၂။ တာယာ တွေစားနေလား၊ အလိုင်းမန့်တွေမှန်ရဲ့လားစစ်ပါ။
၃။ ဆီဖစ်တာ (Filter) တွေ ကိုစစ်ဆေးပြီးပုံမှန်လဲလှယ်မှုလုပ်ပေးပါ။
၄။ Battery ကြိုးတွေ၊ ခေါင်းတွေ ကိုစစ်ပါ။
၅။ Timing Belt ကို ကီလို(၈သောင်း-၁သိန်း)အတွင်း လဲပေးပါ။
၆။ Oil Change ကို ကီလို(၃ထောင်-၆ထောင်)အတွင်းလဲပေးပါ။
၇။ Wiper တွေကိုစစ်ဆေးပြီး လဲပေးပါ။
၈။ Break တွေကိုအမြဲကောင်းမွန်နေပါစေ။
၉။ Coolent ပုံမှန် level မှာရှိပါစေ။
၁၀။ Spark Plug တွေကို လိုအပ်ရင်လဲလှယ်ပေးပါ။
credit_automobile
06/06/2023
ဒေါက်တာအရှင်နန္ဒမာလာ ဘိဝံသ
မိန့်ထားတာနှစ်သက်ကြည်ညိုမိလို့ပါ🙏🙏🙏
လူရယ်လို့ ဖြစ်လာရင်…..
သင့်ကို အားကျတဲ့လူ ရှိသလို၊
အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊
အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။
သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနစ်နာခံ ကြိုးစားကြိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်း
ဆောင်နိုင်ပါဘူး၊
ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့…
သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။
သိထားဖို့က…
သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ…
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။
လူဆိုတာ…….
မျက်စိချင်းတူသော်ငြားလည်း၊
အမြင်ချင်း မတူပါဘူး၊
နားပေါက်ချင်းတူသော်ငြားလည်း၊
ကြားပုံချင်းမတူပါဘူး၊
ပါးစပ်ချင်းတူသော်ငြားလည်း၊
ပြောဆိုပုံချင်း မတူပါဘူး၊
ဦးနှောက်ချင်းတူသော်ငြားလည်း၊
အယူအဆချင်းမတူနိုင်ပါဘူး၊
လူချင်းတူသော်ငြားလည်း၊
အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊
ဒီအတွက်ကြောင့်….
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊
နားလည်တဲ့လူနဲ့ တွေ့ဦးမှ…
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊
ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..
သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊
သံသယ နဲ တဲ့လူနဲ့ ဆုံဦးမှ..
သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊
တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…
နောက်ဆုံးတော့…
သိတာလည်း အားလုံးမပြောနဲ့…
မြင်တာလည်း အားလုံးမယုံနဲ့….
သင်ဘယ်သူ့ကို ဘယ်လောက်
ချစ်တယ်ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက် အသက်ရှင်ဖို့လည်းမမေ့ပါနဲ့……….။
crd #
10/31/2022
#စင်္ကာပူက_တက္ကစီသမား
