Makeup PROF professional Makeup artists

Makeup PROF professional Makeup artists

Share

Professional makeup services, special effect , creative , iconic, bridal makeup are available 24/7 . 50% discount for advanced booking .

Professional make up artists services , special effect , creative, iconic, bridal for all race & religions .
50% discount for advanced booking at least 2-3 months (^_^)

01/17/2022

#မိန်းခလေးမှန်ရင်သိမ်းထားပါ...

1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အ၇င်ကောင်းအောင်လုပ်ပါ

2.မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့

3.မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့ တစ်ခါထဲ ဖျက်ပါ

4.မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ
မိတ်ကပ် က မျက်နှာသစ် ဆပ်ပြာ တခုသုံးယုံနဲ့ မလုံလောက်ပါဘူး

5.မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ

6.မိတ်ကပ် remover ကို အလေအလွင့်နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီးဖျက်ပါ

7.ဘူးအသန့်တစ်လုံး သို့မဟုတ် လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက် ၂၀ခန့်ထည့်ပါ ပြီး၇င် make up remover အရည် နဲနဲလောင်းထည့်ပေးပါ ဒါဆို make up
remover ကို နဲနဲပဲကုန်စေနိင်သလို အကျိူးလဲ၇ှိပါတယ် money saving ဖြစ်စေပါတယ်

8.တိုနာကို လဲ ထိုနည်း လည်းကောင်းလုပ်လို့၇ပါတယ်

9.မျက်နှာကို မိတ်ကပ် ဖျက်ဆေးနဲ့ ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ

10.ပြီး၇င် ဂွမ်းမှာ တိုနာ စွတ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပါ

11.တိုနာက ချွေးပေါက် ကျည်းစေတယ်လို့ ပြောကြတာထက် မျက်နှာသစ်ပြီး သုံး၇င် ကျန်၇ှိနေသေးတဲ့ အညစ်အကြေးတွေ ထပ်ထုတ်ပေးပါတယ်

11.ပြီး၇င် လိမ်းနေကြ တစ်ခုခု၇ှိ၇င် လိမ်းပါ

12.မျက်နှာကို တနေ့ နှစ်ခါ အနဲဆုံးသစ်ပါ

13.မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ပါ
မိတ်ကပ်လိမ်းတဲ့နေ့ဆို လိမ်းပြီးပြန်လာတာနဲ့ မျက်နှာသစ်ပါ

14.သွားကျန်းမာေ၇းကိုလဲ ဂရုစိုက်ပါ

15.တနေ့နှစ်ခါ တိုက်ပါ

16.အစာစားပြီး ပလုတ်ကျင်းပါ

17.သွားတိုက်၇င် အနဲဆုံး ၂မိနစ်ခန့်တိုက်ပါ

18.မျက်နှာလေးလှနေယုံနဲ့ မပြီးပါဘူး
ပါးစပ်က အနံ့ ဆိုးတွေ၇ှိ၇င် လူတစ်ယောက်ရဲ့ image က ပြောင်းသွားနိုင်ပါတယ်

19.ဆံပင်ကို တစ်ပတ်နှစ်ခါ အနဲဆုံး လျှော်ပါ

20.နဖူးမှာ ၀က်ခြံတွေ အရမ်းထွက်တတ်တာမျိူးက
ဆံပင် က မသန့်တာကြောင့်ဖြစ်တတ်ပါတယ်
ခေါင်းမလျှော်ဖြစ်ခဲ့၇င်တောင် အေ၇ှ့ဆံပင်လေးကို လျှော်ပေးပါ

21.၀က်ခြံထွက်၇င် လက်နဲ့ မညစ်ပါနဲ့

22.စိတ်ကိုထိန်းပြီး ဆေးလေးပဲ လူးထားပါ

23.အ၇မ်းများလာ၇င် တတ်ကျွမ်းသူတွေနဲ့ ပြပါ

24.၀က်ခြံကို အသည်းယားလို့ကုတ်ဖဲ့တာမျိူးက အန္တာရယ်များပါတယ် ၀က်ခြံဖုက ထွက်လာတဲ့ သွေး သို့ ပြီ အပုတ်တွေ စီးကြပြီး ထိုနေ၇ာတွေမှာပါ ၀က်ခြံ ထွက်တတ်ပါတယ်

25 ဆင်၀က်ခြံလို ၀က်ခြံမျိူးတွေ လက်နဲ့ အညစ်များတဲ့ ၀က်ခြံတွေဟာ ကြာ၇င် ချိုင့်ခွက်တွေ ဖြစ်လာပြီး မျက်နှာကို အဖု အထစ်တွေ ဖြစ်စေနိုင်ပါတယ်