အမေရိကန်နိုင်ငံက ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ Shiv Khera က လွန်ခဲ့တဲ့ ၆ နှစ်က စင်္ကာပူနိုင်ငံမှာ ကြုံတွေ့ခဲ့တဲ့ အဖြစ်လေးတစ်ခုကို ခုလိုပြောပြတယ်။
"လွန်ခဲ့တဲ့ ၆ နှစ်က ကျွန်တော် စင်္ကာပူနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်သွားတယ်။ ဟိုတယ်တစ်ခုမှာ တည်းတယ်။ သွားစရာရှိလို့ တည်းတဲ့ ဟိုတယ်ရှေ့ကနေ တက္ကစီတစ်စီးငှားလိုက်တယ်။ ကားပေါ်တက်ပြီးတာနဲ့ တက္ကစီမောင်းသမားကို business card ပြပြီး အဲဒီပေါ်က လိပ်စာနေရာကို ပို့ပေးပါလို့ ပြောလိုက်တယ်။
သွားရမယ့်နေရာရောက်ခါနီးမှာ တက္ကစီမောင်းသမားဟာ အဆောက်အဦတစ်ခုကို ပတ်မောင်းနေတယ်။ နောက်ဆုံးတော့ ကျွန်တော်သွားချင်တဲ့ နေရာကို ရောက်သွားတယ်။ ကားရဲ့မီတာမှာ တက္ကစီခ ၁၂ ဒေါ်လာပြနေပေမယ့် သူက ၁၀ ဒေါ်လာပဲ ယူတယ်။
ကျွန်တော်က သူ့ကို တက္ကစီခ ၁၂ ဒေါ်လာကျတာကို ဘာကြောင့် ၁၀ ဒေါ်လာပဲ ယူတာလဲလို့ မေးလိုက်တော့ သူက ပြန်ဖြေတယ်။ 'ကျွန်တော် ဒီနေရာနဲ့ မရင်းနှီးလို့ ဆရာသွားမယ့်နေရာကို ရှာမတွေ့တာကြောင့် အဆောက်အဦကို ပတ်မောင်းရှာရတယ်လေ။ တကယ်လို့ ကျွန်တော် နေရာကို တိုက်ရိုက်မောင်းနိုင်ရင် ၁၀ ဒေါ်လာပဲကျမှာမို့ ၁၀ ဒေါ်လာပဲ ယူတာပါ။ ခင်ဗျားလည်း ကျွန်တော့်ရဲ့ မကျွမ်းကျင်မှုအတွက် အပိုမပေးသင့်ဘူးလေ'။
နောက်ပြီး သူက ဆက်ပြောတယ်။ 'စင်္ကာပူနိုင်ငံကို နိုင်ငံခြားခရီးသွားတွေ အများကြီးလာကြတယ်။ သူတို့ဟာ လေယာဉ်ပျံပေါ်က ဆင်းပြီးလို့ လူဝန်မှုကြီးကြပ်ရေးကောင်တာကို ဖြတ်ပြီးတာနဲ့ သူတို့ပထမဆုံးတွေ့ရသူတွေဟာ တက္ကစီမောင်းသမားတွေ ဖြစ်ကြတယ်။ မရိုးသားတဲ့ တက္ကစီသမားနဲ့တွေ့ရင် သူတို့အတွက် စင်္ကာပူမှာနေရတဲ့ရက်တွေဟာ ပျော်စရာကောင်းမှာ မဟုတ်တော့ဘူး။ ကျွန်တော်ကတော့ လာတဲ့ ခရီသွားတိုင်းကို စင်္ကာပူမှာ နေတုန်း ပျော်စေချင်တယ်။ ကျွန်တော်ကိုယ်ကျွန်တော်လည်း တက္ကစီမောင်းသမားလို့ သဘောမထားဘဲ စင်္ကာပူနိုင်ငံရဲ့ သံတမန်တစ်ယောက်လို သဘောထားပါတယ်'။
တက္ကစီမောင်းသမားဟာ ၈ တန်းလောက်ပဲ အောင်မယ်ထင်ပါတယ်။ ဒါပေမဲ့ သူဟာ သူ့အလုပ်ကို ဂုဏ်ယူစွာ လုပ်တတ်တဲ့ ပညာရှင်တစ်ယောက်လို့ ပြောရမှာဖြစ်ပါတယ်"
ပညာရှင်ဆိုတာ ပညာတတ်ရုံနဲ့ မလုံလောက်ဘူး။ ရိုးသားမှု၊ သမာဓိနဲ့ လူသားချင်းစာနာတတ်မှုရှိဖို့လည်း လိုပါတယ်။ စင်္ကာပူတိုးတက်တာ အဲဒီလို ပညာရှင်တွေ ပေါများလို့ဖြစ်မယ် ထင်ပါတယ်။
ဗန်းမော်သိန်းဖေ
၃၁-၁၀-၂၀၂၂
credit
09/29/2022
နယူးရောက်မြို့ကြီးရဲ့ ဘူတာရုံတစ်ရုံမှာ တယောသမားတစ်ယောက်ဟာ (၄၅) မိနစ်ကြာအောင် တယောထိုးခဲ့တယ်။
ရပ်နားထောင်တဲ့သူ မရှိသလောက်နဲ့ လက်ခုပ်တီးသူ နှစ်ယောက်လောက်သာ ရှိခဲ့တယ်။ ပေးတဲ့ ပိုက်ဆံအားလုံးပေါင်းမှ ဒေါ်လာ သုံးဆယ်လောက်ပဲ ရခဲ့တယ်။
ဒါပေမဲ့ ဘယ်သူမှ မသိခဲ့တာကတော့
ဒီတယောသမားဟာ ကမ္ဘာ့အကောင်းဆုံး ဂီတပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျော်ရွှာဘဲလ် ဆိုတာပါပဲ။
ဂျော်ရွှာဟာ ဒေါ်လာ ၃.၅ မီလျံ တန်ဖိုးရှိတဲ့ တယောနဲ့ အခက်ဆုံး အကောင်းဆုံး တေးသွားတွေကို တီးခတ်ပြခဲ့တာပါ။
အဲဒီလို ဘူတာမှ မတီးပြခင် နှစ်ရက်အလိုမှာ ဂျော်ရွှာဘဲလ်ဟာ ဘော်စတန်မြို့က ကပွဲရုံကြီးတစ်ရုံမှာ ရုံပြည့်ရုံလျှံ လက်မှတ်တွေ ရောင်းကောင်းခဲ့ပြီး သူ့ဂီတလက်သံကို နားဆင်ဖို့ လက်မှတ်တစ်စောင်ဟာ ဒေါ်လာ တစ်ရာ၀န်းကျင်မှာ ရှိခဲ့ပါတယ်။
👉ဒီစမ်းသပ်မှုက ဘာကို သင်ခန်းစာယူနိုင်သလဲဆိုတော့ သင်ဟာ ဘယ်လောက်တော်နေတော်နေ အခြေအနေ အချိန်အခါကို သိတတ်တဲ့ အရည်အချင်းရှိရပါမယ်။ သင့်ရဲ့ ထူးချွန်မှု အရည်အသွေးကို အသိအမှတ်မပြုတဲ့ ပတ်၀န်းကျင်မှာ ကြာကြာ အချိန်ဖြုန်းမနေသင့်ဘူး။ လူတွေက လှည့်မကြည့်တိုင်း လက်ခုပ်မတီးတိုင်း ကိုယ်ညံ့လို့ မဟုတ်ပါဘူး။
သင့်ကို တန်ဖိုးထားမဲ့ အသိအမှတ်ပြုမဲ့ နေရာကို သွားပါ။ သင့်အစွမ်းအစတွေကို နားလည်မဲ့ အသုံး၀င်မှန်းသိတဲ့ ပတ်၀န်းကျင်ကို ရွှေ့ပြောင်းပါ။
တခါတလေ သင့်ရဲ့ မသိစိတ်က အဲဒီလို ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းနေပါလိမ့်မယ်။
သင် ဘယ်လောက်အဖိုးတန်သလဲ သင်ကိုယ်တိုင် အသိဆုံးဖြစ်ပါစေ။
Credit
09/29/2022
သူများနဲ့မတူတဲ့လမ်းကိုရွှေးချယ်ဖို့မကြောက်ပါနဲ့
__________________________________________
အရာရာတိုင်းမှာgive and takeဆိုတာရှိစမြဲပါရှင့်...
တစ်စုံတစ်ခုလိုချင်ရင်တစ်စုံတစ်ခု
အရင်ပေးရစမြဲပါ...
ကိုယ်ကစီးပွားရေးနယ်ပယ်မှာအောင်မြင်ချင်တယ်
ဆိုရင်ကိုယ်လိုချင်တဲ့ အရာရဖို့လိုအပ်တဲ့
သိသင့်သိထိုက်တဲ့ အရာမှန်သမျှကိုအရင်
လေ့လာရပါမယ်နော်....
ဒီလုပ်ငန်းနှင့်ပတ်သက်ပြီးအသွားအလာ
ဘယ်လိုရှိလည်းအကျိုးအမြတ်ဘယ်လိုရှိလည်း
ဆုံးရှုံးမှုကောဘယ်လိုရှိလည်းအရင်လေ့လာ
သင့်ပါတယ်....
စီးပွားရေးလုပ်ပြီဆိုထည်းကအမြဲမမြတ်နိုင်ပါဘူးအရှုံးဆိုတာလည်းရှိပါတယ်...
ဟုတ်ပြီဒါဆိုဘာလုပ်သင့်လဲ..?
ကိုယ်လုပ်နေတဲ့လုပ်ငန်းက အရှုံးပေါ်နေတယ်ဆိုရင်
အရှုံးကိုအဖက်ဆယ်နိုင်မဲ့ risk management
နည်းတွေလေ့လာထားသင့်ပါတယ်....
ရှုံးနေတဲ့အရှုံးထဲက ဘယ်လိုအမြတ်ပြန်ယူနိုင်လည်း
ဆိုတဲ့backed up planတွေထားသင့်ပါတယ်...
တကယ်လို့ကိုယ်က အလုပ်တစ်ဖက်နဲ့မို့လို့
မအားဘူးဆိုရင်ကျွမ်းကျင်တဲ့သူစီက
အကြံဉာဏ်ယူပါရှင့်....