26.ဆား၀က်ခြံတွေ ကလဲ စိတ်ရူတ်၇ပါတယ်

27.ဆား၀က်ခြံတွေကို ပျောက်ကင်းအောင် ထပ်မထွက်အောင် ကုသမ၇သေးပါ

28.ပါးသွားအောင်ပဲ လုပ်လို့၇နိုင်ပါတယ်

29.၀က်ခြံ ညစ်တဲ့ အတံလေးတွေနဲ့ အသာအယာ ညစ်ထုတ်ပေးနိုင်ပါတယ်
ဆား၀က်ခြံ ကပ်ခွာတွေလဲ ကပ်နိုင်ပါတယ်
ဘယ်လိုနည်းလမ်းနဲ့ လုပ်လုပ် လုပ်ပြီး မပြစ်ထားပါနဲ့

30.treatmentပြန်လုပ်ပေးပါ
ထပ်ခါ ထပ်ခါ လုပ်ပါများ၇င် ချွေးးပေါက်တွေကျယ်ပြီး အဆီအ၇မ်းပြန်တတ်ပါတယ်

31.အကောင်းဆုံးနည်းလမ်းကတော့
မျက်နှာကို ေ၇နွေးငွေ့နဲ့ ခေါင်းပေါ် ပုဝါအုပ်ပြီး
ရေနွေးငွေ့ ခံပါ
ပြီး၇င် ကြက်ဥအကာကို မျက်လုံးကို ဝိူက်ပြီး မျက်နှာ တစ်ပြင်လုံးလိမ်းပါ
tissue နှစ်လွှာကို တစ်လွှာခွာပါ
မိမိကပ်မဲ့နေ၇ာ ချိန်ပြီး အ၇ွယ်တော် ဖြဲပါ
ပြီး၇င် ကြက်ဥအကာသုတ်ထားတဲ့ အပေါ်ကို ကပ်ပါ ပြီး၇င် tissue ကပ်ထားတဲ့ အပ်ါကို ကြက်ဥအကာထပ်တင်ပေးပါ
မိနစ် ၂၀ခန့်ထားပြီး ခွာချပါ
ဆား၀က်ခြံတွေပါလာပါလိမ့်မယ်
အကုန်တော့မပါလာပါဘူးနော်
သဘာ၀နည်းလမ်းတွေရဲ့ အာနိသင်ဆိုတာ
ဖြေးဖြေးခြင်းထိေ၇ာက်တာပါ
နောက်ဆုံး ေ၇ခဲေ၇နှင့်မျက်နှာသစ်ပါ
သို့ ေ၇ခဲတုံးလေးနဲ့ ပွတ်ပေးပါ
ဒီအဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ
ချွေးပေါက်တွေဖွင့်ပြီးရင် ချွေးပေါက်ပြန်ပိတ်ရပါမယ်
ဆား၀က်ခြံများ၇င် တစ်ပတ် ၃ကြိမ်လုပ်ပါ
ပါးသွား၇င် တစ်ပတ် ၁ကြိမ်ဆို ၇ပါပြီ

32.အပူက ချွေးပေါက် ကျယ်စေပါတယ်
အအေးက ချွေးပေါက် ကျည်းစေပါတယ်

33.ချွေးပေါက် အ၇မ်းကျယ်လို့ မိတ်ကပ်လိမ်း၇အဆင်မပြေ၇င် ရေခဲတုံးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး သပတ်နဲ့ သုတ်ကာ မိတ်ကပ်လိမ်းကြည့်ပါ

34.မနက် အိပ်၇ာ ထ လျှင် ထခြင်း ရေတစ်ဖန်ခွက်အပြည့်သောက်ပါ
တစ်ကျိူက်ထဲ မော့ပါ
စသောက်ခြင်း အဆင်မပြေပါဘူး
နောက်၇က်တွေ အိုခေ လာမှာပါ

35.ခန္ဓာကိုယ်က အပူအပုတ်တွေ ကင်းဖို့မျှတစွာ နေထိုင်စားသောက်ပါ အသီးအနှံ အ၇ွက် စားပါ
၀မ်းချူပ်နေပြီခံစား၇၇င် ၀မ်းနုတ်ပါ

36.ဆီး ၀မ်း လေမှန်မှ နေသာထိုင်သာ၇ှိပြီး
ကျန်းမာေ၇းကောင်းမှာပါ

37.ရေချိူးတဲ့ အခါ ခြေထောက် မှ ခြေသည်းလေးတွေ ကို brush နဲ့ တိုက်ချွတိဆေးကြောပါ
လူတစ်ယောက်ကို အကဲဖြတ်၇ာမှာ ခြေထောက်၇ယ် မျက်နာ၇ယ် က အဓိကပါ

38.လက်သည်းနီတွေ အမြဲမဆိုးပါနဲ့
ဆိုးဖြစ်ခဲ့၇င် မဆိုးပဲနဲ့ တစ်လလောက် အနားပေးပါ လက်သည်းကျန်းမာဖို့ပါ

39.လက်သည်း ကျိူးလွယ်တယ် အ၇မ်းပျော့နေမယ်ဆို၇င် သံပုရာသီးလေး နဲ့ ပွတ်ပေးပါ

40.မိတ်ကပ်လိမ်းရင် Brush လေးတွေနဲ့ လိမ်းပေးပါ

41.လက်နဲ့ပဲ လိမ်းချင်တယ်ဆို၇င်လက်ကို သေချာသန့်စင်ပြီးမှ လိမ်းပေးပါ
လက်က ဘက်တီးရီးယား အများဆုံး နေ၇ာပါ