အလုပ်ထဲကိုစိတ်နှစ်ထားပါ...
ကိုယ့်ပန်းတိုင်ကိုယ်တစိုက်မတ်မတ်သွားပါ...
ကျွန်တာ်အမြဲပြောသလိုပဲကြိုးစားနေတဲ့
လူတစ်ယောက်အတွက်အောင်မြင်မှုဟာ
အမြဲစောင့်ကြိုနေမှာပါ...
အောင်မြင်ပါစေမိတ်ဆွေ....
ကိုယ်လိုချင်တဲ့အပင်ကို
ကိုယ်တိုင်စိုက်ပါ...
ကိုယ်တိုင်ရိတ်သိမ်းပါ ...
အဖူးအပွင့်ကိုကိုယ်တိုင်အမြတ်ယူပါ...
Credit
09/08/2022
Knowledge
ကွန်ကရစ်ကို ကွန်ကရစ်လို့ မြင်နှိုင်မှ RC ဆောက်ပါလို့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ဆူဘူးပါတယ်။ ကွန်ကရစ်ဟာ RC အဆောက် အဦးတွေရဲ့ အသက်ပါပဲတဲ့ ။
" ကွန်ကရစ် ဘယ်လိုဖျော်မလဲ "
ကွန်ကရစ် မဖျော်ခင် သုံးမယ့် သဲ၊ကျောက်၊ရေတွေကို စစ်ရပါ့မယ်။ သဲမှာ နှုန်းပါဝင်မှု့ ရှိနေရင်မသုံးရပါ။ ကျောက်မှာ ဖုန်မှုန့်တွေ များနေရင် ရေဆေးခိုင်းရပါ့မယ်။ကွန်ကရစ်ဖျော်မယ့်ရေကလည်း chemical ဓါတ်တွေ ကင်းရှင်းနေရပါမယ်။ ကြည်လင်သန့်ရှင်းရပါမယ်။ (လူသောက်လို့ရနိုင်တဲ့ ရေနဲ့ ဖျော်နိုင်ရင် အကောင်းဆုံးပါ။) တိုင်တွေ၊ဘင့်တွေ၊စလပ်တွေ (structure con:) အတွက် လက်ဖျော် ဖျော်ခြင်းကို လုံးဝ မသုံးရပါဘူးး ။
mixer နဲ့ ဖျော်တဲ့ အချိန် သဲ၊ကျောက်၊ ဘိလပ်မြေတွေ အရင်ထည့် နှံအောင် မွေပြီးမှ ရေထည့်ရပါတယ်။ (site တော်တော်များများမှာတော့ ရေအရင်ထည့်ကျပါတယ်)
ရေဘယ်လို ထည့်ရမလဲ။ ကွန်ကရစ်ထဲ ရေပါ၀င်များရင် လုပ်ငန်းခွင်( workability) ကောင်းမယ်။ သို့သော် ခွန်အား( strength) ကျမယ်။ ကွန်ကရစ်ထဲ ရေပါ၀င်မှုနည်းရင် strength ကောင်းမယ်။ သို့သော် သွန်းလောင်းတဲ့ချိန် ကိုင်ရသွယ်ရ သွန်းလောင်းရတာမကောင်းဘူး။ ကန်ထရိုက်တာတွေနဲ့ ကာယလုပ်သားများက မကြိုက်ကြဘူးး။ ဒါကြောင့် strength လည်းကောင်းအောင်၊ workability လည်းအဆင်ပြေအောင်လောက်သာ ရေကိုသုံးသင့်တယ်(site ခေါ် ခပ်ထွေးထွေးလေးပေါ့)။ w/c ratio 0.35 ဆိုတာ ဘိလပ်မြေ ပေါင် 100 တိုင်းမှာ ရေက 35 ပေါင်ထည့်တယ်ဆိုတာကို ပြောတာပါ။ ကွန်ကရစ်ထဲ ရေဘယ်လောက်ရောရမယ်ဆိုတာက သဲနဲ့ကျောက်ရဲ့ ရေပါ၀င်မှုပေါ် အများကြီးမူတည်ပါတယ်။ ဘိလပ်မြေဘယ်လောက်မှာ ရေဘယ်လီတာထည့်ရတယ်ဆိုတာမျိုးအတည်မှတ်လို့ အဆင်မပြေနိုင်ပါ။mixer ထဲရေထည့်ပြီးပြီဆိုတာနဲ့ 2 မိနစ်ထက် ပိုမမွှေသင့်ပါဘူး။ segregation ဖြစ်မှာဆိုးတာကြောင့်ပါ။ ( w/c အဆင်ပြေမပြေ slump test လုပ်ကြည့်ပြီး သိနိုင်တယ်။)
slump test လုပ်တယ်ဆိုတာ ခုဖျော်လိုက်တဲ့ ကွန်ကရစ်ရဲ့ consistency (အမြဲလိုလို တူညီအရာ၊ သတ်မှတ်ချက်) ကို စမ်းတာပါ။ ကွန်ကရစ်လောင်းပြီးနောက်မှ အရည်အသွေးမမှီလို့ ပြန်ပြင်၊ ပြန်ဖြိုရတယ်မဖြစ်အောင် မလောင်းခင် (လောင်းတော့မယ့်ဆဲဆဲ) မှာ ကွန်ကရစ်အရည်အသွေးသိရအောင်လို့ slump test လုပ်လေ့ရှိကြတယ်။ အလားတူဘဲ လောင်းရမယ့် ကွန်ကရစ်ထုထည်များတဲ့ချိန်မှာလည်း တူညီတဲ့ ကွန်ကရစ်အရည်အသွေး တစ်မျိုးတည်းရအောင် (ဖြစ်အောင်)လို့ slump test လုပ်ကြတယ်။Batching plant ကနေ AG မှာတဲ့ချိန်မှာလည်း batching operator ဖျော်တာ မှန်မမှန် (လက်ခံနိုင်မခံနိုင်) slump စမ်းပြီးမှ ငြင်းပယ်၊ လက်ခံကြလေ့ရှိပါတယ်။structure concrete မှန်မမျှ slump test လုပ်ပြီးမှ သုံးလေ့ရှိကြပါတယ်။ recommend ပေးကြပါတယ်။ (နယ်ဘက်တွေမှာ slump test လုပ်လေ့မရှိကြပါဘူး။)(ဒီနေရာမှာ တစ်ခုရှိတာက slump အောင်တိုင်း ကွန်ကရစ်အရည်အသွေးကောင်းတယ်လို့ သတ်မှတ်လို့မရပါ။ လောင်းတဲ့ပေါ်မူတည်ပြီး လောင်းတဲ့ချိန် compaction (ကျစ်လစ်အောင် လုပ်ပေးမပေး၊ vi****or ထိုးပေးမပေး) သေချာလုပ်ပေးမပေးနဲ့ လောင်းပြီးတဲ့ချိန် curing သေချာလုပ်ပေးမပေးပေါ်မူတည်ပြီးလည်း concrete strength ပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။)
အရပ်ထဲက ကန်ထရိုပ်တာ တိုက်တွေ slump test မလုပ်ပါဘူးး ။ အဲ့ကြရင် 1:2:4 အချိုးကို ခပ်ထွေးထွေးဖျော်ပါ ။ ရေပါဝင်မှု့ကို ချိန်တွယ်ထားပါ ။ ရေအချိုးကို ပုံမှန်ထည့်ပါ ။ မများသွားရ မနည်းရ ။ လောင်းပြီဆိုတာနဲ့ compaction(သိပ်သည်းမှု့) ရအောင် လုပ်ပေးရပါ့မယ်။
compaction (vi****or ထိုးတယ်) လုပ်တယ်ဆိုတာ ကွန်ကရစ်ထဲပါတဲ့ လေကိုထုတ်ပြီး ကွန်ကရစ်သား ကျစ်လစ်သိပ်သည်းအောင်လုပ်တာပါ။compaction သေချာမလုပ်ပေးရင် ကွန်ကရစ်ထဲ void(ပျက်ပြယ်)တာ တွေ honeycomb(ကျောက်ပွင့်) တာ တွေ ဖြစ်ပြီး ကွန်ကရစ် strength ကျပါတယ်။ ပြီးတော့ အဲ့ဒီ void တွေကနေ သံချောင်းတွေရေဒဏ်၊လေဒဏ်ထိပြီး သံချေးတက်လေ့ရှိကြတောင့် ကွန်ကရစ် durability (ကြာရှည်ခံမှု့ကို) အများကြီးထိခိုက်နိုင်ပါတယ်။
Ko Kyaw Naing Construction
09/08/2022
4 u
#သိပ်တော်တဲ့မိန်းမတိုင်းဟာ
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
အရှုံးကို အပြုံးနဲ့ သိမ်းပါတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
သူမရဲ့ လှပမှုကို ကိုယ်ကျင့်တရားနဲ့
ထိန်းသိမ်းတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
နာကျင်မှုကို တိတ်ဆိတ်ခြင်းနဲ့ ထိန်းသိမ်းတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