42.make up brush တွေကို တစ်ပတ်တစ်ခါ ဆေးပါ
make up Brush အတွက် ထုတ်တဲ့ ဆပ်ပြာလေးတွေ ထွက်ပါတယ်
အဲ့လိုမှ မသုံးချင်လဲ ကလေးသုံး ဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည် နဲ့ သုံးလို့ရနိုင်ပါတယ်

43.မိတ်ကပ်ဖော့အသုံးပြု၇င်လဲ အနဲဆုံး နှစ်ခု ထားပါ တစ်ခုလျှော်၇င် တခုနဲ့ သုံးလို့၇နိုင်ပါတယ်

44.နုတ်ခမ်းနီ ကို ပါးနီ အဖြစ်လဲ အသုံးပြုနိုင်ပါတယ် နူတ်ခမ်းနီကို ပါးပေါ် နဲနဲတင်ပြီး အမြန်ပြန်ဖြန့်ပေးလို့၇ပါတယ်

45.eyeliner ကုန်နေခဲ့ လို့ မဆိုးလို့က မ၇ဘူး အလျင်လိုနေခဲ့၇င် masacara ကို eyeliner အဖြစ် ယူသုံးနိုင်ပါတယ်

46.concelar သုံးဖို့ လိုအပ်လာ၇င် concelar မ၇ှိခဲ့၇င် သုံးနေကြ မိတိကပ်အ၇ည်၇ဲ့ အဖုံး သို့ နူတ်ခမ်းအ၀မှာ မစိုမခြောက်ဖြစ်နေတဲ့ မိတ်ကပ်ကို concelar အစား သုံပေးနိုင်ပါတယ်

47.powder hightlight လုပ်ချင်လို့ loose powder မ၇ှိလျှင်လဲ baby ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်

48.မျက်တောင်ပါး၇င်masacara ကော့ပြီး ပေါင်ဒါမူန့်ကို မျက်တောင်တွေ အပေါ် လိုက်တင်ပါ ပြီး၇င် masacara ပြန်ကော့ပါ
သုံးခါလောက် ထိုနည်းအတိုင်းလုပ်ပါ
မျက်တောင်ထူသလို ဖြစ်သွားစေပါတယ်

49.မျက်ခုံးဆိုး၇င် မျက်ခုံး၇ိတ်ပြီးမှ မျက်ခုံးဆိုးပါ
မျက်ခုံးကို မိမိဘာသာ မ၇ိတ်တပ်၇င် ဆိုင်မှာ ပုံအ၇င်သွင်းပါ

50.ပြန်ထွက်လာတဲ့ မျက်ခုံး အတိုအထွာလေးတွေကို နုတ်တာ ၇ိတ်တာ အားသန်သလို လုပ်ပေးနိုင်ပါတယ်

51.မျက်ခုံးမှ မ၇ိတ်ချင်ဘူး ဆိုလဲ concelar နဲ့ မညီညာတဲ့ မျက်ခုံးတွေကို ဖုံးကွယ်ပါ

52.မိတ်ကပ်ကြောင့်သင်ပိုလှပါစေ

53.မိတ်ကပ် က သင့်အလှကို မဖုံးကွယ်ပါစေနဲ့

54.မိတ်ကပ်လိမ်း၇င် မိမိမျက်နှာက အလှဆုံး အစိတ်အပိုင်းကို ဦးစားပေးပြင်ပါ

55.နူတ်ခမ်း matte တွေ ဆိုးတာများရင် lip scrub လေး ပုံမှန်လုပ်ပေးပါ

56.သခွားသီး ကို မျက်နှာမှာ ကပ်ပေးပါက မျက်နှာအေးစေတယ် အသားအရည် ကြည်ပြီး ကောင်းစေပါတယ်

57.အာလူးကို မျက်လုံးမှာကပ်ပေးပါက မျက်ကွင်းညိုတာ သက်သာစေပါတယ်
မျက်နှာမှာ ကပ်၇င် မျက်နှာက အပူတွေ စုပ်ပေးပါတယ် ကပ်ပြီး၇င် မျက်နှာတော့ သေချာပြန်သစ်ပါ

58.ငှက်ပျောသီး မှည့်ကိုလဲ ရေမချိူးခင် မျက်နှာမှာ ၁၅မိနစ်လောက်လူးထားပေးးပြီး ပြီးမှ ရေချိူးလို့၇ပါတယ် အသားအ၇ည်လဲ လှစေပါတယ်

59.ကြက်ဥအကာ သံပုရာသီး ၃စက်ခနု့့်ရောမွှေပြီးလုးးပေးပါ
၁၅မိနစ်ထားပါ
ပြီး၇င် ရေဆေးချပါ
အသားအရည် တင်းရင်းစေပါတယ်