မနာလိုခြင်းနဲ့ အချိန်မဖြုန်းဘူး
ကိုယ့်အစွမ်းအစကိုပဲ တိုးတက်အောင်
ချိန်ဆနေတတ်တယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ကိစ္စရပ်တိုင်းကို မြန်ဖို့ထက် မှန်ဖို့ကိုပဲ
အာရုံစိုက်ကြတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ဝမ်းနည်းစရာ အတိတ်ကို
ဒိုင်ယာယီထဲမှာပဲ သိမ်းထားတတ်ကြတယ်
သတိရမှ ပြန်ဖတ်ပြီး ပြုံးတတ်ကြတယ်
ပျော်စရာ အနာဂတ်ကိုလည်း
နေ့တိုင်း ဖန်တီးယူနေတတ်တယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
သွေး ထွက်မှာထက် မျက်ရည်ကျမှာကို
သေမလောက် ကြောက်ကြတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ငွေမက်ခြင်းက သူမဘဝကို မလုံခြုံမှန်း
သိထားကြတယ်
စစ်မှန်တဲ့ ရိုးသားဖြူစင်ခြင်းကိုသာ
သူမ ရွေးချယ်တယ်
သိပ်တော်တဲ့ မိန်းတိုင်းဟာ
မာနကို သူမရဲ့ လက်နက်တစ်ခု အဖြစ်
အသုံးမပြုဘူး
စာနာစိတ် ထားတယ်
မာယာများဖို့ထက်
ဒဏ်ရာများခဲ့တာကိုပဲ
သူမ ပိုအမှတ်ထားတယ်
Juu __ ဂျူး
#မျှဝေသည်စာဖတ်သူများသို့__လေးစားလျှက်
08/25/2022
သင်ကောင်းဖို့ပဲ လိုပါတယ်
ဟန်ဆောင်ကောင်းမှ
လူလေးစားခံနေရတဲ့ ခေတ်မှာ -
အရှိကိုအရှိအတိုင်း နေတတ်တဲ့ သင်ဟာ -
အရာမဝင်တဲ့သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်
အပြောကောင်းမှ
လူအထင်ကြီးခံနေရတဲ့ ခေတ်မှာ -
အမှန်ကိုအမှန်အတိုင်းပြောတတ်တဲ့
သင်ဟာ - လူ့ကန့်လန့်တစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်
ပေးနိုင် ကမ်းနိုင်မှ
မျက်နှာကောင်းရနေတဲ့ခေတ်မှာ -
'' ဝ '' မရှိဘဲ '' ဝိ '' မလုပ်တတ်တဲ့
သင်ဟာ -အပယ်ခံတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်
ကပ်ဖား ရပ်ဖားလုပ်မှ
နေရာကောင်းရနေတဲ့ ခေတ်မှာ -
ကိုယ့်လမ်းကိုယ်ဖောက်ဖို့
ကြိုးစားနေတဲ့သင်ဟာ -
လူရယ်ချင်စရာ ဖြစ်ချင်ဖြစ်နေနိုင်တယ်
သူတစ်ပါးကိုနင်းခွနိုင်မှ -
အထက်ကို ရောက်နိုင်တဲ့ခေတ်မှာ ၊
ကိုယ့်ထက်နိမ့်ကျသူတွေကို -
တတ်နိုင်သလောက်တွဲယူချင်နေတဲ့ သင်ဟာ ၊
လူနုံလူအ တစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်
သူတစ်ပါးကို တွန်းတိုက်ပြီးမှ -
အောင်မြင်နိုင်တဲ့ခေတ်မှာ ၊
လိပ်ပြာသန့်သန့်နဲ့
အသက်ရှင်နေထိုင်နိုင်အောင် -
ကြိုးစားနေတဲ့သင်ဟာ
လူတွေနဲ့အံမဝင်သူတစ်ယောက်
ဖြစ်ချင် ဖြစ်နေနိုင်တယ်
လူရာမဝင်လို့လည်း အားငယ်မနေပါနဲ့ !!
ဖယ်ကြဉ်ခံနေရလို့လည်း သိမ်ငယ်မနေပါနဲ့ !!
အလှောင်အပြောင်ခံနေရလို့လည်း
ဒေါသထွက်မနေပါနဲ့ !!