60.Vasaline ကိုသိကြမှာပေါ့နော် (မှတ်ချက် lotion မဟုတ်ပါ vasalineအဆီပါ)်
vasaline ကို ရေမွှေး စွတ်မဲ့ နေ၇ာကို လိမ်းပေးပြီး ရေမွှေး စွတ်၇င် ရေမွှေးနံ့ ကြာရှည်ပိုခံတယ်

61.ဒူးမဲ တံတောင်ဆစ်မဲ ဂျိူင်းမဲ နူတ်ခမ်းမဲတာတွေ ကို vasaline လူးပေးရင် ပျောက်စေပါတယ်

62.vasaline ကို ဆံပင် နှစ်ခွ ဖြစ်နေရင် အောက်ဖျားတွေကို လိမ်ပေးလို့၇ပါတယ်

63.eyeliner pencil တွေ ဆိုး၇တာ အရောင်မထွက်၇င် မီးအပူ ခဏလေးပြီး ဆိုး၇င်
အရောင်ပိုတောက်စေပါတယ်

64.မျက်တောင်တွေပိုကော့အောင် မျက်တောင်ကော့စက်ကို hair dryer နဲ့ အပူပေးပြီး ကော့ပေးလို့ရပါတယ်

65.နူတ်ခမ်းနီ ၀ယ်မိတာ မစိုမခြောက် ဖြစ်နေ၇င် နူတ်ခမ်းနီ ဆိုးပြီး setting powder သို့ loose powder ကို နူတ်ခမ်းပေါ် တင်ပေးနိုင်ပါတယ် နူတ်ခမ်းလေး matte လေး ဖြစ်သွားစေပါတယ်

66.Eyeshadow ဆိုး၇င် အမူန်တွေတခါတလေ ကျပါတယ် ကျ၇င် ကာကွယ်ဖို့ တိတ်လေးကို မျက်လုံးအောက်မှာကပ်ပြီး ကာကွယ်ပေးပါ

67.အလက်ပါတဲ့ eyeshadow တွေ ဆိုးလို့ မျက်အိမ်အောက် ကျတဲ့ အလက်အမူန်တွေကို တိပ်လေးနဲ့ ကပ်လိုက်ခွာလိုက် လုပ်ကာ ဖယ်၇ှားပေးနိုင်ပါတယ်

68.မိတ်ကပ်လိမ်း၇င် လည်ပင်းကိုပါ လိမ်းပါ
မိမိ မိတ်ကပ် က စျေးကြီးလို့ နှမြော၇င် စျေးသင့်တာလေး မျက်နှာမိတ်ကပ်နဲ့ အေ၇ာင်ညီတာ လေး၀ယ်ထားပါ လည်ပင်းကို ထိုမိတ်ကပ်လေး လိမ်းပါ

69.မိတ်ကပ် မလိမ်းခင် skin care တခုခု ခံလူးပါ

70.Green tea လက်ဖက်ခြောက် တစ်ခါသောက်ထုတ်လေးတွေကို စိမ်သောက်ပြီး၇င် မျက်လုံးပေါ်မှာ ကပ်ပေးနိုင်ပါတယ်၇ှင်


71.ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ

72.ခုလို မိုးတွင်းအချိန်ခါမျိူးမှာ နေပူတာနဲ့ အိပ်၇ာခင်းတွေ ခေါင်းအုံးတွေကို နေပြပါ

73.စိုထိုင်းထိုင်း အနေအထားမျိူးမှာ ဘတ်တီးရီးယားတွေ အ၇မ်းပေါက်ဖွားတတ်ကြပါတယ် အသားတွေ ယားတာတွေ ဖြစ်တတ်ပါတယ်
ခေါင်းအုံး မသန့်ရင် မျက်နှာ ၀က်ခြံထွက်စေပါတယ်

74.အိပ်ေ၇းပျက်မခံပါနဲ့

75.ည 11 နာရီ နောက်ဆုံးထား အိပ်ပေးပါ

76.ည 12နာ၇ီ နှင့် 1 နာ၇ီအခ်ျန်မှာ မျက်နာက နုပ်ျူခြင်း လှပခြင်း ဆဲလ်တွေ ဖွံ့ ဖြိုးပါတယ်
ထို ဆဲလ်တွေက အိပ်မှ ထွက်တာပါ
အဲ့အခ်ျန်မအ်ိပ်၇င် မထွက်နိုင်ပါ
{ကြားဖူးတာ ကြာပါပြီ အချိန် အမှားအယွင်းလေး၇ှိန်ိုင်ပါတယ် ၁၁နာ၇ီနောက်ပိုင်း အိပ်၇မှာက သေချာပါတယ်)
🙂