ကဲ့ရဲ့ခံနေရလို့လည်း စိတ်ဓာတ်ကျမနေနဲ့
မထီမဲ့မြင်အပြုခံနေရလို့လည်း
ဝမ်းနည်းမနေပါနဲ့
မသမာသူတွေရဲ့
စည်းအပြင်ဘက်ကိုရောက်နေလို့လည်း-
ပူပန်မနေပါနဲ့
သင် ငယ်ငယ်တုန်းက
အရမ်းကြိုက်နှစ်သက်ခဲ့ကြတဲ့ -
စင်ဒရဲလားပုံပြင်လေးကို
မှတ်မိဦးမယ်ထင်ပါတယ် ။
ယုတ်မာတဲ့မိထွေးနဲ့ ညီအစ်မတွေကြားမှာ
ဝိုင်းဝန်းလက်ညိုး အထိုးခံပြီးကြီးပြင်းလာရတဲ့
စင်ဒရဲလားလေးဟာ နောင်တစ်ချိန်မှာတော့ ၊
ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းခဲ့ရပါတယ် ။
ဒါက ပုံပြင်ထဲမှာပဲလေ၊
အပြင်လောကမှာတော့
ဒီလောက်ကံမကောင်းနိုင်ဘူးလို့
စောဒကမတက်လိုက်ပါနဲ့ !!
သင့်ကံကြမ္မာဆိုတာ သင့်လက်ထဲမှာရှိတဲ့ -
သင်ပိုင်ဆိုင်တဲ့ အဖိုးတန်ရတနာတစ်ခုပါ !!
သင်ကောင်းရင် သင့်ကံလည်းကောင်းနေမှာဖြစ်သလို
သင်ဆိုးရင်တော့ သင့်ကံလည်း ဆိုးနေပါမယ်
လက်ရှိအခြေအနေမှာ
မအောင်မြင်ခြင်း ဆုံးရှုံးခြင်း၊
အနှိမ်ခံရခြင်းတွေအတွက် -
စိတ်ပျက်နေစရာမလိုပါဘူး။
ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ -
အပြစ်တင်နေဖို့လည်း မလိုပါဘူး !!
သူကောင်းဖို့မလိုပါ ၊
ကိုယ်ကောင်းဖို့သာ လိုပါတယ်" ဆိုတဲ့ -
စကားလေးအတိုင်းပါပဲ !!
သင်ကသူတစ်ပါးအပေါ်ကောင်းနေပါလျှက်နဲ့ -
တစ်ဖက်သားက သင့်အပေါ်မကောင်းတာတွေ
ကြုံရတတ်တယ် " ဆိုတဲ့
ဒီစကားလေးကိုသတိရလိုက်ပါ !!
သူ မကောင်းတာကသူ့ရဲ့တာဝန်ပါ ။
သင် ကောင်းဖို့ကတော့ သင့်ရဲ့တာဝန်ပဲ လေ !!
သူ မကောင်းလို့ သင်လည်းတုံ့ပြန်ပြီး ၊
မကောင်းတာတွေပြန်လုပ်မယ်ဆိုရင် -
သင်လည်း သူနဲ့ အဆင့်တူ၊
မကောင်းတဲ့လူ ဖြစ်သွားမှာပါပဲ !!
အရေးကြီးဆုံးကတော့
လောကမှာ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် -
ထမ်းဆောင်တတ်ဖို့ လိုအပ်ပါတယ်
လောကမှာတာဝန်ကျေပွန်တဲ့သူဟာ
သေတာတောင်မှနောင်တနဲ့မသေရတတ်ပါဘူး
Credit
08/22/2022
Every Days was new beginning
Fighting Everyone for what u wanted
Just do it
Let ur Dreams come true
Have a Successful Times
08/20/2022
အောက်တန်းစား စိတ်ဓာတ်
သူတစ်ပါး၏
ကိုယ်ကျင့်သိက္ခာကို
အပုတ်ချလိုသည့် သဘောဖြင့်
မမှန်စွတ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော စိတ်ဓာတ်..
သူတစ်ပါးမကောင်းကြောင်းကို
အဆမတန်ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ ထပ်တလဲလဲ
ပြောဆိုတတ်သော စိတ်ဓာတ်...
နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်
ပြန်ပြီးအကျိုးထူးခံစားခွင့်
ရချင်လိုချင်သော စိတ်ဓာတ်...
ကိုယ်ထက်သာသူကို
မနာလိုဝန်တိုမှု အပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်...
ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်...
တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်..