77.အိပ်ရေးပျက်ရင်လဲ ၀က်ခြံထွက်တတ်ပါတယ်

78.အသားခြောက်သူတွေ က ရေဓာတ်ပါ၀င်နဲ့ skincare တွေ လိမ်းပေးပါ

79.သခွားသီး ရှားစောင်းလတ်ပတ်တို့ဟာ
ရေဓာတ် ပြည့်၀ပါတယ် ကပ်ပေးနိုင်ပါတယ်

80.alove vera gel တွေလဲ လူးနိုင်ပါတယ် အသားခြောက်သူတွေအတွက် သာမက မည့်သည့်အသားအရည်ပိုင်ရှင်မျိူးမဆိုလဲမိတ်ကပ် လိမ်းရင် မိတ်ကပ်သားတက်အောင်လူးနိုင်ပါတယ်

81.အ၇မ်းအိပ်လိုက်လို့ မျက်လုံးတအား မို့အစ်နေ၇င် စတီးဇွန်း နှစ်ချောင်း ကို ၁၅မိနစ်ခန့် ရေခဲသေတ္တာထဲ ထည့်ပေးပြီး မျက်အိတ်အပေါ် ကို ကပ်ပေးနိုင်ပါတယ်

82.မိတ်ကပ်၀ယ်တဲ့ အခါ tester ၇ှိတဲ့နေရာက ၀ယ်ပါ

83.tester စမ်းတဲ့အခါ မိတ်ကပ်ကို မိမိအသားအရောင်နဲ့ ကိုက်ညီတာကို ေ၇ွးခြယ်ပါ

84.ရွေးခြယ်သည့်အခါ လက်ဖျံရိုး
မေးရိုး တို့မှာတင်ပြီး ရွေးပါ
အေ၇ာင်တစ်ရောင်ထဲတင်ပြီး စမ်းတာမျိူးရှောင်ပါ
မိတ်ကပ် နံပါတ် ၃ခု ၇ှိ၇င် သုံးခုလုံး နေ၇ာလေးခြားပြီး ယှည်ကြည့်ပြီး အလိုက်ဖက်ဆုံးအရောင်ကိုံရွေးခြယ်ပါ

85.သူများက သုံးလို့ ငါလဲသုံးမယ် ဆိုတာမျိူးရှောင်ပါ

86.သူများနဲ့ အဆင်ပြေပေမဲ့ ကိုယ်နဲ့ အဆင်ပြေချင်မှပြေမှာပါ

87.မိတ်ကပ်ရွေးခြယ်ဖို့ ခက်နေသည့်အခါ မိမိ အသားအ၇ည်နဲ့ အဆင်ပြေမဲ့ ပစ္စည်းကို မေ၇းခြယ်တတ်သည့်အခါ သေချာ နားလည်တဲ့ blogger သို့ မိတ်ကပ်ဆရာဆီမှာမေးပါ

88.ဝါသနာရှင်တွေကို မမေးမိပါစေနဲ့
ပညာ၇ှင်ကိုမေးပါ
၀ါသနာ၇ှင် က ပစ္စည်းအကုန်လုံး မသုံးနိုင်ပါဘူး
တံဆိပ်အမိ်ျိူးမျိူး မသုံးနိုင်ပါဘူး
လက်တွေ့ မသုံးဖြစ်တဲ့အတွက် ဖြေဖို့ရာ ညွှန်းဖို့၇ာ အ၇မ်းခက်ခဲပါတယ်
တကယ် သုံးပြီး ညွှန်းတဲ့ လူဆီ ပညာရှင်ဆီမေးပါ
(sis ကိုလာမေးကြ၇င် အစ်မ ဘယ်မိတ်ကပ်ကောင်းလဲ တဲ့ ဘယ်လိုဖြေ၇မှန်းမသိဘူး ဖြေချင်ပါတယ် မသိလို့ပါ ကိုယ်သုံးတာလောက်ပဲ ပြောပြနိုင်တော့ သူနဲ့အဆင်ပြေမပြေက၇ှိသေးနယ်လေနော့ 😞
၀ါသနာ၇ှင်ပါရှင် နားလည်ပေးကြပါနော်)

89.နားလည်သူ ညွှန်းတဲ့ မ်ိတ်ကပ်ကို ကိုယ်တိုင်ကိုယ်ကြ counter မှာ၀ယ်ပါ
ထိုပစ္စည်းမှာ sample ဘူးသေးလေး (travel size)တွေထွက်၇င် ၀ယ်သုံးပါ
အဆင်မပြေ၇င် နောက်တခုပြောင်း၀ယ်ဖို့ အသေးထွက်၇င် အသေး၀ယ်ပါ
အဆင်ပြေမှ ဘူးကြီး၀ယ်ပါ

90.ငွေကို ချွေတာလို့၇တဲ့နေ၇ာ ချွေတာပါ
masacara လို eyelinerအ၇ည်လို ၃လလောက်ပဲ ခံတဲ့ ပစ္စည်းတွေကို စျေးအမြင့်ဆုံးထဲ က ၀ယ်မဲ့ အစား စျေး အလတ်စားထဲက ၀ယ်ပါ

91.ဂျိုင်းချွေးနံ့ကို ဂရုစိုက်ပါ
Roll on သုံးပေးပါ
အနံ့ဆိုးတွေက လူတစ်ယောက်နှာခေါင်းရူတ်တာမျိူး မဖြစ်ပါစေနဲ့

92.နားတွေကို ပုံမှန်သန့်စင်ပါ
နားကပ်တွေကို ရေချိူးတိုင်းဖြုတ်ပြီး နားကိုဆေးပါ
နား၇ွက်က ထွက်တဲ့ ဂျီးဟာ ညှီစော်နံပါတယ်

93.တခုခုစားပြီး အသုံးပြုပြီးလက်ဆေး၇င် လူတော်တော်များများ လက်ကို မသုတ်ကြပါဘူး
လက်သုတ်ပါ ပိုးမွှားတွေက လက်မှာ မပေါက်ဖွားအောင်တားဆီးပါ

94.မျက်စိယား၇င် မျက်စဉ်းခပ်ပါ
ဆေးသောက်ပါ
လက်နဲ့ မပွတ်ပါနဲ့

95.ဖုန်း ပိုက်ဆံ လက် ထိုအ၇ာတွေ ဟာ ပိုးမွှားအပေါဆုံး အရာတွေပါ
ညအိပ်၇ာ၀င် မျက်နှာသစ်ခြေထောက်လက်ထောက်ဆေးပြီး
လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ
ဖုန်းကိုလဲ စင်တခုပေါ်တင်ထားပါ

96.မျက်ကပ်မှန် စျေးအပေါစားတွေ မတပ်ပါနဲ့
မျက်လုံးက တအားနုပါတယ်
ဂရုစိုက်ကြပါ

97.မျက်ကပ်မှန်တပ်၇င် ဆေးကို ပုံမှန်လဲပါ
အေးတဲ့နေ၇ာမှာထားပါ
ပိုး၀င်သွား၇င် အန္တရာယ်၇ှိပါတယ်

98.မျက်ကပ်မှန် မတပ်ဖြစ်ခဲ့၇င်တောင် ဆေးရည်ကို ၂ပတ်တစ်ခါ ပုံမှန်လဲပေးပါ
ဒီနေ့တပ်ဖြစ်၇င် ဆေးရည် အသစ်နဲ့လဲပြီး ပြန်ထည့်ထားပါ

99.နပေူပူ မိုး၇ှာ၇ှာ suncream လူးပါ
ခရမ်းလွန်ရောင်ခြည် က တိမ်တွေကိုဖောက်ထွက်ပြီး မြေကမ္ဘာပေါ်ဆင်းသက်နိုင်ပါတယ်
နေပူမှ ခ၇မ်းလွန်ရောင်ခြည် ကျရောက်တာမဟုတ်ပါဘူး

100.ခေါင်းဘီးတွေကို တစ်ပတ်တစ်ခါဆေးပေးပါ

Photos from Makeup PROF professional Makeup artists's post 11/27/2019

ဆောင်းဝင်ပြီဆိုတော့နေပူစာလှုံရင်သိပ်ကောင်းတာပဲနော်။ ဒါပေမဲ့လည်းနေလောင်ဒဏ်ကအသားအရေကိုအရမ်းအရမ်းဆိုးတယ်ဆိုတာလေးဘယ်လိုကာကွယ်ရမယ်ဆိုတာလေးကိုသိအောင်ဖတ်ကြည့်ပါနော်။ သူငယ်ချင်းမိတ်ဆွေတွေကိုလည်းသိအောင်share ပေးရင်းအားလုံးလှပကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်🥰😘

08/19/2019

👉👉တော်ပီး ထက်မြက် တဲ့ မိန်းမတိုင်း က 😊

😌စိတ်ဆတ် တတ်ပေမယ့် (စိတ်ထားမကောက်ကျစ်ဘူး)😌
☝️ဒေါသ ကြီး တတ်ပေမယ့်(ကြာကြာစိတ်မဆိုးတတ်ဘူး)😏
😁ပွင်းလင်းတယ်(ဟန်မဆောင်ဘူး)😉
😈အမှတ်သည်းခြေကြီးပေမယ့်(ရန် ကိုရန်ခြင်း ဘယ်တော့မှမတုန့်ပြနိဘူး)
🙄နားလည် ခွင့်လွှတ်တတ်ပေမယ့် (ဟင့်အင်း ဆိုပြန်လှည့်မကြည့်တော့ဘူး)😏
😎😇ထက်မြက် ပီးတော်တယ် ဆိုကတည်း က သူများနဲ့ မတူလို့ သူများထက်တော်လို့ သူများထက်သာလို့မို့ 😎😇
👸👑