ရှေ့လျှင်တမျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲပြောကာ
ချွန်တုံးလုပ်တတ် ကုန်းတိုက်တတ်သော စိတ်ဓာတ်..
မောက်မာရိုင်းဆိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက် ကင်းမဲ့နေတတ်သော စိတ်ဓာတ်...
အားနည်းသူအား ထုထောင်း၍
အားကြီးသူအား ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ် ဂွင်ရိုက်တတ်သော စိတ်ဓာတ်...
အခွင့်အရေးဆို လိုတာထက်ပိုပြီး
ယူတတ်သလောက် အနစ်နာခံဖို့ကြ တွန့်ဆုတ်တွေဝေ
တတ်သော စိတ်ဓာတ်..
ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင် အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်
အရင်ပြင်အုံး
08/19/2022
"အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ"
---------------------
ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့
စီးဆင်းရတယ်။
လိုအပ်သူတွေက ပြုံးတဲ့အခါ ...
မလိုအပ်သူတွေက မုန်းကြမယ်။
ထိုအခါ
ကိုယ်ဟာ ... အပြုံး မပျက်စေနဲ့။
မုန်းတဲ့သူကလည်း သူ့အကြောင်းနဲ့ သူ ...
ပြုံးတဲ့ သူကလည်း သူ့အကြောင်းနဲ့ သူမို့
သူတို့ရဲ့အကြောင်းတွေထက်
ကိုယ့်ရဲ့အကြောင်းလေး ကောင်းဖို့သာ
ပြင်ဆင်လိုက်ပါ။
အကြောင်းကောင်းမှ
အကျိုးဆက်ဟာ အဖိုးထက် မှာမို့
မတိုးတတ်စေမယ့် အတွေးဆိုးတွေနဲ့
ဘဝကို ဘေးမထိုးမိပါစေနဲ့။
အပြောတွေ ချိုသာပါ၊ ယဉ်ကျေးပါ။
စကားတွေမှာ စိတ်ရင်းတွေ ပါတတ်သည်မို့
စကားကြမ်းကြမ်းတွေနဲ့ မဆက်ဆံမိပါစေနဲ့။
စကားကိုလည်း အလွယ် မယုံမိပါစေနဲ့။
အလွယ်လည်း မပြောမိပါစေနဲ့။
သူတစ်ပါးရဲ့စကားကြောင့်
ကိုယ့်ဘဝ ဒုက္ခရောက်နိုင်သလို
ကိုယ့်ရဲ့ ဖြစ်စလွယ် စကားကြောင့်လည်း
တစ်ပါးသူတွေ ဒုက္ခရောက်နိုင်ပါတယ်။
မှန်ကန်သော အပြောဖြင့်
သတိထား ဆုံးဖြတ်နိုင်ပါစေ။
မှားသောသူ တွေ့တိုင်းလည်း
မပုတ်ခတ်မိပါစေနဲ့။
မှန်သောသူ တွေ့တိုင်းလည်း
ချီးမွမ်းဖို့ ဝန်မလေးပါစေနဲ့။
ကိုယ်မှားရင် တောင်းပန်ပါ။
ကိုယ်မှန်ရင်လည်း အနေမှန်ပါ။
ဘဝတွေကို
ဘဝင်မြင့်သော စိတ်တွေနဲ့
မပေါင်းထည့်လိုက်ပါနဲ့။
မုန်းနေပါစေ...
ကိုယ့်မှာရှိသော စိတ်ရင်း၊ စေတနာအရင်းတို့ဖြင့်သာ လူတွေကို ဆက်ဆံပါ၊ ပေါင်းသင်းပါ။
ကိုယ့်ကို လာမုန်းသူကို ပြန်မုန်းနေရင်
ကိုယ်ဟာ အရှုံးသမားဖြစ်သွားမှာ။
သစ္စာတရားဖြင့် စကားပြော၍
မေတ္တာတရားဖြင့် လူတိုင်းကို အပြုံးပေးပါ။
ဘဝဟာ မေတ္တာတရားတွေနဲ့
အထာကျသွားရင်
နေလို့လည်း ကောင်းမယ်။
အေးလည်း အေးချမ်းမယ်။
လူတိုင်းကိုလည် အကောင်းမြင်လာမယ်။
ကိုယ့်ဘက်ကသာ
အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေမယ်ဆိုရင်
လူတိုင်းဟာ ချစ်စရာ အကောင်းဆုံးတွေ
ဖြစ်လာမှာပါ
𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
08/18/2022
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tampa, FL