Photos from Makeup PROF professional Makeup artists's post 05/24/2019

သဘာဝအလှဆိုတာဆယ်ကျော်သက်လေးအရွယ်မှာပဲရှိသလားလို့နော်။
ကိုယ်တွေအရွယ်တွေ၃၀ ကျော်ကတော့ပြင်တတ်မှပဲလူကောင်းရုပ်လေးထွက်လာတယ်။
သူများတော့မသိဘူးကိုယ်ကတော့မပြင်ထားရင်မျက်ကွင်းကညိုပြီးကျနေသလားလို့ပဲကလေူတွေနဲ့ယှဉ်ရင်နေမှာပေါ့နော့်။ မျက်နှာအသားအရည်ကအိုနေပြီ။
အသားအရေမပျက်ဆီးပဲကိုယ်တိုင်လိမ်းဖို့နေ့စဉ်အချိုးကျကျအဆင့်အတန်းရှိရှိလေးလိမ်းတတ်ဖို့ရက်တိုသင်တန်းလေးကိုဈေးနှုန်းသက်သာစွာပဲယူပြီးစာရင်းလက်ခံနေပါပြီ။
ဟ Session တခုကိုတော့လူဦးရေ၁၀ ယောက်အောက်ပဲလက်ခံထားလို့ ယခုလောလောဆယ်တော့နောက်လ၁ ရက်နေ့ထိလူပြည့်နေပါတယ်။ အဲ့ရက်နောက်ပိုင်းအတွက်စာရင်းပေးထားလို့ရပါတယ်။
အလုပ်မအားလို့ဖြစ်စေ၊ တယောက်ထဲသီးသန့်လေးမိမိအိမ်မှာပဲသင်လိုသူများအတွက်လည်းအချိန်နဲ့ရက်ချိန်းလေးကြိုတင်ယူလို့ရပါတယ်နော်။
09795179916 🍀 🦁

Photos from Makeup PROF professional Makeup artists's post 05/24/2019

ရက်တိုSelf Makeup အတန်းကဆေးကျောင်းသူလေးတွေငယ်ငယ်ချောချောလေးတွေကသူတို့ကိုယ်တိုင်ပြင်ဆင်ထားတဲ့အပြင်အဆင်လေးတွေ။
ရက်တိုမိတ်ကပ်သင်တန်းအတွက်၁၆ နာရီလေးပဲသင်ပေးခဲ့တာကိုအရမ်းကိုတော်ကြတယ်။ ချစ်တယ်😍🥰😘👍🏻

Photos from Makeup PROF professional Makeup artists's post 05/24/2019

ငယ်ငယ်ချောချောလေးတွေပါ။
ရိုးရိုးလေးပဲပြင်ထားပေးတဲ့ပုံလေးတွေ😍

Photos from Makeup PROF professional Makeup artists's post 05/18/2019

တက်ညီလက်ညီမတ်မတ်ချောလေးတွေပါလို့နော်😍😍😍✌️

04/30/2019

ဗိုက်ချပ်စေဖို့နဲ့ ဝတာတွေ ပိန်စေဖို့ အဆီချလေ့ကျင့်ခန်းလေးတွေ လုပ်ကြမှာပါပဲ။ အဆီချပြီးနောက်ပိုင်းမှာ စားတဲ့ အစားအစာတွေကိုလည်း သေချာလေး စိစစ်သင့်ပါတယ်။
😻မေမေတို့ရေ ကလေးမွေးပြီးနောက်ပိုင်းမှာ ဗိုက်ချပ်စေဖို့နဲ့ ဝတာတွေ ပိန်စေဖို့ အဆီချလေ့ကျင့်ခန်းလေးတွေ လုပ်ကြမှာပါပဲ။ အဆီချပြီးနောက်ပိုင်းမှာ စားတဲ့ အစားအစာတွေကိုလည်း သေချာလေး စိစစ်သင့်ပါတယ်။ ဒါမှ အဆီတွေ ပြန်တက်မလာမှာပါ။ မဟုတ်ရင်တော့ မေမေတို့ ဗိုက်ချပ် အဆီကျဖို့ အပင်ပန်းခံထားသမျှ သဲထဲရေသွန်ဖြစ်ရတော့မှာပါ။

😍 ကယ်လိုရီ ပမာဏများတဲ့ အစားအသောက်တွေကို စားမိခဲ့ရင် အဆီ ပိုစုခြင်းကို များစွာ ဖြစ်စေနိုင်ပါတယ်။ ဒီလိုကယ်လိုရီများတဲ့ အစားအသောက်တွေကို လျှော့ချဖို့ရာအတွက် မလိုအပ်ဘဲ မုန့်ပဲသရေစာ၊ အချိုပွဲ စတာတွေ စားခြင်းကို ရှောင်ကြဉ်ခြင်းနဲ့ ပမာဏလျော့ချခြင်းတွေကို ပြုလုပ်ရပါမယ်။ အဆီနည်း သို့မဟုတ် အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ မေမေတို့အတွက် ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အခြားနို့ထွက် ပစ္စည်းများ၊ အဆီဓာတ်ပမာဏများတဲ့ နို့ခဲ၊့ အကြော်အလှော်များနဲ့ အနီရောင်အသားအများစု စတာတွေထက်စာရင် ကယ်လိုရီရော အဆီရော နည်းတာကြောင့်ပါ။ ကောက်ပဲသီးနှံ၊ အီတလီခေါက်ဆွဲခြောက်နဲ့ ပေါင်မုန့် စတဲ့ အစေ့အဆန်တွေကရတဲ့ ထွက်ကုန်တွေကို စားပေးသင့်ပါတယ်။ အသားဓာတ်တွေကို အဆီမပါတဲ့ အသား၊ ငါး ၊ဥများနဲ့ ပဲအမျိုးမျိုးစတာတွေကနေ အလွယ်တကူ ရရှိနိုင်ပါတယ်။

ရေများများ သောက်ပါ 🚰
မေမေတို့ရေ ခန္ဓာကိုယ်ကို ရေဓါတ် (၇၀%) နဲ့ ဖွဲ့စည်းထားတာပါ။ ခန္ဓာကိုယ်ထဲက ဇီဝကမ္မ ဆိုင်ရာ လုပ်ဆောင်မှုများ အားလုံးမှာရေဟာလည်း ပါဝင်ပတ်သက်နေပါတယ်။ ရေရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အစားပိုတွေ မစားမိစေတော့ပါဘူး။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေဓါတ်တွေကို ပြန်လည်ဖြည့်ပေးဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ မေမေ့ရဲ့ ကိုယ်အလေးချိန်၊ အရပ်နဲ့ ရာသီဥတုပေါ် မူတည်ပြီးတော့ သောက်ရမယ့် ရေပမာဏကို ချင့်ချိန်ရမှာပါ။ လူကြီးတစ်ယောက်အတွက် လိုအပ်တဲ့ ပုံမှန်ရေပမာဏကတော့ တစ်နေ့မှာ (၂)လီတာ ဖြစ်ပါတယ်။

03/14/2019

ဆံပင်လေးကိုရှေ့နဲ့ဘေးမှာလည်းချထားချင်တယ်ဆိုတဲ့ခလေးချောလေးရဲ့အကြိုက်ပြင်ပေးထားပါတယ်။ 😍😍😍😍😍😍😍😘


ဘွဲ့ယူတဲ့ကလေးတွေအပြီးရှင်ပြုနားသမင်္ဂလာဆောင်ပွဲအတွက်bookingတွေဆင့်လာပြီ။
ပျော်စရာကောင်းတဲ့ရာသီအလိုက်ပွဲတွေဝေဆာနေတဲ့မြန်မာနိုင်ငံလေးပါ💁‍♀️💁‍♀️
တခုပြောချင်တာကပိန်ချင်လွန်းလို့ပဲဖြစ်စေ၊ ဗိုက်ကလေးချပ်သွားအောင်ဆိုပြီးပွဲတွေမတိုင်မှီ၃-၄ ရက်အလိုဘယ်တော့မှရုတ်တရက်အစားအငတ်ခံပြီးမနေလိုက်ပါနဲ့။ ညနေစာရှောင်လို့ရပါတယ်။ ဒါပေမဲ့အလွန်အမင်းမနက်နေ့လည်ညစာတွေအားလုံးကိုရုတ်တရက်လျော့လိုက်မယ်ဆိုရင်ရေဓါတ်ခမ်းခြောက်ပြီးအသားအရေတွေလည်းမစိုပြေမလှပရင်မိတ်ကပ်ပြင်လဲမလှပဲဖြစ်တတ်ပါတယ်။
နေ့တိုင်းပုံမှန်အသီးအရွက်တွေစားတာမနှစ်သက်ရင်တောင်မိတ်ကပ်မပြင်မှီရှေ့ရက်တွေမှာစောစောအိပ်စောစောထအသီးအရွက်တွေများများစားပေးကြပါလို့သတိပေးနှိုးဆော်လိုက်ပါတယ်။ 😍😍😍😍😍😍😍
ကဲအထိရောက်ဆုံးစောစောစီးစီးတလလောက်ကိုကြိုပြီးအစားရှောင်လေ့ကျင့်ခန်းလုပ်ပြီးကျစ်လစ်လှပချင်ရင်တော့ ၁ ရက်၁ နာရီ-၂ နာရီကိုတကယ့်အကျိုးရှိအောင် Gym, Cardio,dance,Toning ရော စတဲ့ Workout တွေမျိုးစုံတဲ့ Zumba Tgi ZumbaTgi ကိုလှမ်းခဲ့နော့်😊
အသေးစိတ်စုံစမ်းချင်ရင်တော့ 09795179916 ကိုဆက်သွယ်ပါနော်။

Photos from Makeup PROF professional Makeup artists's post 03/13/2019

Let me save my sweet memories here with 😍

03/01/2019

အိမ်နီးချင်းညီမချောလေးညီအမနှစ်ယောက်ကိုလဲဘွဲ့ယူတာတဲ့ရက်ကလှလှပြင်ပေးလိုက်တယ်။ နဂိုချောလေးတွေပိုချောပါလေရော😘😘😍😍😍😍👍🏻👍🏻👍🏻👍🏻👍🏻👍🏻

Want your business to be the top-listed Beauty Salon in Vacaville?
Click here to claim your Sponsored Listing.

Category

Telephone

Address


Vacaville, CA
95688